Pages

Saturday, February 15, 2014

ပျဉ်းမနား ရဲအချုပ်ခန်း ရုန်းရင်းဆန်ခတ်မှု ပစ်ခတ်နှိမ်နင်း


နေပြည်တော် ပျဉ်းမနားမြို့က ရဲတပ်ဖွဲ့အချုပ်ထောင်မှာ ဒီကနေ့ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက် ထိန်းသိမ်းရာမှာ အချုပ်သားတစ်ဦး ဒါဏ်ရာရခဲ့ပါတယ်။

အချုပ်သားတစ်ဦးကို ရဲတပ်ဖွဲ့က အချုပ်ခန်းအတွင်းပြန်ပို့စဉ် ကျန်တဲ့အချုပ်သားတွေက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတာကနေ စတင်ခဲ့တာဖြစ်ကြောင်း ပျဉ်းမနားမြို့ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ၀င်းစိန် က ပြောပါတယ်။

“အဲဒီမှာ တရားခံတစ်ယောက်ရှိတယ်၊ အဲဒီကောင်က အချုပ်သံတိုင်နဲ့ သူ့ဘာသာသူ ခေါင်းဆောင့်တယ်၊ ခေါင်းကွဲသွားတယ်၊ ကွဲသွားတော့ ရဲကဒဏ်ရာရတယ်ဆိုပြီး ဆေးရုံပို့လိုက်တယ်၊ ပို့ပြီး ပြန်ခေါ်လာတဲ့အချိန်မှာ အချုပ်ထဲပြန်သွင်းလိုက်တော့ ထွက်ပြေးဖို့ကြိုးစားတယ်ပေါ့၊ ရုန်းပြီးထွက်ပြေးတဲ့အခါမှာ သူ့ကိုလိုက်ဆွဲတော့ ဆွဲလားရမ်းလားလုပ်တဲ့အခါမှာ အထဲက နည်းနည်းဆူပူလိုတဲ့သူလည်း ရှိတာပေါ့၊ ဘာအမှုလဲတော့ မသိဘူး၊ ဟေ့ကောင် မင်းတို့ရဲတွေ ဘာဖြစ်တယ် ညာဖြစ်တယ် မတရားမလုပ်နဲ့ ထုံးစံအတိုင်းပေါ့ လှမ်းအော်တဲ့အခါမှာ ဟိုဘက်အခန်းကလည်း ဘာဖြစ်တယ် ညာဖြစ်တယ် ဖြစ်လာပြီးတော့မှ နည်းနည်း ရုန်းရင်းဆန်ခတ်လုပ်တဲ့သဘောပါ၊ အဲလိုဟာကို အခွင့်အရေးယူပြီးတော့ ပြေးချင်တဲ့ကောင်က မီးတွေဘာတွေ ကောက်ရှို့ပြီးတော့ အမှန်တော့ပြေးချင်တာ”

ပျဉ်းမနားမြို့ အချုပ်ခန်းဟာ အချုပ်သား ၆၀ ကျော်လောက်သာ ထားရှိနိုင်တဲ့ အချုပ်ခန်းဖြစ်ပေမယ့် လက်ရှိမှာ အချုပ်သား ၃၀၀ နီးပါးရှိုပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၃ လောက်သာ ရှိပါတယ်။

RFA Burmese

နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ နိုင်ငံသားတစ်ဦးချင်းစီက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာ ဒီနေ့ ၂ ရက်မြောက်နေ့အဖြစ်ကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်မှာ “စကားစမြည်” လို့ အမည်ပေးထားတဲ့ ဆွေးနွေးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ စာပေပွဲတော် ဦးဆောင်ဆွေးနွေးသူ Mrs. Dame Joan Bakewell က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ချင်ပါသလဲလို့မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို နားလည်စေချင်တာက တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် တစ်ပါးသူတစ်ဦးဦးက လာရောက်ကြိုးစားပေးမယ်လို့ မျှော်လင့်မနေဘဲ အပြောင်းအလဲအတွက် နိုင်ငံသား တစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုကို တိုင်းပြည်အတွက် ပေးအပ်ဖို့လိုအပ်ကြောင်း၊ လူတိုင်းမှာ တိုင်းပြည်အတွက် တာဝန်ကိုယ်စီရှိကြောင်း၊ အများအတွက် စဉ်းစားတတ်တဲ့ တာဝန်သိစိတ်ရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခန်းဟာ ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ ဦးသန့်မြင့်ဦးကလည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဆုံရာ ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပထ၀ီနိုင်ငံရေး စာအုပ်အကြောင်း ဟောပြောခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ ဧရာဝတီ စာပေစကားဝိုင်းကို ပြည်တွင်း ပြည်ပ စာရေးဆရာတွေ နယ်ပယ်အသီးသီးက ပညာရှင်တွေ စုစုပေါင်း ၅၄ ဦး တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

RFA Burmese

ဧရာဝတီစာပေပွဲတော် လူသူပြည့်နှက်


မန္တလေးမြို့မှာ ကျင်းပနေတဲ့ ဧရာဝတီ နိုင်ငံတကာ စာပေပွဲတော် ဒုတိယနေ့ မှာတော့ ပွဲတော်ကျင်းပရာ မန္တလေးဟေး ရီဆော့ ဟိုတယ်မှာ ဧည့်ပရိတ်သတ် တွေ ပြည့်နှက် နေပါတယ်။

ဒီကနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီ စာပေပွဲတော်မှာ ဆွေးနွေး ဟောပြောမယ် ဆိုလို့ မနက်အစောကြီး ကတည်းက NLD ပါတီဝင်တွေနဲ့ ဧည့်ပရိသတ်တွေ ဟိုတယ် အဝင် လမ်းတလျှောက် စောင့်ဆိုင်း နေခဲ့ကြပါတယ်။

စာပေ ပွဲတော် ဒုတိယနေ့မှာ နာမည်ကြီး တရုတ် စာရေးဆရာမ jung chang ၊ မြန်မာပြည်ဖွား အင်္ဂ္လန်က စာရေးဆရာမ ဝင်ဒီလောရုံ စတဲ့ နိုင်ငံတကာ စာရေးဆရာတွေ တက်ရောက် သလို ဦးသော်ကောင်း၊ ဦးနေအုတ်၊ ကောင်းသန့်၊ သန့်မြင့်ဦး စတဲ့ ပညာရှင်တွေ လည်း တက်ရောက်ပြီး ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်က ဝါရင့် သတင်းထောက် ဖာဂယ်ကင်း တို့အဖွဲ့က မြန်မာ သတင်းထောက် တွေ အတွက် သတင်း ထုတ်လွှင့် တင်ဆက်မှုနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားစမြည် ဆိုတဲ့ အစီအစဉ်မှာတော့ အစီအစဉ် တင်ဆက်သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝပုံရိပ် တချို့ကို မေးမြန်းခဲ့ ပါတယ်။

ဒီအစီစဉ်မှာ မြန်မာပြည်ရဲ့ အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဖြစ်စေချင် သလဲ ဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်း စုကြည်က အမှန်တကယ် စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုး စည်ပင်တဲ့ တိုင်းပြည်ကို လိုချင်တယ် ဆိုရင် အဲ့ဒီ တိုင်းပြည်ကို တည်ဆောက်တဲ့ နေရာမှာ ကိုယ်တိုင် ပါဝင်ဖို့ လိုတယ် ဆိုတာ နားလည် သဘောပေါက် တဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်စေချင် တာပါလို့ ဖြေသွားပါတယ်။

တစုံတယောက် အပေါ်မှာဘဲ မျှော်လင့်ချက် ထားပြီး ဘာမှမလုပ် ဘဲ နေတာထက် ကိုယ်တိုင် ကိုယ်ကျ ပါပြီး တည်ဆောက် ယူတာမျိုး ဖြစ်စေချင်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်း ကို အကျိုးပြုမယ့် တာဝန်ယူ စိတ်မျိုး လူတိုင်း ရှိကြဖို့ ဒေါ်စုက ပြောသွားပါတယ်။

ခုလို နိုင်ငံတကာ က စာပေပညာရှင် တွေနဲ့ ထိတွေ့ခွင့် ရတဲ့အတွက် လူငယ်တွေ အကျိုးကျေးဇူး တွေ ရနိုင်တယ်လို့ ဆိုကြပေမယ့် ဒီပွဲကို လူငယ်တွေ စိတ်ဝင်စားမှု နည်းတာ တွေ့ရတဲ့ အကြောင်း ဒီပွဲမှာ ကမ္ဘာကျော် ဝတ္ထုများမှ ကမ္ဘာကျော် ရုပ်ရှင်များ သို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောမယ့် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ခုလိုဆိုပါတယ်။

ခုကျင်းပနေတဲ့ ဧရာဝတီ စာပေပွဲတော်မှာ လက်ရောက်ကြတဲ့ စာရေးဆရာကြီး တွေရဲ့ ရောင်းအား အကောင်းဆုံး စာအုပ်တွေကိုလည်း ရောင်းတဲ့ စာအုပ် ဈေးပွဲတော် လည်း ခင်းကျင်း ထားပါတယ်။

မနက်ဖြန် မှာတော့ နာမည်ကြီးစာရေးဆရာတွေဖြစ်တဲ့ နွမ်ဂျာသိုင်း၊ မိချမ်းဝေ၊ ရွှေကူမေနှင်း စတဲ့ နာမည်ရ စာရေးဆရာတွေ လည်း တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မန္တလေးဟေးရီဆော့ ဟိုတယ်မှာ ဧည့်ပရိတ် သတ်တွေ ပြည့်နှက်

မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာ၌ နေအိမ်နှစ်လုံး မီးလောင်

 
ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေသည့် ဒုချီးရားတန်း (အလယ်) ဘင်္ဂါလီကျေးရွာနှင့်နီးကပ် စွာတည်ရှိနေသည့် ဂေါ်ဒူသာရကျေး ရွာတွင် ဖေဖော်ဝါရီ ၇ ရက်နံနက် ဝဝး၎ဝ နာရီတွင် မီးလောင်မှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ နေအိမ်နှစ်လုံးမီးလောင် ခဲ့ပြီး တန်ဖိုးကျပ်သိန်း ၄ဝ ခန့် ဆုံး ရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဂေါ်ဒူသာရကျေးရွာရှိ အဒူ ဂေါ်ဖား အသက် ၇ဝ(ဘ) မာမတ်အာ မောက်၏ နေအိမ်မှစတင်ကာ မီး လောင်ကျွမ်းခဲ့ရာ အနီးရှိဘော်ရှူ ရော်ဇန် အသက် ၄၅ နှစ် (ဘ)ဒူဒူမျှာ ၏နေအိမ်သို့ပါ ကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ အရ မီးဖိုရှိမီးကြွင်းမီးကျန်မှ လောင် ကျွမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီကျေးရွာနှင့် အနီးပတ် ဝန်းကျင်တွင် မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဘင်္ဂါလီကျေးရွာများနှင့် နီးကပ်စွာ တည်ရှိနေသည့် တိုင်းရင်းသားကျေး ရွာများမှာ စိုးရိမ်ထိတ်လန့်မှုများပိုမို များပြားလာကြောင်း ခရေမြိုင်ကျေး ရွာ၊ ကင်းချောင်းကျေးရွာနှင့် သရေ ကုန်ဘောင်ကျေးရွာများမှ ဒေသခံ များက ပြောကြားသည်။ ဇန်နဝါရီ ၂၈ ရက်ကလည်း ဒုချီးရားတန်းအ နောက်ရွာတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၆ လုံးလောင် ကျွမ်းသွားကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် လူ နှင့်တိရစ္ဆာန်ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်းနှင့် မီး လောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မောင် တောမြို့မရဲစခန်းမှ (ပ)၂၂/ ၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိ ရသည်။


[ ညိုသဏ်း ( မောင်တော) ]
Yangon Media Group

ကမ္ဘာတလွှား ချစ်သူများနေ့


ဖေဖော်ဝါရီလ ၁၄ ရက် သောကြာနေ့ဟာ ကမ္ဘာတ၀န်းမှာ ချစ်ခြင်းမေတ္တာတရားရဲ့နေ့ Valentine’s Day အဖြစ် သိကြတဲ့နေ့ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ် (Francis) ဟာ လက်ထပ်တော့မယ့် စုံတွဲ ထောင်ပေါင်းများစွာနဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စိန့်ပီတာရင်ပြင်မှာ တွေ့ဆုံပြီး အမေးအဖြေလုပ်ခဲ့ပါတယ်။ ချစ်ခြင်းကိုထိန်းသိမ်းနိုင်တဲ့ လျှို့ဝှက်ချက်ကတော့ တစ်ဦးပေါ်တစ်ဦး အေးချမ်းစွာ ဖေးမ ထောက်ကူတာမျိုး မလုပ်တဲ့ နေ့မျိုး တစ်နေ့မှ မရှိတာပဲဖြစ်တယ်လို့ ပုပ်ရဟန်းမင်းက စုံတွဲတွေကို ပြောခဲ့ပါတယ်။

တရုတ်ပြည်မှာ သောကြာနေ့ဟာ ဗယ်လင်တိုင်းနေ့ဖြစ်သလို တရုတ် မီးပုံးထွန်းပွဲတော်ရက်လည်းဖြစ်တာမို့ တရုတ်စုံတွဲတွေ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲကြပါတယ်။ အထိမ်းအမှတ်နေ့နှစ်မျိုး ဒီလို တစ်ရက်ထဲမှာကျတာဟာ ၁၉ နှစ်မှာမှ တစ်ကြိမ် ကြုံရတာ ပါ။ ဒါပေမဲ့လည်း ဗယ်လင်တိုင်းနေ့ဟာ ချစ်သူစုံတွဲတွေကြားက အချစ်မျိုးကိုပဲ ကန့်သတ်ထားတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ တ၀န်းက လူပေါင်းများစွာဟာ သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေအပေါ် ချစ်ခြင်းမေတ္တာကိုလည်း ဖော်ပြ ပြောဆိုကြပါ တယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အဲဒီ အထိမ်းအမှတ်နေ့အတွက် သကြားလုံးတွေ၊ အမှတ်တရကဒ်ပြားတွေ၊ ပန်းတွေနဲ့ တခြား အမှတ်တရပစ္စည်းတွေအတွက် စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁,၇၀၀ ကျော်ကို သုံးစွဲကြလိမ့်မယ်လို့ အမျိုးသားလက်လီအဖွဲ့ချုပ် က ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကျပ်သိန်းတစ်သောင်းခွဲကျော် ဆုံးရှုံးသည့် တောင်ငူဈေးမီးလောင်မှု ဈေးကော်မတီဝင် နှစ်ဦးနှင့် မီးပြင်သူကို အမှုဖွင့်

 
တောင်ငူ၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျော် ဆုံးရှုံးခဲ့ရသော မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ ဈေး လျှပ်စစ်ကော်မတီဝင် တစ်ဦး၊ ဈေးလုံခြုံရေးကော်မတီဝင် တစ်ဦးနှင့် မီးပြင်သူတစ်ဦး တို့ကို အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြို့မဈေးကြီး လျှပ်စစ်ကော်မတီဝင် ဦးတင်အေးနှင့် ဈေးလုံခြုံရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတင်ထွန်းအောင် တို့၏ တာဝန်ပေးချက်အရ မီးပြင်သူ ဦးထွန်းထွန်းက ဈေးလုံခြုံရေးမီးများ တပ်ဆင်ပြုပြင်ရာမှ ဝါယာရှော့ဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် လုံးဝမီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးလောင်မှု စစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

တောင်ငူမြို့အမှတ် (၁၆) ရပ်ကွက်ရှိ မြို့မဈေး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ ၁၊ မင်္ဂလာရုံ ၂ ၊ မင်္ဂလာကြားရုံ၊ A ရုံ၊ B ရုံ၊ A ကပ်၊ B ကပ်၊ ရုံအမှတ် ၁၊ ၂၊ ၃၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၁၅၉၈၀ သိန်းခန့်ရှိပြီး လူတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှု မရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

"ကျွန်တော့်ဆေးဂိုဒေါင် တစ်ခုလုံး ပါသွားတယ်။ ဘာမှပြန်မရဘူး။ ဆုံရှုံးမှုတန်ဖိုး ကိုတော့ ပြောတောင် မပြောချင် တော့ပါဘူးဗျာ" ဟု မီးလောင်ဆုံးရှုံးခဲ့သူ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

မီးလောင်ခဲ့သော ဆိုင်ခန်းများအတွက် ယာယီဈေး မြေနေရာကို တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်း အ-ထ-က (၂) ကျောင်းပိုင် ဘောလုံးကွင်း မြေနေရာတွင် ယာယီချထားပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားပြီး ၄ နာရီခန့်အကြာတွင် တောင်ငူမြို့ အမှတ် (၂) ရဲစခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

မြို့မဈေးကြီး မီးလောင်မှု မဖြစ်ပွားခင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ညဥ့် သန်းခေါင်ယံ အချိန်ကလည်း အဆိုပါရပ်ကွက် ကုန်သည်ကြီးလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းလေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း တောင်ငူ မြို့ခံများနှင့် ခရိုင် မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ဈေးမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ်-၂ ရဲတပ်ဖွဲ့စခန်းက ဦးတင်အေး၊ ဦးတင်ထွန်းအောင်နှင့် ဦးထွန်းထွန်းတို့ကို (ပ) ၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

“ဝ”လေတပ် ဝေဟင်နှင့် မြေပြင် ခရူးများကို တရုတ်လေ့ကျင့်ပေး

 
(ဆိုသည်HS Jane's 360မှ 11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အနက် အင်အားအကြီးဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် အခြေ စိုက်ကာ နယ်မြေ အတော်များများကို ထိန်းချုပ်ထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးစစ်တပ် UWSA ၏ လေကြာင်းတပ်ဖွဲ့သစ်သည် တရုတ်နိုင်ငံတွင် သင်တန်းတက်မည့် ဒေသခံပိုင်းလော့နှင့် စက်မှုပညာရှင်များကို အားကိုးနိုင်တော့မည်ဟု ရန်ကုန်မီဒီယာ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

တရုတ်နိုင်ငံလုပ် M:17 အမျိုးအစား စစ်ဖက်သုံးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် သက်ဆိုင်သည့် သင်တန်း အစီအစဉ်အတွက် UWSA တပ်ဖွဲ့ဝင် ၃၀ ကို ရွေးချယ်ထားကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တစ်ခုက မကြာသေးမှီက သတင်းထုတ်ပြန်သည်။

