Headlines News :
Home » , » မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမြင့်ဆွေ နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမြင့်ဆွေ နှင့် တွေ့ဆုံခြင်း

Written By လွင့်မောင်မောင် on Thursday, October 10, 2013 | 5:02 PM

ဆီးဂိမ်း ပြိုင်ပွဲတွေမှာ နှစ်တိုင်း နီးပါး ဝင် ရောက် ယှဉ်ပြိုင်ခဲ့တာပါလား။ မပြိုင်ဖြစ် ခဲ့တာမျိုးရော ရှိလား။
တစ်နှစ်ကပေါ့ နှစ်နှစ် တစ်ကြိမ် ကျင်းပတာ ဆိုတော့ ၂၆ ကြိမ်မြောက် အင်ဒိုနီးရှား မှာကျင်းပတဲ့ ဆီးဂိမ်းမှာ ကာယဗလ ပြိုင်ပွဲကို အင်ဒိုနီးရှား က မ ထည့်ထားဘူး။ ဒီလိုပဲ ၂၅ ကြိမ်မြောက် လွန်ခဲ့တဲ့ လေးနှစ်တုန်း ကပေါ့ လာအိုမှာ လုပ်တုန်းက အဲဒီမှာလည်း မထည့်ထားဘူး။ လာအိုက သူ့မှာ ကာယဗလ သမား မရှိတဲ့ အတွက် အန်ကယ် တို့ကတော့ ဒီမှာ ကာယဗလ သမားတွေက နှစ် ပေါင်းမြောက်မြားစွာ အရှေ့တောင် အာရှ ပြိုင်ပွဲတွေ ကမ္ဘာ့ ပြိုင်ပွဲတွေ သွားပြိုင် တယ်။ တောက်လျှောက် ရှိနေ တယ်။ ပြည်တွင်း ပွဲတွေလည်း ပြိုင်တယ်။ အန် ကယ် တို့နဲ့ ကိုယ်နိုင်တဲ့ ကီလိုတန်းပေါ့။ များသော အားဖြင့် အရှေ့တောင် အာရှ ကီလိုတန်းတွေက အတန်းငယ်တွေ များ ပါတယ်။ ကမ္ဘာ့ပြိုင်ပွဲတွေ ကျရင် ကီလို တန်းက ၈ဝ/၉ဝ အထက်တွေ များတာ ပေါ့။ အဲဒီတော့ ဖြစ်နိုင်ခြေ ရှိတဲ့ ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ တန်းကို ထည့်ထားတယ်။ ဒါကို ဆီးဂိမ်း ထဲမှာလည်း ထည့်သွင်း တယ်။ နောက်ယှဉ် ပြိုင်မယ့်နိုင်ငံတွေ ကို လည်း လှမ်းဖိတ် ထားတယ်။
ဒီဆီးဂိမ်းမှာရော အာရှ ဒေသနိုင်ငံတွေ အားလုံးက ကာယဗလ ကို ပါဝင် ယှဉ်ပြိုင် ကြမှာပါလား။ အဓိက ပြိုင်ဘက် ကရော ဘယ်နိုင်ငံ များက ဖြစ်နိုင်မလဲ။
အားလုံးပေါင်း ပြိုင်ပွဲဝင်မယ့် နိုင်ငံ ၆ နိုင်ငံပေါ့။ စာရင်း ပေးတဲ့ မြန်မာအပါ အဝင်ပေါ့။ အဲဒီနိုင်ငံတွေ က ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ အန်ကယ် တို့မြန်မာ နိုင်ငံ ပေါ့။ ပြိုင်မယ့် နိုင်ငံတွေ ကတော့ အ တန်းစေ့ စာရင်းပေးထားတယ်။ မပြိုင် ဖြစ်တဲ့ နိုင်ငံတွေက ဘရူနိုင်း၊ စင်ကာပူ၊ လာအိုပေါ့။ သူတို့တွေ ကတော့ ဝင်မပြိုင်ဘူး။ နောက်ကာယဗလ ပြိုင်တယ် ဆိုတာကလည်း ချက်ချင်း ထရွေးလို့ မရဘူး။ နှစ်ပေါင်း များစွာ လေ့ကျင့် ထားပြီး မှ ပြိုင်ရတာ။ အရှေ့တောင် အာရှ က လာပြိုင်မယ့် ပြိုင်ပွဲဝင်တွေ ကလည်း အဲဒီ လိုပဲ လေ့ကျင့်ပြီးမှ လာပြိုင်ကြမှာ။ အဲဒီ တော့ လာပြိုင်မယ့် အထဲမှာ ဘယ်သူ တွေ လာပြိုင်မယ် ဆိုတာ အန်ကယ် တို့နဲ့ ပြိုင်ဘက် နိုင်ငံတွေ ထဲမှာ ဘယ်သူတွေ ပါမယ် ဆိုတာ အန်ကယ် တို့ က မှန်းလို့ရ တယ်။ အန်ကယ် တို့ရဲ့ ပြိုင်ဘက်တွေက ထိုင်း၊ ဗီယက်နမ်၊ မလေးရှားပေါ့။ အင် ဒိုနီးရှား လည်း ကောင်းတယ်။ ဒါပေမဲ့ အဓိက ကတော့ အဲဒီ သုံးနိုင်ငံပေါ့။ ကျန် တဲ့နိုင်ငံတွေ က အဲဒီလောက် မဟုတ်ဘူး။
