Headlines News :
Home » » မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကို ရိုက်နှက်

မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကို ရိုက်နှက်

Written By လွင့်မောင်မောင် on Thursday, October 10, 2013 | 4:46 PM


 
                                                 အိမ့်နိုင်းဟန်  ရိုက်နှက်ခံရတဲ့ ဒဏ်ရာများ
5 Series ရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံ ဇာတ်လမ်း ရိုက်ကူးစဉ် ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီး သရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ် ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

“အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးကဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။

 ရုပ်ရှင်ရိုက်ကွင်းတွင် မင်းရာဇာ၏ ဆဲဆိုမှုကြောင့် ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ရှုတင်အဖွဲ့သားများ၏ ဖျန်ဖြေမှုကြောင့်ပြဿနာပြန်လည်ငြိမ် သက်နေချိန်တွင် မင်းရာဇာ၏ မိန်းမဆိုသူက သရုပ်သစ် အိမ့်နိုင်းဟန်ကို ပါးရိုက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်ကြောင့် သရုပ်ဆောင် အိမ့်နိုင်းဟန်က မင်းရာဇာ၏ မိန်းမကို ပါးပြန်လည်ရိုက်နှက်ခဲ့မှုကြောင့် မင်းရာဇာက လူအုပ်ကြားထဲမှ ထွက်လာပြီး သရုပ်ဆောင်သစ် အိမ့်နိုင်းဟန်ကို ပါးနှင့် မျက်နှာတစ်ဝိုက်ကို ပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

“လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မရပါဘူး၊ ဒီနေ့ မနက်မှာပဲ နှစ်ဖက်စလုံးလာတိုင်သွားတယ်၊ ဒီကိစ္စကိုအောက်တိုဘာ ၁၅မှာ ကျွန်တော် တို့ စပြီးတော့ စစ်ပေး မှာပါ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးခင်မောင်ချင်းက People Powerသတင်းစာကို ပြောကြားသည်။

 အနုပညာလောကတွင် အဆိုပါ ဖြစ်စဉ်မျိုးသည် မကြာခဏဖြစ်ပွားတတ်ပြီး အစည်းအရုံးအနေဖြင့် မှန်သည်ဘက်မှရပ်တည်ပြီး တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 ယင်းကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် မင်းရာဇာသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်း စက်ပိတ်ထားသည်။
သရုပ်ဆောင် မင်းရာဇာ

ရေးသားသူ - အေးငြိမ်းသူ
People power (ညနေခင်းသတင်းစာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template