Headlines News :
Home » » နမ့်ခမ်းမြို့ ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ ဖမ်းဆီး ရိုက်နှက်

နမ့်ခမ်းမြို့ ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ ဖမ်းဆီး ရိုက်နှက်

Written By လွင့်မောင်မောင် on Saturday, January 18, 2014 | 9:12 PM

 
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ယခုလ ၁၂ ရက်နေ့က ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုခံရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ဂျန္နဝါရီလ ၁၂ ရက်က မိုင်းဝီး ကျေးရွာအုပ်စုဘက် ဘိန်းခင်းတိုင်းတာရန် ခရီးထွက်ခဲ့ကြောင်း၊ ထိုအထဲမှ ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှစ်ဦး အား ဒေသတွင်းမှ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေ့လည် ၂ နာရီ မှ ည ၉ နာရီ အထိ လက်ထိပ်ခတ် ရိုက်နှက် မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှုး အဖွဲ့ နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ရိုက်နှက်စစ်ဆေးခံရသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ ဦးနိုင်ထွန်းမောင် နှင့် ဦးအံ့ကျော်တို့ဖြစ်သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

“ သူတို့ ဘိန်းခင်းကြည့်ဖို့ တက်သွားတာက ၆ ယောက်ပါ၊ ရဲတပ်ဖွဲ့လေးယောက်ပါတယ်၊ ရဲတပ်ဖွဲ့ကအရင်ပြန်ဆင်း လာပြီးမှ ကျန်ခဲ့တဲ့ ၂ ယောက်ကို ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက် မေးမြန်းတာ” - ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းထံ ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

“ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ဌာန ကို စာတင် တိုင်ကြားထားတယ်၊ အခြေအနေက ဘယ်လို ဖြစ်လာမလဲတော့ ခုထိတော့ မသိရသေးဘူး ” ဟု ရိုက်နှက်ခံရသူ ကာယကံရှင်တဦးပြောပြကြောင်း နီးစပ် သော အသိုင်းအဝိုင်း ကဆိုသည်။

အဆိုပါ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝိုင်းရိုက်သည့် ပုဂ္ဂိုလ်နှစ်ဦးသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ဘိန်း ခင်း တိုက်ဖျက်ရေးဆိုင်ရာသင်တန်းအား ၂၀၁၃ နှစ်နှောင်းပိုင်းက သင်တန်းဆင်းလာသည်ဟုလည်းဆိုသည်။

ကမ္ဘာတွင် အာဖကန်နစ်စတန် နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဘိန်းအများဆုံးထွက်ရှိသည့်နိုင်ငံဖြစ်သည်ဟု ကမ္ဘာ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန်ကြေငြာဖူးပါသည်။

နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအုပ်စုအခြေစိုက် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့အား ၂၀၁၀ ခုနှစ်က ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသည့် ဦးကျော်မြင့်က ဦးဆောင်ပါသည်။
သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့က အဆိုပါ လွှတ်တော်အမတ် ဦးကျော်မြင့်အား ခေတ်သစ်မူးယစ်ရာဇာဟု တင်စားခေါ်ဝေါ်ထားပါသည်။

ဦးကျော်မြင့်သည် ယခုအခါ ၄င်း၏ညီ ဦးကျော်ထွေးအား ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ပေးထားကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template