Pages
▼
Saturday, September 14, 2013
မန္တလေးမြို့ခံများ ရေကြီးမယ့်အရေး ရင်ဆိုင်ဖို့ ပြင်ဆင်

စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာတော့ စိုးရိမ်ရေမှတ်ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအတွက် ရေကင်း လုံခြုံရေး ချတာတွေနဲ့ သဲအိတ်အကာအရံတွေကိုရေဝင်နိုင်တဲ့နေရာတွေမှာ မြို့အာဏာပိုင်တွေက လိုက်လံချထားနေပြီ ဖြစ်ပါတယ်။ မြစ်ရေတက်လာတဲ့ အခြေအနေကိုတော့ မန္တလေးမြို့ခံတဦးက အခုလိုပြောပါတယ်။
“မြစ်ကမ်းနဖူးက အရင်က အောက်ကိုတော်တော် ဇောက်နိမ့်တာပေါ့ဗျာ။ အခုကတော့ မြစ်ကမ်းနဖူးက ဒဲ့ (တည့်)ပေါ့ ရေပြင်နဲ့ အဲဒီအနေအထားတော့ ရောက်နေတာပေါ့။ ပုံမှန်တော့ ဆည်မြောင်းဦးစီးဌာနက အဲဒီမှာ ရေကင်းစောင့်တယ်။ အခုဟာကတော့ အောက်ကို သဲအိတ်တို့ ဘာတို့ ချတာပေါ့နော်။ ပြင်ထားတယ်။ အဓိက-က သူက ဒီ ရေတက်တဲ့နှုန်းကို ဌာနက အမြဲတမ်း အကြောင်းကြားနေရမှာပေါ့နော်။ အခုလည်း မိုးတွေတော့ မည်းနေတာပဲ။ အထက်ပိုင်းပေါ့နော်။ ကချင်ပြည်နယ်တို့ဘက်က မိုးကောင်းတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”
ဒုဋ္ဌဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်ကိုရောက်ရှိခဲ့ပြီးနောက် စဥ့်ကိုင်မြို့နယ်နဲ့ အမရပူရမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့ ပြီးခဲ့တဲ့ရက်တွေက ရေနစ်မြုပ်မှုတွေဖြစ်အပြီးမှာတော့ ဒုဌဝတီမြစ်ရေကြောင့် ဧရာဝတီ မြစ်ရေလျံမူတွေ ပိုပြီးဖြစ်လာတဲ့အကြောင်း၊ ဒါကြောင့် မြစ်နဘေးမှာစိုက်ထားတဲ့ ပဲခင်းတချို့လည်း ပျက်စီးမှုတွေရှိကြောင်းကိုလည်း မန္တလေးမြို့ခံ နောက်တဦးက ရှင်းပြပါတယ်။
“မန္တလေးမှာကြီးတယ်ဆိုတာက ပြင်ဦးလွင်ဘက်ကလာတဲ့ ဒုဌဝတီမြစ်ကလည်း ရေတိုးတယ်။ ဧရာဝတီမြစ် ဟို အထက်ပိုင်းက ဗန်းမော်-မြစ်ကြီးနားက လာတဲ့ မြစ်ဆုံကလာတဲ့ရေကလည်း ကြီးတယ်။ ကြီးတဲ့အတွက် မန္တလေးမှာလာပြီး ဆုံပြီး ရေပိုကြီးနေတာ။ ဒီရာသီဆိုတာက ဒီလို ကြီးရမယ့် ရာသီ မဟုတ်ဘူးလေ။ ဒီလို ရေတိုးရမယ့် အချိန်လည်း မဟုတ်ဘူးလေ။ အခုတော့ အချိန်မဟုတ်၊ အခါမဟုတ် ရေတွေ ကြီးနေတာ- ဧရာဝတီမြစ်ဘေးမှာ ရှိတဲ့ တချို့ ပဲအရင်(ပဲလျင်)ခေါ်တာပေါ့။ အခုကတော့ အများကြီးတော့ မကျဲရသေးဘူး၊ ကျဲတဲ့သူတွေတော့ ကျဲထားကြပြီ။ ပဲပုပ်တို့၊ ပဲယင်းတို့၊ အဲလို ပဲတွေတော့ ဧရာဝတီမြစ်ထဲက တောင်သူတွေက ကျဲထားကြတယ်။ လူစုံတက်စုံတော့ မကျဲရသေးဘူး။ ဒါပေမဲ့ ရေက ရောက်လာတယ်။”
စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီဆိုတာနဲ့ အချိန်မရွေး ရေတက်လာနိုင်ပြီး စိုးရိမ်မှုတွေ ရှိနေကြောင်း၊ ပဲခူးမြို့နဲ့ နေရာတချို့မှာလည်း ရေကြီးမှုတွေ ကြုံနိုင်ကြောင်း မိုးလေဝသနဲ့ ဇလာဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်ကလည်း ပြောပါတယ်။
“မုတ်သုန်ကတော့ မဟုတ်တော့ဘူး။ မုန်တိုင်းမရှိဘူး၊ မုတ်သုန်မရှိဘူး-နော်။ အောက်ပြည်က ပိုဆိုးတယ်။ မိုးကပိုဆိုးတယ်။ ပဲခူးတိုင်း၊ ပြည်ရှိတယ်။ ပဲခူးရှိတယ်။ နောက် ရန်ကုန်တိုင်းက မင်္ဂလာဒုံတို့၊ နောက်ပြီးတော့ သထုံတို့ အဲဒီဘက်တွေမှာ လောလောဆယ်မှာ စိုးရိမ်ရေမှတ်ထဲရောက်နေတယ်။ ကျနော်ကတော့ ဂြိုဟ်တုအတိုင်းအတာကနေ ပြောပြတာပေါ့။ မိုး/ဇကတော့ စခန်းကနေ တိုင်းတာပေါ့နော်။”
မန္တလေးမြို့နဲ့ အနီးတဝိုက်မှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ နေသာချိန်ရှိပြီး မိုးရွာဖို့ ၈၀ % ရှိတယ်လို့ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေဝသ ခန့်မှန်းချက် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ စဥ့်ကိုင်မြို့နယ်၊ အမရပူရမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်က စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တဲ့ အတွက် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်းတွေကို ဒေသခံကျေးရွာသားတွေ ခံစားခဲ့ကြရတာပါ။ အနိမ့်ပိုင်းနေရာတွေမှာ လူတရပ်ကျော် နစ်မြုပ်တဲ့အတွက် နေထိုင် စားသောက်ရေး အခက်အခဲတွေ ကြုံရကြောင်း ဒေသခံတွေက ဆိုပါတယ်။ နှစ်အတော်ကြာမှာ အခုလို ရေကြီးတာမျိုးကို ထပ်ကြုံရတယ်လို့လည်း ဆိုကြပါတယ်။
မန္တလေးမြို့မှာတော့ လက်ရှိအခြေအနေမှာ မြစ်ရေတက်လာပေမဲ့ အိမ်တွေ နစ်မြုပ်တဲ့အထိ သိသာတဲ့ ရေကြီးမှုတွေ မကြုံရသေးဘဲ မကြာခင် ရေကြီးလာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်နဲ့ သြဂုတ်လတွေအတွင်းမှာလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြစ်ရေကြီးမှုတွေကြောင့် လူအသေအပျောက်တွေလည်း ရှိခဲ့တာပါ။
ပြီးခဲ့တဲ့လတွေကပဲ သံလွင်မြစ်ရေ မိုးရေ မြစ်ရေ ကြီးမှုတွေ ရှိခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ဒုဌဝတီမြစ်နဲ့ ဧရာဝတီမြစ်၊ သံလွင်မြစ်ရေကြီးမှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်ရှင်။
မအေးအေးမာ (ဗွီအိုအေ)
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မြန်မာထိရောက်အောင် မဆောင်ရွက်
ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား နိုင်ငံတကာ မူးယစ်ဆေးဝါးနေ့ မတိုင်ခင် အခမ်းအနားနှင့် မဖျက်ဆီးခင် စစ်ဆေးနေသော မြန်မာ ရဲတပ်ဖွဲ့ဝင်များ။
14.09.2013
မြန်မာနိုင်ငံနဲ့အတူ အာရှတိုက်က အာဖဂန်နစ်စတန်၊ အိန္ဒိယနဲ့လာအိုအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံကို အမေရိကန်သမ္မတ Barack Obama က ၂၀၁၄ ခုနှစ်အတွက် မူးယစ်ဆေးဝါး အဓိကရောင်းဝယ်ထုတ်လုပ်တဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။
အာရှ၊ အနောက်အာဖရိက အလယ်ပိုင်းအမေရိကတိုက်နဲ့ ကာရေဘီယံ ကျွန်းဒေသမှာရှိတဲ့ ၂၁ နိုင်ငံကို အခုလို သတ်မှတ်တဲ့နေရာမှာ တချို့အစိုးရတွေ အနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်နိုင်ဖို့ ဥပဒေအရ အပြင်းထန်ဆုံးဖြစ်အောင် ထိန်းသိမ်းနေတဲ့ကြားက ပထဝီဝင် အနေအထားအရ ဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရှိနေတာ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရာမှာ တဆင့်ခံ ကြားနေ နိုင်ငံအဖြစ် ရှိနေတယ်လို့ သောကြာနေ့မှာ သမ္မတအိမ်ဖြူက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ တနှစ်အတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တွေအတိုင်း လိုက်နာဖို့ သေသေချာချာ ကြိုးစားမှုမရှိတဲ့ နိုင်ငံတွေ စာရင်းကိုပါ ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံနဲ့အတူ Bolivia နဲ့ Venezuela နိုင်ငံတွေပါ ပါနေပါတယ်။ ဒီနိုင်ငံတွေကို ပြီးခဲ့တဲ့နှစ်အတွင်း လိုက်နာဖို့ မကြိုးစားတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မှတ်တမ်းတင်ပြီး ဒီကိစ္စကို အမေရိကန်လွှတ်တော်မှာ တင်ပြဖို့နဲ့ နိုင်ငံတော်မှတ်တမ်းမှာ ထည့်သွင်းထုတ်ပြန်ဖို့ပါ သမ္မတက ညွှန်ကြားခဲ့ပါတယ်။
ဒီသုံးနိုင်ငံထဲက မြန်မာနဲ့ Venezuela နိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိပ်ကို အရေးပါတာမို့ ဒီနိုင်ငံတွေ အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အမေရိကန်က ကူညီပံ့ပိုးပေးဖို့ပါ ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Brownfield ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ပါတယ်။
မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဘိန်းထုတ်လုပ်မှု လျော့ချနိုင်ရေး စတာတွေမှာ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တဲ့အပြင် တရားဥပဒေ စိုးမိုးရေးကဏ္ဍမှာလည်း အကူအညီပေးဖို့ အစီအစဉ်တွေ ချမှတ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အသွင်ကူးပြောင်းရေး အတွေ့အကြုံ ဟန်ဂေရီ သမ္မတနဲ့ ဒေါ်စု ဆွေးနွေး
ဟန်ဂေရီသမ္မတ Janos Ader,(ဝဲ) နှင့်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။
14.09.2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဟန်ဂေရီခရီးစဉ်မှာ ဟန်ဂေရီသမ္မတ Janos Ader နဲ့တွေ့ဆုံခဲ့သလို ဟန်ဂေရီ စီးပွားရေးတက္ကသိုလ်မှာလည်း တော်လှန်ရေးမှသည် ပြန်လည်တည်ဆောက်ရေးဆီသို့ ဆိုတဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ဂေရီခရီးစဉ်နဲ့ ပတ်သက်လို့ ဟန်ဂေရီဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားတဲ့အကြောင်းကို မမေစန္ဒီက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းမှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါဘတ်စ် မြို့တော်ကို ပိုလန်နိုင်ငံကနေတဆင့် ဆိုက်ရောက်ခဲ့ပါတယ်။ ဟန်ဂေရီ ပါလီမန်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိခဲ့တာပါ။ အဲဒီနောက် ဟန်ဂေရီသမ္မတ Janos Ader - ပါလီမန်ဥက္ကဋ္ဌတို့နဲ့ သီးခြားတွေ့ဆုံပြီး အရေးကြီးတဲ့ ပုဂ္ဂိုလ်များနဲ့အတူ နေ့လည်စာသုံးဆောင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟန်ဂေရီစီးပွားရေးတက္ကသိုလ်မှာ မိန့်ခွန်း တက်ရောက်ပြောကြားခဲ့ပါတယ်။ သူဟာ ဟန်ဂေရီသမ္မတနဲ့ တွေ့ဆုံရာမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို ဟန်ဂေရီနိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth က ရှင်းပြခဲ့ပါတယ်။
“ဟန်ဂေရီလို ကွန်မြူနစ်နိုင်ငံဟောင်း ဥရောပနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးကြပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ဘယ်လိုကူးပြောင်းကြသလဲ ဆိုတာတွေပါ။ ဒီအခြေအနေတွေဟာ ဥရောပအလယ်ပိုင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံတို့ကို အတော်နီးကပ်စေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ဒီလိုအတွေ့အကြုံမျိုးတွေ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခွင့်ရတဲ့အတွက်လည်း ကျနော်တို့ ဝမ်းသာပါတယ်။ သူမရဲ့ ကြိုးပမ်းမှုတွေအတွက် ဥရောပ အထူးသဖြင့် ဥရောပအလယ်ပိုင်းနိုင်ငံတွေရဲ့ အကူအညီကို ကမ်းလှမ်းခွင့်ရလို့လည်း ဝမ်းသာပါတယ်။ ဒီအသွင်ကူးပြောင်းရေးတွေဟာ နောက်ပြန်မလှည့်နိုင်တဲ့အဆင့်ကို မကျော်လွန်နိုင်သေးဘူးလို့ သူမထောက်ပြတာကိုလည်း ကျနော်တို့ သဘောတူပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကိုလည်း ပြောဆိုကြပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြပါတယ်။”
ဟန်ဂေရီစီးပွားရေးတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ “တော်လှန်ရေးမှသည် ပြန်လည်ထူထောင်ရေးဆီသို့” - ဆိုတဲ့ မိန့်ခွန်းကိုလည်း ဒုတိယဝန်ကြီး Nemeth က တက်ရောက် နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“သူဟောပြောတဲ့ခေါင်းစဉ်က ‘From Revolution to Reconstruction’ ဖြစ်ပါတယ်။ မြန်မာပြည်အရေးကို လွန်ခဲ့တဲ့ ၂၅ နှစ်တာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဖြစ်တယ်လို့ သူက ယူဆထားပါတယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သဘောတူညီမှုရအောင် ညှိနှိုင်းနိုင်ကြမယ် ဆိုရင် ဒီအဆင့်ဟာ အရေးပါတဲ့အဆင့်တစ်ရပ်ပဲလို့ ဆိုပါတယ်။ ဒီလို ဖွဲ့စည်းပုံကိစ္စ ပြေလည်မှုရရင် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တကယ့် ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာကျော် အကြမ်းမဖက်ရေး Non-Violence ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့လည်း ဟန်ဂေရီ ဒုတိယဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။
“သိပ်ကို ဂုဏ်ယူပါတယ်။ သူမဟာ ထူးချွန်ပြောင်မြောက်တဲ့သူပါ။ သူမရဲ့ အကြမ်းမဖက်လမ်းစဉ်ဟာ ကမ္ဘာအနှံ့ ကျယ်ပြန့်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မာတင်လူသာကင်းတို့၊ အိန္ဒိယနိုင်ငံက မဟတ္တမဂန္တီတို့လို ပုဂ္ဂိုလ်ပါ။ သူမကို ဒီ ဟန်ဂေရီနိုင်ငံကို ဖိတ်ခေါ်ပြီး သူမရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျနော်တို့ အထူး ဝမ်းသာပါတယ်။”
ဟန်ဂေရီ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth ဗွီအိုအေ မြန်မာပိုင်းကို ရှင်းလင်းပြောကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ချက်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။
မေစန္ဒီ VOA
ဂျပန်သို့ ဝင်မည့် မုန်တိုင်း MAN-YI – 16W နှင့် မြန်မာ့မိုးလေဝသအခြေအနေ
on September 13th, 2013


ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဂျပန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 16W(MAN-YI)သည် စက်တင်ဘာလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီနောက်ပိုင်းတွင်ဂျပန်နိုင်ငံ အလယ်ပိုင်း ဟွန်းရှုကျွန်းမကြီး၏ တောင်ပိုင်းကမ်းခြေအား ကပ်၍ ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။
မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နန်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အပေါ်မှ လေဖိအားနည်း Trough line သည် အောက်ဘက်ဆင်းလိုက်
