ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်
တာဝန်ပေးအပ်ဖို့ ရည်ရွယ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ
ဥပဒေမူကြမ်းကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ
တပ်မတော်သားအမတ်တွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက မဲခွဲဆုံးဖြတ်
အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေမူကြမ်းကို အတည်ပြုပေးဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း
ကော်မတီဝင် ဦးအောင်ကြည်ညွန့်က လွှတ်တော်မှာ အဆိုတင်သွင်းပြီး
တပ်မတော်သားအမတ်က ကန့်ကွက်တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၃၇ မဲ
ကန့်ကွက်မဲ ၇၀ ကြားနေမဲ ၂ မဲနဲ့ အဆိုကို အတည်ပြုလိုက်တာဖြစ်ပါတယ်။
DVB