အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်
သမ္မတဦးသိန်းစိန်တို့သည် ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် ဘရူနိုင်းနိုင်ငံ၌
သီးခြား တွေ့ဆုံရန်ရှိကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် (၂၃)ကြိမ်မြောက် အာဆီယံ
ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးဖြစ်သော ပထမအကြိမ်
အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက်
ဘရူနိုင်းနိုင်ငံသို့ အောက်တိုဘာ ၉ ရက်က ရောက်ရှိခဲ့သည်။
ဂျွန်ကယ်ရီသည် အောက်တိုဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် အာဆီယံ-အမေရိကန်
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင်
မြန်မာသမ္မတနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အဆိုပါတွေ့ဆုံမှုသည်
ညှိနှိုင်းနေဆဲဖြစ်ပြီး အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အောက်တိုဘာ
၉ ရက် ညနေပိုင်းက ပြောကြားသည်။
(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲများနှင့်
ဆက်စပ်အစည်းအဝေးများကို အမေရိကန် သမ္မတ ဘားရက်အိုဘားမား တက်ရောက်ရန်
အစီအစဉ်ရှိသော်လည်း အိုးဘားမားက ၎င်း၏ အာရှခရီးစဉ်ကို
ဖျက်သိမ်းလိုက်ခြင်းကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက
အိုဘာမားကိုယ်စား အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းက တရုတ်ဝန်ကြီးချုပ်
လီခကျန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံက
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် အာဆီယံ-တရုတ် ဆက်ဆံရေး
တိုးမြှင့်မှုကို မြန်မာနိုင်ငံက အကောင်အထည်ဖော်မည်ဟု မျှော်လင့်ကြောင်း
ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ယနေ့တွင် လက်ခံရယူမည် ဖြစ်သည်။
EMG
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago