Headlines News :
Home » » သက်ငယ်မုဒိမ်းမှုကျူးလွန်သူ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

သက်ငယ်မုဒိမ်းမှုကျူးလွန်သူ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

Written By Live100 on Wednesday, March 30, 2016 | 11:00 PM


Dawei Watch| မော်လမြိုင်၊ မတ် ၂၉


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မင်းရွာကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့က ပြစ်မှုကျူးလွန်သူအား မော်လမြိုင်ခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။


မော်လမြိုင်ခရိုင်တရားရုံး  ပြစ်မှုကြီးအမှတ် (၈၅/၂၀၁၅) ဖြင့် စစ်ဆေးလျှက်ရှိသော ယင်းသက်ငယ်မုဒိမ်းမှုသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (၈) ကြိမ်မြောက် ရုံးချိန်းတွင် အမှုစစ်ရဲအရာရှိအား စစ်ဆေးပြီးနောက် ကျူးလွန်သူဟု ယူဆရသူ အသက် ၄၂ နှစ်ရှိ ဦးသောင်းတင်ဌေးကို ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၇၆ ဖြင့် စွဲချက်တင်ထားခဲ့သည်။


“မော်လမြိုင်ခရိုင် ဒု-တရားသူကြီး ဒေါ်ချယ်ရီခင်ကနေ မုဒိမ်းမှုကျူးလွန်သူ သောင်းတင်ဌေးကို ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၇၆ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ချုပ်ရက်များကို ထုတ်နှုတ် ခံစားစေ ဆိုပြီး အမိန့်ချလိုက်ပါတယ်” ဟု တရားလို ရှေ့နေ ဦးမောင်ရွှေက ပြောသည်။


အဆိုပါအမှုသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့  ည ၈ နာရီအချိန်က အသက် ၁၀ နှစ်အရွယ်ရှိ ကလေးငယ်အား တစ်ရွာတည်းနေ ဦးသောင်းတင်ဌေးဆိုသူမှ လက်ဆွဲခေါ်ဆောင်သွားပြီး ကလေးငယ်အိမ်အနီး လူမနေသောခြံ၏ ခြံစည်းရုံအုတ်တံတိုင်းအနီးတွင် ပါးစပ်ပိတ်၍ သားမယားအဖြစ်ပြုကျင့်နေစဉ် ကလေးငယ်၏ အဖိုးဖြစ်သူက လမ်းဖြတ်သွားစဉ် တွေ့သွားရာမှ ကလေးငယ်က ရုန်းကန်၍ ထွက်ပြေးလာခဲ့ပြီး အိမ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။


အိမ်ရောက်ပြီးနောက် ကလေးငယ်က ငိုယိုနေသဖြင့် မေးမြန်းရာမှ အကြောင်းစုံသိရကာ ဖခင်ဖြစ်သူ ဦးစိုးဝင်း မှ မြိုင်သာယာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ပြီး မြိုင်သာယာနယ်မြေရဲစခန်းမှ (ပ)၁၂၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


လက်ရှိတွင် မော်လမြိုင်ခရိုင်တရားရုံး၌ မော်လမြိုင်မြို့နယ် ကြာအင်ကျေးရွာမှ လေးနှစ်သမီးအား မုဒိမ်းမှု ကျုးလွန်သည့် အမှု၊ မော်လမြိုင်မြို့ စမ်းကြီးရပ်ကွက်က ၄ နှစ်သမီးအား မုဒိမ်းမှု ကျုးလွန်သည့် အမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ၄ မှုကို စစ်ဆေးနေကြောင်း ခရိုင်တရားရုံးထံမှ သိရသည်။


Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template