Headlines News :
Home » » သမ္မတ အာဏာလွှဲပြောင်းမှု အထိမ်းအမှတ် ညစာစားပွဲ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး ဖိတ်ကြားခံရခြင်းမရှိ

သမ္မတ အာဏာလွှဲပြောင်းမှု အထိမ်းအမှတ် ညစာစားပွဲ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး ဖိတ်ကြားခံရခြင်းမရှိ

Written By Live100 on Thursday, March 31, 2016 | 12:15 AM



NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြောက်သည့် သမ္မတဖြစ်သော သမ္မတ ဦးထင်ကျော် ၏ အာဏာ လွှဲပြောင်းရယူနိုင်မှု အထိမ်းအမှတ်အနေဖြင့် နေပြည်တော်တွင် မတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် ကျင်းပမည့် ညစာစားပွဲသို့ တက်ရောက်ရန် နိုင်ငံရေးအင်အားစုများမှာ ဖိတ်ကြားခံရသော်လည်း သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးနှင့် သူ၏ ပါတီဖြစ်သည့် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဖိတ်ကြားခံရခြင်း မရှိကြောင်း SNLD ပါတီ တာဝန်ရှိသူထံမှ သိရသည် ။



"ကျနော်တို့ကို မဖိတ်ဘူးဗျ။ ၈၈ က ကိုမင်းကိုနိုင်ကိုတော့ ဖိတ်တယ်လို့ ကြားတယ် ။ " ဟု ပါတီအထွေထွေအတွင်း ရေးမှူးဦးစိုင်းညွှန့်လွင်က ပြောသည် ။


သမ္မတ အိမ်တော်တွင်ပြုလုပ်မည့် အဆိုပါ ညစာစားပွဲသို့ သမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့မှ တာဝန်ရှိသူအချို့ တက်ရောက်မည်ဖြစ်သော်လည်း တက်ရောက်ရမည့် ပုဂ္ဂိုလ်များအတွက် ဖိတ်ကြားမှုကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတရုံးတာဝန်ရှိသူအချို့ကလည်း အတည်ပြုပြော ဆိုသည် ။


ပရိသတ် ရာနှင့်ချီတက်ရောက်မည့် ညစာစားပွဲသို့ ဒီမိုကရေစီ အင်အားစုအမြောက်မြားတက်ရောက်ဖွယ်ရှိ သော်လည်း ဦးခွန်ထွန်းဦးနှင့် SNLD ပါတီကို ချန်လှပ်ခဲ့ခြင်းမှာ NLD အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် SNLD ဘက်မှ ငြင်းဆန်မှုနှင့် ပတ်သက်နိုင်ကြောင်းလေ့လာသူအချို့ကလည်း သုံးသပ်သည် ။


‘ ဦးခွန်ထွန်းဦးကို ဖိတ်ချင်ရင် တကယ်လို့ နိုင်ငံရေးပါတီအနေနဲ့ မဖိတ်ရင်တောင် တိုင်းရင်းသားခေါင်းဆောင် အနေ နဲ့ သို့မဟုတ် ကာလရှည် ဒီမိုကရေစီ မဟာမိတ်အနေနဲ့ ဖိတ်လို့ ရတာပဲ ‘ ဟု အမည်မဖော်လိုသူလေ့လာသူ တဦးက မေးခွန်းထုတ်သည် ။


၈၈ မျိုးဆက်များကို အဆိုပါ အခမ်းနားသို့ တက်ရောက်ရန် ဖိတ်ကြားရာတွင်လည်း NLD နှင့် ပြေလည်သည့် ကိုမင်းကိုနိုင်တစ်ဦးတည်းကိုသာ နာမည်တပ်၍ ဖိတ်ကြားခဲ့ပြီး တက်ရောက်ခွင့်ရှိသူ အခြားတစ်ဦးမှာ ကိုမင်းကိုနိုင် ထိုင်ရမည့် ထိုင်ခုံနံပတ်နှင့် အမှတ်စဉ် ရာနှင့်ချီကွာဝေးသည့် နေရာတွင် ဖြစ်နေသည် ။


၈၈ မျိုးဆက်ခေါင်းဆောင်များအဖြစ် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို ပြည်သူများက ရှူမြင်ထားပြီး ကိုကိုကြီးမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ချန်လှပ်ခဲ့သည့် နောက်ပိုင်းနိုင်ငံရေးပါတီ တည်ထောင်မည်ဟု ကြေငြာထားခဲ့သူဖြစ်သည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးမှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် SNLD ပါတီဝင်အား ပေးရန် မီဒီယာများကို ပြောဆိုမှုရှိခဲ့ဖူးပြီး NLD မှ ယင်းရာထူးရယူရန်သေချာခဲ့သည့် နောက် SNLD ပါတီမှာ NLD မှ ကမ်းလှမ်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးရာထူး ကို လည်း ငြင်းဆန်ခဲ့ပါသည် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template