မကြာသေးမှီက ရှမ်းပြည် အရှေ့မြောက်ပိုင်း ပန်းဆန်းရှိ UWSA ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ မြန်မာစစ်တပ် (တပ်မတော်) နှင့် အပစ်ရပ်သဘောတူညီမှု ရရန်အားထုတ်နေသော တိုင်းရင်းသားလက်နက်ကိုင် နောက်တစ်ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA သတင်းရပ်ကွက်ကို ကိုးကားကာ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်တွင် အခြေစိုက်သော ဝ တပ်ဖွဲ့ UWSA ထံသို့ တရုတ်နိုင်ငံက M:17 စစ်ဖက်သုံး ရဟတ်ယာဉ်အချို့ကို လာအိုနယ်မြေကို ဖြတ်၍ ပို့ဆောင်ခဲ့သည်ဟု ခိုင်လုံသောသတင်းများ မနှစ်က ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံနှင့် UWSA တို့မူ ၎င်းသတင်းမှားယွင်းကြောင်း ငြင်းဆိုထားကြသည်။

ဒေါင်းမာန်ဟုန်

ရွှေဆိုင် နှင့် အင်းဝဘဏ်တို့တွင် လုယက်မှု ကျူးလွန်ခဲ့သူများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်



နေပြည်တော် ၊ ၁၅-၂-၂၀၁၄

မော်လမြိုင် မြို့နယ် ဇင်းကျိုက် ကျေးရွာ အမှတ်(၉) ရပ်ကွက် အိမ်အမှတ် (၆၈) ဦးတင်မြင့် ရွှေဆိုင်၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေထည့် ထားသည့် မှန်ဗီရိုအား သေနတ်ဒင် ဖြင့် ရိုက်ခွဲ၍ ရွှေဆွဲပြား စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂ဝ ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ဗိုလ်ကြီး အောင်ခန့်မင်း အား စစ်ဘက်ဥပဒေ နှင့်အညီ အကျဉ်း စစ်တရားရုံးချုပ် ဖြင့် စစ်ဆေး ခဲ့ရာတွင်
တရားခံ၏ ဝန်ခံချက်နှင့် သက်သေ ထွက်ဆိုချက် များအရ ပြစ်မှု ထင်ရှားသဖြင့် ၄င်းအား ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် တပ်မတော်မှ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ် နှင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက် အကျဉ်းထောင် တွင်ကျခံ စေခဲ့သည်။

အလားတူ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အင်းဝဘဏ် လီမိတက် (မိတ္ထီလာ ဘဏ်ခွဲ) ၌ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဘဏ်မန်နေဂျာ ဖြစ်သူအား ဓားဖြင့် ထောက်၍ ငွေလုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ ကျူးလွန်သူ ဗိုလ်ကြီး ဝေယံမျိုးကျော် အား စစ်ဘက်ဥပဒေ နှင့်အညီ အကျဉ်း စစ်တရားရုံးချုပ် ဖြင့် စစ်ဆေးခဲ့ ရာတွင် တရားခံ၏ ဝန်ခံချက် နှင့် သက်သေ ထွက်ဆိုချက် များ အရ ပြစ်မှုထင်ရှား သဖြင့် ၄င်းအား ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် တပ်မတော်မှ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ် နှင့် အလုပ် ကြမ်း နှင့်ထောင်ဒဏ် ၈ နှစ်အား နယ်ဘက် အကျဉ်းထောင် တွင် ကျခံစေ ခဲ့ကြောင်း သိရှိရသည်။

Themyawadydaily

ဘန်ကောက် သပိတ်စခန်းတွေကို ရဲက စတင် ဖျက်နေ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လနဲ့ ချီ ဆန္ဒပြ နေတဲ့ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေရဲ့ သပိတ်စခန်းတွေကို ထောင်နဲ့ချီတဲ့ ရဲတွေက စပြီး ဖျက်နေပါတယ်။

အစိုးရရုံး အနီးတဝိုက်က သပိတ်စခန်းတွေကို ဖျက်ရာမှာ ခုခံမှုတွေ မရှိသလောက် ဖြစ်ပေမယ့် တခြားနေရာတွေမှာ ဆန္ဒပြသူတွေရဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် စခန်းတွေကို မရှင်းလင်းနိုင်ခဲ့ပါဘူး။

ဝန်ကြီးချုပ် ယင်လပ် ရှင်နဝပ် အစိုးရကို နှုတ်ထွက်ဖို့ တောင်းဆိုတဲ့ အဲဒီ ဆန္ဒပြသူတွေဟာ အစိုးရ ဝန်ကြီးဌာန အနီးတဝိုက်နဲ့ ဘန်ကောက်မြို့က အဓိကကျတဲ့ လမ်းဆုံ လမ်းခွတွေမှာ ယာယီစခန်းတွေ ချပြီး ပိတ်ဆို့ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။

မစ် ယင်လပ်က နှုတ်ထွက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ကန့်ကွက် ဆန္ဒပြပွဲတွေကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆုကြေးသုံးသိန်း ကြေညာသော်လည်း တစ်သိန်းသာရရှိသည့် မသန်စွမ်းအားကစားမယ်



မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့်(၇)ကြိမ်မြောက် ပါရာဂိမ်း ပြိုင်ပွဲမှာ အမျိုးသမီး ထိုင်လျက် ဘောလီဘောပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်းက ဒုတိယ ငွေတံဆိပ် ရရှိသည်ဟု ပြောသော်လည်း ဆုကြေးငွေမှာ သုံးသိန်း မဟုတ်ဘဲ တစ်သိန်းသာ ရရှိခဲ့သည့်အတွက် အားကစား ပြိုင်ပွဲဝင် အနေဖြင့် ဂုဏ်ပြုရမည်လား ဒုတိယဆုရသူအဖြစ် ဂုဏ်ပြုရမည်လားဟု ဂုဏ်ပြုမည့် သူများက မေးမြန်း နေသဖြင့် မည်သို့ ပြောရမည်မှန်းမသိ ဖြစ်နေကြောင်း ပြိုင်ပွဲဝင် အမျိုးသမီး မချမ်းမြေ့သူက မြန်မာသံတော်ဆင့် သို့ ပြောသည်။

၎င်းက ““သမီးနာမည်က မချမ်းမြေ့သူပါ။ ဒီကစားနည်းကို ခုမှပဲ ကစားဖူးတာ။ ၂၀၁၃ (၆)လ ပိုင်း လောက်ကတည်းက လေ့ကျင့်ခဲ့ရတာပါ။ အင်ဒိုနီးရှားအသင်းနဲ့ သမီးတို့အသင်း သုံးရက်ဆက် ကစားရတယ်။ သုံးရက်လုံး သမီးတို့ မြန်မာအသင်းက အင်ဒိုကို ရှုံးတယ်။ ၂၀-၁-၁၄ ရက်နေ့ သုဝဏ္ဏကွင်းမှာ ဆုချီးမြှင့်တော့ ပထမ ငါးသောင်းပဲပေးတယ်။ ပြိုင်ပွဲဝင် အားလုံးက မကျေနပ်ဘူး၊ အားကစားဆိုရင် နောက်စိတ်မ၀င်စား တော့ဘူးလို့ အားလုံးက ပြောမှပဲ နောက်ထပ် ငါးသောင်းထပ်ပြီး၊ တစ်သိန်းဖြစ်သွားတယ်။ ဘာဖြစ်လို့ ၃ သိန်းမရတာလဲလို့ အားလုံးက ၀ိုင်းမေးတော့ ဒုတိယဆုက အစစ်မဟုတ်ဘူးတဲ့ … ဒါကြောင့် တစ်သိန်း ရတာလို့ ပြောတယ်။ အဲဒီတော့ သမီးတို့က ရတဲ့ငွေတံဆိပ်ဆုကို ပြန်အပ်ရမလား မသိဘူး။ ဂုဏ်ပြုမယ့် သူတွေကလည်း ဒုတိယဆုကို ဂုဏ်ပြုရမှာလား။ ဒါမှမဟုတ် ပြိုင်ပွဲဝင် အားကစားသမားအနေနဲ့ ဂုဏ်ပြုရမှာလားလို့ မေးနေတယ်။ သမီးလည်း ဘာပြောရမှန်း မသိဘူး။ သြော် ဆုကြေးငွေ စုစုပေါင်း သုံးသိန်းနီးပါး ရပါတယ်”” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသန်စွမ်း အားကစားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးပီတာက ““အားကစား ပြိုင်ပွဲတစ်ခုမှာ အနည်းဆုံး သုံးသင်းရှိရပါတယ်။ ဒါပေမဲ့ အင်ဒိုနဲ့မြန်မာ နှစ်သင်းသာ ရှိတဲ့အတွက် တကယ် ဒုတိယရတာ မဟုတ်ပါဘူး။ ဒါကြောင့် သုံးသိန်း မချီးမြှင့်ဘဲ တစ်သိန်းသာ ချီးမြှင့်တာပါ။ ဒါကလည်း အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ ဆုချီးမြှင့်တာပါ။ သတင်းစာမှာ တရားဝင် ရေးသားထားတယ်ဆို တာကတော့ ကျွန်တော်တို့ကို ဘာမှ မမေးဘဲ ရေးလိုက်တာပါ””ဟုပြောသည်။

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင်  မလေးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ်(၉၉)ခုဖြင့် ပထမ၊ ထိုင်းနိုင်ငံ ရွှေတံဆိပ် ၉၆ ခုဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅၀ဖြင့် တတိယ၊ ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၄၈ ခုဖြင့် စတုတ္ထ၊ မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၄ ခုဖြင့် ပဉ္စမရရှိခဲ့သည်။

အောင်မင်း(ဒလ)

Myanmartandawsint Newspaper

ဖြူးမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိ




၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး ဦးခေါင်းဖြတ်ကာ ခန္ဓာကိုယ်အား ပီနံအိတ်ဖြင့်ထုပ်၍ ချောင်းဘေး၌ လွှင့်ပစ်ထားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။     