ဒီနှစ်အတွက် ကာယဗလမှာ ဘယ်လိုဆု တွေ မှန်းထားလဲ။ ဘယ်ကီလိုတန်းအ တွက်တွေကို မှန်းထားပါလဲ။
အကောင်းဆုံး ဆုတံဆိပ်တွေ မျှော်မှန်းထားတယ်။ ၅၅ ကီလိုတန်း ထွန်းမင်း နဲ့ ၆ဝ အောင်ခိုင်ဝင်းပေါ့ ၅၅ နဲ့ ၆ဝ ကိုတော့ ရွှေတံဆိပ် မှန်းတယ်။ ၇ဝ မင်းဇော်ဦး၊ ၈ဝ ဆလိုင်း နဲ့ ၉ဝ အောင်ဆွေနိုင် သူတို့ကိုတော့ ငွေ သို့ မဟုတ် ကြေးပေါ့။ အဲဒါ မှန်းထားတယ်။ အဓိက ကတော့ ၅၅ နဲ့ ၆ဝ ကို ရွှေတံ ဆိပ်မှန်းတယ်။
အဲဒီ ကီလိုတန်းနှစ်ခု ကိုရော ရွှေမှန်းထား တယ်ဆိုတော့ တခြားနိုင်ငံနဲ့ ယှဉ်ရင် ဘာများ အားသာချက်တွေ ရှိ နေလို့ပါ လဲ။ အားနည်းချက်ရော ရှိသလားဗျာ။
မှန်းတယ် ဆိုတာက ထွန်းမင်းတို့ ဆိုတာ ကမ္ဘာ့ ပြိုင်ပွဲ ဝင်ထားတဲ့သူ။ နောက်ပြီး အောင်ခိုင်ဝင်း ဆိုတာလည်း အရှေ့တောင် အာရှပွဲတွေမှာ ရထားတဲ့ သူ။ ဒီလိုပဲ တစ် ဖက်နိုင်ငံ ကလူတွေက လည်း ဆုတွေ ရထားပြီးသား သူတွေဆို တော့ တစ်ယောက်နဲ့ တစ်ယောက် သူ မသာ ကိုယ်မသာတော့ သွားနေတာပေါ့။ အဲဒီတော့ နောက်ဆုံး ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ ရဲ့ရလဒ်ကို ကြည့်ပြီး ရွှေရနိုင်တယ်ပေါ့။ နောက်တစ်ခုက အိမ်ရှင်နိုင်ငံ လည်း ဖြစ်လို့ ကိုယ့်အတွက် အခွင့်အရေး အနည်းငယ် သာမယ် လို့လည်း ထင်တယ်။
အန်ကယ်တို့ အားကစား သမား တွေကို ပံ့ပိုးမှုဆိုတာ အစွမ်းကုန်တော့ မပေးနိုင်ဘူး။ နိုင်ငံတကာ မှာ ပေးနေတဲ့ ကာယဗလ အားကစားသမားတွေ အတွက် ပံ့ပိုး မှုလောက်တော့ မရှိနိုင်ဘူး။ ကျွေးမွေးတဲ့ အာဟာရ၊ ဆေးအာဟာရ၊ လေ့ကျင့်တဲ့ ပစ္စည်းကိုက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ကမ္ဘာ့ ကာယဗလ အဖွဲ့ချုပ် က မြို့တော်ဝန် ဦးကိုကိုလေးကို လှူခဲ့တဲ့ ပစ္စည်း ခုထက်ထိ အဲဒီ ပစ္စည်း တွေနဲ့လေ့ကျင့်နေတာ။ ခေတ်ပေါ် ပစ္စည်း တွေ တစ်ခုမှ အန်ကယ် တို့ဆီမှာ မရှိ ဘူး။ နိုင်ငံတကာ မှာ အကုန်လုံး ကခေတ် ပေါ်ပစ္စည်းတွေ နဲ့ လေ့ကျင့်နေတဲ့ အခါ မှာ အန်ကယ် တို့က ခေတ်ဟောင်းပေါ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သူများ လှူ ခဲ့တဲ့ ပစ္စည်းတွေ နဲ့ ကျင့်တယ်။ ခုလည်း ဒီဆီးဂိမ်း အတွက် အားကစား ဝန်ကြီး ဌာနက ပံ့တော့ ပံ့ပိုးပါတယ်။ သူကလည်း အားကစား Item မျိုးစုံကို ပံ့ပိုးရတဲ့ အတွက် အန်ကယ် တို့ တောင်းသလောက် ဘယ်ပေးနိုင်မလဲ။ စက်တွေ ဘာတွေ နဲ့ ပတ်သက်တာ ကတော့ ခေတ်မီစက်တွေ တော့ မဟုတ်ဘူးပေါ့။ ဘတ်ဂျက်ငွေ မရ နိုင် တာတော့ အခက် အခဲ တစ်ခုပေါ့။
