ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာတွင် ၁-၅-၂၀၁၄ ရက်နေ့
ညနေ(၆)နာရီ အချိန်ခန့်က လေပြင်း တိုက်ခတ်ပြီး မိုးများသည်းထန်စွာ
ရွာသွန်းခဲ့ရာ မူလတန်းလွန် စာသင်ကျောင်း အပါအ၀င်ပျက်စီးသွားသော
နေအိမ်(၉၅)လုံး နှင့် အိမ်ခေါင်မိုး ပျက်စီး သွားသော နေအိမ်(၉၇)လုံး
စုစုပေါင်း(၁၉၂)လုံးဆုံးရှုံးသွားခဲ့ပြီး လျှပ်စစ်မီးကျောက်တိုင်များ
ပြိုလဲသွား ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကျေးရွာသို့ ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ
ဝန်ကြီးဗိုလ်မှူးကြီးသက်ထွန်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး
ဝန်ကြီးဦးရဲမြင့်ထွန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့်
ဦးစောမော်ထွန်း၊ ဦးကြင်သိန်းနှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး
လေဘေးသင့်ပြည်သူများအားပေးစကားများပြောကြား၍လိုအပ်ချက်များကို ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုးများကို
စီစစ်ဆောင်ရွက် နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ကိုသန့် ဇင်
BY THIT HTOO LWIN