အပေါ်ပြန်တက်လာလိုက်နှင့် ရွေ့လျားနေသည်ကို တွေ့ရပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအတွက် မိုးပိုမိုလာနိုင်မည့် အခြေအနေဆက်လက် ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီတွင် ရရှိသည့် ပုံအရ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့
အပေါ်သို့ ထူထပ်သိပ်သည်းသော တိမ်ထု ရွေ့လျားဝင်ရောက်လာသည်ကို တွေ့ရပြီး စက်တင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီအထိ ၇၂ နာရီ
မိုးရွာသွန်းနိုင်ခြေခန့်မှန်းချက်(TRMM) တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့၌ မိုးရေချိန် ၂၅ဝ မီလီမီတာနှင့် အထက်ရွာသွန်းနိုင်ခြေရှိနေကြောင်း တွေ့ရပါသည်။
By mmweather.ygn,
ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဂျပန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 16W(MAN-YI)သည် စက်တင်ဘာလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီနောက်ပိုင်းတွင်ဂျပန်နိုင်ငံ အလယ်ပိုင်း ဟွန်းရှုကျွန်းမကြီး၏ တောင်ပိုင်းကမ်းခြေအား ကပ်၍ ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။
မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နန်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အပေါ်မှ လေဖိအားနည်း Trough line သည် အောက်ဘက်ဆင်းလိုက်
အပေါ်ပြန်တက်လာလိုက်နှင့် ရွေ့လျားနေသည်ကို တွေ့ရပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအတွက် မိုးပိုမိုလာနိုင်မည့် အခြေအနေဆက်လက် ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။
ယနေ့ မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီတွင် ရရှိသည့် ပုံအရ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့
အပေါ်သို့ ထူထပ်သိပ်သည်းသော တိမ်ထု ရွေ့လျားဝင်ရောက်လာသည်ကို တွေ့ရပြီး စက်တင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီအထိ ၇၂ နာရီ
မိုးရွာသွန်းနိုင်ခြေခန့်မှန်းချက်(TRMM) တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့၌ မိုးရေချိန် ၂၅ဝ မီလီမီတာနှင့် အထက်ရွာသွန်းနိုင်ခြေရှိနေကြောင်း တွေ့ရပါသည်။
By mmweather.ygn,
ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီနိုင်ငံ ခရီးဆက်
ဟန်ဂေရီနိုင်ငံရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟန်ဂေရီသမ္မတ Janos Ader (စက်တင်ဘာ ၁၃၊ ၂၀၁၃) |
ဥရောပ အလယ်ပိုင်း သုံးနိုင်ငံဆီ ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဟန်ဂေရီနိုင်ငံ၊ဘူဒါပက်စ်တ်မြို့တော်ဆီ ရောက်နေပါတယ်။
သောကြာ စနေ နှစ်ရက်ကြာ ဟန်ဂေရီခရီးစဉ်အတွင်း ဟန်ဂေရီသမ္မတ Janos Ader၊၊ နိုင်ငံခြားရေးဝန်ကြီး Janos Martonyi တို့အပြင် လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ပါ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဖို့ ရှိတယ်လို့ ဟန်ဂေရီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘူဒါပက်စ်တ်မြို့က Corvinus တက္ကသိုလ်မှာလည်း “တော်လှန်ရေးမှသည် ပြန်လည်တည်ဆောက်ရေးဆီသို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဆွေးနွေးမှာဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံခရီးစဉ်ပြီးရင် ချက်က်သမ္မတနိုင်ငံဆီ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်မှာဖြစ်ပါတယ်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ ၃ ရက်ကြာ ချက်သမ္မတနိုင်ငံ ခရီးစဉ် အတွင်း Forum 2000 ဆွေးနွေးပွဲမှာ အဖွင့် မိန့်ခွန်းပြောကြားပါလိမ့်မယ်။ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
ဟန်ဂေရီခရီးစဉ်မတိုင်ခင် ပိုလန်နိုင်ငံခရီးစဉ်တုန်းကတော့ ပိုလန်သမ္မတနဲ့ လွှတ်တော် ခေါင်းဆောင်တွေအပြင် သမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Lech Walesa တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။
ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းမှုတွေကို နမူနာယူပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ ပြဿနာတွေ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝါဆောတက္ကသိုလ်မှာလုပ်တဲ့ နိုင်ငံရေးနဲ့ ပညာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူငယ်တွေအတွက် ပညာရေးဟာ အင်မတန်အရေးကြီး တယ်ဆိုတာကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
ရန်ကုန်မှာ အခမဲ့ ကြည့်နိုင်မယ့် ဥရောပရုပ်ရှင်ကားများ
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းက နေပြည်တော်ရုံမှာ ဥရောပရုပ်ရှင်ဇာတ်ကားတွေ အများအပြား ပြသနေပါပြီ။
ရုပ်ရှင်ဇာတ်ကား အားလုံးလိုလိုကို ၂ ကြိမ် ပြသမှာ ဖြစ်တဲ့အတွက် အဆင်ပြေတဲ့နေ့မှာ သွားရောက် ကြည့်ရှုနိုင်မှာပါ။

ဧရာဝတီဘလော့ http://blog.irrawaddy.org/ ပရိသတ်ထဲမှာ ရန်ကုန်က ရုပ်ရှင်ချစ်သူအများအပြား ပါဝင်နေတာကြောင့် သွားရောက်ကြည့်ရှုနိုင်အောင် ဇာတ်ကားအမည်၊ ဇာတ်လမ်းအကျဉ်းတို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ပြသမယ့်ရက်စွဲ၊ အချိန်တို့ကိုလည်း အဲဒီ ကြော်ငြာတွေမှာ တွေ့ရပါလိမ့်မယ်။
ဥရောပနိုင်ငံအသီးသီးက ဇာတ်ကားတွေ ဖြစ်တာကြောင့် အရသာစုံမယ့် ရုပ်ရှင်ပွဲတော်ကြီးဖြစ်မယ်လို့ ညွှန်းလိုပါတယ်။
ဝင်ကြေးအခမဲ့ - Free Entrance လို့ ဆိုထားပါတယ်။ ၂၂ ရက်နေ့အထိ ပြသမှာပါ။
ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်တဲ့ ပြင်သစ်သံအမတ်ရဲ့စကား
Friday, September 13, 2013
ထားဝယ်စီးပွားရေးဇုန် စီမံကိန်းစတင်ဖို့ မြန်မာ၊ ထိုင်းနဲ့ ဂျပန်တို့ ဆွေးနွေးမည်
ဒီလစက်တင်ဘာ ၂၇ ရက်နေ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပွဲကျင်းပဖို့ ထိုင်းကအဆိုပြုထားတယ်လို့ အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ကုမ္ပဏီနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစဦးရင်းနှီးမြှုပ်နှံငွေ ထိုင်းဘတ်ငွေ ၁၂ သန်းကို တဝက်စီထည့်ဝင်ကြဖို့ ပြီးခဲ့တဲ့ဇွန်လက ထိုင်းနဲ့ မြန်မာ နှစ်ဘက်သဘောတူညီခဲ့ကြပါတယ်။ မူလက သတ်မှတ်ထားခဲ့တဲ့ အစဦးရင်းနှီးမြှုပ်နှံမှုပမာဏက ထိုင်းဘတ်ငွေ သန်း ၁ဝဝ ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်မယ်လို့ သိရပါတယ်။
ဒါ့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ဆိပ်ခံ၊ ကားလမ်း၊ ရထားလမ်းကွန်ရက်တွေ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ ရေပေးဝေရေး၊ စက်ရုံအလုပ်ရုံတွေ၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်၊ မြို့နယ်ထူထောင်ရေးစတဲ့ စီမံကိန်းလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့အတွက် SPC ခေါ် အထူးလုပ်ငန်းကုမ္ပဏီတွေ ဖွဲ့စည်းဖို့လည်း ထိုင်းနဲ့ မြန်မာ သဘောတူခဲ့ကြပါတယ်။ အဲဒီ SPC အထူးလုပ်ငန်းကုမ္ပဏီတွေကိုတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မှာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ပြီးရင် နိုင်ငံခြားတိုင်းပြည်တွေက ပူးပေါင်းရင်နှီးမြှုပ်နှံကြမယ့် ကုမ္ပဏီတွေကို ရှာဖွေမှာဖြစ်ပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံကို မျှော်လင့်ထားပေမဲ့ တကယ်လို့ ဂျပန်ကပါဝင်ဖို့ ငြင်းမယ်ဆိုရင် တခြားနိုင်ငံတွေကနေ ခေါ်ယူမှာဖြစ်ပါတယ်။
RFA
တောင်ကုတ် လူထု ဆန္ဒဖော်ထုတ်ပွဲ ခေါင်းဆောင်သူ ၃ ဦးကို ထောင် ၃ လ ချ
ထောင်ချခံရသူဖြစ်ကြသည့် လူငယ်ကွန်ယက်မှ ကိုစိုးဝင်း၊ ကိုသန်းလွင်စိုးနှင့် ကိုမင်းထွန်းတို့ ကို ချက်ချင်း တောင်ကုတ်မှ သံတွဲ အကျဉ်းထောင်ကို ယူဆောင်သွားသည်ဟု တောင်ကုတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် စည်းကမ်းထိမ်းသိမ်းရေး ကော်မီတီ အဖွဲ့ဝင် ဦးခင်လှက ပြောသည်။
“ သူတို့ကို နေ့လည် ၁ နာရီခန့်မှာ တရားဆုံးဖြတ်ပါတယ်။ တရားသူကြီးက အမိန့်ချပြီးတာနဲ့ ချက်ချင်း ကားမှာတင်ပြီး သံတွဲကိုယူသွားပါတယ်။”
ရခိုင်ရှိ ဘင်္ဂလီ ဒုက္ခသည်များအား လုံးချင်း အိမ်ရာဆောက် ပေးမည့် အစီအစဉ်ကို တောင်ကုတ်တွင် မတ်လ ၂၃ ရက်နေ့က ခွင့်ပြုချက် မရဘဲ ကန့်ကွက် ဆန္ဒဖေါ်ထုတ် ပွဲပြုလုပ်ရာ အဆိုပါ ပုဂ္ဂိုလ် (၃) ယောက်က ဦးဆောင် ခဲ့သည်ဟု စွပ်စွဲပြီး တောင်ကုတ်ရဲက တရား မ၀င် စီတန်းလှည်လည်မှု ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုခဲ့သည်။
ကိုစိုးဝင်းတို့ ၃ ဦးအမှုကို စီရင်ချက်ချနေချိန်တွင် တရားရုံးအနီးတွင် လုံခြုံရေးကို အထူး တင်းကြပ်ထားကြောင်း ဦးခင်လှက ဆက်ပြောသည်။
“ တရားသူကြီးက တရားဆုံးဖြတ်မယ့် အချိန်မှာ ဒိုင်းတွေ လွှားတွေကိုင်ထားတဲ့ ရဲကား တစ်စီးကို တရားရုံးရှေ့မှာ ရပ် ထားတယ်။ ပြီးတော့ လမ်းတွေကိုလည်း သံဆူးကြိုးတွေချပြီး လုံခြုံရေး တိုးချ ထားပါတယ်” ဟု ၎င်းက ဆိုသည်။
တရားရုံးသို့ သံတွဲမြို့မှလူငယ်များအပါအ၀င် လူပေါင်း ၂၀၀ ခန့်လာရောက်ခဲ့သည်။
မကြာသေးမီကလည်း ကျောက်တော်မြို့မှ မွတ်ဆလင် ဒုက္ခသည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေရ မစစ်ဆေးဘဲ လုံချင်း အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြသည့် ဒေါ်လှမေ၊ ဒေါ်တင်တင်အေး၊ဦးမောင်ဝင်းနှင့်
ဦးသိန်းလှိုင်တို့ ကိုလည်း ကျောက် တော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့သည်။ -
နိရဉ္စရာ
အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း

အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်းများကို စိတ်ဝင်တစားလုပ် ကိုင်နေကြသူတွေ အများအပြားရှိပါတယ်။ အဲဒီလို လုပ်ကိုင်ကြသူ တွေထဲမှာ အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ အကယ်ဒမီခန့်စည်သူလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ခန့်စည်သူနဲ့ သူ့ရဲ့ 'ပရဟိတ'လုပ်ငန်းတွေအကြောင်းကို အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။
မေး - ပရဟိတဆိုတာကို ကိုခန့် ဘယ်လိုခံယူထားလဲ။
ဖြေ - ပရဟိတဆိုတာက လူတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ရှိ ကြဖို့ပါပဲ။ လူဆိုတာ ဘာလဲ။ လူပီသဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ် ချင်းစာတရား ရှိရမယ်။ ကိုယ်က သူများကိုကြမ်းကြမ်းတမ်းတမ်း နစ်နစ်နာနာပြောဆိုလိုက်မယ်ဆိုရင် မပြောခင်ကတည်းက စဉ်းစား သင့်တယ်။ ငါ့ကို တစ်စုံတစ်ယောက်ကသာ ဒီလိုမျိုးလာပြောမယ် ဆိုရင် ငါသည်းခံနိုင်မလား။ ငါသည်းမခံနိုင်ရင် သူများကလည်း ငါ ပြောတာကို လက်ခံချင်ပါ့မလားဆိုတာကို စဉ်းစားသင့်တယ်။ ငါလုပ် လိုက်တဲ့လုပ်ရပ်က မှန်ရဲ့လား။ ငါပြောလိုက်တဲ့စကားက သူ့အတွက် ဘယ်လောက်တောင်နစ်နာသွားမလဲဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီ ထက်ပိုပြီးတော့ ပရဟိတလုပ်ငန်းတွေ ပိုပြီးများလာလိမ့်မယ်လို့ ထင် တယ်။ ကျွန်တော်ကတော့ ပရဟိတဆိုတာ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်း စာစိတ်ရှိတတ်ဖို့ပဲ လိုအပ်တယ်လို့ထင်တယ်။ လူတိုင်းက ကိုယ်ကိုယ် တိုင်တွေ့ကြုံခံစားရတော့မှ ခံစားရကောင်းမှန်း သိကြတာပါ။ ပရဟိတ လုပ်ချင်တဲ့စိတ်ဓာတ်က ဘယ်လိုအရာတွေနဲ့မှ နှိုင်းယှဉ်ပြလို့ မရပါဘူး။
မေး - ပရဟိတအနေနဲ့ သွားပြီးတော့လှူဒါန်းတဲ့နေရာတွေမှာ ကြုံ တွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။
ဖြေ - ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့လူတန်းစား ဆိုပြီးတော့ ဖြစ်ပေါ်နေ တဲ့အခြေအနေမှာ ထားစရာမရှိတဲ့ သူတွေကျတော့လည်း ကားတွေတစ်စီးပြီးတစ်စီးဝယ်၊ မြေတွေ တစ်ဧကပြီးတစ်ဧကပိုင် ဖြစ် နေတဲ့အခြေအနေမှာ စားစရာမရှိတဲ့သူတွေကျတော့လည်း တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင်စားရဖို့အတွက် အတင်းရုန်းကန်နေရ ပြီး သူတို့အတွက် တစ်နေ့တာဖြတ်သန်းမှုက သိပ်ကိုပင်ပန်းဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေတယ်။ ဒီလိုကွာခြားရတဲ့အထဲ သဘာဝဘေး အန္တရာယ်တွေ၊ ပြီးတော့ စစ်ဘေးဒုက္ခတွေကြောင့် သူတို့မှာ ဒုက္ခအ မျိုးမျိုးကို ခါးစည်းခံနေရတယ်။ ဒီလိုမျိုးတွေ ကျွန်တော်ပြောပြတယ် ဆိုတာကလည်း ဘဝပေးအခြေအနေတွေ ကွာခြားတယ်ဆိုတာကို နှိုင်းယှဉ်ပြတာပါ။
မေး - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ ဘယ်လိုနေရာမျိုးတွေကို သွားရောက် လှူဒါန်းပြီးပြီလဲ။
ဖြေ - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့က ဘယ်လိုနေရာမျိုးမှ လှူမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ နေရာမှန်သမျှကို လှူဒါန်းသွားတာပါပဲ။ အခုလောလောဆယ် ကျွန်တော် တို့ ရန်ကုန်ကလေးဆေးရုံ၊ ပညာရေးဖောင်ဒေးရှင်း၊ ကူးစက်ဆေးရုံ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ အင်းစိန်အကျဉ်းဦးစီးဌာန၊ ကရင်ပြည် နယ် စစ်ဘေးဒုက္ခသည်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံတွေ အခု ဆိုရင် သွားလှူတာ နေရာ ၂ဝကျော်နေပါပြီ။ ဒီထက်လည်း နောက်ပိုင်း မှာ သွားလှူနိုင်မယ်လို့ထင်ပါတယ်။
