Headlines News :
Home » » ရခိုင် ဆန္ဒဖေါ်ထုတ်သူ ၂၁ ဦးကို တပြေးညီ ထောင်ချမူ သဘာဝ မကျဟု ရှေ့နေကြီး ဦးအောင်သိန်းဆို

ရခိုင် ဆန္ဒဖေါ်ထုတ်သူ ၂၁ ဦးကို တပြေးညီ ထောင်ချမူ သဘာဝ မကျဟု ရှေ့နေကြီး ဦးအောင်သိန်းဆို

Written By လွင့်မောင်မောင် on Friday, October 11, 2013 | 10:58 AM


၁၁ အောက်တိုဘာ ၂၀၁၃
ယခု လပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်က ဆန္ဒဖေါ်ထုတ်ပွဲတွေကို ဦးဆောင်သူတွေလို့
စွပ်စွဲခံရတဲ့ လူမူရေး လှုပ်ရှား ဆောင်ရွက်နေသူ လူပေါင်း (၂၁) ဦးကို သက်ဆိုင်ရာ မြို့နယ် တရားရုံးတွေက တစ်ဦးကို ထောင် (၃) လစီ အသီးသီး ချမှတ်ခဲ့ပါတယ်။ အဲသလို ချမှတ်ခံရသူတွေ အထဲမှာ ကျောက်တော်မြို့က (၄) ဦး၊ တောင်ကုတ်က (၃) ဦး၊ ရသေ့တောင်က (၂) ဦး၊ စစ်တွေက (၂) ဦးနဲ့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းက (၁၀) ဦးတို့ ဖြစ်ကြပါတယ်။ သူတို့အမူတွေထဲမှာ ကျောက်တော်၊ တောင်ကုတ်၊ ရသေ့တောင်နဲ့ စစ်တွေက ထောင်ချခံရသူတွေဟာ ဘင်္ဂလီ ဒုက္ခသည်တွေကို လုံးချင်း အိမ်ယာတွေ ဆောက်မပေးမီ ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ စိစစ်ဖို့ တောင်းဆို ဆန္ဒပြပွဲတွေကို ခွင့်ပြုချက် မရဘဲ ဦးဆောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ချ ခံရသူတွေ ဖြစ်ကြပါတယ်။ ကျောက်ဖြူမြိ့နယ် မဒေးကျွန်းက (၁၀) ဦးကတော့ သူတို့ရွာသားတွေရဲ့ နစ်နာချက်တွေကို ကျွန်းပေါ်မှာ ရှိတဲ့ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုပွဲကို ဦးဆောင်တယ် ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ထောင်ချခံကြရသူများ ဖြစ်ပါတယ်။ အခု သူတို့တွေရဲ့ အမူတွေဟာ အချိန်၊ နေရာ၊ ဖြစ်ပွားတဲ့ အကြောင်းအရာတွေက မတူညီကြပေမယ့်လည်း အားလုံးကို ခွင့်ပြုချက် မရဘဲ ဆန္ဒဖေါ်ထုတ်ပွဲတွေ လုပ်တဲ့ အတွက် မြို့နယ် တရားရုံးတွေက တပြေးညီ ထောင် (၃) လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲသလို ဆန္ဒဖေါ်ထုတ်သူတိုင်းကို တရားရုံးတွေက ထောင် (၃) လစီ တပြေးညီ ချမှတ်နေတာနဲ့ ပတ်သက်ပြီး တရား ဥပဒေ ရှု့ထောင့်က ဘယ်လို အမြင်များ ရှိပါသလဲလို့ ကျောက်ဖြူ မဒေးကျွန်းက ဆန္ဒဖေါ်ထုတ်သူ (၁၀) ရဲ့ အမူကို ကိုယ်တိုင် လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ရန်ကုန်မြို့က နာမည်ကြီး တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းကို မေးကြည့်တဲ့ အခါ သူက ခုလို ရှင်းပြ ပြောဆိုပါတယ်။

