Headlines News :
Home » , » ထားဝယ်တိုင်းရင်းသားများပါတီမှ ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာထုတ်ပြန်
ထားဝယ်တိုင်းရင်းသားများပါတီမှ ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာထုတ်ပြန်
Written By Live100 on Friday, April 1, 2016 | 9:58 AM
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ တခဲနက်ထောက်ခံမှုဖြင့် အနိုင်ရခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ စတင်အသက်ဝင် အလုပ်လုပ်ကိုင်လာနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထားဝယ်တိုင်းရင်းသားများပါတီက ထုတ်ပြန်အပ်ပါသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသော မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသောဦးခင်မောင်အေးတို့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော်လိုပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကိုဆထက်တပိုးထမ်းဆောင်နိုင်ပါစေကြောင်းဆုတောင်းအပ်ပါသည်။
ယင်းအပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံရသောဦးထင်ကျော်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသောဒေါက်တာလဲ့လဲ့မော်တို့ အတွက်လည်း အထူးဝမ်းမြောက်ပြီးတိုင်းရင်းသားများ၏ အရေးကိုရှေ့ရှုသောဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးတည်ဆောက်ရေးစွမ်းဆောင်နိုင်ပါစေကြောင်းဆုတောင်းလိုက်ပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီအနေနှင့်လည်းအရွေးချယ်ခံအစိုးရ၊ လွှတ်တော် အသီးသီးအပါအ၀င် မိတ်ဖက်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လိုအပ်သလိုပူးပေါင်းဆောင်ရွက်ကာ ပြည်သူများလိုလားတောင့်တနေသော ၀ပြောချမ်းသာသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလေးစားစွာထုတ်ပြန်အပ်ပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီ
ထားဝယ်မြို့။
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template