Headlines News :
Home » , » သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဒေသခံ လူထု ၆၀ ကျော် ဓါးစာခံဖြစ်

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဒေသခံ လူထု ၆၀ ကျော် ဓါးစာခံဖြစ်

Written By Live100 on Tuesday, March 29, 2016 | 11:46 AM

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ နမ့်ခမ်းမြို့နယ် အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့်  ဒေသခံ ၆၀ ကျော် ဖမ်းဆီးခံရမှု လွတ်မြောက်သေးခြင်းမရှိသေးဟု သိရှိရသည် ။



ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာသားများအား အစိုးရတပ်မတော်မှ မတ် ၁၆ ရက်နေ့ကတည်းက ဖမ်းဆီး သွားသည့်ဒေသခံ ၅၀ ခန့်အား သံဃာတော်နှင့်လူထုတို့ စုပေါင်းတောင်းဆိုမှုကြောင့် ၁၂ ဦးပြန်လည် လွတ် မြောက်လာသည်ဟု ကျောက်မဲရောက် ဦးပေါ့လွေးအမ်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


“ ကျနော့်အစ်ကိုက အခုထက်ထိ ပြန်မလာသေးဘူး။ ဗမာစစ်သားတွေက သူ့ကို ပလောင်စစ်သားလို့ ပြော တယ် ။ ပခုံးမှာ သေနတ်ထမ်းတဲ့အရာတွေ့တယ် ။ ခြေဖနောင့်ကလဲ လယ်ယာလုပ်သူခြေဖနောင့် မဟုတ်လို့ တဲ့ ။ သူ့မှာက ကျန်းမာရေးမကာင်းဘူး ဗိုက်ပူတယ်။ အသည်းရောင်အသားဝါ ရှိတယ်လေ ၊ မမေးမမြန်းဘဲ ဇွတ်လုပ်ဇွတ်ဖမ်း စွပ်စွဲတာတော့ မကောင်းဘူး အမြန်ဆုံးလွတ်ပေး စေချင်တယ် ”- ဟု ပြောသည် ။


TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ၂၀၁၅  နိုဝင်ဘာ ၂၇ ရက်နေ့က နမ့်ခမ်း မြို့နယ် မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ဒေသခံ ၁၂ ဦးအား သံဃာတော်များ ၊ ဒေသခံ စာပေယဉ်ကျေးမှု များစုပေါင်း တောင်းဆိုသော်လည်း ပြန်လည်လွတ်မြောက်လာ ခြင်းမရှိသေးဘူးဟု အဖမ်းခံရသူ၏ သမီးဖြစ်သော နန်းအေးအိုင် ကပြောပါသည် ။


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ နိုင်ငံခြား ဆက်ဆံရေး ဌာနမှူးတာ့ပန်းလှက TNLA မှ  ဒေသခံလူထုများအား ဖမ်းဆီးထားခြင်း မရှိကြောင်း ၊ ဖမ်းဆီးသည့် ပေါ်လစီလဲ မရှိကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည် ။


၂၀၁၆ ဖေဖေါ်ဝါရီလ ၇ ရက် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသား လွတ်မြောက် ရေး  တပ်မတော် PSLF/TNLA ကြားဖြစ်ပွားသော တိုက်ပွဲအပြင်းအထန်ဖြစ်ပွားစဉ်ကလည်း RCSS မှ ဒေ သခံ ရ အားဖမ်းဆီးသွားသည်ဟု TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်သည် ။


RCSS/SSA ထုတ်ပြန်ချက်တွင်မူ တိုက်ပွဲအတွင်းဖမ်းဆီးခံရသည့် TNLA တပ်ဖွဲ့ဝင်များအား လူထု အရှေ့ သံဃာတော် အရှေ့မှောက်တွင် ဖေဖေါ်ဝါရီ ၁၀ က ပြန်လည်လွှတ်ပေးလိုက်သည်ဟု ထုတ်ပြန် ထားသည် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template