ဒါဆိုရင် ဆီးဂိမ်း မတိုင်မီ လေ့ကျင့်ရေး ကာလမှာ ဘယ်လောက်တော့ ကုန်ကျ နိုင်တယ် ဆိုပြီး တွက်ချက် ထားတာမျိုး ရောရှိပါသလား။ နောက်ပြီး အခက်အခဲ တွေရော ရှိသလား။
အဲဒီလိုမျိုး အတိအကျတော့ ပြော လို့မရဘူး။ ကာယဗလ အားကစားသမား တွေကို ကျွေးတာကို က ပုံစံ မတူဘူး။ တို့သာမန်သူတွေ စားတဲ့ ပုံစံနဲ့ကို မတူ ဘူး။ ကြက်ဥဆို အလုံး အစိတ်၊ ကြက် ဆို ရင်အုံသား၊ ရေလုံပြုတ်နဲ့ သူတို့ကို တကယ့် ပိုးမွေးသလို မွေးရတာ။ ကျန်တဲ့ အားကစားတွေက အကုန် ကြိုက်တာ စားလို့ ရတယ်။ ဒီကောင်တွေ က စားလို့ မရဘူး။ နောက် သူတို့ကို ကာဗိုဟိုက် ဒြိတ်မရှိအောင် နောက်နေလှန်း ရတယ်။ အသားကို ညိုအောင်လို့ ဒါမှ ကြွက်သား တွေက ပိုပြီးပေါ်လာမှာ။ သူတို့ အတွက် အများကြီးပေါ့။ အားဆေး ကျွေးရတယ်။ အားဆေး ဆိုတာလည်း နိုင်ငံခြားကမှာ ရတာ။ ဒီမှာ မရဘူး။ တားမြစ်ဆေးလည်း မဟုတ်ဘူး။ အားဆေးပေါ့ ။ နောက်ပြီး အားကစား သမားတွေကို Camp သွင်းထားရင် သူတို့ရဲ့မိသားစု တွေအတွက် ထောက်ပံ့ဖို့။ အဲဒါကလည်း တခြား အားကစား သမားတွေဆို ပိုပြီး ထောက် ပံ့မှု ယူရတာပေါ့။ အန်ကယ် တို့ ကတော့ တစ်လ သုံးလေးသိန်းပဲ ထောက်ပံ့နိုင်တယ်။ နောက်နည်းပြ လည်းနိုင်ငံခြားက မငှားနိုင်ဘူး။ တခြား အဖွဲ့တွေ ဆို နိုင်ငံ တကာကို သွားပြီး လေ့ကျင့်ကြတယ်။ ဒါပေမဲ့ အန်ကယ် တို့မှာ အချိန် မရှိဘူး။ ဟိုတယ်ခတွေ မရှိဘူး။ Camp သွင်းဖို့ မရှိဘူး။ Training ပေးဖို့ ပိုက်ဆံ မရှိဘုး။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ရထားတဲ့ ပစ္စည်း တွေနဲ့ပဲ အသုံးပြုပြီး ရွှေရအောင် လုပ် နေတာ။
ပြိုင်ပွဲဝင် ကာယဗလမောင်တွေကို ဘယ် အချိန်ကတည်းက Camp သွင်းထား တာလဲ။ လေ့ကျင့်တာကရော ဘယ် လောက် ကြာပါပြီလဲ။
လွန်ခဲ့တဲ့ တစ်နှစ်လောက် က တည်းကပေါ့။ ၂ဝ၁၂ လောက် ကတည်း ကပေါ့။ နောက်ပြည်နယ် နဲ့ တိုင်း မှာလည်း ပွဲတွေ လုပ်တယ်။ နောက်ထပ်များ ထပ် ကျန်ဦးမလား လို့ ပြိုင်ပွဲတွေ လုပ်တယ်။ နောက် ကာယဗလ သမားတွေကလည်း တောက်လျှောက် လေ့ကျင့်နေမှ ရတယ်။ အမှန်ပြောရရင် တခြား အားကစားသမားတွေ ထက် တကယ့် ကို ခရေဇီ ဖြစ်မှရ တယ်။
သုတလင်း http://www.popularmyanmar.com/
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template