April 4th, 2014
ပစိဖိတ် အနောက်မြောက်ပိုင်းတွင်
ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W FIVE သည်
ပိုမိုအားကောင်းလာပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှ စတင်၍
အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊
အနောက်-အနောက်မြောက်ဘက် – ဖိလစ်ပိုင်ပင်လယ်မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ
အလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း JTWC
နှင့် TSR တို့မှ ခန့်မှန်းပုံဖေါ်ချက်များတွင် တွေ့ရပါသည်။
ဧပြီလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ
မနီလာမြို့ အရှေ့တောင်ဘက် မိုင် ၇၄ဝ သို့ ရွေ့လျား ရောက်ရှိချိန်၌
မုန်တိုင်း 05W(FIVE)သည် အင်အား အကောင်းဆုံး(ဗဟိုလေတိုက်နှုန်း 60
knots)သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
By mmweather.ygn