Dawei Watch၊ ထားဝယ်၊ မတ် ၂၇
ရေရှားမည်ဖြစ်သဖြင့် ရေချွေတာနိုင်ရန်
လာမည့် သင်္ကြန်ကာလအတွက် ထားဝယ်တွင် သင်္ကြန်မဏ္ဍပ် ၃ ခုသာ ဆောက်လုပ်ရန်လျာထားကြောင်း
၂၀၁၆ ခုနစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ
သိရသည်။
ယမန်နှစ်က ထားဝယ်တွင် မဏ္ဍပ် ၆
ခုရှိခဲ့ပြီး ယခုနှစ်တွင် ရေသုံးစွဲမှုကိုလျှော့ချနိုင်ရန် နှင့်
အကုန်အကျမများစေရန်အတွက် မဏ္ဍပ်အရေအတွက်ကို လျှော့ထားခြင်းဖြစ်ကြောင်း
တိုင်းသေကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက
ပြောကြားသည်။
“ရေသုံးစွဲတာကိုလျှော့ရင်း
အပူချိန်ကိုလည်း ထိန်းရင်းနဲ့ ရေကစားချိန်ကိုလည်း ကန့်သတ်ထားတယ်” ဟု ၀န်ကြီး
ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။
ယခင်က
အချိန်ကန့်သတ်ခဲ့ဖူးခြင်းမရှိ သည့် သင်္ကြန်မဏ္ဍပ်များကို ယခုနှစ်တွင် နံနက် ၆ နာရီမှ
၁၀ နာရီအထိနှင့် နေ့လယ် ၃ နာရီမှ ည ၆ နာရီအထိသာ ကစားခွင့်ကန့်သတ်ထားကြောင်း ၎င်းက
ပြောသည်။
လာမည့် သင်္ကြန်ပွဲတော်အတွက်
ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ မြို့နယ်/ရပ်ကွက်ယိမ်းအဖွဲ့များ
ပြိုင်ပွဲကျင်းပရန်ပြင်ဆင်လျက် ရှိကြောင်း မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားနှင့်
ဆုချီးမြှင့်ရေးအခမ်းအနားကျင်း ပရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။
Dawei Watch