Headlines News :
Home » » » မြန်မာတွေ တိုက်ခိုက်၍ မောင်တောတွင် မူဆလင် ဒါဇင်နှင့်ချီပြီ သေဆုံးခဲ့သည်ဟု AP တွင် သတင်းဖေါ်ပြ

» မြန်မာတွေ တိုက်ခိုက်၍ မောင်တောတွင် မူဆလင် ဒါဇင်နှင့်ချီပြီ သေဆုံးခဲ့သည်ဟု AP တွင် သတင်းဖေါ်ပြ

Written By လွင့်မောင်မောင် on Saturday, January 18, 2014 | 10:51 AM

 
နိရဉ္စရာ- ၁၇ ဇန်န၀ါရီလ ၂၀၁၄)

ကမ္ဘာသတင်းဌာနကြီးများအထဲမှ တစ်ခု ဖြစ်သော AP (Associated Press ) သတင်းဌာနက  မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့တွင် မြန်မာတွေ တိုက်ခိုက်၍ မွတ်လင်အမျိုးသမီးများနှင့် ကလေးငယ် ဒါဇင်နှင့် ချီပြီး သေဆုံးခဲ့သည်ဟု Group: Myanmar Mob Kills More Than a Dozen Muslims ခေါင်းစဉ်ဖြင့် ဇန်န၀ါရီလ ၁၆ ရက်နေ့က သတင်း ဖေါ်ပြသည်။

၎င်းသတင်းဖေါ်ပြမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းအား ဖုံးထဲမှ တဆင့် ဆက်သွယ် မေးမြန်းရာ ရဲမှူးကြီးက ၎င်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ယခုလို ပြောသည်။

“ ကျွန်တော်တို့ဆီမှာ ဒီလို ဖြစ်တာမျိုး လုံးဝ မရှိပါဘူး။ ကျွန်တော်တို့ဆီက ဆရာကြီး တစ်ဦးသာ ပျောက်ဆုံးနေတာ အခုအချိန်ထိ ရှာမရသေးပါဘူး။ ဒီလို မူဆလင်တွေ အသတ်ခံရတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အဆိုပါ သတင်း၏ သတင်းအစတွင် လွန်ခဲ့သော အင်္ဂါနေ့က မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မြို့တစ်ခုတွင် ဗုဒ္ဓဘာသာဝင် လူအုပ်စု တစ်ခုမှ ဓါးများဖြင့် ၀င်ရောက် ရမ်းကားရာမှ မွတ်ဆလင်နှင့် ကလေးငယ်များ တစ်ဒါဇင် (၁၂ ယောက်) ထက် အများ သေဆုံးခဲ့သည်ဟု ကျေးရွာသား တစ်ဦးနှင့် လူ့အခွင့်အရေး အဖွဲ့ တစ်ခုက ပြောသည်ဟု ဆိုကာ သတင်းကို  စဖေါ်ပြသည်။

“ဒါလည်း လုံးဝ မဟုတ်ပါဘူးခင်ဗျား။ ဘယ်ဗုဒ္ဓဘာသာ မြန်မာကမှ မောင်တောမြို့နယ်မှာ မူဆလင်တွေကို တိုက်ခိုက်တာ မရှိပါဘူး။ ရုန်းရင်းဆန်ခတ်၊ အချေအတင် ဖြစ်တဲ့ အနေအထားလည်း မရှိပါဘူးခင်ဗျား” ဟု ရဲမှူးကြီးက နိရဉ္စရာသို့ ပြောဆိုသည်။

AP သတင်း၏ ဒုတိယ စာပုဒ်တွင် မြန်မာအရာရှိ တစ်ဦးက အခြေအနေမှာ တင်းမာနေကြောင်း၊ သို့သော်လည်း လူသေမူရှိသည် ဆိုသည့်အပေါ် ငြင်းဆိုသွားကြောင်း ဖေါ်ပြထားပြန်သည်။

