Headlines News :
Home » » သမ္မတ ဦးထင်ကျော် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း

သမ္မတ ဦးထင်ကျော် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း

Written By Live100 on Wednesday, March 30, 2016 | 9:55 PM


လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ ...

ဒီပြည်ထောင်စု လွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဖြစ်ရပ်ကြီး ဖြစ်တဲ့အတွက်
 ကျွန်တော် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့အညီ ကျွန်တော်က ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရ၊ အစိုးရအဖွဲ့များဟာ
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အခု အစိုးရသစ် အနေဖြင့် အောက်မူဝါဒများဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေး
 ပြည်သူလူထု အများစုရဲ့ လူနေမှုဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျား...

ဒီနေ့ ဒီအချိန်မှာ တင်ပြလိုတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီ အချိန်က ကျွန်တော်ဟာ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီး ဖြစ်ပါတယ်။
 အဲဒီ ကတိသစ္စာကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာ ဖြစ်ပါတယ်။
 ဒါ့အပြင် နိုင်ငံတော်နှင့် သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာအောင်
ဆောင်ရွက်ရမယ့် တာဝန် ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့
 ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာရေးအတွက် စိတ်ရှည်သီးခံပြီး ဆောင်ရွက်သွားရမှာကိုလည်း နားလည် ထားပါတယ်။

နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့
 မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း
 အလေးအနက် ပြောကြားလိုခြင်း ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိဘဝ
 လမ်းကြောင်းကို ဖြောင့်တန်းစွာ ဆောင်ရွက်နိုင်ကြပါစေ။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template