Headlines News :
Home » » ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်

ရိုဟင်ဂျာဆိုသည့် လူမျိုးမရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်

Written By လွင့်မောင်မောင် on Friday, January 17, 2014 | 7:53 PM


 မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ မွန်စသည့် နှစ်ပေါင်း များစွာကတည်းက စုပေါင်းနေထိုင်ခဲ့ကြ သည့် တိုင်းရင်းသားလူမျိုးများရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ ပြည်သူများအဖြစ် နိုင်ငံတော်အစိုးရ အတွက်ပါ အနှောင့်အယှက်သဘွယ်ဖြစ်နေ သည်ကို တွေ့ရသည်။

၂၀၁၄၊ ဇန်နဝါရီ ၁၆ ရက်နေ့က ပုဂံရှေးဟောင်းမြို့တော်တွင် ပြန်ကြားရေး ဌာန ဒုဝန်ကြီး ဦးရဲထွဋ်က-
ဘင်္ဂါလီအရေးကိစ္စသည် မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် အခြား အာဆီယံနိုင်ငံများက အာဆီယံ အစည်းအဝေးများတွင် ဆွေးနွေးရန် တောင်းဆိုလာလျှင်လည်း လက်ခံဆွေးနွေး သွားမည်မဟုတ်ဟု ပြောကြားလိုက် သည်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ အစိုးရရော ပြည်သူတွေကပါ လက်မခံဘူးဆိုတာ ရှင်းလင်းပြီးသားပါ။ ပြီးတော့ ဒီဘင်္ဂါလီအရေးဟာ ကျွန်တော် တို့ရဲ့ ပြည်တွင်းရေးပဲဆိုတော့ ကျန်တဲ့နိုင်ငံ တွေက တောင်းဆိုလာလျှင်လည်း ကျွန် တော်တို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်မှာ အာဆီယံအစည်းအဝေးတွေမှာ လက်ခံ ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အကြံပေး တာဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက် ညီတာကို လက်ခံသွားမှာပါဟု ထပ်မံ ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် အာဆီယံသီးသန့်အစည်း အဝေးကို ဇန်နဝါရီ ၁၆ ရက်က ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင် ကျင်းပသည်။ ဇန်နဝါရီ ၁၅ ရက်နေ့က အာဆီယံ အဆင့်မြင့်အရာရှိများ၏ ညစာစားပွဲကို ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်တွင် အစည်း အဝေးစတင်ဖွင့်လှစ်ပြီး ဇန်နဝါရီ ၁၇ ရက် နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၏ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိ ဆိုသည့်အဆိုကိုတော့ မြန်မာပြည်သူပြည် သား အများက လက်ခံကြိုဆိုကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အခြားအာဆီယံနိုင်ငံများက ရိုဟင်ဂျာအရေး ဖိအားပေးလာပါက လက်ခံမည်မဟုတ်ဟု ဦးရဲထွဋ်ပြော
==== === ==== ===
ရိုဟင်ဂျာကိစ္စအား ၂၀၁၄ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၌ ဆွေးနွေးသွားရန်မရှိကြောင်း၊ ရိုဟင်ဂျာဟူသော အသုံးအနူန်းကို လက်မခံကြောင်းနှင့် အခြားအာဆီယံနိုင်ငံများက ဖိအားပေးလာပါက လက်ခံမည် မဟုတ်ကြောင်းကို ပုဂံမြို့ ရွှေနန်းဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖြေကြားခဲ့သည်။

`ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ရော၊ အစိုးရအနေနဲ့ပါ လက်မခံပါဘူး။ ဒါ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်။ ပြောင်းလဲစရာ မရှိဘူး။ ကျွန်တော်တို့ဆီမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပြဿနာတွေကိုဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူတွေကသာ ဖြေရှင်းသွာမှာဖြစ်တယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလို လူ့အသိုင်းအ၀ိုင်းကြားမှာ ဖြစ်ခဲ့တဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြတာမျိုးဆိုရင်တော့ ကျွန်တော်တို့ နားထောင်မယ်။ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီရင် ကျင့်သုံးမယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်တွင်းကိစ္စကို ဘယ်သူကမှ ဒီလိုလုပ်ပါ စသဖြင့် ပြောဖို့တော့ အကြောင်းမရှိဘူး။ အစိုးရအဖွဲ့ရယ်၊ ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်တဲ့ လူအသိုင်းအ၀ိုင်းတွေရယ်၊ မြန်မာပြည်သူတွေကနေပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။´

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template