မေး - ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေလေးတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျ ဆုံးနဲ့ အခြေခံအကျဆုံးက ကလေးသူငယ်တွေပါပဲ။ ဒုက္ခရောက်နေ တဲ့အတွက် သူတို့လေးတွေရဲ့ပညာရေးအခြေအနေက အင်မတန်ရင် လေးစရာကောင်းပါတယ်။ ပညာသင်ရမယ့်အရွယ်တွေမှာ ပညာမ သင်နိုင်ကြဘဲ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးအန္တရာယ်တွေ အမျိုးမျိုးကိုရင်ဆိုင်နေကြရတော့ သူတို့လေးတွေရဲ့ ပညာရေးအခြေ အနေက ဆိုးရွားလာပါတယ်။ ဒါပေမဲ့ ၂၀၀၈ခုနှစ်မှာ ကျရောက်ခဲ့တဲ့ နာဂစ်က အဆိုးထဲက အကောင်းလို့တောင်ပြောရမယ်။ နာဂစ်ဒဏ် ကိုခံလိုက်ကြရတဲ့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကို လှုပ်နှိုးလိုက်သလိုပါပဲ။ အဲဒီတော့မှ ပရဟိတစိတ်တွေဖြစ်ပေါ်လာ ကြပြီး ပရဟိတလုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ လုပ်လာကြ တယ်။ အရင်ကထက်စာရင် အခုက လူတိုင်းလိုလို၊ နေရာတိုင်းလိုလို ပရဟိတလုပ်ဖို့ စိတ်အားထက်သန်နေကြတဲ့အတွက် ဝမ်းသာစရာ ကောင်းပါတယ်။
မေး - မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အတွက် ပြောချင်တာတွေရှိရင်လည်း ဖြေကြားပေးပါ။
ဖြေ - အဓိကလိုအပ်တာက ပရဟိတအဖွဲ့အစည်းတွေကို စနစ် တကျနဲ့ဖွဲ့စည်းထားနိုင်ဖို့ လိုအပ်တယ်။ ဒီထက်ပိုပြီးတော့ စည်းစနစ် ကျတဲ့အဖွဲ့အစည်းတွေပေါ်ပေါက်လာရင် ဒီထက်ပိုပြီးတော့ အဆင် ပြေလာနိုင်မယ်။ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူ ငယ်လူရွယ်တိုင်း ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားတတ်ဖို့တွေ လိုအပ်နေ ပါတယ်။
နွေးနွေးတွေ့ဆုံမေးမြန်းသည်
The Yangon Times
ကမာရွတ် လှည်းတန်းတွင် ကား ၃၀ ကျော်၏ ဘီးများတစ်ပြိုင် နက်လေလျှော့ ခံရ

ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်း ရှောက်ပင်ခြံ(၈)ရပ် ကွက်အတွင်းရှိ မင်္ဂလာလမ်း၊ မ ဟာဆိုရှယ်လမ်း၊ အဝေယျာ လမ်း၊ ရတနာလမ်း၊ မဟာဘောဂ လမ်း၊ မာလာလမ်းနှင့် လှည်းတန်း လမ်းမ အပါအဝင် ဦးထွန်းလင်းခြံ လမ်းတို့ရှိ လူနေရပ်ကွက် တိုက် တန်းများရှေ့တွင် ညပိုင်းရပ်နား ထားသော မော်တော် ယာဉ်အစီး ရေ ၃ဝကျော်ခန့်၏ ကားဘီးများ ကို နံနက် ၁နာရီမှ ၃နာရီခန့် အ တော အတွင်း လူတစ်ဦး သို့မဟုတ် လူအုပ်စု တစ်စုတို့ က ချွန်ထက် သော ပစ္စည်းများဖြင့် ရည်ရွယ်ချက် ရှိရှိလိုက်လံ ထိုးဖောက်၍ လေ လျှော့ထားခဲ့ကြောင်း ထိုရပ်ကွက် နေ ကားပိုင်ရှင်များထံမှ သိရသည်။
''ကျွန်တော် နံနက်ထ အ လုပ်သွားဖို့ တိုက်ပေါ်ကဆင်းလာ ပြီးကားကို ကြည့်လိုက်တော့ ဘီး နှစ်ဘီးစလုံး လေလျော့နေတာ တွေ့ ရပါတယ်။ အဲဒါနဲ့ ကျွန်တော့်ညီ ကားကို ကြည့်လိုက်တော့လဲ ကားဘီးနှစ် ဘီးစလုံးက လေလုံးဝမရှိတော့ဘဲ အချွန် တစ်ခုခုနဲ့ တာယာကိုထိုး ဖောက် ထားတဲ့ ပုံစံမျိုးတွေ့ရပါ တယ်''ဟု လှည်းတန်း မဟာလမ်း မှ ကားပိုင်ရှင် ဦးသန်းဝင်းကပြော သည်။ ကားဘီးများကို ထိုးဖောက် သွားသူဟုယူဆရသူ တစ်ဦးကို တွေ့မြင်လိုက်ရသူ ဓာတ်ပုံဆရာ ဦးလှမြင့် က ''လူပုံစံကတော့ ပိန် ပိန်နဲ့ပဲဗျ။ လူငယ်မဟုတ်ရင် လူ လတ်ပိုင်းလောက်ပဲ။ ညက အိပ် မပျော်လို့ ၁နာရီလောက်မှာ အောက်ဆင်းပြီး အလင်းဆိုင်မှာ ကော်ဖီသွားသောက် ဖို့လုပ်တော့ မဟာလမ်းထိပ်မှာ လူတစ်ဦးကို တွေ့ပါတယ်။
ကျွန်တော် ကော်ဖီ သောက်ပြီးပြန်လာတော့ ၂နာရီ လောက်မှာ အဲဒီလူက ကားဘီး တွေကိုစမ်းနေတာ တွေ့ရပါတယ်။ လက်ထဲမှာလည်း ဘာလက်နက် မှ ကိုင်ထားတာတော့မတွေ့ရဘူး။ အဲဒါနဲ့ ကျွန်တော်လဲ ဒီကောင် ရူးနေတာထင် တယ် ဆိုပြီး အပေါ် ပြန်တက်ပြီး အိပ်မယ်လုပ်တော့ ကားတစ်စီးက လုံခြုံရေးအလန်း မြည်သံကိုတော့ ကြားလိုက်ရပါ သေး တယ်''ဟု ပြောသည်။
ထိုကဲ့သို့ အဝေယျာလမ်းရှိ ကားပိုင်ရှင်များကလည်း ယင်း ဖြစ်စဉ်နှင့်ပတ် သက်၍ ''ညဉ့်ပိုင်း ၃နာရီလောက်မှာ မီးကပျက်သွား သေးတယ်ဗျ။ နောက်ပြီး မိုးက လဲရွာနေသေးတယ်။ အဲဒီအချိန် မှာ ဒီကောင်တွေ ရည်ရွယ်ချက်ရှိ ရှိနဲ့ အချိန်ကိုက်လုပ်သွားတာဖြစ် မယ်။
တစ်ဦးတစ်ယောက်တည်း တော့မဖြစ်နိုင်ဘူး။ အခုဟာက လမ်းတော်တော်များများကကား တွေ အစီး ၃ဝလောက်ကိုလုပ် သွားတာ''ဟု ဦးသက်နောင်နှင့် ဦးဇော်ဝင်းတို့က ပြောသည်။ ကားဘီးများကို ချွန်ထက် သော အရာတစ်ခုဖြင့် ထိုးဖောက် ခံရပြီး ဘီးတစ်ခုလျှင် သုံးပေါက် မှ ရှစ်ပေါက်အထိ တွေ့ရသဖြင့် ပြန်လည်အသုံးပြုရန် မဖြစ်နိုင် တော့သဖြင့် ကားအများစု၏ တာယာများကို အသစ်ပြန်လည် လဲလှယ်နေရကြောင်း သိရသည်။
လှည်းတန်းတံတားအနီး တွင် ကားဘီးပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုဇော်သန်းထိုက်က ''ကျွန်တော့်ဆီရောက်လာတာ အခုဆို တာယာအလုံး၂ဝကျော် သွားပါပြီ။ တာယာအားလုံးနီးပါးက အနည်းဆုံး သုံးချက်ကနေ ရှစ် ချက်အထိ ထိုးဖောက်ခံထားရ တာ တွေ့ရပါတယ်။ အများစုက တော့ ပြန်သုံးလို့မဖြစ်နိုင်တော့ တဲ့အခြေအနေဆိုတော့ အသစ် လဲလိုက်ရပါတယ်''ဟုပြောသည်။ ''ပြစ်မှုကျူးလွန်သူကို ရှာ ဖွေဖော် ထုတ်ပြီးတော့ အရေးယူ ဆောင်ရွက်သွားမှာပါ''ဟု ကမာ ရွတ်မြို့နယ်ရဲ စခန်းမှ ဒုရဲအုပ် ထွန်းမင်းအောင်က ပြောသည်။ ယင်းက ဆက်လက်၍''အ ခုလက်ရှိကောက်ယူထားတဲ့စာ ရင်းအရကတော့ စုစုပေါင်း ၂၅စီး ပါ။ ကမာရွတ်မြို့နယ် (၈)ရပ်ကွက် မာလာလမ်း၊ မင်္ဂလာလမ်းတို့မှာ ဖြစ်ပွားခဲ့တာပါ''ဟုပြောသည်။
ငယ်ထွေး(ကလေး)
Yangon Media Group
ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှုမရှိ၊ အချက်အလက်ခိုင်မာက အစိုးရ ဆက်လက် ဆောင်ရွက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၂
ပြည်ပဘဏ်စာရင်း ငါးခုတွင် မြန်မာနိုင်ငံမှ အပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှု လုံးဝမရှိကြောင်းနှင့် ယင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးနိုင်ပါက အစိုးရက ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ပြောကြားသည်။
အဆိုပါအပ်နှံငွေများကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများ ကို လျှော်မပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဆိုသူကို ကိုးကား၍ ပြည်တွင်းသတင်းဌာန တစ်ခုက ဖော်ပြမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောကြားခြင်း ဖြစ်သည်။
အစိုးရက နိုင်ငံပိုင်ငွေကို ယင်းသို့ ပြည်ပတွင် အပ်နှံထားမှု လုံးဝမရှိကြောင်း၊ ဒေါ်လာ ၁၁ ဘီလီယံ အပ်ထားသည် ဆိုသည့် ငွေစာရင်းငါးခုနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက် ပေးနိုင်ပါက အစိုးရအနေနှင့် ဆက်လက်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ၄င်းက ဆိုသည်။
"ဒီလောက်များတဲ့ ငွေတွေ ပြည်ပဘဏ်တွေမှာ ရှိနေတာကို မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးပိတ်ဆို့မှု နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက မသိဘဲ နေပါ့မလား" ဟု ဦးရဲထွဋ်က မှတ်ချက်ပြုသည်။
ပြည်ပတွင်ငွေစာရင်းငါးခုဖြင့် ဒေါ်လာ ၁၁ ဘီလီယံ အပ်ထားသည် ဆိုရာတွင် အစိုးရကို ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ယင်းသို့ ပမာဏများပြားသည့် ငွေကြေးဆိုင်ရာ စာရင်းအချက်အလက်များကို ပြည်သူက အထောက်အထားပေးရန် လုံးဝ မဖြစ်နိုင်သည့်အတွက် ဦးရဲထွဋ်၏ အဖြေမှာ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေကြောင်း စင်ကာပူနိုင်ငံ ပင်နီဆူလာပလာဇာ တွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားလုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။
"ဒီလိုကိစ္စ အထူးစုံစမ်းစစ်ဆေးရေးက စစ်ပါလား။ စင်ကာပူဘဏ် တွေမှာ ထည့်ထားတဲ့ ငွေစာရင်းတောင် ၁၁ ဘီလီယံ ကျော်ရင် ကျော်နေဦးမယ်" ဟု ၄င်းက ထောက်ပြသည်။
အဆိုပါသတင်းကို ထုတ်ဖော် ပြောကြားသူမှာ ကမ္ဘာ့ဘဏ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၁၂ ရက် နေ့တွင် ထုတ်ပြန်ကြေညာသည်။
ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံခြားငွေစာရင်း အမှန်တကယ်ရှိ မရှိကိုမူ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကမ္ဘာ့ဘဏ် နှစ်ဖက်စလုံးမှ အတည်ပြုခြင်း မရှိသလို ငြင်းဆိုခြင်းလည်း မရှိပေ။
သို့သော် ကုန်သွယ်ရေးနှင့် ဝန်ဆောင် မှုဆိုင်ရာလုပ်ငန်းများ ချောမွေ့လွယ်ကူစေ ရန်နှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများ တည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်းသည် အစိုးရများ၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဟု ယူဆကြောင်း ကမ္ဘာ့ဘဏ်က ထည့်သွင်း ရှင်းလင်းထားသည်။
ယင်းပြည်ပ အပ်နှံငွေများကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီ ဒေါ်လာသန်းကိုးရာနီးပါး ကို ပေးလျှော်ခြင်း မပြုကြောင်း ပြည်တွင်းသတင်းတစ်ရပ် တွင် ဖော်ပြချက်ကို တာဝန်ရှိသူများက တိတိပပရှင်းလင်း ဖြေကြားသင့်ကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါဒေါ်လာ ၁၁ ဘီလီယံ အမှန်တကယ်ရှိ မရှိကိုပင် ဖြေကြားနိုင်ခြင်း မရှိသဖြင့် သံသယ ပိုမိုကြီးထွားစေကြောင်း နိုင်ငံရေးနှင့် စီးပွားရေး စောင့်ကြည့် လေ့လာသူများက ဆိုသည်။
အစိုးရသစ်လက်ထက် ကမ္ဘာ့ဘဏ်၏ ကြွေးမြီဟောင်းများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရှင်းလင်းနိုင်ခဲ့ပြီးနောက် ပထမဆုံး နှစ်ရှည်အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း ၂၆၀ ကျော်ကို ကမ္ဘာ့ဘဏ်က ပြန်လည် ထုတ်ချေးပေးရန် သြဂုတ်လအတွင်း ခွင့်ပြုထားပြီး သမဝါယမ ဝန်ကြီးဌာနအတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကိုလည်း တရုတ်နိုင်ငံထံမှ အတိုးနှုန်းမြင့်ဖြင့် ချေးယူရန် သဘောတူထားသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အထိရှိသည်ဆိုသော နိုင်ငံခြားငွေစာရင်း ငါးခုကို ပြည်ပဘဏ် များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခြင်း ဖြစ်ကြောင်း ဘဏ်များဆိုင်ရာ သတင်းအချက်အလက် စင်တာ (Bank Information Center - BIC) ၏ အာရှအစီအစဉ် မန်နေဂျာ Jelson Garcia ၏ ပြောဆိုချက် ကို ပြည်တွင်းသတင်းတစ်ရပ်က ဖော်ပြထားခြင်း ဖြစ်သည်။
BIC မှာ အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို စောင့်ကြည့်သောအဖွဲ့ ဖြစ်သည်။
The Voice Weekly
ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး နာရေးသတင်း အင်တာနက်ပျံ့နှံ့
![]() |
ကုလသမဂ္ဂမှ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်အတူ တွေ့ရစဉ် |
ရန်ကုန်၊ စက်တင်ဘာ ၁၂
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နာရေးသတင်း ထွက်ပေါ်မှုကြောင့် ယခင်အစိုးရ လက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ၊ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေး ခရိုနီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ရန်ကုန်မြို့မှာ ရှိပါတယ်၊ ကျန်းမာရေးက စင်ကာပူက ပြန်လာတဲ့ အတိုင်းပါပဲ။ အဘအေး ဆုံးပြီဆိုလို့ ဖုန်းဆက်မေးကြတာ အများအပြား ရှိပါတယ်။ မဟုတ်ပါဘူး။ လူကြီးက အသက်အရွယ်နဲ့ ကျန်းမာရေး မကောင်းတော့ … ဒီလိုပဲ ထင်တတ် ကြပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
လွန်ခဲ့သည့် သီတင်းတစ်ပတ်ကလည်း ရောဂါသည်း၍ ဦးမောင်အေးအား စင်ကာပူသို့ ဆေးကုရန် ပို့ဆောင်လိုက်ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ “အဘအေးသွားတာ မဟုတ်ပါဘူး၊ အန်တီ ဒေါ်မြမြစန်း (ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ဇနီး) သွားတာပါ၊ အခု ရန်ကုန် ပြန်ရောက်နေပါတယ်”ဟု ဦးမောင်အေး၏ မိသားစုဝင်က မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးသည် စစ်အစိုးရ သက်တမ်းတစ်လျှောက် တပ်မတော် အရာရှိများအားလုံး ကြောက်ရွံ့ ခဲ့ကြရပြီး၊ DSA အပတ်စဉ် (၁) ဆင်းဖြစ်၍ DSA ဆင်း အရာရှိများကို ရာထူးတိုးမြှင့်ခြင်း၊ နေရာ ကောင်းများပေးခြင်း၊ ၎င်းတို့အပေါ် သည်းခံ ခွင့်လွှတ်တတ်ခြင်းများရှိ ၍ DSA ဆင်း အရာရှိကြီးများ အားလုံးလိုလို ကြောက်ရွံ့ ရိုသေခြင်း ခံခဲ့ရကြောင်း တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးက မြန်မာသံတော် ဆင့်သို့ပြောသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးနှင့် နိုင်ငံရေးအရ အဆင်မပြေဟု သတင်း ထွက်ပေါ်နေသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သြဇာ ပိုမိုကြီးမားလာကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူ၍ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင် နေရာယူရန် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ဦးမောင်အေးသည် ယခင် လမ်းစဉ်ပါတီအစိုးရ ဒုတိယ ခေါင်းဆောင် (သမ္မတ-ငြိမ်း) ဗိုလ်ချုပ်ကြီး စန်းယုက လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းကို သြဇာခံ၍ နောက်ဆုံး အတူတူ နုတ်ထွက်သည်အထိ တာဝန်ထမ်း ဆောင်သကဲ့သို့ နေထိုင်သွားခဲ့သည်။ နယကအစိုးရမှ အစိုးရသစ်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အာဏာ လွှဲပြောင်းပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ တာဝန်များမှ အငြိမ်းစားယူခဲ့သည်။
