၂၀၁၆ ၊ မတ် ၂၈
၂၆-၃-၂၀၁၆ နံနက် ၀၇း၃၀နာရီ အချိန်ခန့်မှာ ဧရာဝတီတိုင်းဒေသကြီး ၊
မအူပင်မြို့နယ် ၊ သူဌေးကုန်းကျေးရွာအုပ်စု ၊ သူဌေးကုန်းကျေးရွာရှိ
ဦးခင်မောင်အေး ပိုင် လယ်ကွက်အမှတ်(၇၆၇)၏ တလင်းပြင်၌
ဝါးတိုင်(၄)တိုင်နှင့်ယာယီအစောင့်တဲ ခြင်ထောင်းအတွင်း အိပ်ယာဖျာပေါ်၌
အမျိုးသားနှစ်ဦး ဓားခုတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
လယ်ပိုင်ရှင် ဦးခင်မောင်အေးက တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
သက်ဆိုင်ရာသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့ရာ
ရွှေတောင်မှော်ကျေးရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မိုးလွင် နှင့်
ရေလဲကလေးကျေးရွာရဲကင်းမှူး ရဲအုပ်အောင်ကျော်ကျော်တို့ အဖွဲ့မှ
အခင်းဖြစ်ရာနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည် ။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် သေဆုံးသူနှစ်ဦးမှာ ပန်းပင်စုကျေးရွာအုပ်စု ၊
ပန်းပင်စုအနောက်ကျေးရွာနေ လယ်ပိုင်ရှင် ဦးခင်မောင်အေး၏သား
အသက်(၂၈)နှစ်အရွယ် မောင်ရဲလင်းထိုက် နှင့် ပန်းပင်စုကျေးရွာအုပ်စု ၊
ပန်းပင်စုအနောက်ကျေးရွာနေ ဦးအုံးတင်၏ သား အသက်(၃၀)နှစ်အရွယ် ဟိန်းကြီး (ခ)
ဟိန်းဇော်အောင်တို့ ဖြစ်ကြကြောင်း ၊ မောင်ဟိန်းဇော်အောင်သည် လည်ပင်းပြတ်ရှ
ဒဏ်ရာ(၄)ချက်ဖြင့်လည်းကောင်း ၊ မောင်ရဲလင်းထိုက်သည် လည်ပင်းပြတ်ရှ
ဒဏ်ရာ(၁)ချက် ၊ ဝဲဘက်ပါးပြင်တွင် ပြတ်ရှ ဒဏ်ရာ(၂)ချက် ၊ ဝဲဘက်လက်ခုံ၌
ပြတ်ရှဒဏ်ရာ (၃)ချက်တို့ဖြင့် လည်းကောင်း ဓားဖြင့် ခုတ်သတ်ခံထားရသည့်
ဒဏ်ရာများဖြင့် ညဉ်နက်ပိုင်းကတည်းကပင် သေဆုံးခဲ့ကြဟန်ရှိကြောင်း
စစ်ဆေးတွေ့ရှိခဲ့ကြပြီး အထက်သို့ ဆက်လက်တင်ပြရာ
မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးညွန့်ဝေဦးအောင်ဆောင်သည့်မြိုနယ်ရဲတပ်ဖွဲ့ရုံးမှလည်း
သွားရောက်ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည် ။
သေဆုံးနေသည့် ရုပ်အလောင်းနှစ်လောင်းအား နံနက် ၀၈း၃၀နာရီအချိန်ခန့်တွင်
မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီး ၊ ရင်ခွဲရုံသို့
ဒေသခံကျေးရွာလူမှုကရုဏာအသင်းမှပို့ဆောင်ပေးခဲ့ပြီး နံနက်
၁၁း၀၀နာရီအချိန်ခန့်တွင် သေဆုံးသူတို့၏ မိသားစုအသိုင်းအဝိုင်းမှ
ပန်းပင်စုအနောက်ကျေးရွာနေအိမ်များသို့ ပြန်လည်သယ်ယူသွားခဲ့ကြောင်း ၊
ယင်းသေမှုသေခင်း လူသတ်မှုဖြစ်စဉ်အား သေဆုံးသူမောင်ရဲလင်းထိုက်၏ ဖခင်
လယ်ပိုင်ရှင်ဦးခင်မောင်အေးက သေဆုံးသူ နှစ်ဦးအတွက် လူသတ်တရားခံအား ဥပဒေအရ
အရေးယူနိုင်ရန် ၂၆-၃-၂၀၁၆ နံနက် ၁၀း၀၀နာရီအချိန်ခန့်မှာ
ရွှေတောင်မှော်ကျေးရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မိုးလွင်ထံ ပ- ၁၃/၂၀၁၆ ၊
ပြစ်မှုပုဒ်မ - ၃၀၂ ဖြင့် အဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည် ။
ပြစ်မှုကျူးလွန်အား အမြန်ဆုံးဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်ရာ
တရားခံဟုယူဆရသူ အဆိုပါ တလင်းပြင်တွင်
