Headlines News :
Home » » ရခိုင်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်ရေး ဆက်တိုက်ဆန္ဒပြ

ရခိုင်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်ရေး ဆက်တိုက်ဆန္ဒပြ

Written By Live100 on Wednesday, March 30, 2016 | 11:04 PM


ရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ဒီကနေ့ အတည်ပြုပါတယ်။
ဒီကနေ့မှာပဲ ရခိုင်ပြည်နယ်တချို့မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီက  ရွေးချယ်တင်မြှောက်တဲ့ ၀န်ကြီးချုပ်ကိုသာ အလိုရှိကြောင်း မြို့နယ်တချို့မှာ ဆန္ဒပြကြပါတယ်။
ဒီကနေ့ညနေပိုင်း ကျောက်ဖြူဆန္ဒပြပွဲ ဦးဆောင်သူ ဦးကျော်သိန်းက “ကျနော်တို့ ပြည်နယ် ၀န်ကြီးချုပ်ကို ပြည်နယ်မှာ အနိုင်ရပါတီက ရွေးချယ်တာပဲလိုချင်တယ်။  လက်ဝေခံနိုင်ငံရေးကို မကြိုက်ဘူး။  ဒါကြောင့် ပြည်ထောင်စုအစိုးရသစ်အနေနဲ့ ရခိုင်ပြည်သူလူထု တောင်းဆိုချက်ကို အလေးထားဖို့၊ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဒီမိုကရေစီနည်းအရ အများပြည်သူတောင်း ဆိုချက်ကို လိုက်လျောဖို့၊ အန်အယ်လ်ဒီအစိုးရအနေနဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ရှောင်ရှားဖို့ တောင်းဆိုဆန္ဒပြခဲ့တယ်” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့ပေါ်နဲ့ မဒေးကျွန်း၊ ပြည်ချောင်၊ ငလုံးစု၊ သောင်ရင်း စတဲ့ ကျေးရွာအုပ်စုက ပြည်သူပေါင်း ၅၀၀ လောက်ဟာ  ဒီကနေ့ မွန်းလွဲ ၂ နာရီကျော်က ဘုရားကြီးတောင်ကွင်းကနေ သာသနာဗိမာန်ထိ ချီတက် ဆန္ဒပြကြပါတယ်။
ဒီဆန္ဒပြမှုဟာ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ကင်းရှင်းတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကစပြီး အလားတူတောင်းဆိုဆန္ဒပြပွဲတွေဟာ စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့တွေမှာလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့တရက်တည်းမှာပဲ တောင်ကုတ်မြို့မှာတော့ လူပေါင်း ၅၀၀ လောက်က  ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ထောက်ခံဆန္ဒပြကြပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template