ယခုအခါ ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ၇၅ နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေသည် ၈၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့် ရင်းနှီးသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
Myanmartandawsint Newspaper
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ်မူ အခြေခံရေးနှင့် တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် SNDP ပါတီ တင်ပြမည်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖက်ဒရယ် ပြည်ထောင်စုမူကို အခြေခံရေးနှင့် လက်ရှိ တိုင်းဒေသကြီး အမည်သတ်မှတ် ထားမှုများကို ပြည်နယ်အဖြစ် သတ်မှတ်ပေးသွားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်ရုံး၌ SNDP ၏ ပါတီကိုယ်စားပြု လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှ ပြင်ဆင်လိုသည့် အချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ မှာပါတဲ့ အခြေခံရမည့်မူများ ဆိုတာကို စကိုင်တာပေါ့။ အဲဒီမှာ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ ကျွန်တော်တို့က တင်သွင်းချင်တယ်။ နောက်ပြီးတော့ တိုင်းဒေသကြီးတွေကို တိုင်းဒေသကြီးလို့ ခေါ်မယ့်အစား ပြည်နယ် ၁၄ ခုကို အခြေခံချင်တယ်။ အမည်နာမ ဝေါဟာရကအစ အကုန်လုံး တစ်ပြေးညီ ဖက်ဒရယ်ဖြစ်ဖို့ ကျွန်တော်တို့က ရည်မှန်းတာပါ။ အမည်နာမ၀ိသေသ တွေက ကွဲနေရင် မဖြစ်သေးဘူးလေ။ အဲဒါကြောင့် အမေရိကန်နိုင်ငံမှာ ဆိုရင်တော့ ပြည်နယ် ၅၀ ပေါ့။ ကျွန်တော်တို့ ဆီကတော့ ၁၄ ပြည်နယ်ပေါ့။ အဲဒါကို လက်ခံချင်တယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် SNDP ပါတီမှ လေးဦးပါဝင်ပြီး လက်ရှိဆွေးနွေး အတည်ပြုထားသည့် ပြင်ဆင်လိုသည့် အချက်များကို အဆိုပါ ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော် လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အဖြစ် ပါဝင်သော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းကလည်း ၎င်းတို့၏ မူအဖြစ် ကိုင်စွဲသွားမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါ မူကြမ်းနှင့် ယခု SNDP မှ ပြင်ဆင်လိုသည့် အချက်များနှင့်မူ ကွာခြားချက် အနည်းငယ် ရှိနိုင်ကြောင်းနှင့် လွှတ်တော် လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြရာတွင်မူ NBF မူနှင့် ၎င်းတို့မူ နှစ်ခုလုံးကို တင်ပြသွားမည်ဟု ဦးစိုင်းမောင်တင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
EMG
မာဒေးကားဖလားဗိုလ်လုပွဲစဉ်တွင် ကျော်ဇေယျာဝင်းနှင့်ကြည်လင်းတို့ ပြန်လည်ပါဝင်ကစားနိုင်မည်

မလေး ရှားနိုင်ငံတွင် ကျင်းပနေသော မာ ဒေးကားဖလားပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်အဖြစ် မလေးရှားနှင့် ကစားရ မည့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် စင်ကာပူနှင့်ပွဲကို လွဲခဲ့ရသည့် ကြည် လင်း၊ မလေးရှားနှင့် အုပ်စုပွဲစဉ် ပထမပိုင်းတွင်ဒဏ်ရာရခဲ့သော ကွင်းလယ်ကစားသမား ကျော်ဇေ ယျာဝင်းတို့ပြန်လည်ပါဝင်လာနိုင် မည်ဟုသိရသည်။
မြန်မာယူ-၂၃အသင်း အ နေဖြင့် မာဒေးကားဖလား ဗိုလ် လုပွဲသို့ တက်ရောက်နိုင်ရန်မှာ စင်ကာပူအား နှစ်ဂိုးထက်ပိုသွင်း ရန်လိုအပ်သလို ထိုင်းညွန့်ပေါင်း အသင်းကို မလေးရှားယူ-၂၃အ သင်းက ဂိုးပြတ်နိုင်ရန် လိုအပ် ခဲ့သည်။
ပြီးခဲ့သည့် ၂ဝဝရမာဒေး ကားဗိုလ်လုပွဲတွင် မြန်မာအသင်း နှင့် မလေးရှားအသင်းတို့ တွေ့ ဆုံခဲ့ဖူးပြီး ထိုစဉ်က မလေးရှား အသင်းက ၃-၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ထို့အပြင် ယခုမာဒေး ကားဗိုလ်လုပွဲက မြန်မာအသင်း အတွက် ကိုးကြိမ်မြောက်ဖြစ်ပြီး ၁၉၆၄တွင် တစ်ကြိမ်၊ ၁၉၆ရ တွင် တောင်ကိုရီးယားနှင့် ပူးတွဲတစ် ကြိမ်၊ ၁၉၇၁နှင့် ၂၀၀၆ပြိုင်ပွဲများ တွင် ဗိုလ်စွဲနိုင်ခဲ့ပြီး ဒုတိယအနေ ဖြင့် ၁၉၆၆၊ ၁၉၆၈၊ ၁၉ရဝနှင့် ၂ဝဝရတို့တွင်ရရှိခဲ့သည်။
၁၉၉၀ ဝန်းကျင်တွင် မလေး ရှားနိုင်ငံ၌ ဆီမီးပရို စတင်ကျင့် သုံးစဉ်က မလေးရှားကလပ် Armed Force တွင် ရှေ့တန်းအဖြစ် ပါဝင်ကစားခဲ့ပြီး လက်ရှိမြန်မာ ယူ-၂၃အသင်းအုပ်ချုပ်သူအဖြစ် တာဝန်ယူထားသည့် ဦးတင်မြင့် အောင်က ''မလေးရှားအသင်း ဟာ နည်းစနစ်ပိုင်းဆိုင်ရာ တအား ကောင်းတဲ့အသင်းတစ်သင်းပါ။ ကြံ့ခိုင်မှုလဲကောင်းတယ်။ တခြား အပိုင်းတွေမှာပါ တောင့်တင်းမှု ရှိနေတယ်။ ကျွန်တော့်ကစားသ မားတွေအနေနဲ့ သူတို့ကိုအ ကောင်းဆုံးရင်ဆိုင်သွားမှာပါ။ အမိမြန်မာနိုင်ငံအတွက် ကျွန်တော် တို့ကစားသမားတွေ အနစ်နာခံ ကြိုးစားပြီး အကောင်းဆုံးအရည် အသွေးတွေကို ထုတ်ပြသွားနိုင် မယ်လို့ ကျွန်တော်မျှော်လင့်ထား တယ်''ဟု ပြောခဲ့သည်။
ထို့အပြင် ဦးတင်မြင့်အောင် က ပွဲပယ်ခံထားရသည့်သူများရှိ မနေခြင်းကြောင့် စိုးရိမ်မှုရှိမနေ တော့ကြောင်း၊ ဗိုလ်လုပွဲစဉ်တွင် မိမိတို့၏ အကောင်းဆုံးလူစာရင်း နှင့် ရင်ဆိုင်သွားနိုင်မည်ဟု ယုံ ကြည်ချက်ရှိနေကြောင်း၊ ကျော် ဇေယျာဝင်းမှာ ဒဏ်ရာမှ လျင် မြန်စွာသက်သာလာခဲ့သည့် အ တွက်ကြောင့် ယခုပွဲကိုပါဝင်က စားရန် ကြံ့ခိုင်မှုပြည့်လာနိုင် ကြောင်း၊ ၎င်း၏သတင်းအပေါ် မိမိအနေဖြင့် ဝမ်းသာမိကြောင်း ထပ်လောင်းပြောခဲ့သည်။
ထို့အပြင် မလေးရှားနည်းပြ ကင်ဆွီးက ဗိုလ်လုပွဲစဉ်တွင် မြန် မာအသင်း၏ လက်စားချေတုံ့ပြန် နိုင်မှုကြောင့် မိမိတို့အသင်းအ တွက် လွယ်ကူသည့်ပွဲစဉ် ဖြစ်လာ နိုင်မည်မဟုတ်ဟု ပြောခဲ့သည်။
မင်းသန့် ၊ စက်တင်ဘာ(၁၂) ၊ ရန်ကုန်
Yangon Media Group
မြန်မာက ဘင်္ဂလာဒေခ်ျ့နှင့် နယ်စပ်လုံခြုံရေး ဆွေးနွေးရန် ဆန္ဒရှိနေဟု ဆို
၁၃ စက်တင်္ဘာ ၂၀၁၃
မြန်မာ အနေဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် နယ်စပ်လုံခြုံရေးကို ဆွေးနွေးရန် ဆန္ဒပြင်းပြနေကြောင်း စက်တင်္ဘာ ၉ရက်နေ့ထုတ် The Independent သတင်းစာတွင် “ Burma keens on security dialogue with Bangladesh” ခေါင်းစည်းဖြင့် ဖေါ်ပြသည်။
ထိုသို့ နယ်စပ်လုံခြုံရေးကို မြန်မာက ဆွေးနွေးရန် လိုလားနေခြင်းမှာ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်နေသော မှောင်ခိုနှင့် လူကုန်ကူးမူကို နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လို၍ ဖြစ်ကြောင်း သတင်းစာက ဖေါ်ပြသည်။
၎င်းပြင် သတင်းစာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် Shahidul Haque ကိုးကားပြီး ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကမ်းလှမ်းချက် အပေါ် မြန်မာဘက်က စိတ်ဝင်တစားနှင့် တုန့်ပြန်လာသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့သည် များမကြာမီက နယ်စပ်တလျှောက် လုံခြုံရေးနှင့် နယ်စပ် ဒေသ တည်ငြိမ်ရေး အတွက် ဆွေးနွေးရန် မြန်မာဘက်ကို ကမ်းလှမ်းခဲ့သည်ဟု သတင်းစာက ဆိုသည်။
တွေ့ဆုံ ဆွးနွေးခြင်းသည် နှစ်ဘက်နိုင်ငံ နယ်စပ် တလျှောက်ရှိ တပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မူကို တိုးမြင့်လာစေနိုင်သည်ဟု ပြောသည်။ ယခုအခါ ဆွေးနွေးမူမှာ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် နိုင်ငံခြားရေး ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ၎င်းနယ်စပ် လုံခြုံရေးကိစ္စကို ဆွေးနွေးရန် အဆိုပြု တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့ခြင်းမှာ မြန်မာဘက်မှ မှောင်ခို လက်နက်များနှင့် မူးယစ်ဆေးဝါးများ (အထူးသဖြင့် ယာဘား) များ ဘင်္ဂလာဒေခ်ျ့ ၀င်ရောက်နေ၍ ဖြစ်ကြောင်း၊ ထိုအခြေအနေများကြောင့် နယ်စပ်တလျှောက်တွင် လူမူရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ပြောသည်။
နယ်စပ် တလျှောက် လူကုန်ကူးမူနှင့် မူးယစ်ဆေးဝါးသည် အမှန်ပင် ဘင်္ဂလာဒေခ်ျ့အား ပြဿနာ ဖြစ်ပွားစေကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က ပြောဆိုသည်။
နှစ်နိုင်ငံ အကြား နယ်စပ် လုံခြုံရေး နှင့် ပတ်သက်ပြီး ဆွေးနွေးမူမှာ စတင် ခါစပင် ရှိသေးသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောကြောင်း သတင်းတွင် ရေးသားထားသည်။
နိရဉ္စရာ-
မြန်မာက ဘင်္ဂလာဒေခ်ျ့နှင့် နယ်စပ်လုံခြုံရေး ဆွေးနွေးရန် ဆန္ဒရှိနေဟု ဆို
၁၃ စက်တင်္ဘာ ၂၀၁၃
မြန်မာ အနေဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် နယ်စပ်လုံခြုံရေးကို ဆွေးနွေးရန် ဆန္ဒပြင်းပြနေကြောင်း စက်တင်္ဘာ ၉ရက်နေ့ထုတ် The Independent သတင်းစာတွင် “ Burma keens on security dialogue with Bangladesh” ခေါင်းစည်းဖြင့် ဖေါ်ပြသည်။
ထိုသို့ နယ်စပ်လုံခြုံရေးကို မြန်မာက ဆွေးနွေးရန် လိုလားနေခြင်းမှာ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်နေသော မှောင်ခိုနှင့် လူကုန်ကူးမူကို နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လို၍ ဖြစ်ကြောင်း သတင်းစာက ဖေါ်ပြသည်။
၎င်းပြင် သတင်းစာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် Shahidul Haque ကိုးကားပြီး ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ကမ်းလှမ်းချက် အပေါ် မြန်မာဘက်က စိတ်ဝင်တစားနှင့် တုန့်ပြန်လာသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့သည် များမကြာမီက နယ်စပ်တလျှောက် လုံခြုံရေးနှင့် နယ်စပ် ဒေသ တည်ငြိမ်ရေး အတွက် ဆွေးနွေးရန် မြန်မာဘက်ကို ကမ်းလှမ်းခဲ့သည်ဟု သတင်းစာက ဆိုသည်။
တွေ့ဆုံ ဆွးနွေးခြင်းသည် နှစ်ဘက်နိုင်ငံ နယ်စပ် တလျှောက်ရှိ တပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မူကို တိုးမြင့်လာစေနိုင်သည်ဟု ပြောသည်။ ယခုအခါ ဆွေးနွေးမူမှာ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် နိုင်ငံခြားရေး ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ၎င်းနယ်စပ် လုံခြုံရေးကိစ္စကို ဆွေးနွေးရန် အဆိုပြု တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့ခြင်းမှာ မြန်မာဘက်မှ မှောင်ခို လက်နက်များနှင့် မူးယစ်ဆေးဝါးများ (အထူးသဖြင့် ယာဘား) များ ဘင်္ဂလာဒေခ်ျ့ ၀င်ရောက်နေ၍ ဖြစ်ကြောင်း၊ ထိုအခြေအနေများကြောင့် နယ်စပ်တလျှောက်တွင် လူမူရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း ပြောသည်။
နယ်စပ် တလျှောက် လူကုန်ကူးမူနှင့် မူးယစ်ဆေးဝါးသည် အမှန်ပင် ဘင်္ဂလာဒေခ်ျ့အား ပြဿနာ ဖြစ်ပွားစေကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က ပြောဆိုသည်။
နှစ်နိုင်ငံ အကြား နယ်စပ် လုံခြုံရေး နှင့် ပတ်သက်ပြီး ဆွေးနွေးမူမှာ စတင် ခါစပင် ရှိသေးသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောကြောင်း သတင်းတွင် ရေးသားထားသည်။
နိရဉ္စရာ-
CIA က ဆီးရီးယားသူပုန်များထံ ထောက်ပံ့သည့်လက်နက်များ ပထမအသုတ်ရောက်ရှိ
![]() |
Photo-Planet |
စက်တင်ဘာလ ၁၃ ရက် ၂၀၁၃
ဝါရှင်တန်ပို့စ် သတင်းစာက CIAသည် ဆီးရီးယား သူပုန်တပ်ဖွဲ့များထံ လက်နက်များ ပထမအသုတ် စတင်ပေးပို့ခဲ့ပြီဟု ဖော်ပြခဲ့ပြီး အမေရိကန် အစိုးရ၏ ထိပ်တန်း အရာရှိ တစ်ဦးက ယင်းကို အတည်ပြုခဲ့သည်။
အမေရိကန် ထောက်လှမ်းရေးဌာန CIAက ဆီးရီးယား သူပုန်များထံ လက်နက်များ စတင်ထောက်ပံ့ခဲ့ပြီဟု အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သော်လည်း ယင်းကို ဆီးရီးယား သူပုန်များက ငြင်းဆန်ခဲ့သည်။ ဝါရှင်တန်ပို့စ် သတင်းစာက CIAသည် ဆီးရီးယား သူပုန်တပ်ဖွဲ့များထံ လက်နက်များ ပထမအသုတ် စတင်ပေးပို့ခဲ့ပြီဟု ဖော်ပြခဲ့ပြီး အမေရိကန် အစိုးရ၏ ထိပ်တန်း အရာရှိ တစ်ဦးက ယင်းကို အတည်ပြုခဲ့သည်။ အမည်ဖော်မပြသည့် အဆိုပါ အရာရှိက ဝါရှင်တန်ပို့စ် သတင်းစာပါ အသေးစိတ် အချက်အလက်များကို အတည်ပြုချက် ပေးခဲ့သော်လည်း မိမိကိုယ်တိုင် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလိုခြင်း မရှိဟု ဆိုသည်။ "
ဒီကိစ္စဟာ အစိုးရက ဝင်တားမြစ်မယ့် အရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်လည်း လူသိရှင်ကြား စကားပြောနေမှာ မဟုတ်ဘူး"ဟု ၎င်းက ဆိုသည်။ အမေရိကန်တွင် ထုတ်လုပ်သည့် စစ်လက်နက်များကို CIAက ရန်ပုံငွေ ထောက်ပံ့ကာ သမ္မတ ဘာရှာအာဆက်ဒ်ကို တွန်းလှန်နေသည့် ဆီးရီးယား သူပုန်များထံ လွန်ခဲ့သည့် (၂)ပတ်က စတင်ပေးပို့ခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ရေးသားခဲ့သည်။ ယင်းတို့အနက် အပေါ့စား တာဝေးပစ် လက်နက်များ၊ ဒုံးကျည်ဖျက် လောင်ချာနှင့် ကျည်ဆန်များ ပါဝင်ကြောင်းလည်း ဆိုသည်။ သို့သော်လည်း သူပုန်တပ်ဖွဲ့များကို အဓိက ကြပ်မတ်နေသည် ဆီးရီးယား အမျိုးသား စုပေါင်းရေးနှင့် လွတ်လပ်သော ဆီးရီးယား တပ်မတော်ကမူ အမေရိကန် ပြည်ထောင်စုထံမှ လက်နက်များ ရရှိသည် ဆိုခြင်းကို ငြင်းဆန်ခဲ့သည်။
"အမေရိကန် အစိုးရ ထိပ်ပိုင်းဆီက ကျွန်တော်တို့ ကတိစကားတချို့တော့ ရခဲ့ပါတယ်။ လက်နက်တွေကို ရေတို ကာလမှာတင် ပေးပို့မယ် ဆိုတာကိုပါ။ ဒါပေမဲ့ ကျွန်တော်တို့ လက်နက်တွေ လုံးဝ မရသေးဘူး"ဟု ယင်းအဖွဲ့မှာ မူဝါဒရေးရာနှင့် မီဒီယာ တာဝန်ခံ လူအေအယ်လ် မော့ခ်ဒက်က ပြောကြားခဲ့သည်။ အမေရိကန်သည် ဧပြီလ ကတည်းက လက်နက်ကဏ္ဍ မပါဝင်သော ထောက်ပံ့မှုများကို ပြုလုပ်နေခဲ့သည်။ ယင်းအစီအစဉ်တွင် ကျည်ကာများ၊ ညကြည့်မှန်ပြောင်းများနှင့် အခြားစစ်သုံး ကိရိယာ အဆင်တန်ဆာများ ပါဝင်ကြောင်း သိရှိရသည်။