၎င်းပြင် ရခိုင် စီမံကိန်း ( Arakan Project) ၏ တာဝန်ခံ ဖြစ်သူ ခရစ်လေ၀ါး ( Chris Lewa) ဆိုသည့် အမျိုးသမီးက ၎င်းဆူပူ အကြမ်းဖက်မူမှာ လွန်ခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောကြားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယင်းပြင် လွန်ခဲ့သောလက မောင်တောသို့ တရားဟောရန် ရောက်ရှိလာခဲ့ကြသော ၉၆၉ ရဟန်းတော်များမှ သူတို့ တရားတော်များကို ဟောကြားရာတွင် ရိုဟင်ဂျာ ဆိုသူများကို နှင်ထုတ်ရန် အသံချဲ့စက်များနှင့် ဆော်သြသွားကြောင်း ရခိုင် စီမံကိန်း ( Arakan Project) ၏ တာဝန်ခံ ဖြစ်သူ ခရစ်လေ၀ါး ( Chris  Lewa) ဆိုသူ အမျိုးသမီးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

ဆက်လက် သတင်းကို ဖေါ်ပြရာ လူသေအလောင်းသုံးလောင်းကို ထင်းခုတ်သူများက ဒုချရားတန်းကျေးရွာ မြောင်းတစ်ခုထဲက တွေ့ရှိရာမှ ပြဿနာ စတင်၍ တင်းမာလာသည်ဟု AP သတင်းက ဆိုပြန်သည်။

ယင်းအလောင်း (၃) လောင်းမှာ အာဏာပိုင်များက ယင်းနေ့ နံနက်စောစောက ဖမ်းဆီးသွားသော လူ ၈ဦးထဲမှ သုံးဦး၏ အလောင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း AP သတင်းတွင် ဆက်ဖေါ်ပြသည်။

ယင်းပြင်သူတို့က သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ပြသရန် ၎င်းသေဆုံးများကို ဖုံးကင်မရာဖြင့် ဓါတ်ပုံရိုက်၍ ယူလာကြောင်း အင်္ဂလိပ်စာပြ ကျောင်းဆရာ တစ်ဦးကပြောသည်ဟု သတင်းက ဆိုပြန်သည်။

၎င်းနေ့ ညဉ့်တွင်ပင် ရဲသား (၅) ဦးက တယ်လီဖုံးကို သိမ်းရန်နှင့် ဧည့်စာရင်း စစ်ရန် လာရာ ၎င်းမူဆလင်ရွာသားတို့က ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်ကြောင်း၊ ရဲသားများ နံနက်စောစော (၂) နာရီခန့်တွင် ပြန်သွားရာ တစ်ဦးမှာ ပျောက်ကျ ကျန်နေခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

ယင်းနောက်ပိုင်း လုံခြုံရေး အရ နှိမ်နှင်းမူ ပေါ်ပေါက်လာသည်ဟု သတင်းက ရေးသည်။

၎င်းအင်္ဂလိပ်ကျောင်းဆရာကပင် စစ်သားနှင့် ရဲသားများသည် ယင်းမူဆလင်ရွာအား ၀ိုင်းလိုက်ပြီ တံခါးများကို ချိုးဖေါက်ဝင်ရောက်ကာ မွေးမြုထားသော နွား၊ ဆိတ်၊ ကြက်စသည့် တိရစ္ဆာန်များနှင့် မူဆလင်များပိုင် ပစ္စည်းများကို လုယက်ကြကြောင်း ပြောဆိုသည်ဟု ရေးသားသည်။

ရဲသားများ ရောက်လာချိန်တွင် ရွာထဲရှိ ယောင်္ကျားများအားလုံးမှာ ထွက်ပြေးသွားပြီး ရွာထဲတွင် မိန်းမ၊ ကလေးနှင့် အသက်အရွယ် ကြီးရင့်နေသူများသာ ပုန်းအောင်း ကျန်နေခဲ့သည်ဟု သတင်းက ဆိုပြန်သည်။

