Headlines News :
Home » , » မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်းများကို ကီလိုဂရမ်ဖြင့် တွက်ချက်ကာ ပြည်ပတင်ပို့ရာတွင် အခက်အခဲများ ကြုံနေရ၍ နိုင်ငံတကာသုံး မက်ထရစ်စနစ်ကို တရားဝင်ယူနစ်အဖြစ် ကြေညာမည်

မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်းများကို ကီလိုဂရမ်ဖြင့် တွက်ချက်ကာ ပြည်ပတင်ပို့ရာတွင် အခက်အခဲများ ကြုံနေရ၍ နိုင်ငံတကာသုံး မက်ထရစ်စနစ်ကို တရားဝင်ယူနစ်အဖြစ် ကြေညာမည်

Written By လွင့်မောင်မောင် on Wednesday, October 9, 2013 | 12:10 PM

မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်းများကို ကီလိုဂရမ်ဖြင့် တိုင်းတာတွက်ချက်ကာ ပြည်ပသို့ တင်ပို့ရာတွင် အခက်အခဲများ ကြုံနေရ၍ နိုင်ငံတကာသုံး မက်စရစ်စနစ်ကို တရားဝင်ယူနစ်အဖြစ် ကြေညာမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆင်ပေါင်ဝဲ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင် မေးမြန်းသည့် ''အရောင်းအ၀ယ်စနစ်တွင် နိုင်ငံတကာစံနှုန်း နှင့်အညီ ကုန်ပစ္စည်း အမျိုးအမည်လိုက်၍ စံအလေး၊ စံယူနစ် တစ်ခုတည်းသော အသုံးအနှုန်းကို ဥပဒေပြဋ္ဌာန်းပေးရန်'' နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာပွင့်ဆန်းက လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များ ဖြစ်သည့် ဆန်၊ ပဲနှင့် ပြောင်းများ တင်ပို့ရာတွင် ကီလိုဂရမ်ကို အခြေခံ တိုင်းတာတွက်ချက် တင်ပို့လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အများစု ကျင့်သုံးလျှက်ရှိသည့် FPS နှင့် CGS စနစ်များကို ပယ်ဖျက်ပြီး နိုင်ငံတကာတွင် အသုံးပြုနေသည့် SI System ကို ပြောင်းလဲကျင့်သုံးရေး ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းချသူများ အပါအ၀င် တစ်နိုင်ငံလုံးမှ SI System ကို တွင်တွင်ကျယ်ကျယ် လိုက်ပါပြောင်းလဲ ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''စံချိန်စံညွှန်း ဥပဒေအရ သတ်မှတ်မယ့် အလေးတင်းတောင်း အခြင်အတွယ်နဲ့ အရည်အသွေး စံချိန်၊ စံညွှန်းသတ်မှတ်ချက်များဟာ နိုင်ငံတကာနဲ့ ရောင်းဝယ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ EU နိုင်ငံများနဲ့ အမေရိကန်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်တဲ့ အခွင့်အလမ်းများ ရရှိလာပြီဖြစ်တဲ့အတွက် အဆိုပါ နိုင်ငံများရဲ့ စံချိန်၊ စံညွှန်းများအတိုင်း ယှဉ်ပြိုင်နိုင်အောင် သတ်မှတ် ပြဋ္ဌာန်းပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်လိုက်တဲ့ စံချိန်၊ စံညွှန်း များကို စိုက်ပျိုးထုတ်ထုတ်လုပ်သူ တောင် သူလယ်သမားများ၊ စက်ရုံအလုပ်ရုံပိုင်ရှင် များ၊ ကုန်သည်လုပ်ငန်းရှင်များ အားလုံးသိ အောင် ဖြန့်ဝေပေးပြီး ရောင်းသူနဲ့ ၀ယ်သူ အရောင်းအ၀ယ် ဖြစ်မြောက်စေတဲ့ စံချိန်၊ စံညွှန်းသတ်မှတ်ချက်များဖြစ်အောင် ဆောင် ရွက်ပေးရန်ဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားခဲ့သည်။
လက်ရှိအသုံးပြုနေသည့် လီတာ၊ ကီလိုဂရမ် တွက်ချက်မှုများကြောင့် နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ၎င်းတို့မှာ ယူနစ်ပြောင်း တန်ဖိုးများ ပြန်လည်တွက်ချက်ရခြင်း၊ ထုတ်ကုန်များကို မက်ထရစ်စနစ်ဖြင့် ပြန်လည်ထုပ်ပိုး ချိန်တွယ်ရခြင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စံနှုန်းမတူသည့်အတွက် ကုန်သွယ်ရေးတွင် မျှတမှုမရှိခြင်း၊ ကုန်သွယ်ဖက်နိုင်ငံက မိမိတို့ ချိန်တွယ်ထုပ်ပိုးမှုကို အသိအမှတ်မပြုဘဲ ပြန်လည်စစ်ဆေးသည့်အခါ အချိန်နှင့် ငွေကုန်ကျမှု ပိုမိုများပြားလာခြင်း စသည်တို့ဖြစ်သည်ဟု သိရသည်။
မက်ထရစ်တန်ကို တရားဝင်ယူနစ်အဖြစ် ကြေညာရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးစီးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template