Planet
ပညာရေးဝန်ထမ်းများ ရိုင်းပျစွာ ဆက်ဆံခံရမှုကြောင့် ထွက်စာတင်မည်ဟုဆို

နေပြည်တော်-ပျဉ်းနားမြို့ အရှေ့ခြမ်း တောင်ပေါ်ကျေးရွာ ဘိုမကျေးရွာအုပ်စု (ဘိုမအောက်ရွာ)၊ အမှတ် (၁၄၀) မူလတန်းကျောင်းမှ ပညာရေး ၀န်ထမ်း များအား နှောင့်ယှက်စော်ကားခြင်း၊ ရိုင်းပျစွာ ပြောဆိုခြင်း၊ အသရေပျက်အောင် ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။
ကျေးရွာအုပ်ချုပ်သူ လူကြီးများရှေ့၌ပင် လေးစားမှု၊ ရိုသေကိုင်းရှိုင်းမှု မရှိဘဲ တာဝန်ခံ ကျောင်းအုပ်ကြီးနှင့်တကွ ပညာရေးဝန်ထမ်း ဆရာများကိုပင် ခြိမ်းခြောက် ပြောဆိုမှုများအား သက်ဆိုင်ရာများသို့ တင်ပြ တိုင်ကြား ထားပါသော်လည်း ထိရောက်စွာ အရေးယူမှု မရှိခဲ့သည့်အပြင် မြို့နယ်ပညာရေးမှူးကလည်း ကျောင်းသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် သို့မဟုတ် ထွက်စာတင်ဟု ပြောကြားခဲ့၍ … အဆိုပါ ဆရာ/ ဆရာမများ တောင်ပေါ်ဒေသရှိ မိမိတို့ စာသင်ကျောင်းသို့ သွားရောက် တာဝန် ထမ်းဆောင်မှုများ မရှိခဲ့ကြောင်း သိရှိရသည်။
ဘိုမအောက် ကျေးရွာနေ မောင်အောင်သူမှာ ဆရာ/ဆရာမ များ တည်းခိုသော နေအိမ် အိမ်ရှင်၏ တူအရင်းဟု အကြောင်းပြကာ ဆရာမများအား အတင်းရောနှော ၀င်ရောက်စကားပြောဆိုခြင်း၊ ကာယိနြေ္ဒ ပျက်ပြားအောင် နှောင့်ယှက်ခြင်းများ မကြာခဏ လုပ်လေ့ရှိကြောင်း၊ တာဝန်ခံ ကျောင်းအုပ်က ဆိတ်ဖူးတောင် ကျေးရွာသို့ အစည်းအဝေး သွားရောက်စဉ် မွန်းလွဲ (၁) နာရီခန့်တွင် ဆရာမများ စာသင်ရာ မူလတန်းကျောင်းပေါ်သို့ တက်ရောက်လာပြီး ဆရာမများ စာသင်မှု ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စာသင်ကျောင်းသား ကလေးငယ်များအား ငိုအောင် စခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တာဝန်ခံကျောင်းအုပ်အား ရိုင်းစိုင်းစွာ ပြောဆိုခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားထားသော်လည်း အပြစ်ပေး အရေးယူခြင်း မရှိသည့်အပြင် နှောင့်ယှက် စော်ကားသူကိုယ်တိုင် ၀န်ခံကတိ ပြုခဲ့ခြင်းမရှိသောကြောင့် မိမိတို့ ယခုအချိန်ထိ ပညာ သင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းသို့ သွားရောက်ခဲ့ခြင်းမရှိပါကြောင်း တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။
ယင်းကျောင်းမှ တာဝန်ခံ ဆရာမေ ဒ်ါအေးသီတာကျော်က “သမီးတို့ကို ၁၃-၈-၂၀၁၃ နေ့မှာ ကျောင်းပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြောပေမယ့် သမီး ကတော့ တောင်ပေါ်ဒေသမှာ ပြန်လည် တာဝန်ထမ်းဆောင်ခြင်း မပြုတော့ပါဘူး။ အခြားကျောင်းတွေကို ပြောင်းမပေးရင် ဆရာမဘ၀ မလုပ်တော့ ပါဘူး”ဟု ပြောကြား ခဲ့သည်။
မိုးယဉ်ညို(နေပြည်တော်)
Myanmartandawsint Newspaper
Thursday, September 12, 2013
မလေးရှားရောက်မြန်မာတွေကို တရားဝင် အထောက်အထား ထုတ်ပေးမည်
မြန်မာအလုပ်သမားဝန်ကြီးဦးအေးမြင့် |
12.09.2013
မလေးရှားနိုင်ငံမှာရောက်နေပြီး စာရွက်စာတမ်း အထောက်အထားလဲမရှိ၊အလုပ် လုပ်ခွင့် လည်းမရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာ မလိုပဲ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မဆိုက်ပဲ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ဝန်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်လေဆိပ်မှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မလေးရှားနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို စိစစ်ဖို့နဲ့ မှုခင်းတွေ လျော့ချဖို့ စီမံချက်နဲ့ မလေးရှားအစိုးရက အခုလဆန်းပိုင်းက စလို့ နိုင်ငံတ၀ှမ်း စစ်ဆင်ရေးတရပ် ဆင်နွဲပြီး နိုင်ငံခြားသားတွေကို လိုက်လံဖမ်းဆီးနေတာမှာ မြန်မာနိုင်ငံသားတွေလည်း ရာနဲ့ချီပြီး ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံသားတွေအရေးကိစ္စအတွက် မလေးရှား အလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်လည်းမရှိ၊ စာရွက် စာတမ်း အထောက်အထားလဲ မရှိတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လိုတယ်ဆိုရင် အရင်လို လျော်ကြေးပေးစရာမလိုပဲ ပြန်နိုင်အောင် မြန်မာအစိုးရအနေနဲ့ ကူညီ လုပ်ဆောင်ပေးသွားမယ်လို့ ၀န်ကြီး ဦးအေးမြင့်က ပြောပါတယ်။
"တချို့လူတွေ ဘာမှ အထောက်အထားလည်းမရှိဘူး။ ဟိုမှာလည်း အလုပ်မလုပ်နိုင်ဘူး။ အလုပ်ရှင်ကလည်း ခေါ်တာလည်းမဟုတ်ဘဲနဲ့ ဒီလိုပဲ ဟိုချောင်ကပ်၊ ဒီချောင်ကပ် နေရတဲ့သူတွေကို တရားဝင် ပြန်ခေါ်ပေးမယ်။ ပြန်ခေါ်ပေးရင်လည်း အရင်ကလို ဒဏ်ကြေးဆောင်စရာမလိုပဲနဲ့ ဒီအတိုင်း ပြန်လာလို့ရအောင်နော်၊ နောက်တခါ တရားဝင်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဆီ သွားပြီးတော့ ဆိုနီကုမ္ပဏီရှိတယ်။ Panasonic ကုမ္ပဏီရှိတယ်။ ဒီကုမ္ပဏီက တာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့ အလုပ်သမားတွေရဲ့ နေထိုင် စားသောက်မှုအခြေအနေ၊ လစာတွေ ပုံမှန်ရလား။ သတ်မှတ်ထားတဲ့ လစာတွေရသလား စသဖြင့်ပေါ့နော်။ ဒီလိုမျိုးတွေ တွေ့ပြီးတော့ ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်။ ဟိုဘက်က အလုပ်ရှင်တွေဘက်ကလည်း သူတို့တာဝန်ရှိတဲ့အတိုင်းပဲ ဆက်လုပ်ပေးမှာဖြစ်တယ်။ အခုသွားတာကတော့ အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် သွားပြီးတော့ လုပ်ပေးတဲ့ ကိစ္စပါပဲ။"
အဲဒီလူတွေကို မြန်မာနိုင်ငံကို ပြန်မခေါ်ခင် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှ ပြန်ခေါ်မှာ ဖြစ်တယ်လို့ ၀န်ကြီး ဦးအေးမြင့်က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် တရားဝင် စာရွက်စာတမ်း အထောက်အထားနဲ့ ရောက်နေကြသူတွေအနေနဲ့ အခု မလေးရှားအစိုးရက ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီး ခံရတာမျိုးမရှိပဲ သူတို့ အလုပ်ရုံတွေမှာ အေးအေးဆေးဆေး အလုပ် လုပ်နေနိုင်ကြပေမယ့် စာရွက်စာတမ်း မရှိသူတွေကတော့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
အဲဒီလို လူတွေကိုတော့ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးက ကူညီပေးသွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးအေးမြင့်က ပြောပါတယ်။
"ပြဿနာရှိတာက အထောက်အထားမရှိပဲ ဘာစာရွက်စာတမ်းမှ မရှိပဲ သွားတဲ့ အလုပ်သမားတွေ၊ သူတို့အတွက်ကို ဘာတွေ လုပ်ပေးမလဲဆိုတော့ ပထမအချက်က သူတို့အတွက် တရားဝင် မှတ်ပုံတင်ဖို့ သံရုံးကို လာကြ၊ မင်းတို့တွေ အထောက်အထားမရှိဘူး။ ကျနော်တို့က ဘယ်မှာနေတယ်။ ဘာတွေ လုပ်နေတယ်၊ စသဖြင့် လာပြီးတော့ ပြော၊ ပြီးတော့ သူတို့သက်ဆိုင်ရာ အချက်အလက်ပေါ့ မိဘဆွေမျိုး၊ ဘယ်မှာနေလို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ယူလိုက်မယ်။ ယူလိုက်ပြီးတော့ တို့မြန်မာနိုင်ငံမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အဖွဲ့တွေက အထောက်အထား ပြန်စစ်မယ်။ စစ်လို့ မှန်ကန်တယ်ဆိုရင် နောက်တခါ သူတို့လည်း ဟိုမှာ အလုပ်လုပ်ဖို့ အခြေအနေပေးတယ်၊ အလုပ်လည်း လုပ်နိုင်တယ်။ အလုပ်ရှင်တွေကလည်း အလုပ်ပေးမယ်ဆိုရင် အလုပ်ရှင်နဲ့အလုပ်သမားတွေကို တခါတည်း ပေးတွေ့ပြီးတော့ အလုပ်တရားဝင်လုပ်တဲ့ အလုပ်ကို လုပ်မယ်။ "
အဲဒီလို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်တဲ့လုပ်ငန်းစဉ်တရပ်လုံးကတော့ ၂ လလောက်အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။ အခုချိန်ထိတော့ မလေးရှားနိုင်ငံ မှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော် ရှိသွားပြီလို့ ဆိုပါတယ်။
မလေးရှားအစိုးရက အခုလို တရားမ၀င် ၀င်ရောက်နေထိုင်သူ နိုင်ငံသားတွေကို အခုလို ဖမ်းဆီးမှုတွေ မပြုလုပ်ခင် မေလကုန်ပိုင်းတုန်းကလည်း မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်းကြား ဖြစ် သွားခဲ့တဲ့ အကြမ်းဖက်မှုတွေက လူသေတဲ့အထိ ဖြစ်သွားခဲ့တာပါ။
အဲဒီ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကြောင့် မလေးရှားနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့ သူ့အနေနဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ၀န်ကြီး ဦးမြင့်အေးက ပြောပါတယ်။
"မလေးရှားပြည်ထဲရေးဝန်ကြီးကိုပြောခဲ့တယ်။ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ စောင့်ရှောက်ပေးပါ။ ဒါတွေပြောခဲ့တယ်။ ခက်တာက နိုင်ငံကလည်း နေရာအနှံ့ဖြစ်တယ်ဆိုတော့ ဒါလေးတွေက ဖြစ်နေကျ။ တကယ်တမ်းကျတော့ ဘာမှမဟုတ်ဘူး။ အချင်းချင်း ပြဿနာလေးတွေဖြစ်တာ။ အခုအချိန်ကျ ဒီလိုဖြစ်တယ်။ အရင်ကလည်း ဒီလိုမျိုးဖြစ်နေတာတွေ ရှိခဲ့တာပဲလေ။ အဲ့တော့ သူတို့ကိုပြောခဲ့တာကတော့ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးပါ၊ စောင့်ရှောက်ပေးပါ။ သူတို့ရသင့်ရထိုက်တဲ့ဟာလေးတွေကို ရအောင် လုပ်ပေးလို့ ဒါလေးပဲ ညှိနှိုင်းခဲ့တယ်။
မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၁ သိန်းကျော်ရှိတဲ့အထဲ အလုပ်အကိုင် အခွင့်အလမ်းကောင်းတာကြောင့် တရားဝင် စာရွက် စာတမ်းနဲ့ သွားကြတဲ့သူတွေရှိသလို တရားဝင် မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ရောက် သွားကြသူတွေလည်း အများအပြား ရှိနေတာပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူတွေလည်း အများအပြား ရှိနေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို အလုပ်သွားလုပ်လိုကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ ကုမ္ပဏီကို တင်းကြပ် စိစစ်သွားဖို့ ရှိမရှိ မေးတဲ့ အခါမှာတော့ - တရားဝင် စာရွက်စာတမ်းနဲ့ သွားလုပ်သူတွေကို သူတို့အနေနဲ့ တားဆီး ပိတ်ပင်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
ကိုဇော်ဝင်းလှိုင်(VOA)
» ငွေစက္ကူ၌ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ရန် တင်ပြမှု အဆို ကန့်ကွက်ခံရ

ငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရန် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ယနေ့ ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုတင်ခဲ့မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ်စားလှယ် ဒေါက်တာ စောလှထွန်းက ကန့်ကွက်ခဲ့သည်။
ကန့်ကွက်မှု ရှိသဖြင့် ဦးကျော်တင်ပြသော အဆိုအား လွှတ်တော်ဥက္ကဌ က ကိုယ်စားလှယ်များကို မဲစနစ်ဖြင့် ဆုံးဖြတ်စေခိုင်းခဲ့ရာ ထောက်ခံ သူ နှစ်မဲသာ ရှိခဲ့၍ ဆွေးနွေးခွင့် မရရှိခဲ့ပေ။
အမျိုးသား ဒီမိုကရေစီ ပါတီသစ် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က လက်ရှိထုတ်ဝေနေသော တစ်ထောင်တန်အထိ ငွေစက္ကူများမှာ ပါတီတစ်ခုကို ကိုယ်စားပြုသော ခြင်္သေ့ ပုံတံဆိပ် ထည့်သွင်းရိုက်နှိပ် ထားခြင်းမှာ မသင့်တော်ဟု
ပြောကြားခဲ့သည်။
ယင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ယင်းကိစ္စမှာ ပြည်ထောင်စု လွှတ်တော်မှ ဆုံးဖြတ်ရမည့် ကိစ္စရပ်ဖြစ်ပြီး ဦးကျော်၏ အဆိုမှာ အဖွဲ့အစည်းကို ပုတ်ခတ်ပြောဆိုသည့် သဘောရှိနေ သည်ဟု ပြန်လည်ချေပခဲ့သည်။
၎င်း၏ အဆိုဆွေးနွေးခွင့် မရခဲ့မှုနှင့် ပတ်သတ်၍ ဦးကျော်က "ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဗိုလ်ချုပ်ကို ဘယ်နေရာပေးလဲဆိုတာ ဒီနေရာမှာ ပေါ်သွားပြီ" ဟု မှတ်ချက်ပေးသည်။
ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဆဌမ ပုံမှန် ပထမ ဆုံးရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးတက်ရောက်ခဲ့သည်။
ဝေမာထွန်း
Popular Myanmar News Journal
» မလေးရှားရှိ မြန်မာသံရုံးနှင့်ဝေးရာသို့ အမျိုးသမီးလုပ်သား စေလွှတ်မှု ရပ်ဆိုင်းမည်

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ မုဒိမ်းကျင့် အကြမ်းဖက်ခံရမှုကြောင့် မြန်မာသံရုံးနှင့် အလှမ်းဝေးသည့် နေရာများကို အမျိုးသမီးအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က မလေးရှားနိုင်ငံရောက် မြန်မာလူမှု အဖွဲ့အစည်းများနှင့် စက်တင်ဘာလ ၉ ရက် နေ့က တွေ့ဆုံစဉ် ပြောကြားသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး ၂၀၁၂ ခုနှစ်တွင် မုဒိမ်းကျင့်ခံခဲ့ရပြီး ယခုနှစ် သြဂုတ်လအတွင်း ကလည်း မြန်မာအမျိုးသမီးတစ်ဦး နေထိုင်သည့် အဆောင်ကို လူအုပ်စုလိုက် ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ကာ လမ်းဘေးတွင် ပစ်ထားခဲ့မှု များနှင့် အခြားအကြမ်းဖက်မှုများကို လူမှုအဖွဲ့အစည်းများ တင်ပြသဖြင့် ဦးမျိုးအောင်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ကပုန်း ခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြန်လည်ပြောဆိုသည်။
မြန်မာအမျိုးသမီးများ လုံခြုံရေး အခြေအနေ ယခုထက် ပိုမိုဆိုးဝါးလာပါက မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီး လုပ်သားစေလွှတ်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြ၍ ရပ်ဆိုင်းသွားမည်ဟု ၄င်းကပြောဆိုကြောင်း ဦးဆန်းဝင်းက ပြန်လည်ပြောဆိုသည်။
