Headlines News :
Home » » လယ်တီ သိမ်တော်နဲ့ စေတီကို ဖြိုဖျက်လိုက်ပြီ

လယ်တီ သိမ်တော်နဲ့ စေတီကို ဖြိုဖျက်လိုက်ပြီ

Written By လွင့်မောင်မောင် on Thursday, May 1, 2014 | 8:39 PM

lpt-monastry305.jpg
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦး ကိုတွေ့ရစဉ်
photo: Internet

တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက်ပြီလို့  သတင်းရရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  ဒေသခံ ဆရာတော် အရှင် စန္ဒာသီရိကRFA ကိုမိန့်ပါတယ်။
"လုပ်ကွက်ထဲမှာပါတဲ့ ဦးဇင်းတို့လို တစ်ယောက်ပေါ့နော် သူကနေပြီးတော့ ဘုရား ပန္နတ်တွေကို မနေ့ညကပဲ ဖျက်ဆီးပစ်လိုက်ပြီ ငုတ်တိုတွေပဲ ကျန်တော့တယ်လို့ သတင်းလှမ်း ပို့တယ်ဗျ "
အဲဒီ လယ်တီသိမ်ကိုမဖျက်ဆီးဖို့ ဒေသခံတွေ ကန့် ကွက်တောင်းဆိုခဲ့ကြသလို၊ စုံစမ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာလဲ စီမံကိန်းမလွတ်လို့ ဆိုရင် မူလ ပုံစံမပျက်ရွှေ့ ပြောင်းပေးရမယ်လို့  အကြံပြုထား ပါတယ်။ ဒါပေမယ့် ဒေသခံလူထုရော၊ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုပါ လျစ်လျူရှုပြီး ဖြိုချလိုက် တာဖြစ်တယ်လို့ ဒေသခံ ဆရာတော် အရှင်စန္ဒာသီရိကမိန့်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template