ယင်းသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းနေစဉ် တောကျွဲအင်းမြို့နေ စန်းစန်းဆိုသူက ၎င်း၏ ညီမဖြစ်သူ သန်းထွေးမှာ လွန်ခဲ့သောတစ်နှစ်ခွဲခန့်မှစ၍ ပျောက်နေသဖြင့် လာရောက်တိုင်ကြားသောကြောင့် လက်ဗွေချင်းတိုင်ဆိုင်စစ်ဆေးရာမှ သေဆုံးသူမှာ သန်းထွေး(၄၁)နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသူမှာ တောကျွဲအင်းမြို့ဇာတိဖြစ်ကာ အိမ်ထောင်ကျပြီးနောက် ပြောင်းရွှေ့သွားကြောင်း၊ ၂၀၁၂ ခုနှစ် မေလခန့်တွင် တောကျွဲအင်းမြို့သို့ အပြီးပြောင်းလာပြီး အစ်ကိုဖြစ်သူ ခိုင်ဝင်းဆိုသူ၏နေအိမ်တွင် နေထိုင်ကြောင်း၊ ထို့နောက် ယင်းမြို့နေ ဦးတင်စိုးနှင့် ဒေါ်မိမိလေးတို့အိမ်တွင် ဆက်လက်နေထိုင်ခဲ့ကြောင်း၊ ဘားအံမြို့မှ ပြောင်းလာစဉ်က ငွေကျပ်သိန်း ၃၀ ခန့်နှင့် ရွှေထည်ပစ္စည်းအချို့ ပါလာခဲ့ကာ အတိုးရရှိရန် ဦးတင်စိုးတို့လင်မယားအား ချေးခဲ့ကြောင်း၊ ဦးတင်စိုးတို့၏ နေအိမ်တွင် နေထိုင်ရာမှ သူမနှင့် ငြိစွန်းခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ဖေဖော်ဝါရီ ၁၀ ရက်ည ၉ နာရီအချိန်တွင် ဦးတင်စိုး၏နေအိမ်အား စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်က သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများနှင့် တူညီသည့်ဇာဖြင့် ပြုလုပ်ထားသည့် ကြိုးသုံးပိုင်း၊ အလောင်းထည့်သောအိတ်နှင့် အမျိုးအစားတူ ပီနံအိတ်တစ်လုံးတို့အား သိမ်းဆည်းရမိပြီး ဦးတင်စိုးအား ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဦးတင်စိုး၏ ထွက်ဆိုချက်များအရ  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်းဇနီးမှာ သူ၏ဖခင် နှစ်ပတ်လည်ဆွမ်းကျွေးဖြင့် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြောင်း၊ နောက်နှစ်ရက်အကြာတွင် သန်းထွေးမှာ စက်ဘီးဖြင့် ရောက်ရှိလာပြီး အတူအိပ်ခဲ့ကြောင်း၊ နောက်နေ့၌ သန်းထွေးမှ နှစ်လုံးထီရှုံးထား၍ ငွေသုံးသိန်းတောင်းခံရာမှ စကားများရန်ဖြစ်ခဲ့ပြီး အနီးရှိဓားဦးချွန်ဖြင့် လည်ပင်းအားခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနောက် လည်ပင်းအား ဆက်၍လှီးဖြတ်ခဲ့ပြီး သန်းထွေး၏ခန္ဓာကိုယ်၌ ၀တ်ဆင်ထားသော ရွှေထည်ပစ္စည်းများအား ဖြုတ်ယူထားခဲ့ကြောင်း သိရသည်။ ထို့နောက် သန်းထွေး၏အလောင်းမှ ထဘီနှင့်အင်္ကျီအား ချွတ်၍နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ ပီနံအိတ်အတွင်း ထည့်ခဲ့ကြောင်း၊ ဦးခေါင်းကိုမူ အင်္ကျီထဘီတစ်စုံ၊ ခေါင်းအုံးစွပ်၊ ခြေသုတ်ခုံတို့နှင့်ရောကာ ကြွပ်ြွကပ်အိတ်ဖြင့် ထည့်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ဖြင့် ရန်ကုန်-မန္တလေးလမ်းအတိုင်း ဖြူးဘက်သို့ မောင်းနှင်ခဲ့ပြီး မိုင်တိုင်အမှတ်(၁၃၈/၁) အနီးတွင် ဦးခေါင်းထည့်ထားသည့်အိတ်အား လွှင့်ပစ်ခဲ့ကြောင်း၊ မိုင်တိုင်အမှတ်(၁၃၉/၁)အရောက်တွင်  ကိုယ်လုံးထည့်ထားသောအထုပ်အား ချောင်းဘေးသို့ လွှင့်ပစ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

"လူအများစိတ်ဝင်စားနေတဲ့ ဖြူးမြို့နယ်က ခေါင်းဖြတ်အသတ်ခံရတဲ့ဖြစ်စဉ်ကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ကနေပြီးတော့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ။ ဒီဖြစ်စဉ်မှာ ကျူးလွန်တဲ့သူကို မှုခင်းရဲတပ်ဖွဲ့ကနေ တစ်နှစ်နီးပါးလောက် စောင့်ကြည့်ပြီးမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျူးလွန်သူကို ဒီနှစ်ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်။ ၁၂ ရက်နေ့မှာ ကျူးလွန်သူက ၀န်ခံခဲ့တယ်။ ဒီဖြစ်စဉ်မှာ ကျူးလွန်သူအသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းပြီးပါပြီ။ ဒီအမှုကို အမြန်ဆုံးတည်ဆောက်ပြီးတော့ တရားရုံးကို စွဲဆိုတင်ပို့သွားမှာပါ" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးကိုကိုအောင်က ပြောကြားသည်။    

အောင်ကျော်ထက်၊ မြင့်သူ
MNN သစ်ထူးလွင်


ဆက်စပ်သတင်း -အပိုင်းပိုင်းပြတ် အမျိုး သမီး အလောင်း ဖြူး တစ်မြို့ လုံး အုတ်အော်သောင်းနင်း ဖြစ်  http://www.lwintmgmg.com/2013/02/blog-post_17.html

» ပြည်ခိုင်ဖြိုး ပါတီတွင်း မညီမျှ၍ ကော်မတီဝင်များ နုတ်ထွက် ချင်စိတ် ပေါက်နေ

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီရွေးချယ်ပွဲကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံး၌ ပြုလုပ်ခဲ့ ရာ ကော်မတီ ၀င်တချို့က ၎င်းရွေးချယ်ပွဲသည် ညီမျှမှု မရှိသောကြောင့်  ပါတီ ကော်မတီဝင် များနှင့် ကေဒါ အချို့ နုတ်ထွက်ချင်စိတ် ပေါက်နေကြပြီး အဆိုပါ မြို့နယ် ကော်မတီဝင်များ မှာ နုတ်ထွက် မည်ဟု ဖေဖော်ဝါရီလ၇ ရက်တွင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့် က မြန်မာသံတော် ဆင့်သို့ ပြောသည်။

ထိုအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အခမ်းအနားပွဲ ပြုလုပ်ရာ၌ လျှို့ဝှက်စွာ လူရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ အတွင်းရေးမှူး (၂)အဖြစ် ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး (၃)အဖြစ် ဦးကိုကိုနိုင်တို့ကို အသီးသီး ရွေးချယ်ခဲ့ပြီး ၎င်းရွေးချယ်ပွဲနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီဝင်များအား ကြိုတင် အသိပေး ဆောင်ရွက်ထားခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည့် အတွက် ပါတီမှ နုတ်ထွက်သွားမည် ဖြစ်သည်ဟု သင်္ဃန်းကျွန်း မြို့နယ် ကော်မတီဝင်များက မြန်မာသံတော်ဆင့်သို့ ပြောသည်။


