
နအဖ စစ်အစိုးရ လက်ထက် က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။
အရင်ကတော့ နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင် ဥပဒေမှာ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ မွေး သက္ကရာဇ်၊ အလုပ်အကိုင် တွေနဲ့ အတူ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ ဖြစ်ခြင်း” ဆိုတဲ့ စကားရပ်တိုင်းမှာ "နိုင်ငံသားဖြစ်ခြင်း" ဆိုတဲ့ စကားရပ် ကို အစား ထိုး ဖြည့်သွင်းထားတာကို ယနေ့ထုတ် ကြေးမုံသတင်းစာမှာ အများပြည်သူ လေ့လာနိုင်ဖို့ ဥပဒေမူကြမ်း အဖြစ် ဖော်ပြထားပါတယ်။

ယခင် စစ်အစိုးရလက်ထက်က နိုင်ငံသားမဖြစ်ပဲ ဧည့်နိုင်ငံသားတွေ၊ ယာယီသက်သေခံခွင့် လက်မှတ်ကိုင် ထားသူတွေက နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရခဲ့ကြတာပါ။ အခုတော့ နိုင်ငံသား ဖြစ်သူမှသာ မြန်မာနိုင်ငံ မှာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ရကြမှာဖြစ်ပါတယ်။
ယခင် ဥပဒေအရ နိုင်ငံသားမဖြစ်ပဲ နိုင်ငံရေးပါတီထူထောင်ထားတာတွေမှာ ဘယ်လောက် ရှိခဲ့လဲ ဆိုတာ မေးခွန်း ထုတ်စရာပါ။