ရခိုင်ပြည်နယ်အတွင်းအရေးပေါ် အခြေအနေကြေညာထားထားတာကို သမ္မတ ဦးသိန်းစိန်က
အစိုးရသက်တမ်း ကုန်ခါနီးရက်ပိုင်းအလိုမှာ ပြန်လည်ရုပ်သိမ်းကြောင်း မတ်လ ၂၈
ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို
ထိပါးအန္တရာယ်ပြုမယ့် အခြေအနေမရှိတော့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရဲ့
တင်ပြချက်အရ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ဥပဒေကဲ့သို့
အာဏာတည်တဲ့ အမိန့်အမှတ်၊ ၁/၂ဝ၁၂ ကို ရုပ်သိမ်းလိုက်တာလို့
ကြေညာချက်မှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လူအုပ်စု နှစ်ခုအကြား
ပဋိပက္ခအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တဲ့အတွက် ပြည်သူတွေရဲ့
အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမယ့် အခြေအနေပေါ်ပေါက်ခဲ့တဲ့အတွက်
အရေးပေါ်အခြေအနေကြေညာထားခဲ့တာဖြစ်ပါတယ်။
DVB