ထိုကဲ့သို့ ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် ကော်မတီဝင် ဦးအောင်မြင့်က ““ရပ်ကွက်တွေက တကယ်တမ်း သူတို့အတည်ဖြစ်သွားရင် အားလုံး ထွက်ကြလိမ့်မယ်။ အစုလိုက် အပြုံလိုက် အားလုံးထွက်ဖို့ အစီအစဉ်ရှိတယ်၊ သူတို့ကို အတည်ဖြစ်ရင် ကျွန်တော်တို့ အားလုံး ထွက်ကြမယ်၊ အတည်ကတော့ မဖြစ်သေးဘူး၊ သူတို့ပြည်ထောင်စုနေ့စဉ် သတင်းစာထဲမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ထည့်ထားတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
၎င်းကိစ္စရပ်နှင့် ပတ်သက်၍လည်း သင်္ဃန်းကျွန်းမြို့နယ် ကော်မတီဝင် ဦးအောင်ကိုကိုမှ “ကျွန်တော်တို့ ပါတီက လက်ရှိ လူကြီးတွေပြောပြောနေတဲ့ အာဏာ ရပါတီဆိုပြီး၊ ဒီပါတီထဲမှာ ဒီလိုမျိုး ဖြစ်နေတာ ကျွန်တော်တို့ ပါတီအတွက် အရမ်း နစ်နာပါတယ်။ နောက်ပြီး လူကြီးတွေက ဒီဟာကို တကယ်တမ်း စစ်ဆေးပြီးတော့ လုပ်ပေး စေချင်ပါတယ်။ ဒီမှာ အများကြီး နစ်နာတဲ့သူတွေ ရှိတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါတီအတွက် တကယ်လုပ်နိုင်တဲ့သူတွေ စိတ်ပျက်သွားတယ်၊ အဲ့လို အခြေအနေတွေ ရှိတယ်၊ ပါတီက အခု လူကြီးတွေကို အယုံအကြည် ကင်းမဲ့နေသလို ဖြစ်နေတယ်”” ဟု ၎င်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီ ရွေးချယ်ပွဲတွင် ဦးဆောင်ပြုလုပ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း ခေတ္တယာယီ အတွင်းရေးမှူး ဦးမင်းသိန်းက ““အဘဦးမြင့်ဆွေက အဲဒီနေ့က အလုပ်များတယ် ဆိုပြီး မလာဖြစ်တော့ဘူး၊ ဦးတို့တိုင်း ကော်မတီ ၀င်တွေကပဲ ဦးဆောင်ပြီး လုပ်လိုက်ရတာပေါ့၊ မသိဘူးဆိုတာ ဒီပွဲမှာ ဘက်လိုက်မှုတွေ ရှိမှာစိုးလို့ ဦးတို့က ရုံးရောက်မှ တွေ့ဆုံပွဲမှာ အသိပေးပြီးတော့ တစ်ခါတည်း ရွေးချယ်ပွဲ လုပ်လိုက်တာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဂိုဏ်းဂဏတွေ ပုဂ္ဂိုလ်စွဲတွေ ရှိတာပေါ့၊ ရှိတော့၊ အဲ့လို ပုဂ္ဂိုလ်စွဲတွေနဲ့ မဖြစ်သင့်တဲ့လူတွေ အရည်အချင်း မရှိတဲ့ သူတွေ ဖြစ်သွားမှာစိုးလို့ ဦးတို့ပါတီက စိုးရိမ်တာပေါ့၊ အဲဒါကြောင့်ပေါ့၊ အဓိက ကတော့ ပါတီအောင်နိုင်ရေး လုပ်တယ်ဆိုတာ ထူးချွန် ထက်မြက်တဲ့ စည်းရုံးနိုင်တဲ့ စည်းရုံးသမားတွေ ဖြစ်မှ ပါတီအောင်နိုင်ရေး သမားတွေ ဖြစ်မှာပေါ့။ ဦးမောင်ဌေးနဲ့ ဦးကိုကိုနိုင်က ဒီရွေးချယ်ပွဲ လုပ်မယ်ဆိုတာ ကြိုသိနေတာကတော့ ဦးတို့လည်း မသိဘူး”” ဟု ၎င်းမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင် ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ခံ ဦးအောင်သိန်းလင်းက ချေးငွေများ ထုတ်ချေးခဲ့ရာ မြို့နယ် ကော်မတီဝင်များက ယင်းငွေကြေးများကို အလွဲသုံးစား ပြုလုပ်ခဲ့သည့်အတွက် ငွေစာရင်းရှင်းတမ်း လိမ်လည်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ငွေစာရင်းရှင်းတမ်း လိမ်လည်မှု ပြဿနာများကြောင့် မြို့နယ်အချို့ ၏ ကော်မတီဝင်တချို့ နုတ်ထွက်ခဲ့ခြင်း၊ ကော်မတီဝင်များ စုပေါင်း လက်မှတ်ရေးထိုး၍ မကျေနပ်ချက်များကို တိုင်ကြားခြင်းများလည်း ရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိ အာဏာရ ပါတီကြီးတစ်ခု ဖြစ်သော်လည်း ပါတီတွင်း ဒီမိုကရေစီကိုမူ တည်ဆောက်နိုင်ခြင်း မရှိသေးသည်မှာ ထင်ရှားကြောင်း၊ ပါတီဗဟိုတွင် သြဇာကြီးမားသော တိုင်းနှင့် ပြည်နယ် တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များ အနေဖြင့် သက်ဆိုင်ရာ ဒေသများတွင် ၎င်းတို့နှင့် အသင်းကာလကတည်း ကပလဲနံပသင့်သော အတွင်းရေး မှူးများကို အပြစ်ပေး အရေးယူခြင်း အလျှင်းမရှိဘဲ ပါတီတာဝန်များ ဆက်လက် ပေးထားခြင်း၊ အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ကေဒါများ၏ တင်ပြချက်များထက် အတွင်းရေးမှူးများ၏ ပြောစကားများသာ နားဝင်လေ့ ရှိကြောင်း၊ သို့ဖြစ်၍ ပါတီတွင်း မကျေနပ်ချက်များနှင့် စည်းရုံးရေး ခိုင်မာမှု မရှိခြင်းမှာ တစ်နေ့တခြား ပေါ်ပေါက် လာနိုင်ကြောင်း၊ ပါတီ ဥက္ကဋ္ဌအသစ် အနေဖြင့်လည်း ဗဟို အလုပ် အမှုဆောင်များ ပြောတိုင်း ယုံကြည် လက်ခံနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ပါတီ ကျစ်လျစ်ခိုင်မာမှုနှင့် စည်းရုံးရေးအင်အား ခိုင်မာ တောင့်တင်းမှုကို ဆက်လက် ထိမ်းသိမ်းထားရန် လိုလားပါက ကော်မတီဝင်များ မဟုတ်သော ကေဒါများနှင့် ၀ါရင့် အောက်ခြေ အလုပ်အမှုဆောင်များ ပြောဆိုတင်ပြမှုကို အလေးထား နားထောင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး၏ ၀ါရင့် အလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

ယခု ပါတီတွင်း ပြဿနာ ဖြစ်နေသော သင်္ဃန်းကျွန်းမြို့နယ်သည် နယ်မြေတာဝန်ခံ ဗဟိုအလုပ် အမှုဆောင် အဖွဲ့တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော် အသင်း ကာလကတည်းက တာဝန်ခံ၍ ကိုင် တွယ်ခဲ့သော မြို့နယ်ဖြစ်ပြီး၊ NLD မပါဝင်သော ၂၀၁၀ ရွေးကောက်ပွဲတွင်ပင် ၎င်းမြို့နယ် ကြံ့ခိုင်ရေးများမှာ အခြားပါတီကို  ရှုံးနိမ့်ခဲ့သည်။

ချမ်းမြေ့ခိုင်
Myanmartandawsint Newspaper

ပြည်ခိုင်ဖြိုးရုံးချုပ် အရောင်းအ၀ယ်ဖြစ်ပြီးဟု သတင်းထွက်

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အမှတ် ၁၅၅/၁၅၇ (ယခင်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံးကို ပြည်တွင်း ကျောက်မျက်ရတနာ သူဌေးတစ်ဦးက အခြားမြေကွက် အပါအ၀င် တန်ဖိုးငွေကျပ် သိန်းပေါင်း ၈သိန်းဖြင့် လေလံ အောင်မြင်ခဲ့ကြောင်း၊ ယင်းဌာနချုပ်ဟောင်း ရောင်းချရငွေကို ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေးတွင် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်သည်ဟု ပြည်ခိုင်ဖြိုး ပါတီတွင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ထုခွဲရောင်းချရေး အဖွဲ့မှ ယင်းပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဟောင်း အပါအ၀င် အခြားမြေကွက် တချို့ကို လေလံတင် ရောင်းချ ခဲ့ရာ ပြည်တွင်း ကျောက်မျက် ရတနာ သူဌေးတစ်ဦးက တန်ဖိုးငွေကျပ် သိန်းပေါင်း ၈ သိန်းဖြင့် အပြတ်အသတ် လေလံ အောင်မြင်ခဲ့ သည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်များနှင့် နီးစပ်သူတချို့က ပြောသည်။ အဆိုပါ ပါတီဌာနချုပ် ရောင်းချရခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ပါတီဌာနချုပ် ရုံးဟောင်းသို့ မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခဲ့ရာ ““ကျွန်တော် ဒီကိစ္စကို မသိဘူးခင်ဗျ။ မရောင်းပါဘူး။ အခုဒီရုံးက လူတွေကို နေပြည်တော် ဌာနချုပ်ကို ခေတ္တပြောင်းထားတယ်။ နောက်မှ ရန်ကုန်ကို ပြောင်းဖို့ စီစဉ်မှာပေါ့။ ဒါလည်း မသေချာပါဘူး””ဟု ပါတီဌာနချုပ် ဟောင်းရှိ အဆောင်မှူး ဦးအောင်ဆွေက ပြန်လည် ဖြေကြားခဲ့သည်။

ပါတီ ဌာနချုပ်ဟောင်းကို ရောင်းချပြီးနောက် ပါတီရုံးဝန်ထမ်းများမှ အချို့ကို နေပြည်တော် ဌာနချုပ်သို့ ပို့ခဲ့ပြီး အချို့ကို သံလွင်လမ်းရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးတွင် ယာယီ ပြောင်းရွှေ့ထားသည်ဟု သတင်းထွက်ပေါ် လျက်ရှိသော်လည်း ပါတီမှတာဝန်ရှိသူ အကြီးအကဲများက နေပြည်တော် ဌာနချုပ်သို့သာ ခေတ္တပြောင်းရွှေ့ ထားသည်ဟု ပြောသည်။

