Headlines News :
Home » » ဇာတ်ကားတွေပြန်ရိုက်ပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်

ဇာတ်ကားတွေပြန်ရိုက်ပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 10:56 PM

ကြော်ငြာ၊ဓာတ်ပုံပိုစတာတွေ သာ ရိုက်ကူးဖြစ်ပြီး ဇာတ်ကား ရိုက် နားထား တဲ့ အိန္ဒြာကျော်ဇင်က ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ ‘နတ်သမီးမျှားတဲ့ ငါး’ ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်နဲ့ ပြန်လည် စတင် ရိုက်ကူးနေပါတယ်။

မယ်မင်းဘုံရဲ့ ဝတ္ထုဇာတ်လမ်းဖြစ်ပြီး ဒီဇာတ် လမ်းမှာ အိန္ဒြာကျော်ဇင် က ကျောင်း မှာ စာတော်တဲ့အတွက် တက္ကသိုလ် မှာဆရာမပြန်လုပ်နေရာ က မိသားစုတစ်ခု ကြောင့်သူ့ရဲ့ မိ သားစုဘဝ ပျက် ခဲ့ရတဲ့ အတွက် လက်စားချေ ချင် တဲ့ကောင်မ လေး အဖြစ် သရုပ် ဆောင် ရမှာ ဖြစ်ပါ တယ်။

ဧပြီလမှာအနုပညာအလုပ်တွေ ခေတ္တ ရပ်နားထားပြီး အခု ပထဆုံး ပြန် ရိုက်တဲ့ဇာတ်ကားဖြစ်တာကြောင့် ခံစား ချက်ကိုမေးတော့ အိန္ဒြာကျော်ဇင် က “ကြားထဲမှာလည်း ကြော်ငြာလေး တွေတော့ရိုက်ဖြစ်ပါတယ်။ စက် အဖွဲ့ တွေ၊ကိုယ့်ရဲ့ရုပ်ရှင်လောကသား တွေ ကိုပြန်တွေ့ ရတော့ပျော်စရာ ကောင်း ပါတယ်” လို့ပြော ပါတယ်။

အိန္ဒြာ ကျော်ဇင်က ဒီဇာတ်ကားမရိုက်ကူး ခင်က ချောင်းသာ ကိုမိသားစုနဲ့ သွားခဲ့ ပြီး အပျော်သွားတာ လည်းပါသလို၊ မိသားစုကြော်ငြာပိုစတာကို လည်း သွား ရိုက်တာဖြစ်ကြောင်း၊ အိန္ဒြာ ကျော်ဇင်ကပြောပါတယ်။

ဒီ ကြော်ငြာက သမီးလေး ပြေသုဒြာ ပါဝင်တဲ့တတိယမြောက် ဓာတ်ပုံ ကြော်ငြာ ရိုက်ဖြစ်ပုံကို အိန္ဒြာ ကျော်ဇင်က
“အခုက insurance ကုမ္ပဏီကြော်ငြာပါ။ သူ က ရိုက် ရတာ တအားခက် တယ်။လူစိမ်းပါ ရင်ငြိမ်သွားရော။ အိမ်မှာဆိုရင် တော့ အဲဒီလိုမဟုတ်ဘူး။ သူကအိမ် ကျယ်လေ။ ဓာတ်ပုံလည်း အကြာ ကြီး အရိုက်မခံ ဘူး။ သေချာ စိတ် ရှည်လက်ရှည် အရိုက်ခံရင်တော့ ပုံကောင်း ထွက် တာပေါ့။အခု ကလေး က ဂျီကျတယ်။ မရိုက် ချင်ဘူး။ အတတ်နိုင်ဆုံး တော့ ကိုဝဏ္ဏခွာနီး က စိတ်ရှည်လက်ရှည်နဲ့ ရိုက် ပေးပါတယ်။ ကလေး ဆို တော့ ဂျီကျနေတာ ရိုက်ရတာ နည်းနည်း အခက် အခဲရှိတာပေါ့” လို့ပြောပါတယ်။

အောက် တိုဘာ ၁၄ရက်နေ့မှာကျရောက်တဲ့ သမီး လေး ပြေသုဒြာရဲ့ ၂နှစ်ပြည့်မွေး နေ့မှာ ကလေးလေးတွေနဲ့ ပတ်သက်ပြီးတကယ် လိုအပ်တဲ့ နေရာကို လှူဒါန်းဖို့ စဉ်းစားထားကြောင်း၊ နိုဝင်ဘာလထဲ စင်ကာပူမှာ လက်ပံရုပ်ရှင်ဇာတ်ကားပြ သတဲ့ အခါ ပြေတီဦးနဲ့ အတူ ဈေး ဝယ် ထွက်ဖို့လိုက်သွားမှာဖြစ်ကြောင်း အိန္ဒြာကျော်ဇင် ကပြောပါတယ်။

ခိုင်ဝေလွင် - Popular Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template