Headlines News :
Home » » သံတွဲ RNDP ဥက္ကဌ အပါအ၀င် ရခိုင် ၁၇ ဦးကို ကျောက်ဖြူထောင်သို့ပို့

သံတွဲ RNDP ဥက္ကဌ အပါအ၀င် ရခိုင် ၁၇ ဦးကို ကျောက်ဖြူထောင်သို့ပို့

Written By လွင့်မောင်မောင် on Friday, October 11, 2013 | 4:45 PM

 Prison
၁၁ အောက်တိုဘာ ၂၀၁၃
Prisonရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီးခံနေရသည့် သံတွဲမြို့ နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဦး စောလှိုင် အပါအ၀င် ရခိုင် အမျိုးသား ၁၇ ဦးကို ယမန်နေ့က သံတွဲ ထောင်မှ ကျောက်ဖြူထောင်ကို ပို့ဆောင်လိုက်ကြောင်း သိရသည်။

သူတို့ကို ယမန်နေ့ ညနေ ၁ နာရီခန့်တွင် ကျောက်ဖြူထောင်ကို ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သံ တွဲ မြို့နယ် RNDP  ပါတီ အတွင်းရေးမှူး ဦးမောင်ဖြူက ပြောသည်။

“ ကျွန်တော်တို့ သိရတာက မနေ့ညဥ့်  တစ်နာရီခန့်မှာ ပို့လိုက်တယ်လို့ သိရတယ်။ အားလုံး ၁၇ ဦးပါ။ ဘာကြောင့် ပို့တယ်ဆိုတာ မသိရသေးဘူး။ ကျွန်တော်တို့ကိုလည်း အာဏာပိုင်တွေဘက်က ဘာမှ ပြောပြတာ မရှိသေးဘူး”  ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ကျောက်ဖြူထောင်ကို ပို့လိုက်သည့်အတွက် မိသားစုများအနေဖြင့် ထောင်ဝင်စာတွေ့ရန် ခက်ခဲသွားသဖြင့် ကျောက်ဖြူဒေသခံများကို သူတို့အား ကူညီပေးရန် မေတ္တာရပ်ခံထားသည်ဟုလည်း ဦးမောင်ဖြူက ပြောသည်။

ကျောက်ဖြူထောင်သို့ ပို့ဆောင်လိုက်ခြင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များ ရှိလိမ့်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ ကျောက်ဖြူထောင်ကို ပို့လိုက်တယ်ဆိုရင်။ ဒီလုပ်ရပ်ဟာ တစုံတခု လုပ်ဖို့အတွက် ရည်ရွယ်ချက် ပါတယ်လို့ မြင်တယ်။ ပြစ်မှု တစ်ခုကို ကျူးလွန်ခဲ့တယ် ဆိုရင်တောင် ဥပဒေ အရ အဲဒီနေရာမှာ စီရင်ရမယ်လို့ ပါတယ်။ ဒီလို လုပ်တာက မိသားစုနဲ့ ဝေးအောင်လုပ်ပြီး သက်သက် စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်အောင် နှိပ်စက်တဲ့ သဘောလို့ လည်း ကျွန်တော်တို့ မြင်ပါတယ်” ဟု ယင်းက ဆိုသည်။

လူမသိ သူမသိ ညဥ့်အချိန် ရွေ့ပြောင်းခြင်းမှာလည်း အာဏာပိုင်များအနေဖြင့်  တစ်စုံတစ်ရာ လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။

သံတွဲမြို့နယ် ရတပ ပါတီဥက္ကဌ ဦးစောလှိုင်ကို အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရဲတပ်သား နှစ်ဦးက နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ယခုအခါ အာဏာပိုင်များမှ လူပေါင်း ၆၀ ခန့်ကို ဖမ်းဆီးစစ်ဆေး နေပြီး ယင်းအထဲတွင် ရခိုင် အမျိုးသား ၅၀ နီးပါး ပါဝင်သည်။

မောင်အေး (နိရဉ္စရာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template