( ဒီလိုပါ။ ကျွန်တော်က ရခိုင်ပြည်နယ် ကျောက်ဖြူကို တရားလိုတွေကို ကျွန်တော် ကိုယ်တိုင် သွားစစ်ခဲ့တဲ့ သူပါဗျာ။ အဲဒီ မဒေးကျွန်း ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သတ်ပြီးတော့ …….. အဲဒီမှာက သူတို့ ခွင့်ပြုချက်ရဖို့ လျှောက်တာ သက်ဆိုင်ရာကို  ၂ ကြိမ်ခန့် လျှောက်တယ်ဗျာ။ အဲဒီ မှာ ခွင့်ပြုချက် မပေးဘူး။ ခွင့်ပြုချက်မပေးပေမယ့်  အာဏာပိုင်တွေက လုပ်ပေးပါ့မယ်။ ဆောင်ရွက် ပေးပါမယ်ပြောပြီးတော့ မလုပ်ပေးတဲ့ အတွက် နောက်ဆုံး အဲဒီ မဒေးကျွန်းက ပုဂ္ဂိုလ်တွေက ဆန္ဒထုတ်ပြကြတာဘဲ။ မဒေးကျွန်းဆိုတာက ခင်ဗျာတို့သိတဲ့အတိုင်းဘဲ ကျောက်ဖြူက နာရီ ၀က်သာသာသွားရတဲ့ကျွန်းဗျာ။ အဲဒီမှာ သူတို့လုပ်နေတာတွေက ဒီရေနံတိုင်ကီတွေကို တရုတ် ကုမ္ပဏီက လုပ်ပြီးတော့ တရုတ်ပြည်ဘက်ကို ပို့ဖို့စီစဉ်နေတဲ့ နေရာမှာ ဆန္ဒပြတာဘဲ။ ဆန္ဒပြတဲ့ အတွက် ပြည်သူ အတွက်လည်း အနှောင့်အရှက်မရှိဘူး။ ဘာပြသနာမှလည်း ပေါ်စရာ အကြောင်း မရှိဘူး။ တစ်ရွာလုံး ဆန္ဒပြတာဘဲ။ အဲဒါကို သူတို့က ပုဒ်မ ၁၈နဲ့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတယ်ဆိုပြီး တရားစွဲတယ်။ ဟိုကျွန်းမပေါ်မှာ ဖြစ်တဲ့ကိစ္စဗျာ။ ကျွန်တော်တို့ ကျောက်ဖြူ မြို့ပေါ်မှာ ဖြစ်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ရေမိုင်တော်တော် ဝေးတဲ့နေရာမှာ ဖြစ်တာကို တရားစွဲတင်တယ်ဗျာ။ အမှန်တော့ ဆင်ခြင်ကြည့်ရင် နိုင်ငံခြားရေနံကုမ္ပဏီ တွေကို မျက်နှာလို မျက်နှာရလုပ်တဲ့ သဘော ကျွန်တော်တို့ အဲလိုမြင်ပါတယ်။ နစ်နာမှုတွေ တောင်းဆိုတဲ့ အပိုင်းတွေကို ကျတော့ ဘာမှမလုပ်ဘဲ ထောင်ချပြတာပေါ့ဗျာ။)
စစ်တွေ ထောင်ထဲရောက် အမျိုးသမီး ကွန်ယက် ဥက္ကဌ ဒေါ်မညိုအေး ( ဓါတ်ပုံ- Coral Arakan)
၁၁ အောက်တိုဘာ ၂၀၁၃
(အခု ပြောပြရမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ခင်ဗျာသိတဲ့ အတိုင်းဘဲ အားလုံးတရားစွဲပြီး ပုဒ်မ ၁၈ နဲ့  (၃) လစီထောင်ချနေတယ်။ ဒါ ဗဟိုကနေပြီးတော့ တိုင်းနဲ့ ဒေသကြီးတွေကို ညွန်ကြားချက် ထားလို့ အားလုံးကို တပြေးညီ ပုဒ်မ ၁၈ နဲ့ ထောင်ချပစ်တယ်လို့ ကျွန်တော် အဲလိုမြင် တယ်ဗျာ။)

(အမှန်တော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ အကြောင်းခြင်းရာ တခုချင်း အပေါ်မှာလိုက်ပြီးတော့ ထောင်ချ သင့်တယ်။ မချင်သင့်တယ်။ ဒဏ်ရိုက်သင့်တယ်။ မရိုက်သင့်တယ်ဆိုတာကို တရားရုံးက ချင့်ချိန် ဆုံးဖြတ်ရမဲ့ ကိစ္စပါ။ ဒါကို တရားရုံးတွေက ပေါ်လစီ ပုံစံမျိုးနဲ့ မူချပြီးတော့ (၃) လစီ ထောင်ချ တယ်ဆိုတာက ဥပဒေကြောင်း အရ ပြောရရင် တပြေးညီလုပ်ထားတဲ့ ပုံစံကိုယ်၌က သဘာဝ မကျ ဘူးလို့ ကျွန်တော် အဲလိုပြောချင်တယ်။)

နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template