Arakan Project မှ တာဝန်ခံ ခရစ်လေ၀ါး ( Christ Lewa) မှ ပြောကြားသည်မှာ သူမ၏ ရရှိသော သတင်းအရ ရိုဟင်ဂျာ အမျိုးသမီးနှင့် ကလေးငယ် အမြောက်အမြား ခုတ်သတ်ခံရ၍ သေဆုံးသွားကြောင်း၊ သေဆုံးသူ အရေအတွက် အတိအကျကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေကြောင်း၊ တချို့က ဆယ်ဦးထက် မနည်း သေဆုံးသည်ဟု ပြောကြောင်း၊ တခြားလူများက ဒါဇင်ခန့်ရှိကြောင်း ပြောသည်ဟု သတင်းတွင် ရေးသားပြန်သည်။

အမည်နာမကို ဖေါ်ပြမထားသော အင်္ဂလိပ်ကျောင်းဆရာက မူဆလင် အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦး အသတ်ခံရကြောင်း ဖုံးထဲက တဆင့် ပြောကြောင်း AP က ဖေါ်ပြသည်။

အခြေအနေမှာ တင်းမာနေသည်ဟု သတင်းရကြောင်း၊ အဆက်အသွယ်ခက်ခဲသဖြင့် သတင်းရရှိရန် ခက်ခဲကြောင်း၊ ယင်းဒေသတွင် လူဦးရေ တစ်သန်းခန့်ရှိသော ရိုဟင်ဂျာဆိုသူ ၈၀ ရာခိုင်နုန်း နေထိုင်ကြောင်း သတင်းက ဆိုထားပြန်သည်။

ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရသူ ဦးဝင်းမြိုင်က ရဲတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသော ရဲတပ်သားကို ရှာဖွေရန် အတွက် ရွာကို ၀ိုင်းထားကြောင်း၊ သူ့အနေနှင့် လူတစ်ဦးတစ်ယောက်မျှ အသတ်ခံရသည်ဟု မကြားရကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဆက်လက် ဖေါ်ပြသည်။

၎င်း ဒုချရားတန်းရွာ အနီးတွင် နေထိုင်သူ အခြားရွာတစ်ရွာမှ မူဆလင်ကျောင်းဆရာ ခင်မောင်သန်းက အခင်းဖြစ်ပွားရာ ဒုချရားတန်းသို့ သွားရောက်ကြည့်ရှု့ရာ အကြမ်းဖက်မူ ဖြစ်ပွားကြောင်း သက်သေ အထောက်အထားနှင့် သေဆုံးမူရှိသည်ကို မမြင်မတွေ့ရကြောင်း ပြောဆိုသည်ဟု နောက်ဆုံးတွင် နိဂုံးချုပ်ထားသည်။

ယခုကဲ့သို့ ကမ္ဘာကျော် သတင်းဌာန တစ်ခု ဖြစ်သော AP သတင်းမှ အချက်အလက် ခိုင်လုံမူ မရှိသည့် အပြင် သူတို့ကိုယ်တိုင်လည်း သွားရောက်မေးမြန်းခြင်းမရှိဘဲ ယခုကဲ့သို့ အခြေအမြစ် မရှိသော သတင်းများရေးသား တင်ပြမူ အပေါ် ဘယ်လိုမြင်ပါသလဲဟု ပြည်ပတွင် နှစ်အတန်ကြာအောင် အင်္ဂလိပ်လို ဆောင်းပါးများ ရေးသားနေသူ မြန်မာ သတင်းဆရာ တစ်ဦးအား မေးမြန်းရာ သူက ယခုလို ပြောသည်။

“  ဒါက သတင်းဌာနတစ်ခုရဲ့ ကျင့်ဝတ် Ethic ကို အကြီးအကျယ် ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါက မသေချာတဲ့ သတင်းပါ။ ဒါကို တင်ပြတယ်ဆိုကတည်းက ကျင့်ဝတ်ပိုင်းဆိုင်ရာ တော်တော်ချိုးဖေါက်တယ်လို့ မြင်ပါတယ်။ မြန်မာ အစိုးရတာဝန်ရှိသူတွေ (မဟုတ်ရင်) နိုင်ငံရေး ပါတီတွေက အဲဒီ သတင်းဌာနကို တိုက်ရိုက် ကန့်ကွက်သင့်ပါတယ်” ဟု ယင်းသတင်းစာဆရာကြီးက ပြောဆိုသွားသည်။

နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template