ယင်းကဲ့သို့ ရုံးချုပ်ဟောင်း ရောင်းချမှုကို နေပြည်တော်ရှိ ဗဟို ကော်မတီဝင် အချို့ကို မေးမြန်းခဲ့ရာ ၎င်းတို့ အနေဖြင့် မသိရှိသည့်အတွက် မေးမြန်းရန် ဖုန်းအဆင့်ဆင့်သာ လွှဲခဲ့ရာ တိကျသည့် အဖြေမရရှိခဲ့ပေ။ ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ရုံးဟောင်း၏ ကာလပေါက်ဈေး တန်ဖိုးကို အိမ်တော်ရာ အိမ်ခြံမြေ အကျိုးဆောင် ကိုယ်စားလှယ်ကို မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းခဲ့ရာ ““အဲဒီရုံးကလေလံ အောင်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ငွေတောင် အပြီးချေပြီး သွားပြီ။ နိုင်ငံပိုင် ထုခွဲရောင်းချရေးက လေလံဆွဲတော့ ကျွန်တော့် သူငယ်ချင်းလိုခင်တဲ့ အကျိုးတူ လုပ်နေတဲ့ ကျောက်မျက်ရတနာ သူဌေးက ရသွားတာ။ အဲဒီရုံးအပါအ၀င် အခြားမြေတွေပါအပါ ၅ ဧက ကျော်လောက် ရှိမယ်။ ပါတီဌာနချုပ် ရုံးဟောင်း တစ်ခုပဲဆိုရင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂ သိန်းနဲ့ ၂ သိန်းခွဲကြား ရှိတယ်။ အခြားမြေပါ ပါတယ် ဆိုပေမယ့် ကျပ်သိန်းပေါင်း ၈သိန်း ဆိုတာ များတာပေါ့။ ကျောက်မျက်သူဌေး နာမည်တော့ မပြောပါ ရစေနဲ့။ ကျွန်တော်ကသူနဲ့ပဲ အကျိုးဆောင် လုပ်နေတာလေ””ဟု ဖြေကြားခဲ့သည်။

အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်သို့ ထိုသို့ လေလံတင် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဆက်သွယ် မေးမြန်းခဲ့ရာ ““ကျွန်တော်တို့ ၀န်ကြီးဌာန လက်အောက်မှာ မရှိတော့ဘူးဗျ။ စာရင်းတွေ အပ်ပြီးသွားပြီ။ ဒါကတော့ ပုဂ္ဂလိကပိုင် ထုခွဲ ရောင်းချရေး ကော်မရှင် ထဲကို နိုင်ငံပိုင် ထုခွဲရောင်းချရေး ပေါင်းလိုက်တာ ထင်တယ်။ အခု ပုဂ္ဂလိကပိုင် ဥက္ကဋ္ဌက ဒုတိယသမ္မတ(၁)လေ။ အဲဒီကိုစာရင်းတွေ လွှဲထားတယ်””ဟုပြောသည်။

ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်ရုံးဟောင်း ရောင်းချခြင်း အပေါ်““ကျွန်တော်တို့၂၀၁၁ မတ်လ မတိုင်ခင် ပုဂ္ဂလိကပိုင် တစ်ခါ၊ နိုင်ငံပိုင်တစ်ခါ လေလံဆွဲတယ်။ အဲဒါ နောက်ဆုံးပဲ။ သတင်းစာထဲထည့် ကြေညာခဲ့ပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ မလုပ်ခဲ့ဘူး””ဟုဦး မောင်မောင်တင့်က ထပ်မံပြောသည်။

အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ထုခွဲရောင်းချရေး ကော်မရှင်ကို သမ္မတရုံး၏ ညွှန်ကြားချက်အရ အဖွဲ့ကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖျက်သိမ်းပြီး ဖြစ်သည်။

ကြံ့ခိုင်ရေး ရုံးချုပ်ဟောင်းသည် ယခင် တပ်မတော် အစိုးရလက်ထက်က နိုင်ငံတော် အကြီးအကဲ တစ်ဦး ဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အစိုးရအဖွဲ့ဝင်များ လာရောက် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ သိန်းပေါင်း ၃ သောင်းဖြင့် အရောင်းအ၀ယ် ဖြစ်သွားကြောင်းလည်း ကြံ့ခိုင်ရေး ဌာနချုပ်မှ ၀န်ထမ်းများအတွင်း သတင်း ဖြစ်ပေါ်လျက် ရှိသည်။

ကြံ့ခိုင်ရေး ရုံးချုပ်ရောင်းချမည် ဆိုသည့်သတင်းနှင့် ပတ်သက်၍ ပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက““ ဘယ်သူလုပ်သလဲဆို တာတော့ကျွန်တော် မသိဘူးဗျ အဲဒီ ကိစ္စကို။ ဒီနေ့အထိတော့ အစည်း အဝေးကို တင်တာပြုတာလည်း မကြားသေးဘူးဗျ။ အခြားသဘောတူ ဆုံးဖြတ်ချက်လည်း ကျွန်တော်တော့ မတွေ့ဖူး သေးဘူးလေ။ ဒီဟာနဲ့ ပတ်သက်လို့တော့ ကျွန်တော့် သဘောထားက သိပ်ပြီးတော့တော့ ပြောစရာမရှိဘူး။ ခုနပြောသလို ဘီလီယံ၃၀/၄၀ ဆိုရင်တော့ အလွန် နည်းပါတယ်။ အဆောက်အအုံရဲ့ တန်ဖိုးရယ်၊ မြေတန်ဖိုးက အဲဒီ နားက ရန်ကုန် မြို့ရဲ့ အချက်အချာ နေရာပဲလေ။ အဲဒါဆိုရင်တော့ အလွန်နည်းတယ်လို့ ပြောနိုင်ပါတယ်။ ဘယ်လောက်နဲ့ရောင်းလဲ ဆိုတာတော့ ကျွန်တော် အတိအကျ မသိဘူးလေ။ ဆုံးဖြတ်တာလည်း မသိဘူး။ မဆုံးဖြတ် သေးတာလည်း မသိဘူး။ ဘယ်သူက ၀ယ်မှာလဲ ဆိုတာလည်း မသိဘူး။ကျွန်တော့် စိတ်ထဲ ထင်တာကတော့ ဟိုတုန်းက နည်းနည်းပါးပါး ကြားဖူးတာကတော့ ဘီလီယံ ၅၀ကျော် လောက် ရရင် ရောင်းမယ် လို့တော့ ကြားတယ်။ ရောင်းမယ်ဆိုရင်တော့ မဆိုးဘူးလို့တော့ ပြောတာကြားတာပဲ။ အဲဒါမှလည်း ပါတီရန်ပုံငွေလေး ဘာလေး တောင့်တောင့် တင်းတင်းရမှာပေါ့ဗျ။ ပါတီရန်ပုံငွေက လိုသေးတာ ကိုး”” ဟု၂၀၁၃ ဒီဇင်ဘာလအတွင်း မြန်မာသံတော်ဆင့်သို့ ပြောခဲ့သည်။

အဆိုပါ ရုံးချုပ်ရောင်းခဲ့ရလျှင် ပါတီ ၂၀၁၅ ရွေးကောက်ပွဲအောင် နိုင်ရေး အတွက် အသုံးပြုရန် အစီအစဉ် များကိုလည်း““ရွေးကောက်ပွဲ စရိတ်တွေ၊ ဘာစရိတ်တွေ၊ ညာစရိတ်တွေ၊ စည်းရုံးရေး စရိတ်တွေ၊ ထုတ်ပြန်ရမယ့် စရိတ်တွေ၊ သွားရေးလာရေးတွေ စသည်ဖြင့် အများကြီးပါပဲ။ ရွေးကောက်ပွဲ တစ်ခုဝင်ဖို့ ဆိုတာ အများကြီးပါပဲ””ဟု ဦးအောင်သောင်းက ပြောသည်။

မီဒီယာ လွတ်လပ်ခွင့် ရရှိနေသော အာဏာရ ကြံ့ခိုင်ရေးပါတီ၏ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နေ့စဉ်ထုတ် သတင်းစာကို ငွေကြေး အကုန်အကျများစွာခံ၍ ထုတ်ဝေနိုင်သည်မှာ နိုင်ငံရေးပါတီများအတွင်း ကြံ့ခိုင်ရေးပါတီ တစ်ခုသာ ပြည်ထောင်စု နေ့စဉ် သတင်းစာ ထုတ်ဝေလျက်ရှိပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဝေခွင့် ရရှိထားသည့် ဒီလှိုင်း သတင်းစာမှာ ယနေ့ထိ ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် လတ်တလော ငွေကုန်ကြေးကျ ခံ၍ ခန့်ခန့်ညားညား မဲဆွယ် နိုင်မည်မှာ အာဏာရကြံ့ခိုင်ရေးပါတီ တစ်ခုပင် ရှိနေပြီး ပါတီ၏ ရန်ပုံငွေ အခြေအနေကိုလည်း ပါတီ ၀င်များ သိလိုနေကြောင်း အများပြည်သူ ပါတီဝင်အချို့ကြား ဝေဖန် ပြောဆို လျက်ရှိသည်။

နွေးနွေး
Myanmartandawsint Newspaper

လယ်သိမ်းခံ သပိတ်စခန်း ဖြိုခွင်းခံရမှုကြောင့် ၃ ဦး ဒဏ်ရာရ

 
ပဲခူးတိုင်း သဲကုန်းမြို့ အောင်ကုန်းကျေးရွာ လယ်သိမ်းခံ လယ်သမားတွေရဲ့ သပိတ်စခန်းကို ဒီနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက သဲကုန်းမြို့လယ်ရှိ စစ်ပြန်စစ်မှုထမ်းဟောင်းရုံး ဘေးမှာရှိတဲ့ မြေကွက်လပ်ပေါ်မှာ လယ်မြေတွေ အသိမ်းခံခဲ့ရတဲ့ အောင်ကုန်းကျေးရွာက လယ်သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြနေတာကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတာပါ။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လယ်မြေအသိမ်းခံရမှုကြောင့် အောင်ကုန်းရွာ လယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာကို အာဏာပိုင်တွေက လာရောက် တားဆီးနေစဉ်

