Headlines News :
Home » » အာဖဂန်နစ္စတန်နိုင်ငံတွင် တောင်ပြို၊ လူ ၁၀၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် တောင်ပြို၊ လူ ၁၀၀ ကျော် သေဆုံး

Written By လွင့်မောင်မောင် on Saturday, May 3, 2014 | 10:58 PM

 
အာဖဂန်နစ္စတန်မြောက်ပိုင်း တောင်ထူထပ်ပြီး သွားလာရခက်ခဲတဲ့ ဘာသာကရှန် Badakhshan ပြည်နယ်တခုမှာ မေ ၂ ရက်နေ့မနက်က တောင်ပြိုကျပြီး လူရာကျော်သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

တပတ်ကြာ မိုးအသည်းအသန် ရွာခဲ့တာကြောင့် မြေပျော့ပြီး အခုလို တောင်ပြိုကျခဲ့တာ ဖြစ်တယ်လို့ ပြောဆိုပြီး ရွာသားတွေဟာ ကိုယ်ပိုင်ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ပဲ ရွံ့တွေ၊ ကျောက်တွေ အောက်ပိနေသူတွေကို ရှာဖွေနေကြရတယ်လို့ အာဏာပိုင်တွေက ဆိုကြပါတယ်။

မြေအောက်ပိနေတဲ့လူတွေကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ အာဏာပိုင်တွေက ဆိုကြပါတယ်။ ဘာသာကရှန်ပြည်နယ် ရဲမင်းကြီးက တောင်ပြိမှုကြောင့် ထိခိုက်သူပြည်သူတွေကို ထောက်ပံ့ကူညီကြဖို့ အာဖဂန်ဒေသခံတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အာဖဂန်အစိုးရက အကူအညီတောင်းခံခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ကြိုးစားကြပေမယ့် တပတ်ကြာ မိုးရွားသွန်းထား တာကြောင့် သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသဖြစ်နေလို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ကဘူလ်းမြို့တော်က ကုလသမဂ္ဂရုံးကတော့ တောင်ပြိုမှုဖြစ်ပွားတဲ့ဒေသအထိ လမ်းကြောင်းက ပွင့်နေပေမယ့် ကယ်ဆယ်ရေးယာဉ်တန်းတွေ၊ ၀န်ချီစက်တွေ သွားဖို့ကတော့ အဆင်မပြေဘူးလို့ ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းကူညီထောက်ပံ့ရေးရုံးကတော့ သေဆုံးသူဦးရေ ၃၅၀ လို့ ဆို ထားပြီး အပျက်အစီးနဲ့ ထိခိုက်သေဆုံးစာရင်းအတိအကျကို သိနိုင်ဖို့ အချိန်ယူရအုံးမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၁၀၀ ကျော်ကိုလည်း ဆေးကုသမှုတွေပေးနေတယ်လို့ ဘာသာကရှန် ဒုရဲမှူးကြီးက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ နေတိုးတပ်တွေ တောင်ပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ဖို့ အာဖဂန်အာဏာပိုင်တွေနဲ့ ညိနှိုင်းနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template