မလေးရှားနိုင်ငံတွင် မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ အပါအဝင် မြန်မာများ သတ်ဖြတ်ခံရမှု များတွင် အမှုမှန်တစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း မရှိခြင်း တို့အတွက် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို ဖိအားပေးလုပ်ဆောင်ရန် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
မြန်မာလုပ်သားများ သေဆုံး၊ ထိခိုက်မှုများတွင် နစ်နာကြေးများရရှိခြင်း မရှိကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား များထံမှ သိရှိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒအရှက်တရား နှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့ အစည်းနှင့် NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရထံ တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံက အလုပ်သမား စေလွှတ်မှုကို ယာယီ ရပ်ဆိုင်းထားသည်။
မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန်တို့ရှိ စက်ရုံအလုပ်ရုံ လုပ်ငန်းများတွင် မြန်မာအမျိုးသမီး အလုပ်သမားများကို ၂၀၁၁ ဒီဇင်ဘာလမှစတင်ကာ တရားဝင် သွားရောက် အလုပ်လုပ်ခွင့် ပြုထားသည်။
The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် ပိုလန်အောက်လွှတ်တော် သွားရောက်လေ့လာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပိုလန်နိုင်ငံကို ရောက်ရှိနေပြီး၊ ပိုလန်လွှတ်တော်နှစ်ရပ်က လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပိုလန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးကြောင်းနဲ့၊ ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ လွှတ်တော် အတွေ့အကြုံတွေကို လွှတ်တော်ဥက္ကဌတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ဥရောပခရီးစဉ် ပထမဆုံးခရီးထောက်ဖြစ်တဲ့ ပိုလန်နိုင်ငံ ဒီကနေ့မှာတော့ ပိုလန်လွှတ်တော်နှစ်ရပ်က လွှတ်တော်ဥက္ကဌတွေက ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပိုလန်နိုင်ငံ လွှတ်တော်ရဲ့အတွေ့အကြုံ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းပြောပြနိုင်ဖို့ ပိုလန်အောက်လွှတ်တော် ဥက္ကဌ နဲ့ ပိုလန် သမ္မတဟောင်း Lech Walesa တို့က ပိုလန်နိုင်ငံခရီးစဉ်အတွက် အဓိက စီစဉ်ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ ပိုလန်အောက်လွှတ်တော်က ပြန်ကြားရေးအရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုလန် အောက်လွှတ်တော် ဥက္ကဌ Ms. Ewa Kopacz တို့ တွေ့ဆုံနေပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ပိုလန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ခရီးစဉ်ကို အောက်လွှတ်တော် ဥက္ကဌ Ewa Kopacz နဲ့ ပိုလန် သမ္မတဟောင်း Lech Walesa တို့က ဖိတ်ကြားခဲ့တာပါ။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အောက်လွှတ်တော် ဥက္ကဌနဲ့ တွေ့ဆုံနေပါတယ်။ ဆီးနိတ် အထက်လွှတ်တော် အမတ်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။”
အစီအစဉ်အရဆိုရင်တော့ လက်ရှိ ပိုလန်သမ္မတ Bronislaw Komorowaki နဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ရှိသလို၊ ၀ါဆောတက္ကသိုလ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပညာရေးနဲ့ နိုင်ငံရေး ဆက်နွယ်တဲ့ အကြောင်းရပ်ကို ဟောပြောပို့ချမှာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံမှာ တပါတီ ကွန်မြူနစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတဲ့အခါ ပထမဆုံး သမ္မတလုပ်ခဲ့တဲ့ ပိုလန်သမ္မတဟောင်း Lech Walesa နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒီခရီးစဉ်ကိုလည်း သူ့ရဲ့ Institute of Lech Walesa နဲ့ အောက်လွှတ်တော်က စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
အောက်လွှတ်တော် ဥက္ကဌအနေနဲ့ကတော့ ပိုလန်နိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံမှုကို အလေးပေး ပြောမှာဖြစ်သလို၊ ပိုလန်နိုင်ငံကနေပြီး ဖွံ့ဖြိုးရေး အကူအညီ ကိစ္စတွေကိုလည်း ရှင်းလင်းပြောဆိုလိမ့်မယ်လို့ အောက်လွှတ်တော် ပြန်ကြားရေးအရာရှိက ဗွီအိုအေကို ပြောပါတယ်။
“အောက်လွှတ်တော်အမတ် Ms. Ewa Kopacz အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုလန်နိုင်ငံက ထောက်ခံ အားပေးနေတယ်ဆိုတာကို ပြောဆိုဖို့ စီစဉ်ထားပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းမှုဆိုင်ရာ ပိုလန်နိုင်ငံရဲ့ အတွေ့အကြုံတွေကိုလည်း ပြောဆိုဖို့ရှိပါတယ်။ ဒီအထဲမှာတော့ ၁၉၈၉ ခုနှစ် ပိုလန်နိုင်ငံ အချုပ်အခြာ အာဏာပိုင် ဖြစ်လာကတည်းက ရှိခဲ့တဲ့ ပိုလန်နိုင်ငံရဲ့ လွှတ်တော် အတွေ့အကြုံ အခြေအနေတွေကို ရှင်းပြပြောဆိုဖို့ ရှိပါတယ်။ ပိုလန်နိုင်ငံရဲ့ အောင်မြင်တဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီအသွင် ကူးပြောင်းမှု လုပ်ငန်းတွေကို ရှင်းပြဖို့ ရှိပါတယ်။ ဒါ့အပြင် ပိုလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီပေးတဲ့ ကိစ္စတွေကို ရှင်းပြပြောဆိုမှာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင်း သတင်းမီဒီယာနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ခိုင်မာအားကောင်းလာဖို့ ကိစ္စတွေအတွက် ပိုလန်နိုင်ငံက ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတာတွေ ရှိပါတယ်။”
မြန်မာနိုင်ငံနဲ့ ပိုလန်နိုင်ငံအကြား ဆက်ဆံရေးဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး နှစ်တွေနောက်ပိုင်းကျမှ ထဲထဲဝင်ဝင် ဆက်ဆံမှု ရှိခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ ပိုလန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီတုန်းက မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့တာပါ။
ပိုလန်နိုင်ငံအနေနဲ့က ၂၀၁၂ ခုနှစ်ကတည်းကဆိုရင် ပိုလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအတွက် အကူအညီ ပိုလန်ငွေ ဇ၀န်တာ ၁ သန်းကျော် ထည့်ဝင်ကူညီခဲ့တယ်လို့ ပိုလန်လွှတ်တော်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ဒီပိုလန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးရေး အစီအစဉ်တွေကို သတင်းမီဒီယာလုပ်ငန်း၊ လူ့အခွင့်အရေး၊ ပဋိပက္ခဖြေရှင်းရေးနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးအားကောင်းရေးတွေအတွက် ရည်မှန်းထားတယ်လို့လည်း ပိုလန်လွှတ်တော်က ထုတ်ပြန်ပါတယ်။
ကိုသားညွန့်ဦး (ဗွီအိုအေ)
သိမ်းဆည်းခံလယ်မြေကိစ္စ ပြေလည်အောင်ဖြေရှင်းပေးရန် သူရဦးရွှေမန်းပြောကြား
![]() |
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကိုကြိုဆိုရန် စောင့်နေသည့်ဒေသခံများ ဓာတ်ပုံ - စိုးမိုးအောင် - 7day daily |
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ထားဝယ်ခရီးစဉ်ကို ကြိုဆိုမည့်အစီအစဉ် တားမြစ်ခံရသည့်လယ်သမားများ၏ သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ ပြေလည်အောင်ဖြေရှင်းပေးရန် တိုင်းဒေသကြီး ၀န်ကြီးချုပ်အား ပြောကြားခဲ့ကြောင်း သူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့သည့် လယ်သမားခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောသည်။
![]() | |
ထားဝယ်မြို့ ။ ဆန်းချီ ထိန်သစ် အိုးလုပ်ကွင်းမှ လယ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်း မှ လယ်သမားများ၏သဘောထားမပါဘဲ မိမိတို့၏လယ်ယာမြေများ ပေါ်တွင်ဆောက်လုပ်နေသော စီံကိန်းများနုင့်ပက်သက်ပြီး လွတ်တော်ဥက္ကဌ ဦးရွှေမန်းထံ လယ်သမားများ၏ကိုယ်စား သွားယောက်တင်ပြနေစဉ်။PHOTO FROM KAYAY PAN LAY |
မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားအများစုသည် ဘိုးဘွားပိုင်လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်နေကြပြီး မြေယာပိုင်ဆိုင်မှု ပြဿနာများနှင့် ကြုံတွေ့ရသောအခါ လယ်ယာမြေမဲ့ဘ၀များ ဖြစ်သွားရကြောင်း စက်တင်ဘာ ၉ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
““တောင်သူလယ်သမား အများစုက ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်မှာ လုပ်ကိုင်စားသောက်နေတာဖြစ်ကြလို့ စာရွက်စာတမ်းတွေ မရှိကြဘူး။ ဓားမဦးချစနစ်နဲ့ပဲ နေကြတယ်။ မြေယာပိုင်ဆိုင်မှု ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရရင် တောင်သူလယ်သမားတွေပဲ ရှုံးကြရတယ်။ မြေယာစီမံခန့်ခွဲအဖွဲ့တွေက စာရွက်စာတမ်းရှိတဲ့သူတွေပဲ တရားဝင်ဖြစ်သွားတယ်။ ဒါဆိုရင် တောင်သူလယ်သမားတွေက ဥပဒေအရ အရေးယူခြင်းခံကြရတယ်။ အဲဒီကိစ္စတွေကို အသေအချာစိစစ်သင့်တယ်”” ဟု သူရဦးရွှေမန်းက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
လယ်ယာမြေများ သိမ်းယူထားမှုနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် မြေယာပိုင်ဆိုင်မှုပြဿနာများ ဖြစ်ပွားနေပြီး များသောအားဖြင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေသော ဒေသများတွင် ပိုမိုဖြစ်များနေသည်ဟု ဆိုသည်။
မတရားသိမ်းယူခံရသော လယ်ယာမြေများသည် နိုင်ငံတော်စီမံကိန်းများထက် စီးပွားရေးလုပ်ငန်းရှင်များကြောင့် ပိုမိုဖြစ်ပွားနေရပြီး ပြည်သူများအကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် စီမံကိန်းများကို ပြန်လည်ဆန်းစစ်စေသင့်ကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောဘီးလုံက ဆွေးနွေး ပြောကြားခဲ့သည်။
““ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏””ဟူသည့် စာတန်းအောက်တွင် လယ်ယာမြေ မတရားသိမ်း ဆည်းခံထားရသည့် ထားဝယ်မြို့ စာတန်းပါ ဗီနိုင်းကို ကိုင်ဆောင်ကြိုဆိုရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ပြီးနောက် ထားဝယ်မြို့နယ် ဘုရားကြီးတွင် လယ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
““ဘုရားကြီးမှာ သူရဦးရွှေမန်းရောက်နေချိန်မှာ တွေ့ဖြစ်တာပါ။ ပြေလည်အောင်ဖြေရှင်းပေးဖို့ ၀န်ကြီးချုပ်ကို ကိုယ်တိုင်ပြောနေပါတယ်။ အခု ၀န်ကြီးချုပ်က သူရဦးရွှေမန်းခရီးစဉ်မှာ အတူတူလိုက်နေတာဆိုတော့ အကြောင်းစုံ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရသေးပါဘူး။ ကော့သောင်းက ပြန်လာရင်တော့ တွေ့ရမယ်ထင်တယ်”” ဟု ကိုထွန်းထွန်းဝင်းက ပြောသည်။
အဆိုပါ လယ်ယာမြေများတွင် မြေစာရင်းဦးစီးမှူး အိမ်၊ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီရုံး၊ တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံများကို တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ပုဂ္ဂလိက ပြည်သူ့ဆေးရုံ တည်ဆောက်နေဆဲဖြစ်သည်။ အဆိုပါ အဆောက်အအုံအနီးတစ်ဝိုက်ရှိ လယ်ယာမြေများသည် ၁၉၉၀ ပြည့်နှစ်က အစိုးရပိုင်မြေများဖြစ်သောကြောင့် မှတ်ပုံတင်ရာတွင်လည်း မှတ်ပုံတင်ထုတ်ပေးခြင်း မရှိကြောင်း လယ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းက ပြောသည်။
သူရဦးရွှေမန်း ထားဝယ်မြို့ သို့ရောက်ရှိစဉ် ထားဝယ်မြို့တော်ခန်းမမှ ရေနက်ဆိပ်ကမ်းသို့သွားရာ ကမြောကင်းလမ်းပေါ်တွင် ဆန်းချီ၊ ၀ဲကျွန်းနှင့် မြောက်ပုလဲ ကျေးရွာသုံးရွာမှ သိမ်းဆည်းခံလယ်ယာမြေ ၃၀၀ မှ လယ်သမားများက “ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏” စာတမ်းအောက်တွင် လယ်ယာမြေများ မတရားသိမ်းဆည်းခံထားရသည့် ထားဝယ်မြို့ မှလယ်သမားများ စာတန်းပါ ဗီနိုင်းဖြင့် ကြိုဆိုစဉ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဗီနိုင်းကို တားဆီးတောင်းယူခဲ့ခြင်း ဖြစ်သည်။
7day daily
ဖိလစ်ပိုင်စစ်တပ်နဲ့ မူဆလင်သူပုန် တိုက်ပွဲရက်ရှည်
12.09.2013
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြို့တမြို့ရဲ့ အချက်အခြာနေရာတွေကို
သိမ်းပိုက်ထားတဲ့ မူဆလင်သူပုန်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်မြောက်နေ့အဖြစ်
ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။မင်ဒါနာအိုကျွန်းပေါ်က Zamboanga မြို့မှာ Moro အမျိုးသားလွတ်မြောက်ရေးတပ်ဦး MNLF တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်းလည်း စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ခန့်မှန်းချေ သူပုန်အင်အား ၂၀၀ လောက်ဟာ အရပ်သားတွေကို အကာအကွယ်ယူပြီး စီးနင်းထားတယ်လို့ ယူဆထားတဲ့ ကမ်းရိုးတန်းဒေသက ကျေးရွာ ၄ ရွာကိုတော့ စစ်တပ်က ၀ိုင်းထားပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပေါင်း ထောင်သောင်းချီထွက်ပြေးခဲ့ကြသလို လူ ၁ သန်းလောက် နေထိုင်ရာ ဒေသမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေတာပါ။ Zamboanga မြို့တော်ဝန်ရဲ့ အင်တာနက်ပေါ်မှာ ဖော်ပြခဲ့တဲ့ ကြေညာချက်ထဲမှာတော့ သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့အကြောင်း ဖော်ပြထားပါတယ်။အစားအသောက်တွေ တောင်းခံခဲ့ကြတဲ့ သူပုန်တွေက အပြန်အလှန် အနေနဲ့ ဓားစားခံ အနည်းဆုံး ၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နောက်ထပ် အရပ်သား ၁၀၀ လောက်ဟာ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေထဲမှာ ရှိနေတုန်းပဲလို့လည်း မြို့တော်ဝန် Maria Isabelle Climaco ကပြောပါတယ်။
