Headlines News :
Home » » နိဗ္ဗာန်ဈေးမှာ မင်းကိုနိုင်တို့ဆွဲတဲ့ပို့စကတ် $ 200 နဲ့ အရောင်းထွက်

နိဗ္ဗာန်ဈေးမှာ မင်းကိုနိုင်တို့ဆွဲတဲ့ပို့စကတ် $ 200 နဲ့ အရောင်းထွက်

Written By လွင့်မောင်မောင် on Monday, August 27, 2012 | 11:39 AM


သတင်းနှင့်ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ
~

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုပေါ်ဦးထွန်း (မင်းကိုနိုင်)၊ ကိုဂျင်မီတို့ ပူးပေါင်းဆွဲသည့် ပို့စကတ်တခုကို စနေနေ့က ရန်ကုန်မြို့ နိဗ္ဗာန်ဈေးပွဲတော်တခုအတွင်း လေလံတင်ရောင်းချရာ အမျိုးသမီးငယ်တဦးက ဒေါ်လာ ၂၀၀ဖြင့် ၀ယ်ယူသွားသည်။

ကချင်နှင့်ရခိုင်ဒေသရှိကလေးငယ်များ ပညာရေးရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်ကို တော်ဝင်စင်တာတွင် ပြုလုပ်စဉ် ထိုသို့ ၀ယ်ယူသွားခြင်းဖြစ်သည်။

ဈေးပွဲတော်တွင် ရရှိသည့် အလှူငွေစုစုပေါင်း ကျပ်သိန်း၅၀ ခန့်ကို ကချင်နှင့်ရခိုင်ဒေသ ကလေးငယ်များ၏ ပညာရေးအတွက်သုံးမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲကို ရန်ကုန်အခြေစိုက်ပရဟိတလူငယ်အဖွဲ့ ၁၇ဖွဲ့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်သည်။

ဓါတ်ပုံအရိုက်ခံအရုပ်များပုံစံ သရုပ်ဆောင်ထားသူများ နှင့် ဓါတ်ပုံအရိုက်ခံနေသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ

လူငယ်များနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်

လေလံတင်မည့် ပို့စကတ်ကို ပူးပေါင်း ရေးဆွဲနေသည့် ၈၈ မျိုးဆက်ခေါင်းဆောင်နှစ်ဦး

ပို့စကတ်ကို ဒေါ်လာ ၂၀၀ဖြင့် ၀ယ်ယူသွားသူ ညီအစ်မ


ဆိုင်ခန်းများကို လိုက်လံ အားပေး ကြည့်ရှုနေသော ၈၈ မျိုးဆက်ခေါင်းဆောင်



၈၈ ခေါင်းဆောင်နှင့် လူငယ်အဖွဲ့ကပေးသည့် လွယ်အိတ်လက်ဆောင်

လွယ်အိတ်တွင် မြင့်မြတ်တဲ့စစ်ပွဲဆိုတာ ဘယ်တော့မှ မရှိသလို ဆိုးဝါးတဲ့ငြိမ်းချမ်းရေးဆိုတာလည်း ဘယ်တော့မှ မရှိပါဘူး ဟု ရေးထိုးထားသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template