Tropical Cyclone 02B ဖြစ်လာခဲ့ပါပြီ။Storm News Update
9-10-2013 -12:09 pm
မူခန့်မန်းထားခဲ့တဲ့အတိုင်း မုန်တိုင်းငယ်ဟာ အနောက်မြောက်ယွန်းယွန်းကို
တစ်နာရီရေမိုင်(၈)မိုင်နှုန်းလောက်နဲ့ ရွေ့လျှားလာခဲ့ ရာမှ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းအတွင်းကို ရောက်ရှိလာခဲ့ပြီး
လေတိုက်နှုန်း 45 knots -55 knots ခန့်ရှိ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို
ရောက်ရှိလာပြီဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်း ၂၀၁၃
ခုနှစ်အတွင်း ဒုတိယမြောက်ဖြစ်တဲ့ ဆိုင်ကလုန်းအဆင့်ရှိမုန်တိုင်းမို့ 02B
လို့အမည်ပေးထားပါတယ်။ (အမှန်ကတော့ 02B13 ဖြစ်ပါတယ်) အနောက်မြောက်ဖက်ကိုဘဲ
ဆက်လက်ရွေ့လျှားပြီး (၁၂-၁၀-၂၀၁၃)ရက်ညနေပိုင်းမှာ
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿ ကမ်းခြေ ကို
ဖြတ်ကျော်ဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ်။
ဗဟိုချက်အနီးမှာ လှိုင်းအမြင့် (၁၀)ပေခန့်ရှိနှိုင်ပါတယ်။
ဒေါက်တာထွန်းလွင်