MNLF သူပုန်အဖွဲ့ကတော့ မူဆလင်တွေ အများစုရှိရာ နိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့လည်း အစိုးရက ကတိပျက်တယ်ဆိုပြီး အဖွဲ့ဝင်တချို့က ဆက်လက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ထူးထူးခြားခြား စံချိန်သစ်တစ်ခု တင်နိုင်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်
Miley Cyrus တို့ လုပ်ချလိုက်ပြန်ပြီ။ Wrecking Ball Music Video ရိုက်ကွင်းက ပုံပါ။



MTV၏ ဂီတဗီဒီယို ဆုပေးပွဲ ဖျော်ဖြေမှု ဂယက်ကြောင့် ဝေဖန်မှုများရော၊ လူစိတ်ဝင်စားမှုများပါ ရရှိခဲ့သည့်နောက် မိုင်လီဆိုင်းရပ်စ်သည် ထူးထူးခြားခြား စံချိန် တစ်ရပ်ပါ ထပ်မံ ရရှိလာကြောင်း သိရှိရသည်။ သူမ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် အသက်(၂၀) အရွယ်ရှိ အဆိုတော် မင်းသမီးသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်နေပြီး သံကြိုးတပ်ထားသည့် သတ္တုဘောလုံးကြီး တစ်ခုပေါ်တွင် ရှိနေသည့် ပုံရိပ်များ ပါဝင်သလို တူကြီးတစ်လက်ကို လျှာဖြင့်လျက်ကာ မြှူဆွယ်သည့် အမူအရာမျိုး ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရသည်။ ထိုဗီဒီယိုသည် YouTube၏ ဗီဒီယို ပလက်ဖောင်း တစ်ခုဖြစ်သော Vevoတွင် လွှင့်တင်ခဲ့ရာ (၂http://www.ustream.tv/new၄)နာရီအတွင်း ကြည့်ရှုသူ (၁၂.၃)သန်း ရှိခဲ့သည်။
ထို့ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် One Direction အဖွဲ့၏ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၉)သန်း ရှိခဲ့သော Best Song Everကို သက်တောင့်သက်သာပင် ကျော်တက်သွားခဲ့သည်။ အင်တာနက် ဗီဒီယို မှတ်တမ်းတွင် စံချိန်သစ် တစ်ခုကို ရရှိခဲ့သော်လည်း ထိုဗီဒီယိုနှင့် ပတ်သက်ပြီး မိုင်လီအနေဖြင့် ပြင်းထန်သော ဝေဖန်မှုများနှင့်လည်း ကြုံခဲ့ရသည်။ ဗီဒီယိုကို ကြည့်ရှုခဲ့သူ တစ်ဦးက "ကလေးတွေတော့ အတုခိုး မှားမှာပဲ။ သူတော့ ဘာထင်နေတယ် မသိဘူး။ ကြည့်ရတာ အပြာဇာတ်ကား ကျနေတာပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ ဗီဒီယိုထဲတွင် မိုင်လီသည် အဖြူဝမ်းဆက် အတွင်းခံ အဝတ်အထည်များဖြင့် တူကြီးတစ်လက်ကို ထုနှက်နေကြောင်းလည်း တွေ့ရသည်။ မိုင်လီသည် ယခင်က We Can't Stop ဗီဒီယိုဖြင့် (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၇)သန်း စံချိန် တင်ခဲ့ဖူးသော်လည်း One Direction အဖွဲ့က ကျော်တက်ခဲ့ပြီး ယခုနောက်တစ်ဖန် ပြန်လည် အသာရခဲ့ခြင်းဟု သိရှိရသည်။
Planet Myanmar Network
Wednesday, September 11, 2013
တောင်သူများ အနေဖြင့် ပိုင်ဆိုင်ထားသော လယ်မြေအား ဥပဒေနှင့်အညီ တရားဝင် ဆောင်ရွက်ရမှန်း မသိကြ၍ ဆုံးရှုံးနစ်နာရဟု သူရဦးရွှေမန်း ပြောကြား
(ကော့သောင်းဒေသခံများနှင့် တွေ့ဆုံနေသော သူရဦးရွှေမန်းအား တွေ့ရစဉ်) |
၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်သို့ ရောက်ရှိလာသော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကော့သောင်းမြို့ရှိ မဉ္ဇူသက ခန်းမ၌ နံနက် ၁၀ နာရီ အချိန်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များ၊ မြို့မိ၊ မြို့ဖများအား တွေ့ဆုံရာတွင် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ တောင်သူကြီးများမှာ သနားဖို့ကောင်းကြောင်းကို နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အဓိကထည့်သွင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
"လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး တောင်သူကြီးတွေ သနားဖို့ ကောင်းတယ်။ သူတို့ပိုင်ဆိုင်ထားတဲ့ လယ်ယာတွေကို ဥပဒေနဲ့အညီ တရားဝင်အောင် ဆောင်ရွက်ရမယ်မှန်း မသိကြ။ နားမလည်ကြတော့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ကုန်တယ်။ မြေကိစ္စဟာ နေရာတိုင်းမှာ ပြဿနာတွေ ဖြစ်နေကြတယ်။ အဲဒီကိစ္စတွေကို သက်ဆိုင်တဲ့ ဌာနတွေနဲ့ မြေယာကော်မတီတွေက ဖြေရှင်းပေးကြပါ။ မြေယာကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကိုယ်စားလှယ် ၆၅ ယောက်လောက် အကျေအလည် ဆွေးနွေးကြတယ်။ သမ္မတကြီးဆီကိုလည်း မြေယာကိစ္စအတွက် သ၀ဏ်လွှာ နှစ်ကြိမ်ပေးပို့ခဲ့ဖူးတယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ထို့ပြင် တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ပါတီအဖွဲ့များနှင့် ဒေသခံ ပြည်သူများက တင်ပြလာသော ကိစ္စရပ်များမှာလည်း စေတနာနှင့် တင်ပြခြင်းဖြစ်၍ ၀မ်းသာပါကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ကောင်းတာများရှိသလို လိုအပ်သည်များလည်းရှိကြောင်း၊ အမှန်အတိုင်းပြောရလျှင် ယခုခေတ် အခါသည် အာဏာနှင့်ခိုင်း၍ မရတော့ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်စေလိုကြောင်းနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုရန် အဓိကထား၍ ကြိုးစားလုပ်ကိုင် စေလိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဒေသနှင့်ဆိုင်သော လိုအပ်ချက်များအား တင်ပြလာခြင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်ချက် နည်းနိုင်သမျှနည်းရန် အတတ်နိုင်ဆုံးစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အာရှအမျိုးသမီးများ ကာယကြံ့ခိုင်မှုပြိုင်ပွဲ မြန်မာနိုင်ငံမှ နန်းထက်ထက်လင်း စတုတ္ထဆု ရရှိ
![]() |
ဓာတ်ပုံ- စံတော်ချိန် |
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌သြဂုတ် ၃၁ ရက်က ကျင်းပပြီးစီးခဲ့သည့် (၄၇)ကြိမ်မြောက် အညရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားတံခွန်စိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံက ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များမရရှိခဲ့သော်လည်း အာဆီယံတွင်ပထမ ၊ အာရှ၂၄နိုင်ငံ၌ စတုတ္ထရရှိခဲ့သည့် ကရင်တိုင်းရင်းသူလေး နန်းထက်ထက်လင်း အား အာရှအဖွဲ့ချုပ်နှင့် အာဆီယမ်အဖွဲ့ချုပ်ဒိုင်များ က အံ့သြချီးကျူးဂုဏ်ပြုကားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ် ၀ဏ္ဏကျော်ထင် ဦးလှမြင့်ဆွေ က ဗီယက်နမ်ပြိုင်ပွဲမှအပြန်တွင် ရှင်းလင်းပြောကြားသည်။
သတင်းနှင့်ဓာတ်ပုံ -စံတော်ချိန်သတင်းစာ
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်း မရှိပါက အလုပ်ရှင်များအား အရေးယူမည်

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့် အခွင့်အရေးများတောင်းဆိုရာ တွင် အလွန်အရေးပါခြင်းကြောင့် ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါဥပဒေ၏ နည်းဥပဒေအ မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သ မားညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် ရေးဆွဲမှုများပြုလုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊ အလုပ်သမား ဥပဒေရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြောသည်။
ဦးဝင်းရှိန်က ''အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုမှုက အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ခုအလုပ် အကိုင် ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို အသုံးပြုဖို့နည်း ဥပဒေထွက်ရှိပြီးတာနဲ့ ဥပဒေမှာ ပါရှိတဲ့ ပြစ်ဒဏ်တွေအတိုင်း စာ ချုပ်မချုပ်တဲ့ အလုပ်ရှင်ကို အရေး ယူသွားမှာပါ။ တရားစွဲသင့်ရင်စွဲ မယ်။ ဥပဒေပါအတိုင်း လေးစား ဆောင် ရွက်ရမယ်ဆိုတဲ့အချက်နဲ့ ပေါ့''ဟု ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအ လုပ်ရှင်များမှ ချုပ်ဆိုပြီးပါကလည်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနသို့ ယင်းစာချုပ် မိတ္တူကိုပြန် လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။စက်ရုံ၊ အလုပ် ရုံ များသို့အ လုပ်ဝင်ပါက ယင်းစက်ရုံများမှ ထုတ်ထားသည့် ဖောင်များတွင် သာဖြည့်၍ အလုပ်ဝင်ရောက်လုပ် ကိုင်ရပြီး ယင်းဖောင်များတွင်ပါ ရှိသည့် စည်းကမ်းပါအချက်များ ကိုပင် အလုပ်ရှင်များမှလိုက်နာ ဆောင် ရွက်ခြင်းမရှိသည့်အတွက် အလုပ်သမားများအားအလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ World Fashion အထည်ချုပ်စက် ရုံမှ အလုပ်သမားသမဂ္ဂခေါင်း ဆောင် ဦးမျိုးမင်းမင်းက ''ကျွန် တော်တို့စက်ရုံမှာ အလုပ်ရှင် အ လုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆိုထား တာတော့ရှိပါတယ်။ ဒါပေမဲ့တရားဝင်ပြဋ္ဌာန်းပေးထား တဲ့ စာချုပ်တော့မဟုတ်ပါဘူး။ အ လုပ်ရှင် အလုပ်သမားနားလည်မှု နဲ့ ချုပ်ထားတဲ့စာချုပ်သဘော လောက်ပါပဲ''ဟု ပြောသည်။
ဩဂုတ် ၃၀ ရက်တွင် အ လုပ်သမားများအတွက် 'အလုပ် အကိုင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်း ဥပဒေ၏ အခန်း(၃)တွင်လည်း အလုပ်ရှင်သည် အလုပ်သမား အား အလုပ်လုပ်ရန်ခန့်အပ်ပြီးပါ က ရက်ပေါင်း ၃၀ အတွင်း အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူညီ ချက် စာချုပ်ချုပ်ဆိုရမည်ဟုပါရှိ ပြီး ယင်းစာချုပ်တွင်လည်း လုပ်ငန်း ခွင်စည်းကမ်းများနှင့် အလုပ်သမား များ၏အကျိုးခံစားခွင့်များသည် လည်း တည်ဆဲဥပဒေတစ်ရပ်ရပ် ပါ ခံစားခွင့်များအောက်လျော့ နည်း ခြင်းမရှိစေရဟူ၍ပါရှိသည်။
နိုင်ငံတော်သမ္မတကြီးမှ လည်း ဥပဒေအားပြဋ္ဌာန်းပြီးပါက နည်းဥပဒေကို လွှတ်တော်စည်း မျဉ်းစည်းကမ်းများနှင့် အညီရက် ပေါင်း ၉ဝအ တွင်းပြဋ္ဌာန်းသင့် ကြောင်း ပြည်ထောင်စုလွှတ်တော် သတ္တမပုံ မှန်အစည်းအဝေး ၂ရ ရက်မြောက်နေ့တွင် သဘောထား မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
ဇာခြည်လှိုင် ၊ ရန်ကုန် ၊ စက်တင်ဘာ (၉)
Yangon Media Group
ရုပ်ရှင်လောကတိုးတက်ရေးနှင့် ရုပ်ရှင်လောကသားတို့အသံ
ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ရုပ်ရှင်လောကသား
အနုပညာရှင်တို့၏ရုပ်ရှင် လောကဖွံ့ဖြိုးဖို့ရင်တွင်းစကားများကို
ဖော်ပြလိုက်ရပါတယ်။

► ဒါရိုက်တာသီဟတင်သန်း
လက်လှမ်းမီသလောက် ဖတ်ကြည့်တဲ့စာတွေထဲမှာတော့ အားလုံးစည်းလုံးညီညွတ်ရမယ်။ စက်ပစ္စည်းတွေ ကောင်းရလိမ့်မယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ နောက်တစ်ခုက ပညာတွေများ လိုအပ်သေးသလား၊ တိုးတက်ဖို့ဆိုတာထက် ကိုယ့်အတွက်ကိုယ်မပြောဘဲ အားလုံးအတွက် ပြောတာကသူများနဲ့ ယှဉ်သင့်တဲ့အချိန်လည်း ရောက်နေပြီ။ ယှဉ်လည်းယှဉ် နေကြပြီ။
တကယ်တန်းဝင်တဲ့ အနုပညာတစ်ခု ဖန်တီးနိုင်တဲ့ သူက Artist လည်း ဖြစ်ရမယ်။ တက်ကနေရှင်လည်းဖြစ်ရလိမ့် မယ်။ အဲဒါမှ သူဖန်တီးတာက တော်တော်ကို ကောင်းတာဖြစ် လိမ့်မယ်။ နံပါတ် ၁ Artist မှာက ဘီဟေးဗီးရားအလွန် ကောင်းတဲ့သူ၊ တအားလေ့လာတဲ့သူ၊ အမြဲတမ်းတက်ကြွတဲ့သူ ဖြစ်နေရမယ်။ အနုပညာဆိုတာ သိပ်အနုစိတ်လွန်းတဲ့ပညာဖြစ်လို့ အနုပညာလို့ခေါ်တာဖြစ်တဲ့အတွက် အဲဒီအနုစိတ်လေးတွေ မြင်တဲ့သိတဲ့သူမှ သာ အနုပညာသည်လို့ ထင်တယ်။ အဲဒါလေးများထပ်ဖြည့် နိုင်ရင် အုန်းခနဲ၊ဒိုင်းခနဲဖြစ်သွားမှာ မဝေးတော့ပါဘူး
► မောင်မျိုးမင်း(ရင်တွင်းဖြစ်)
ကိုရီးယားက KBS မှာ သွားလေ့လာလိုက်တော့ သူတို့ အရင်ဆုံးစပြီး နိုင်ငံတကာကို ထိုးဖောက်တာကအိမ်နီးချင်း နိုင်ငံဖြစ်တဲ့ဂျပန်ကိုစဖောက်တယ်။ ရုပ်ရှင်နဲ့စဖောက်တာ မဟုတ်ဘူး။ တီဗီစီးရီးနဲ့ စထိုး ဖောက်တယ်။အဲဒီ တီဗီစီးရီးက ဂျပန်မှာပေါက်သွားတော့ ဂျပန်ကဝန်ကြီးချုပ်ကတော် ကိုယ်တိုင်ကကိုရီးယား သရုပ်ဆောင်တွေကိုခေါ်ပြီး ညစာအတူစားတယ်။ လိုအပ်တာ အကုန်လုံးကို ပံ့ပိုးပေးတယ်။ အဲဒါကြောင့် အောင်မြင်မှုရခဲ့တယ်။ ယိုးဒယားကျတော့ ရုပ်ရှင်နဲ့စဖောက်တယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုး ဖောက်တဲ့ပုံစံချင်မတူဘူး။
ဘာနဲ့ ဖောက်ဖောက်ပေါက်ဖို့က အဓိကပဲ။ ထိုးဖောက်တဲ့အခါမှာ မှားနေတာ။ ကျွန်တော်တို့ ဘဝင်မကျတာ တစ်ခုရှိတယ်။ ဘယ်ကင်မရာနဲ့ ရိုက်မှ 4K နဲ့ တို့အဲဒါတွေကဒီအနုပညာပစ္စည်း ကို ဘယ်သူမှ လာသတ်မှတ်လို့ မရဘူး။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကိုပြဖို့ Black & White နဲ့အဲဒီတုန်းက ကင်မရာအစုတ်လေးနဲ့ရိုက်မယ်။ ရိုက်လို့မရဘူးလား။ ရတာပဲ လေ။ အဲဒါကိုဘာတွေလာ သတ်မှတ်နေကြတာလဲ။ အခုထိလည်း Mark II တွေ၊ Mark III တွေနဲ့ ပြနေတာပဲ။ ကမ္ဘာမှာ တင်တဲ့ရုပ်ရှင်တွေကို ပြနေတာပဲ။ ဒီမှာ 4K နဲ့ ပြနိုင်တဲ့ရုံ ဘယ် နှရုံရှိလို့လဲ။ ကွာလတီအ ပြည့်ပြနိုင်လို့လား။ အနုပညာအရည် အသွေးမြင့်အောင်မလုပ်ဘဲ ကျန်တာတွေလျှောက်ပြောနေ ကြတယ်။ ကင်မရာကောင်းကောင်းနဲ့ရိုက်ပြီးဇာတ်ကား မကောင်းရင်ဘာမှလုပ်လို့ မရဘူး။ ဘယ်သူမှလဲ လာမကြည့်ဘူး။ အဲဒီတော့မှကင်မရာဖိုးလည်းကုန်မယ်။ အကုန်ကုန်မယ်။ ၂ခါဆုံးရှုံးမယ်။ ဇာတ်ကား ကောင်းအောင် အရင်လုပ်ကြဦး၊ ကိုယ်ရိုက်တဲ့ဇာတ်ကား အဓိပ္ပာယ်ရှိအောင်အရင်လုပ် ကြဦး။
