Headlines News :
Home » » လယ်သမား အစည်းအရုံး ဖွဲ့စည်းရေး ကျောက်ဖြူ ရခိုင်ညီလာခံမှာ အဆိုတင်သွင်း

လယ်သမား အစည်းအရုံး ဖွဲ့စည်းရေး ကျောက်ဖြူ ရခိုင်ညီလာခံမှာ အဆိုတင်သွင်း

Written By လွင့်မောင်မောင် on Thursday, May 1, 2014 | 8:51 PM

rakhine-conference-305
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံ ၄ ရက်မြောက်နေ့ကို မြင်ရစဉ်
photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ရဲ့ လူဦးရေအများစုဖြစ်တဲ့ လယ်သမား အရေးကို ရခိုင်အမျိုးသား ညီလာခံမှာ တက်ရောက်နေ ကြတဲ့ ပါတီတွေ အဖွဲ့အစည်းတွေက ဆွေးနွေးကြဖို့ နဲ့ လယ်သမားအရေးကို ကိုယ်စားပြု တောင်းဆိုနိုင်မယ့် အစည်းအရုံး ဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ကျင်းပနေတဲ့  ရခိုင်အမျိုးသား ညီလာခံမှာ အဆို တင်သွင်းခဲ့ပါတယ်။
ဦးဖေသန်းဟာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်း ဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်ဖြစ်ပြီး ဒီနေ့ သူတင်သွင်းခဲ့တဲ့ အဆိုနဲ့ပတ်သက်ပြီး အခုလို ပြော ပါတယ်။
"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျနော်တို့ ရခိုင်ပြည် နယ်ရဲ့ အတိုင်းအတာကို ကျနော့်အနေနဲ့ လယ်သမား အစည်းအရုံးပေါ်ပေါက်ရေးကို ဒီညီလာခံမှာ အဆိုတင်သွင်းနေခြင်းဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၇ဝ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမားတွေကို တက်လာတဲ့ အစိုးရတွေ၊ပါတီတွေက ဥပေက္ခာပြုထား ပြီးတော့ တောင်သူလယ်သမား အကျိုးစီးပွါးကို မဆောင်ရွက်နိုင်ဘူးဆိုရင် လယ်သမားလူထုကလည်း အဖွဲ့ အစည်းတွေက ဖွဲ့စည်းပြီးမှ ကျနော်တို့ရဲ့ ညီညွတ်မှုနဲ့ လယ်သမားတွေရဲ့ ညီညွတ်မှုနဲ့ ဒီအစိုးရတွေ ပါတီတွေကို ကျနော်တို့ တောင်းဆိုတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်"
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရခိုင်တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေ တသီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်နေတဲ့ ရခိုင်အမျိုးသားညီလာခံကို ဒီနေ့ ၄ ရက်မြောက်နေ့အဖြစ် ကျင်းပနေတာပါ။
ဒီနေ့မှာ ရခိုင်ပြည်နယ် အမျိုးသားနေ့သတ်မှတ်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စာတမ်း ၁ဝ စောင်ကျော်လောက်ကိုလည်း ဖတ်ကြားတင်သွင်းခဲ့ကြပါတယ်။
မနက်ဖြန် ညီလာခံ နောက်ဆုံးနေ့မှာ ၄ ရက်ကြာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေညာသွား မှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း တက်ရောက် မယ်လို့လည်း သိရပါတယ်။
၅ ရက်ကြာကျင်းပနေဆဲ ရခိုင်ညီလာခံအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေး ပို့ထားတာ နားဆင်နိုင်ပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template