လယ်မြေအသိမ်းခံရမှုကြောင့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အောင်ကုန်းရွာ လယ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာကို အာဏာပိုင်တွေက လာရောက် တားဆီးနေစဉ်
ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၇ နာရီကျော်မှာ လယ်သမား ၁၀၀ ကျော်ကို ရဲအင်အား ၆၀ ကျော် အပါအ၀င် လူအင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် လယ်သမား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ဒဏ်ရာပြင်းထန်တာကြောင့် သဲကုန်းဆေးရုံမှာ ပို့ဆောင်ကုသမှု ခံယူနေရပါတယ်။

သပိတ်စခန်း ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး လယ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ဦးသန့်ဇင်ထက်က “ခရိုင်ရဲတပ်မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ရဲအင်အား ၆၀ ကျော်လောက်နဲ့ ၀င်ပြီးတော့ သပိတ်စခန်းကို ဖြိုခွဲတယ်။ အဲဒီမှာ အမျိုးသမီး ၂ ယောက် အခု လက်ရှိမှာ ဆေးရုံတက်နေရတယ်။ ထိခိုက်ဒဏ်ရာရတာ ၃ ယောက် ခင်ဗျ။ တယောက်က မျက်နှာတွေမှာ ဒဏ်ရာရတယ်။ နောက်တယောက်ကတော့ ရဲတယောက်က ခဲနဲ့ပေါက်တာ ခံရတယ်။ နောက်တယောက်က အင်္ကျီတွေအကုန်ကျွတ်ကျပြီး အရူးတပိုင်း ပုံစံမျိုး ဖြစ်သွားတယ်။ အခု သဲကုန်းဆေးရုံမှာ ဆေးရုံတက်နေတယ်။ ရဲအင်အား ၆၀ ကျော် ၇၀ လောက်နဲ့ လယ်သမားတွေကို ကားပေါ်ဆွဲတင်ပြီး အောင်ကုန်းကျေးရွာကို အတင်းတင်ပြီး ပို့ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

သပိတ်စခန်း ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး ပြည်ခရိုင် ရဲတပ်ဖွဲ့ ဦးစီးမှူးရုံးကို မေးမြန်းရာမှာ တာဝန်ရှိသူတဦးက သီတဂူဆရာတော် ဦးဥာဏိဿရ တရားပွဲရှိလို့ သွားတားတာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ကတော့ ဒေသခံအများစုရဲ့ သဘောထားအရ ဆရာတော်ကြီးရဲ့ တရားပွဲရှိတဲ့ ရက်တွေမှာ ခဏနားဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သွားပြီးတော့ တောင်းပန်တာတော့ ရှိတယ်။ ၂ ခါ ၃ ခါ သွားပြီးတော့ တောင်းပန်တာတွေ ရှိတယ်။ အဲဒီလိုမျိုးတော့ ရှိတယ်ခင်ဗျ။”

အောင်ကုန်းကျေးရွာ လယ်သမားတွေ ဖေဖော်ဝါရီ ၁၁ ရက်နေ့က သပိတ်စခန်းဖွင့်တဲ့ အပေါ် ပြည်ခရိုင် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ဖေဖော်ဝါရီ ၁၂ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်မှာ အောင်ကုန်းရွာ လယ်သမားထုရဲ့ တရားသော တိုက်ပွဲ၊ မှန်ကန်သော ဆောင်ရွက်ချက်များကို အလေးအနက်ထောက်ခံကြောင်း၊ လယ်သမားတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေယာတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး ပြန်လည်ပေးအပ်ဖို့ တိုက်တွန်းထား ပါတယ်။

အောင်ကုန်းကျေးရွာက လယ်သမား ဦးပေါက်စက သပိတ်စခန်းဖွင့်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပထမ တောင်းဆိုချက် ၃ ချက်နဲ့ပဲ သပိတ်စခန်းကို ဆက်ဖွင့်သွားမှာပါ။ ပထမအချက် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရှိရေး၊ ၂ အချက်က ဖြစ်ပေါ်လာတဲ့ လယ်ယာမြေ ပြဿနာများကို ဖြေရှင်းပေးရေး၊ နံပါတ် ၃ အချက်က တောင်သူလယ်သမားတွေ ဆုံးရှုံးနစ်နာမှု လက်ဝယ် ပြန်လယ်ရရှိရေးတို့ ဖြစ်ပါတယ်။ ကျနော်တို့ ရွာသားတွေကို ကားတွေနဲ့ လယ်သိမ်းခံရတဲ့ တောင်သူတွေ၊ ရွာသားတွေကို ခေါ်ပြီးတော့ ပြည်မှာ သပိတ်စခန်းဖွင့်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

အောင်ကုန်းကျေးရွာ လယ်သမားတွေကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးသန့်ဇင်ထက်၊ ဦးပေါက်စ၊ ဒေါ်ညိုနဲ့ ဒေါ်ဝင်းတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆို ခံထားရပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက အောင်ကုန်းကျေးရွာရှိ လယ်ယာမြေဧက ၁၁၀၀ ကျော်ကို စစ်တပ်က သိမ်းထားတယ်လို့ သိရပါတယ်။

By ကိုဈာန် (ဒီဗွီဘီ)

ယနေ့သတင်းစုံ(၂)

မန္တလေး ရွှေကျောင်းတော် ပြုပြင်ရေး အခမ်းအနားနှင့် စတင်

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
ရှေးခေတ်မင်းတုန်းမင်းလက်ထက် သစ်သားပန်းပုနဲ့ အနုစိတ်ကနုတ် လက်ရာတွေ ရှိရာ မန္တလေးမြို့က သမိုင်း ၀င် ရွှေနန်းတော်ကျောင်း ခေါ် ရွှေကျောင်းကြီး ရှေးမူလက်ရာ မပျက် ပြုပြင် ထိန်းသိမ်းဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံး၊ မြန်မာ့ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး NGO အဖွဲ့တခုဖြစ်တဲ့ World Monuments Fund အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ အခမ်းအနားနဲ့ စတင်ဖွင့်လှစ် လိုက်ပါတယ်။ ဒီအစီအစဉ်အရ ရှေးခေတ် အနုစိတ်... more »

ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင်

noreply@voanews.com (အောင်ရဲ မောင်မောင်) at Voice of America - 1 hour ago
ပြည်တွင်းက သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ Unity မှာ ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ တာဝန်ခံ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာကို ဒီကနေ့မှာပဲ အာဏာပိုင်တွေဘက်က တရားလို လုပ်ပြီး ပြစ်မှု ကျူးလွန်တယ်ဆိုပြီး စွတ်စွဲခံထားရသူ ၅ ဦးကို ဒီကနေ့မှာပဲ ပခုက္ကူ ခရိုင်တရားရုံးမှာ ထုတ်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ပဲ သူတို့ ၅ ဦးကို တရားစွဲတင် တာဖြစ်ပြီးတော့ အခု... more »

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ-၂ သူရဦးအေးမြင့်သို့ အိတ်ဖွင့်ပေးစာ – ချင်းတွင်းချစ်ဆန်း

noreply@blogger.com (Htut Htut) at Dawnmanhon( ဒေါင်းမာန်ဟုန်) - 2 hours ago
*ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ချစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်စုကိုတော့ မဲပေးဖို့ မလိုကြောင်း၊ ဒေါ်စု မြန်မာနိုင်ငံ အတွက် မြက်တစ်ပင်မှ စိုက်ခဲ့သူ မဟုတ်ကြောင်း၊ နိုင်ငံခြားသားကိုယူပြီး သူ့သားတွေ ကလည်း နိုင်ငံခြား မှာ နေသူတွေ ဖြစ်ကြောင်း၊ ၂၀၁၅ မှာ ဒေါ်စုနဲ့ ယှဉ်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ရဲကြောင်း၊ ဒေါ်စုသည် စစ်တိုက်ဖူးသူ မဟုတ်ကြောင်း ယခုတွေ့ဆုံပွဲမှာ အရှင်လတ်လတ်ကြီး ဟောပြောနေသူ သူရဲကောင်းကြီးသည် စစ်တိုက်ခဲ့ရာမှာ ဗိုက်ကို ကျည်ဆန်မှန်ခဲ့လို့ သူရဘွဲ့ထူးကို ဆွတ်ခူးခဲ့သူဖြစ်ကြောင်း၊ ဗိုက်ကြီးကို လှန်ပြကာ ဟောပြောသွားခဲ့ . . .* [image: KKS 2]မျိုသိပ်ကြိတ်ခဲ မရနိုင်လို့ ဒီစာကို ပေးပို့ရပါတယ် သူရဦးအေးမြင... more »

သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့

zarny win at The Irrawaddy's Blog - 2 hours ago
~ သဲကုန်းမြို့ရဲတပ်ဖွဲ့က သီတဂူ ဆရာတော်ကြီး၏ တားမြစ်ချက်အရဟု ဆိုကာ မြို့တော်ခန်းမအနီး ၄ ရက်ကြာ ဖွင့်ထားသည့် သပိတ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ဆန္ဒပြနေသည့် တောင်သူ (၃၀) ခန့်ကို ကားပေါ်တင်ပြီး နေရပ်ရင်း ပြန်ပို့လိုက်သည်။ - - (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ) - သပိတ်စခန်းကို စီးနင်းရာတွင် အကြမ်းဖက်ခြင်း မရှိကြောင်း သဲကုန်း ရဲစခန်းမှ ဒုရဲအုပ်ဇော်အောင်က ပြောသည်။ “ဒါ ကျနော်တို့ အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ပါဘူး။ ဆရာတော်က တားမြစ်တဲ့အတွက်၊ (တရား)ပွဲကို အနှောက်အရှက် ဖြစ်စေနိုင်တယ်ဆိုတဲ့စာထုတ်ထားတဲ့အတွက်ကြောင့်ဖယ်ရှားရတာပါ။ ရဲ အင်အား (၁၀) ယောက်နဲ့ပဲ ဖ... more »

