Headlines News :
Home » » မိကျောင်းကန်ကိစ္စမဆောင်ရွက်ပေးပါက ကော်မရှင်အနေဖြင့် အစိုးရနှင့် တွေ့ဆုံဖြေရှင်းမည်

မိကျောင်းကန်ကိစ္စမဆောင်ရွက်ပေးပါက ကော်မရှင်အနေဖြင့် အစိုးရနှင့် တွေ့ဆုံဖြေရှင်းမည်

Written By လွင့်မောင်မောင် on Friday, October 11, 2013 | 5:35 PM



သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း (၁၊ ၂၊ ၃) ဘိုးဘွားပိုင် မြေများကို ၁၉၉၁ ခုနှစ်တွင် တပ်ပိုင်မြေဟု သိမ်းယူခဲ့ရာမှ မိကျောင်းကန် မြေနေရာ ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒ ထုတ်ဖော်မှုကို ရုပ်သိမ်းပါလျက်နှင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးမှု မရှိလျှင် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့အနေ ဖြင့် အစိုးရနှင့် ထိပ်တိုက်တွေ့ဆုံ ဖြေရှင်းမည်ဟု အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောသည်။

၎င်းမိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) ရပ်ကွက် အတွင်းရှိ လူနေအိမ်များကို ၁၉၉၁ ခုနှစ်တွင် ရန်ကုန်တိုင်း တပ်မတော် ကွပ်ကဲရေးရုံးမှ ဥပဒေမဲ့ ဖယ်ရှားခဲ့ပြီး အများစုကို ယခင်အချိန်က လူမနေသော မြို့သစ်များသို့ ပြောင်းရွှေ့ ပို့ဆောင်ခဲ့သည်။ နောက်ပိုင်း ကာလများတွင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများကို ငွေကြေးဖြင့် မြေယာ ငှားရမ်းမှုကို နှစ်ပေါင်း ၂၀ ကျော်ခန့် ပြုလုပ်ခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများကို သက်ဆိုင်ရာ တပ်မတော်သားများက ၂၀၁၃၊ ဧပြီ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားစေခဲ့ခြင်း ဖြစ်သည်။

၎င်းမိကျောင်းကန် မြေနေရာ ပြန်လည် ရရှိရေးအတွက် ၈ ကြိမ် မြောက်ထိ ဆန္ဒဖော်ထုတ်ခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သပိတ်စခန်း ဖွင့်၍ ၎င်းတို့၏ မြေနေရာများ ပြန်လည် ရရှိရန်နှင့် သင့်လျော်သော ငွေကြေး ပြန်လည် ရရှိရန်အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။ …

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) ဘိုးဘွားပိုင် မြေများကို ၁၉၉၁ ခုနှစ်တွင် တပ်ပိုင်မြေဟု သိမ်းယူ ခဲ့သောကြောင့် မိကျောင်းကန် မြေနေရာ ပြန်လည်ရရှိရန် အောက်တိုဘာ ၃ ရက်၊ ည ၆ နာရီခွဲခန့်တွင် သပိတ်စခန်း စတင်ဖွင့်လှစ်ခဲ့ပြီး လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ကြားဝင် ညှိနှိုင်းမှုကြောင့် အောက်တိုဘာ ၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် ပိတ်သိမ်းခဲ့သည်။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့က အဖွဲ့ဝင်များဖြစ်သော ဦးခိုင်မောင်ရည်နှင့် ဦးအောင်သိန်းလင်းတို့မှ မိကျောင်းကန် ပြည်သူ များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းမြေနေရာအား ပြည်သူများ ပြန်လည် ရရှိရန် တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မြေနေရာ ပြန်လည်ရရှိအောင် ပြည်ထောင်စု အဆင့်ထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိကျောင်းကန် မြေနေရာ ညှိနှိုင်းရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးစိန်သန်းက ““အဓမ္မသိမ်းခံရသော သူတွေဘက်မှ စုံစမ်းရေး ကော်မရှင် အဖွဲ့အနေဖြင့် အရေးယူ စုံစမ်း ဖော်ထုတ်ပြီးတော့ ပြည်သူတွေ လက်ထဲကို ပြန်အပ်အောင် အစွမ်းကုန် ကြိုးစားပြီးတော့ ပြန်လည် အပ်နှံပေးမယ်လို့ ကတိသစ္စာ ပြုသွားပါတယ်။ အောင်မြင် တာကတော့ ကျွန်တော်တို့ လက်ထဲကို ရောက်မှ အောင်မြင်မှာပါ””ဟု ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁၊ ၂၊ ၃) ရပ်ကွက်များအား ၁၉၉၁ ခုနှစ် မြေနေရာ ပြောင်းလဲစဉ် ကာလတွင် ပျောက်ဆုံးသွားသော ကလေးငယ်များ စာရင်းနှင့် လယ်ယာမြေစုံစမ်းရေး ကော်မရှင် အဖွဲ့တို့ဖြင့် ထပ်မံ တွေ့ဆုံရန် အောက်တိုဘာလ ၁၂ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် တောင်ဥက္ကလာပ မြို့နယ်ရှိ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးရန် ဦးအောင်သိန်းလင်းက မိကျောင်းကန် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးစိန်သန်းအား ဖုန်းဆက် ချိန်းဆိုခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့၊ ညနေ ၈ နာရီခန့်တွင် ဒဂုံတောင် မြို့နယ်ရဲမှူး ဦးသိန်းနိုင်က ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ဦးစိန်သန်း အပါအ၀င် ကိုယ်စားလှယ် ၅ ဦးတို့အား ကျောက်တံတား ရဲစခန်းတွင် ပုဒ်မ (၁၈) ဖြင့် အရေးယူ ထားသည်။

ချမ်းမြေ့ခိုင်(ဒေါင်းမာန်ဟုန်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template