၎င်းပိုင်မတ်ပဲကောက်လှိုင်းများထားရှိသည့်အတွက် ညအိပ်စောင့်သည့်
အသက်(၃၃)နှစ်အရွယ် ကျော်ဇော(ခ)အောင်ကျော်ဇော(ခ)ကျော်ဇင်လတ် (ဘ)ဦးဖိုးသီး ၊
သုံးခွဆိုင်ကျေးရွာ ၊ တော်တလုတ်ကျေးရွာနေသူသည် ပျောက်ဆုံးနေပြီး
၎င်းအားစုံစမ်းခဲ့စမ်းရာတွင် အောင်ကျော်ဇောသည် ၂၆-၃-၂၀၁၆ နံနက်
၀၂း၀၀နာရီကျော်အချိန်ခန့်ကတည်းကပင် ရေလဲလမ်း ၊ အောင်ဟိတ် -
ဆိပ်သာလမ်းတို့မှတဆင့် ယခင်ကသူ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့်
ကျုံရှကျေးရွာအုပ်စု ၊ ကျုံရှကျေးရွာသို့ ခြေလျင်လမ်းလျှောက်၍
တိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးညွန့်ဝေဦးဆောင်၍ မအူပင်ခရိုင်ရဲတပ်ဖွဲ့ရုံး
မှုခင်းအကူဌာန(ဒုစရိုက်နှိမ်နင်းရေးအဖွဲ့)မှ
ဒုတိယခေါင်းဆောင်ရဲအုပ်သူအောင်၏တပ်ဖွဲ့ဝင်များ ၊
ကျွဲဒုံးကျေးရွာနယ်မြေရဲစခန်းမှူးကျော်အုပ်ကျော်ဦး၏ ရဲအဖွဲ့တို့နှင့်အတူ
ကျုံရှကျေးရွာသို့ တရားခံအားသွားရောက်ရှာဖွေရာတွင် ၂၆-၃-၂၀၁၆ နေ့လည်
၀၁း၄၅နာရီအချိန်ခန့့််မှာ တရားခံကျော်ဇော(ခ)အောင်ကျော်ဇော်အား
ကျုံရှကျေးရွာထိပ်တွင် အသာတကြည် ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
အဆိုပါတရားခံအား မအူပင်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာကာ
သက်ဆိုင်ရာရဲအဖွဲ့နှင့်
ဒုစရိုက်နှိမ်နင်းရေးရဲအဖွဲ့(ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)က ယင်းနေ့ ညပိုင်းအထိ
စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် တရားခံသည် ၂၅-၃-၂၀၁၆ ညတွင်
အခင်းဖြစ်သည့် တလင်းပြင်တွင် သူ၏မတ်ပဲကောက်လှိုင်းများထားရှိသဖြင့်
ယာယီတဲထိုး၍ ခြင်ထောင်ဖြင့် အိပ်နေစဉ် ည ၀၇း၀၀နာရီကျော်အချိန်ခန့်တွင်
သေဆုံသူနှစ်ဦး ရောက်ရှိလာပြီး ခြင်ထောင်အားလှန်၍ ခေါင်းအုံးကိုဆွဲယူကာ
စုတ်ဖြဲနှောက်ယှက်ပြီး ထွက်သွားခဲ့ကြောင်း ၊ တရားခံသည်
ခေါင်းအုံးစရာမရှိတော့သဖြင့် ကောက်ရိုးများထုံး၍ ဆက်လက်အိပ်နေရာတွင် ည
၁၂း၀၀နာရီအချိန်ခန့်တွင် သေဆုံးသူနှစ်ဦးက အရက်ပုလင်းများကိုကိုင်ဆောင်၍
ထပ်မံရောက်ရှိလာပြီး ခြင်းထောင်ဆွဲလှန်ကာ သေဆုံးသူ ဟိန်းဇော်အောင်က
တရားခံအားအနောက်မှ ချုပ်ကိုင်ပြီး သေဆုံးသူ ရဲလင်းထိုက်မှ ပုဆိုးလှန်၍
တရားခံ၏ မျက်နှာကို တေ့၍ ဖဖွယ်မရာပြုကြောင်း ၊ ထိုသို့ ပြုလုပ်သည့်အတွက်
တရားခံက ဆောင့်ကန် ရုန်းကန်ရာ ရဲလင်းထိုက်မှ တရားခံအား လက်သီးဖြင့်
တစ်ချက်ထိုးလိုက်ကြောင်း ၊ လက်သီးဖြင့် အထိုးခံလိုက်ရသဖြင့် တရားခံသည်
စိတ်ဆိုး ဒေါသထွက်ကာ ရုန်းကန်ထွက်ပြီး အိပ်ယာဖျာအောက်ရှိ ဓားမကို ဆွဲယူ၍
သေဆုံးခဲ့သူ နှစ်ဦးအား အချက်ပေါင်းများစွာ ဓားဖြင့်ခုတ်သတ်ခဲ့ရသည် ဟု
ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည် ။
တရားခံအောင်ကျော်ဇောသည် လယ်ပိုင်ရှင် ဦးခင်မောင်အေး၏ မိသားစုနှင့်
ဆွေမျိုးတော်စပ်သလို သေဆုံးသူ ရဲလင်းထိုက် နှင့် ညီအစ်ကို နှစ်ဝမ်းကွဲ
တော်စပ်ကြကြောင်း သိရသည် ။
သေမှုသေခင်းဓာတ်ပုံ : ကိုဝင်းနိုင်(ဒေသခံကျေးရွာ)
မအူပင်သတင်းပုံရိပ် Page