ကွာလတီကဘာနဲ့မှ ဆိုပြီးအနုပညာကိုလာ ကန့်သတ်လို့မရဘူး။ ဗန်ဂိုးရေးတဲ့ ခဲနဲ့ရေးတဲ့ပန်းချီကားက လည်း ဒေါ်လာတစ်သန်းကျော် ပေးရတာပဲ။ ဆီဆေးနဲ့ရေးတဲ့ ပန်းချီကားလည်း အဲဒီထက်ဈေး ပေါရင်ပေါမှာပဲ။ အနုပညာ လက်ရာအရည်အသွေးနဲ့ပဲဆိုင်တယ်။ ကွာလတီတစ်ခုတည်းနဲ့ ရုပ်ရှင်မဖြစ်ဘူး။ အဲဒီလိုပဲ ဒါရိုက်တာလည်း မဖြစ်ဘူး။ လူအများလက်ခံဖို့ဆိုတာ ရုပ်ရှင်ကကွာလတီတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး။အရုပ်၊အသံ ကွာလတီရော၊ ဇာတ်လမ်းအရည် အသွေး၊သရုပ်ဆောင်ရဲ့ အရည်အသွေး၊ ဒါရိုက်တာအရည်အသွေးအားလုံးပါပါတယ်။
► နေတိုး
ရုပ်ရှင်လောကသားတွေ က ကိုယ့်လောကအတွက် ကိုယ်ကြိုးစားနေတယ်ဆိုတဲ့ အသိတစ်ခု လူတိုင်းမှာရှိဖို့လိုတယ်။ ပြောင်းလဲလာတဲ့ အခြေအနေ မှာ စားဝတ်နေရေး အခြေအနေ မျိုးစုံတော့ ရှိတာပဲ။ ဒါပေမဲ့ တိုး တက်ဖို့ဆို နိုင်ငံတော်က ပံ့ပိုးကူ ညီဖို့လည်း အများကြီးလိုတယ် လို့မြင်တယ်။
တိုးတက်နေပြီး သားဖြစ်တဲ့ ကိုရီးယား၊ ယိုးဒယားတို့ဆို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ အများကြီးရှိခဲ့တဲ့အတွက် တိုးတက်အောင်မြင်မှုတွေရခဲ့ တာတွေတွေ့ရတယ်။ ကျွန်တော်တို့ အနုပညာနဲ့ ရုပ်ရှင်ကိုလည်း အမျိုးသားရေးတစ်ခုအနေနဲ့ သဘေားထားပြီးလုပ်စေချင်တယ်။
ဒါရိုက်တာဝင်းထွန်းထွန်း
ရုပ်ရှင်လောက တစ်လောကလုံး တိုးတက်ဖို့ဆိုတာ ရုပ်ရှင် သမားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်အကျိုးထက် ရုပ်ရှင်လောက အကျိုးကို ကြည့်မယ်၊ အဲဒီလို လက်တွေချိတ်ပြီး လုပ်မယ်ဆိုရင် အမြန်ဆုံး ရှေ့ကိုရောက်လာမှာပါ။ ကိုယ်တို့ ရုပ်ရှင်လောကက သူများနိုင်ငံနဲ့ ယှဉ်ရင်နှစ်ပေါင်း၂ဝကျော် နောက်ကျပါတယ်။ အိမ်နီးချင်းနိုင်ငံထက်ကို နောက်ကျတယ်။ ဒါ သူတို့ဘက်ကပြောတာ။ အထွေထွေ ခေတ် နောက်ကျမှုတွေပေါ့။ ငွေရေးကြေးရေးဆိုသူများအစွန်း ထွက်လောက်ပဲ ရင်းနှီးမြှုပ်နှံ နိုင်တယ်။ နည်းပညာအရလည်း စက်ပစ္စည်းတွေ နောက်ကျတယ်။ အချိန်လည်းလိုတယ်။ ဒီအချိန်က အားလုံးက အရင်က ထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ ပိုသွားရမယ်။
မညီညွတ်ရင်တော့ နဂိုကမှလှုပ်လှုပ်ဖြစ်နေတဲ့ လောကပိုပြီးပျက်စီးဆုံး ရှုံးသွားမှာပါ။ ကိုယ်အောင်မြင်ဖို့ထက် တစ်ဦးချင်းစီကလောက တိုးတက်ဖို့ အားလုံးဦးစားပေးမယ်ဆို ဖြစ်လာမှာပါ။ ပြန်ကြားရေးဝန်ကြီးဌာနကလည်းတကယ့် စေတနာအပြည့်နဲ့ အမျိုးသား စီးပွားရေးတစ်ခုအနေနဲ့ ဒါကို မဏ္ဍိုင်တစ်ခုလိုထားပြီး ဆွဲတင် ဖို့လည်းလိုပါတယ်။ အကူအညီ ပံ့ပိုးမှုတွေကိုလည်း ရုံတင်တဲ့ အပိုင်း၊ နိုင်ငံတကာကိုသွား နိုင် ဖို့ခြေလှမ်းတွေ၊ အတတ်ပညာ ရှင်တွေကိုလည်း ပံ့ပိုးလာမယ် ဆို တိုးတက်လာမယ်။
ပြေတီဦး
စည်းလုံးညီညွတ်မှုမရှိသ ရွေ့၊ စိတ်ဝမ်းတွေကွဲနေသရွေ့ ဘယ်လောက်လုပ်လုပ် မတိုးတက်ဘူး။ အရေးကြီးတာက ကိုယ့်အတ္တ၊ ဖြစ်ချင်စိတ်တွေ ဖယ်နိုင်ရမယ်။ တစ်လောက လုံးကောင်းကျိုးအတွက် ဆိုရင် ကိုယ့်မှာထိခိုက်နစ်နာရင် နည်း နည်းတော့ ခံနိုင်ရည်ရှိရမယ်။ သရုပ်ဆောင်လောကကို မြှင့် တင်ပြီး ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ လောကအတွက် လိုအပ်လာပြီဆို သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အကုန် လုံး တစ်လကို ၄ ကားရိုက် နေ ရာကနေ ၃ ကားပဲရိုက်ရမယ်ဆို အထိခိုက်ခံပြီး လိုက်နာပေးခဲ့ တယ်။တကယ်တမ်း ဒီဝင်ငွေက နည်းတာ မဟုတ်ဘူးလေ။
ပါဝင်ပူးပေါင်းရမယ်၊ ကိုယ့်အကျိုး စီးပွားလေးနည်းနည်း ထိခိုက်ပြီ ဆိုတာနဲ့ပြဿနာတွေရှာမယ် ဆို တစ်သက်လုံး တိုးတက်မှာ မဟုတ်ဘူး။ ဒီတော့ ဒီလောက တိုးတက်ချင်ရင်စည်းလုံးညီညွတ် မှုကိုအရင်တည်ဆောက်ရမယ်။
ဖွေးဖွေး
ရုပ်ရှင်လောကဆိုတာသဘာ ဝအတိုင်းဖြစ်လာတဲ့အရာ မဟုတ်ဘူးလေ။ လူတွေလုပ်ထားတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် အဲဒီလူတွေကတိုးတက်အောင် လုပ်ရင်တော့ တိုးတက်နိုင်သလို၊ မတိုးတက်အောင်လုပ်ရင်တော့ တိုးတက်လာမှာမဟုတ်ဘူး။ သဘာဝက လုပ်ထားတဲ့ အရာ မဟုတ်တဲ့အတွက်ကြောင့် လူတွေနဲ့ဆိုင်ပါတယ်။
Popular Journal

► ဒါရိုက်တာသီဟတင်သန်း
လက်လှမ်းမီသလောက် ဖတ်ကြည့်တဲ့စာတွေထဲမှာတော့ အားလုံးစည်းလုံးညီညွတ်ရမယ်။ စက်ပစ္စည်းတွေ ကောင်းရလိမ့်မယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ နောက်တစ်ခုက ပညာတွေများ လိုအပ်သေးသလား၊ တိုးတက်ဖို့ဆိုတာထက် ကိုယ့်အတွက်ကိုယ်မပြောဘဲ အားလုံးအတွက် ပြောတာကသူများနဲ့ ယှဉ်သင့်တဲ့အချိန်လည်း ရောက်နေပြီ။ ယှဉ်လည်းယှဉ် နေကြပြီ။
တကယ်တန်းဝင်တဲ့ အနုပညာတစ်ခု ဖန်တီးနိုင်တဲ့ သူက Artist လည်း ဖြစ်ရမယ်။ တက်ကနေရှင်လည်းဖြစ်ရလိမ့် မယ်။ အဲဒါမှ သူဖန်တီးတာက တော်တော်ကို ကောင်းတာဖြစ် လိမ့်မယ်။ နံပါတ် ၁ Artist မှာက ဘီဟေးဗီးရားအလွန် ကောင်းတဲ့သူ၊ တအားလေ့လာတဲ့သူ၊ အမြဲတမ်းတက်ကြွတဲ့သူ ဖြစ်နေရမယ်။ အနုပညာဆိုတာ သိပ်အနုစိတ်လွန်းတဲ့ပညာဖြစ်လို့ အနုပညာလို့ခေါ်တာဖြစ်တဲ့အတွက် အဲဒီအနုစိတ်လေးတွေ မြင်တဲ့သိတဲ့သူမှ သာ အနုပညာသည်လို့ ထင်တယ်။ အဲဒါလေးများထပ်ဖြည့် နိုင်ရင် အုန်းခနဲ၊ဒိုင်းခနဲဖြစ်သွားမှာ မဝေးတော့ပါဘူး
► မောင်မျိုးမင်း(ရင်တွင်းဖြစ်)
ကိုရီးယားက KBS မှာ သွားလေ့လာလိုက်တော့ သူတို့ အရင်ဆုံးစပြီး နိုင်ငံတကာကို ထိုးဖောက်တာကအိမ်နီးချင်း နိုင်ငံဖြစ်တဲ့ဂျပန်ကိုစဖောက်တယ်။ ရုပ်ရှင်နဲ့စဖောက်တာ မဟုတ်ဘူး။ တီဗီစီးရီးနဲ့ စထိုး ဖောက်တယ်။အဲဒီ တီဗီစီးရီးက ဂျပန်မှာပေါက်သွားတော့ ဂျပန်ကဝန်ကြီးချုပ်ကတော် ကိုယ်တိုင်ကကိုရီးယား သရုပ်ဆောင်တွေကိုခေါ်ပြီး ညစာအတူစားတယ်။ လိုအပ်တာ အကုန်လုံးကို ပံ့ပိုးပေးတယ်။ အဲဒါကြောင့် အောင်မြင်မှုရခဲ့တယ်။ ယိုးဒယားကျတော့ ရုပ်ရှင်နဲ့စဖောက်တယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုး ဖောက်တဲ့ပုံစံချင်မတူဘူး။
ဘာနဲ့ ဖောက်ဖောက်ပေါက်ဖို့က အဓိကပဲ။ ထိုးဖောက်တဲ့အခါမှာ မှားနေတာ။ ကျွန်တော်တို့ ဘဝင်မကျတာ တစ်ခုရှိတယ်။ ဘယ်ကင်မရာနဲ့ ရိုက်မှ 4K နဲ့ တို့အဲဒါတွေကဒီအနုပညာပစ္စည်း ကို ဘယ်သူမှ လာသတ်မှတ်လို့ မရဘူး။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကိုပြဖို့ Black & White နဲ့အဲဒီတုန်းက ကင်မရာအစုတ်လေးနဲ့ရိုက်မယ်။ ရိုက်လို့မရဘူးလား။ ရတာပဲ လေ။ အဲဒါကိုဘာတွေလာ သတ်မှတ်နေကြတာလဲ။ အခုထိလည်း Mark II တွေ၊ Mark III တွေနဲ့ ပြနေတာပဲ။ ကမ္ဘာမှာ တင်တဲ့ရုပ်ရှင်တွေကို ပြနေတာပဲ။ ဒီမှာ 4K နဲ့ ပြနိုင်တဲ့ရုံ ဘယ် နှရုံရှိလို့လဲ။ ကွာလတီအ ပြည့်ပြနိုင်လို့လား။ အနုပညာအရည် အသွေးမြင့်အောင်မလုပ်ဘဲ ကျန်တာတွေလျှောက်ပြောနေ ကြတယ်။ ကင်မရာကောင်းကောင်းနဲ့ရိုက်ပြီးဇာတ်ကား မကောင်းရင်ဘာမှလုပ်လို့ မရဘူး။ ဘယ်သူမှလဲ လာမကြည့်ဘူး။ အဲဒီတော့မှကင်မရာဖိုးလည်းကုန်မယ်။ အကုန်ကုန်မယ်။ ၂ခါဆုံးရှုံးမယ်။ ဇာတ်ကား ကောင်းအောင် အရင်လုပ်ကြဦး၊ ကိုယ်ရိုက်တဲ့ဇာတ်ကား အဓိပ္ပာယ်ရှိအောင်အရင်လုပ် ကြဦး။
ကွာလတီကဘာနဲ့မှ ဆိုပြီးအနုပညာကိုလာ ကန့်သတ်လို့မရဘူး။ ဗန်ဂိုးရေးတဲ့ ခဲနဲ့ရေးတဲ့ပန်းချီကားက လည်း ဒေါ်လာတစ်သန်းကျော် ပေးရတာပဲ။ ဆီဆေးနဲ့ရေးတဲ့ ပန်းချီကားလည်း အဲဒီထက်ဈေး ပေါရင်ပေါမှာပဲ။ အနုပညာ လက်ရာအရည်အသွေးနဲ့ပဲဆိုင်တယ်။ ကွာလတီတစ်ခုတည်းနဲ့ ရုပ်ရှင်မဖြစ်ဘူး။ အဲဒီလိုပဲ ဒါရိုက်တာလည်း မဖြစ်ဘူး။ လူအများလက်ခံဖို့ဆိုတာ ရုပ်ရှင်ကကွာလတီတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး။အရုပ်၊အသံ ကွာလတီရော၊ ဇာတ်လမ်းအရည် အသွေး၊သရုပ်ဆောင်ရဲ့ အရည်အသွေး၊ ဒါရိုက်တာအရည်အသွေးအားလုံးပါပါတယ်။
► နေတိုး
ရုပ်ရှင်လောကသားတွေ က ကိုယ့်လောကအတွက် ကိုယ်ကြိုးစားနေတယ်ဆိုတဲ့ အသိတစ်ခု လူတိုင်းမှာရှိဖို့လိုတယ်။ ပြောင်းလဲလာတဲ့ အခြေအနေ မှာ စားဝတ်နေရေး အခြေအနေ မျိုးစုံတော့ ရှိတာပဲ။ ဒါပေမဲ့ တိုး တက်ဖို့ဆို နိုင်ငံတော်က ပံ့ပိုးကူ ညီဖို့လည်း အများကြီးလိုတယ် လို့မြင်တယ်။
တိုးတက်နေပြီး သားဖြစ်တဲ့ ကိုရီးယား၊ ယိုးဒယားတို့ဆို နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ အများကြီးရှိခဲ့တဲ့အတွက် တိုးတက်အောင်မြင်မှုတွေရခဲ့ တာတွေတွေ့ရတယ်။ ကျွန်တော်တို့ အနုပညာနဲ့ ရုပ်ရှင်ကိုလည်း အမျိုးသားရေးတစ်ခုအနေနဲ့ သဘေားထားပြီးလုပ်စေချင်တယ်။
ဒါရိုက်တာဝင်းထွန်းထွန်း
ရုပ်ရှင်လောက တစ်လောကလုံး တိုးတက်ဖို့ဆိုတာ ရုပ်ရှင် သမားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်အကျိုးထက် ရုပ်ရှင်လောက အကျိုးကို ကြည့်မယ်၊ အဲဒီလို လက်တွေချိတ်ပြီး လုပ်မယ်ဆိုရင် အမြန်ဆုံး ရှေ့ကိုရောက်လာမှာပါ။ ကိုယ်တို့ ရုပ်ရှင်လောကက သူများနိုင်ငံနဲ့ ယှဉ်ရင်နှစ်ပေါင်း၂ဝကျော် နောက်ကျပါတယ်။ အိမ်နီးချင်းနိုင်ငံထက်ကို နောက်ကျတယ်။ ဒါ သူတို့ဘက်ကပြောတာ။ အထွေထွေ ခေတ် နောက်ကျမှုတွေပေါ့။ ငွေရေးကြေးရေးဆိုသူများအစွန်း ထွက်လောက်ပဲ ရင်းနှီးမြှုပ်နှံ နိုင်တယ်။ နည်းပညာအရလည်း စက်ပစ္စည်းတွေ နောက်ကျတယ်။ အချိန်လည်းလိုတယ်။ ဒီအချိန်က အားလုံးက အရင်က ထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ ပိုသွားရမယ်။
မညီညွတ်ရင်တော့ နဂိုကမှလှုပ်လှုပ်ဖြစ်နေတဲ့ လောကပိုပြီးပျက်စီးဆုံး ရှုံးသွားမှာပါ။ ကိုယ်အောင်မြင်ဖို့ထက် တစ်ဦးချင်းစီကလောက တိုးတက်ဖို့ အားလုံးဦးစားပေးမယ်ဆို ဖြစ်လာမှာပါ။ ပြန်ကြားရေးဝန်ကြီးဌာနကလည်းတကယ့် စေတနာအပြည့်နဲ့ အမျိုးသား စီးပွားရေးတစ်ခုအနေနဲ့ ဒါကို မဏ္ဍိုင်တစ်ခုလိုထားပြီး ဆွဲတင် ဖို့လည်းလိုပါတယ်။ အကူအညီ ပံ့ပိုးမှုတွေကိုလည်း ရုံတင်တဲ့ အပိုင်း၊ နိုင်ငံတကာကိုသွား နိုင် ဖို့ခြေလှမ်းတွေ၊ အတတ်ပညာ ရှင်တွေကိုလည်း ပံ့ပိုးလာမယ် ဆို တိုးတက်လာမယ်။
ပြေတီဦး
စည်းလုံးညီညွတ်မှုမရှိသ ရွေ့၊ စိတ်ဝမ်းတွေကွဲနေသရွေ့ ဘယ်လောက်လုပ်လုပ် မတိုးတက်ဘူး။ အရေးကြီးတာက ကိုယ့်အတ္တ၊ ဖြစ်ချင်စိတ်တွေ ဖယ်နိုင်ရမယ်။ တစ်လောက လုံးကောင်းကျိုးအတွက် ဆိုရင် ကိုယ့်မှာထိခိုက်နစ်နာရင် နည်း နည်းတော့ ခံနိုင်ရည်ရှိရမယ်။ သရုပ်ဆောင်လောကကို မြှင့် တင်ပြီး ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ လောကအတွက် လိုအပ်လာပြီဆို သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အကုန် လုံး တစ်လကို ၄ ကားရိုက် နေ ရာကနေ ၃ ကားပဲရိုက်ရမယ်ဆို အထိခိုက်ခံပြီး လိုက်နာပေးခဲ့ တယ်။တကယ်တမ်း ဒီဝင်ငွေက နည်းတာ မဟုတ်ဘူးလေ။
ပါဝင်ပူးပေါင်းရမယ်၊ ကိုယ့်အကျိုး စီးပွားလေးနည်းနည်း ထိခိုက်ပြီ ဆိုတာနဲ့ပြဿနာတွေရှာမယ် ဆို တစ်သက်လုံး တိုးတက်မှာ မဟုတ်ဘူး။ ဒီတော့ ဒီလောက တိုးတက်ချင်ရင်စည်းလုံးညီညွတ် မှုကိုအရင်တည်ဆောက်ရမယ်။
ဖွေးဖွေး
ရုပ်ရှင်လောကဆိုတာသဘာ ဝအတိုင်းဖြစ်လာတဲ့အရာ မဟုတ်ဘူးလေ။ လူတွေလုပ်ထားတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် အဲဒီလူတွေကတိုးတက်အောင် လုပ်ရင်တော့ တိုးတက်နိုင်သလို၊ မတိုးတက်အောင်လုပ်ရင်တော့ တိုးတက်လာမှာမဟုတ်ဘူး။ သဘာဝက လုပ်ထားတဲ့ အရာ မဟုတ်တဲ့အတွက်ကြောင့် လူတွေနဲ့ဆိုင်ပါတယ်။
Popular Journal
Tuesday, September 10, 2013
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်

Tuesday, September 10, 2013
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ကစပြီး ဥရောပခရီး စတင်မယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကစပြီး အရှေ့ဥရောပသုံးနိုင်ငံ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံ၊ ဟန်ဂေရီနဲ့ ချက် သုံးနိုင်ငံခရီးစဉ်အတွင်း ပိုလန်နိုင်ငံကို အရင်ဦးဆုံး သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ကျရင် ပိုလန်နိုင်ငံ ဝါဆောမြို့ကို လည်ပတ်ပြီးနောက်ပိုင်း ဟန်ဂေရီနိုင်ငံနဲ့ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
ခုသွားရောက်မယ့် နိုင်ငံ သုံးနိုင်ငံလုံးဟာ ဆိုဗီယက်ကွန်မြူနစ်လက်အောက်ခံ နိုင်ငံများ ဖြစ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းလာကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရက်တစ်စနစ်ကို လေ့လာမှာဖြစ်ပြီး ချက်နိုင်ငံရဲ့ မြို့တော် Prague မြို့မှာ ကျင်းပမယ့် Forum 2000 ညီလာခံကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ညီလာခံအတွင်း တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမားလည်း တက်ရောက်မယ်လို့ သိရပါတယ်။
Forum 2000 ကို ချက်သမ္မတဟောင်း Vaclav Havel က ၁၉၉၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဒီမိုကရေစီ မြှင့်တင်ရေး၊ ပြဿနာလျော့ချဖြေရှင်းရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ ထောက်ပံ့ရေး အကြောင်းတွေ ဆွေးနွေးကြတဲ့ ညီလာခံ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိဖို့ တိုက်တွန်းမှု လုပ်ခဲ့သူတွေထဲမှာ ချက်ပြည်သူ့သမ္မတဟောင်း Vaclav Havel လည်း ပါဝင်ပြီး ချက်သမ္မတဟောင်းဟာ၂၀၁၁ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စင်္ကာပူနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ABC Radio Australia