Headlines News :
Home » , » EU Sakharov ဆုကို ဒေါ်စုကိုတိုင် သွားရောက်လက်ခံမယ်

EU Sakharov ဆုကို ဒေါ်စုကိုတိုင် သွားရောက်လက်ခံမယ်

Written By လွင့်မောင်မောင် on Thursday, October 10, 2013 | 8:43 AM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ​NLD ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​၁၉၉၀ ​ပြည့်နှစ်တုန်းက ​ရရှိခဲ့တဲ့ ​EU ​Sakharov ​လူ့အခွင့်အရေးဆုကို ​ဥရောပပါလီမာန်မှာ ​ကိုယ်တိုင်သွားရောက် ​လက်ခံရယူတော့မယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်

ဒေါ်အောင်ဆန်းစုကြည်က ​ဥရောပနိုင်ငံကိုသွားပြီး ​အောက်တိုဘာလ ​၂၂ ​ရက်နေ့မှာ ​အဲဒီဆုကို ​လက်ခံမှာဖြစ်တယ်လို့ ​ဥရောပလွှတ်တော်က ​ထုတ်ဖော်ပြောဆိုထားပါတယ်။

၁၉၉၀ ​ပြည့်နှစ် ​ရွှေးကောက်ပွဲတုန်းက ​NLD ​ပါတီအနိုင်ရခဲ့တာကို ​မြန်မာစစ်အစိုးရက ​အသိအမှတ်မပြုခဲ့ပဲ ​ဒေါ်အောင်ဆန်းစုကြည် ​ထိန်းသိမ်းခံခဲ့ရတဲ့ ​အတွက် ​ပေးခဲ့တဲ့ ​ဆုဖြစ်ပါတယ်။

ဒီလူ့အခွင့်အရေးဆုအတွက် ​ယူရိုငွေ ​၅၀၀၀၀၊ ​အမေရိကန်ဒေါ်လာ ​၆၅၀၀၀ ​လောက်ရရှိမှာဖြစ်ပြီး ​အရင်တုန်းက ​အဲဒီဆုကို ​တောင်အာဖရိကနိုင်ငံ ​ခေါင်းဆောင်ဟောင်း ​နယ်လ်ဆင်မန်ဒဲလားနဲ့ ​ကုလသမဂ္ဂအထွေထွေ ​အတွင်းရေးမှူးချုပ်ဟောင်း ​ကိုဖီအာနန်တို့ ​ရရှိခဲ့ပါတယ်။

ဒီနှစ် ​EU ​Sakharov ​ဆုအတွက် ​စကာတင်ရွေးချယ်ခံရသူတွေထဲမှာ ​အမေရိကန်နိုင်ငံ ​ထောက်လှမ်းရေးအမှုထမ်းဟောင်း ​Edward ​Snowden၊ ​ပါကစ္စတန်နိုင်ငံက ​ပညာရေးအခွင့်အရေးဆိုင်ရာ ​လှုပ်ရှားသူ ​Malala ​Yousafzai ​နဲ့ ​Belarus ​နိုင်ငံက ​ထောင်ဒဏ်ကျခံနေရတဲ့ ​လှုပ်ရှားသူ ​သုံးဦးတို့ ​ပါဝင်ပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template