Headlines News :
Home » » လိမ္မော်အရသာ ယာဘစိတ်ကြွဆေးပြားအန္တရာယ် ထိုင်းရဲ သတိပေးချက်ထုတ်ပြန်

လိမ္မော်အရသာ ယာဘစိတ်ကြွဆေးပြားအန္တရာယ် ထိုင်းရဲ သတိပေးချက်ထုတ်ပြန်

Written By Live100 on Sunday, March 27, 2016 | 1:24 PM


တားမြစ်ယာဘစိတ်ကြွ မူးယစ်ဆေးဝါးတွေပါဝင်တဲ့ လိမ္မော်အရသာနဲ့ ဆေးလုံး ပုံစံထုတ်လုပ်ထားတဲ့ ထုတ်ကုန်အသစ်တမျိုးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆယ် ကျော်သက်လူငယ်တွေကြား ရေပန်းစားလာမှုကို ရဲတွေက မတ်လ ၂၆ ရက်နေ့က သတိပေးလိုက်ပါတယ်။
ဒီသတိပေးထုတ်ပြန်ချက်ဟာ သစ်သီးရနံ့နဲ့ စိတ်ကြွဆေးပြားတွေနဲ့အတူ စုံတွဲ တတွဲကို ဖမ်းမိခဲ့အပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၇ နှစ်အရွယ် နော့ပွန်ဝါပီဆာနဲ့ ဇနီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မာ ရူလီနမ်ထိုင်ဆောင်တို့ကို နာချော့ခ်ခရိုင်ထဲကဈေးဝယ်စင်တာတခုရှေ့မှာ လိမ္မောရောင် စိတ်ကြွဆေးပြား ၁၃၈ ပြား၊ ဘတ်ငွေ ၈၀၀၀၊ ဆိုင်ကယ်တစီးနဲ့ မိုဘိုင်းဖုန်းတလုံးနဲ့အ တူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဒေသ-၄ခရိုင်ရဲဌာနမှ ဗိုလ်ချုပ် ယန်ယွန်းဘက်အော်ဆော့တ်က ထိုင်းနိုင်ငံအ နောက်မြောက်ပိုင်း ဆယ်ကျော်သက်လူငယ်တွေကြားမှာ မက်သဖက်တမင်းမူးယစ် ဆေးကို ပုံစံပြောင်းထားတဲ့ လိမ္မော်အရသာဆေးပြားတွေဟာ ကျယ်ပြန့်လာပြီး ဒေသ တွင်း တရားမ၀င်မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေလုပ်ဆောင်ကြဖို့ အမိန့်ထုတ်ပြန်ထား တယ်လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ စုံတွဲက သူတို့ဟာ လိမ္မော်အရသာနဲ့ မက်သဖက်တမင်းစိတ်ကြွ ဆေးပြား ၂၀၀၀ ကို မဟာဆာရက်ခ်ခန်မှာ ရောင်းချဖို့သယ်လာတာဖြစ်ပြီး အများစုကို အဖမ်းမခံရခင်က ရောင်းလိုက်ပြီးပြီလို့ ပြောပါတယ်။
သူတို့ဟာ ဒီဆေးပြားတွေကို ဘန်ကောက်မြို့၊ တရားမ၀င်မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချရာ ဖရာခနောင်အရပ်က သူငယ်ချင်းတဦးဆီက ယူလာခဲ့တာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

ဒီမူးယစ်ဆေးဝါးဖြန့်ဖြူးသူတွေဟာ မဟာဆာရက်ခ်ခန်နဲ့ ခွန်ခရန်ဒေသတွေ မှာ ရောင်းချကြတာဖြစ်ပြီး ရဲတွေအနေနဲ့ တခြားရောင်းဝယ်ဖောက်ကားသူတွေရဲ့ ကွင်း ဆက်ကို ခြေရာခံနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template