သတင်းစုံ

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် ဂျာမန်များ ခြေတုံချတုံဖြစ်နေ

noreply@blogger.com (Htut Htut) at Dawnmanhon( ဒေါင်းမာန်ဟုန်) - 15 minutes ago
(Deutsche Welle မှ 13 Feb 2014 ရက်စွဲပါ Germans hesitant to invest in Myanmar ကိုဘာသာပြန်ဆိုသည်) မြန်မာ့စီးပွားရေးသည် ယနေ့အချိန်အထိ စစ်တပ်နှင့် ချိတ်ဆက်နေသော်လည်း ဒီမိုကရေစီဖော်ဆောင်ရေး အတွက် သတိကြီးစွာလုပ်ကိုင်နေသော အစိုးရ၏ ခြေလှမ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လမ်းဖွင့်ပေးလျက်ရှိပါသည်။ သို့သော်လည်း ဂျာမနီနိုင်ငံမှ ကုမ္ပဏီကြီးများကမူ ထိုလမ်းမှ တစ်ဆင့်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ခြေတုံချတုံပင်ဖြစ်လျက်ရှိလေသည်။ “အဲဒီဝန်ကြီးက သူ့ရဲ့စစ်ယူနီဖောင်းကိုတော့ မဝတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကို မှတ်မိနေတုန်းပဲ” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့ေ... more »

ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင်

ပြည်တွင်းက သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ Unity မှာ ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ တာဝန်ခံ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာကို ဒီကနေ့မှာပဲ အာဏာပိုင်တွေဘက်က တရားလို လုပ်ပြီး ပြစ်မှု ကျူးလွန်တယ်ဆိုပြီး စွတ်စွဲခံထားရသူ ၅ ဦးကို ဒီကနေ့မှာပဲ ပခုက္ကူ ခရိုင်တရားရုံးမှာ ထုတ်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ

ချစ်သူများနေ့..... ပျော်ကြမှာလား၊ ပူဆွေး ကြရမှာလား

အိမ့်သံစဉ် at The Irrawaddy's Blog - 44 minutes ago
ချစ်သူတွေကို တိုးတိုးတိတ်တိတ် လက်ထပ်ပေးခဲ့လို့ ကွပ်မျက်ခံခဲ့ရတဲ့ ရောမခေတ် ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့နေ့တနေ့ဟာ မြန်မာပြည်ရဲ့ ရိုးရာအထိမ်းအမှတ်နေ့ မဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာပြည်က စီးပွားရေးသမားတွေ၊ ချစ်သူစုံတွဲတွေအတွက် နေ့ထူးနေ့မြတ် တရက် ဖြစ် လို့နေပါပြီ။ * ချစ်သူများနေ့ အတွက် ပြင်ဆင်ထားသည့် မြင်ကွင်းတခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)* ဈေးဝယ် စင်တာတွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေမှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ က နေရာယူထား ကြပါတယ်။ ကမ္ဘာတဝှမ်းမှာ အမှတ်တရကျင်းပကြတဲ့ ဗယ်လင်တိုင်းဒေး (သို့မဟုတ်) ချစ်သူများနေ့အတွက် မြန်မာပြည် က ချစ်သူစုံတွဲတွေ ကလည်း ကြိ... more »

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို အမှန်တကယ် စောင့်ရှောက်ကြပါရဲ့လား ၊-ထင် လင်း ဦး

noreply@blogger.com (Htut Htut) at Dawnmanhon( ဒေါင်းမာန်ဟုန်) - 58 minutes ago
မူလအခွင့်အရေးနှင့် တာဝန်များ ၊ ပုဒ်မ ၃၄၇ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး ၊ ဇာတိ ၊ ကိုးကွယ်ရာ ဘာသာ ၊ ရာထူးဌာနန္တရ ၊ အဆင့်အတန်း ၊ ယဉ်ကျေးမှု ၊ အမျိုးသား အမျိုးသမီး ၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ - လို့ပြဌာန်းထားပါတယ် ။ နိုင်ငံတော်သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကတိစကားအရ နိုင်ငံတော်သမ္မတကြီးဟာ လောကပါလ တရား များပိုမိုထွန်းကားစေဖို့အတွက် ဒီဥပဒေပုဒ်မ ၃၄၇ ကို ကာကွယ်စောင့်ရှောက်ပေးရမဲ့ တာဝန်ရှိပါတယ် ။ ဒါပေမဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အုပ်ချုပ်ရေးလက်တံအောက်မှာပဲ ၊ နိုင်ငံတော်ရဲ့ နိုင်ငံသားနှစ်ဦးဟာ လူမျိုးနဲ့ ကိုးကွယ်ရာ ဘာ... more »

အင်ဒိုနီးရှား မီးတောင်ပေါက် လူ သိန်းချီ ကယ်ထုတ်ရ

အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းက ကလုဒ် မီးတောင် ပေါက်ကွဲခဲ့တဲ့နောက် လူးဦးရေ ထူထပ်တဲ့ ဂျာဗားကျွန်းကနေ သိန်းချီတဲ့ လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေး နေပါတယ်။ ကီလိုမီတာ ၅၀ဝ လောက် ဝေးတဲ့ ရွာတွေ မြို့တွေအထိ မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ ဖုံးနေခဲ့ပြီး အဝေးကို မြင်နိုင်စွမ်း မရှိတာကြောင့် အဓိက လေဆိပ် ၃ ခုကို ပိတ်ထားလိုက်ရပါတယ်။ အိမ်တွေပေါ် မီးတောင်က ထွက်တဲ့ ချော်ရည် ချော်မှုန့်တွေ ပိတာကြောင့် သေဆုံးသူ ၂

ကင်တားနား ရခိုင်နဲ့ အင်းစိန် အကျဉ်းထောင် သွားရောက်

Voice of America - 1 hour ago
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်Tomas Ojea Quintana ဟာ သူရဲ့ ဒုတိယနေ့ ခရီးစဉ်မှာ ဇန်နဝါရီလအတွင်းက ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ကို ရောက်ခဲ့ချိန်မှာ အစိုးရအဖွဲ့ဝန်ကြီးတွေ အပါအဝင် ၊နှစ်ဖက် လူမှု အသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရန်ကုန် ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။... more »

တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
အစ္စလာမ် ခွဲထွက်ရေးလှုပ်ရှားသူတွေကို တရုတ်အစိုးရက တိုက်ခိုက်ချေမှုန်းမှုနေတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသမှာ သံသယဖြစ်ဖွယ် စစ်သွေးကြွ ၈ ယောက်ကို တရုတ်ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ နောက်ထပ် စစ်သွေးကြွ သုံးယောက်ဟာလည်း သူတို့ဘာသာ အသေခံဗုံးဖောက်ခွဲပြီး သေဆုံးခဲ့တဲ့အကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက သောကြာနေ့က ပြောပါတယ်။ Aksu ဒေသ Wushi အရပ်က ပန်းခြံတခုရှေ့မှာ အကြမ်းဖက်သမားတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ကားတွေမောင်းနှင်လာပြီး ရဲဝန်ထမ်းတအုပ်ကို ၀င်ရောက် တိုက်ခိုက်ချိန်မှာ ခုလို... more »

တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားအစိုးရဘက်က စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကိုရီးယားစစ်ပွဲကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေး စတင်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယား က ပြောဆိုလိုက်ပါတယ်။ နယ်စပ်ဒေသ Panmunjom ရွာမှာ ဒုတိယအကြိမ် နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးမှုအတွင်း ဒီကနေ့ သောကြာနေ့မှာပဲ သဘောတူညီမှု ရယူခဲ့တဲ့အကြောင်း တောင်ကိုရီးယားအစိုးရရဲ့... more »


သတင်းစုံ

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် ဂျာမန်များ ခြေတုံချတုံဖြစ်နေ

noreply@blogger.com (Htut Htut) at Dawnmanhon( ဒေါင်းမာန်ဟုန်) - 15 minutes ago
(Deutsche Welle မှ 13 Feb 2014 ရက်စွဲပါ Germans hesitant to invest in Myanmar ကိုဘာသာပြန်ဆိုသည်) မြန်မာ့စီးပွားရေးသည် ယနေ့အချိန်အထိ စစ်တပ်နှင့် ချိတ်ဆက်နေသော်လည်း ဒီမိုကရေစီဖော်ဆောင်ရေး အတွက် သတိကြီးစွာလုပ်ကိုင်နေသော အစိုးရ၏ ခြေလှမ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လမ်းဖွင့်ပေးလျက်ရှိပါသည်။ သို့သော်လည်း ဂျာမနီနိုင်ငံမှ ကုမ္ပဏီကြီးများကမူ ထိုလမ်းမှ တစ်ဆင့်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ခြေတုံချတုံပင်ဖြစ်လျက်ရှိလေသည်။ “အဲဒီဝန်ကြီးက သူ့ရဲ့စစ်ယူနီဖောင်းကိုတော့ မဝတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကို မှတ်မိနေတုန်းပဲ” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့ေ... more »

ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင်

ပြည်တွင်းက သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ Unity မှာ ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ တာဝန်ခံ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာကို ဒီကနေ့မှာပဲ အာဏာပိုင်တွေဘက်က တရားလို လုပ်ပြီး ပြစ်မှု ကျူးလွန်တယ်ဆိုပြီး စွတ်စွဲခံထားရသူ ၅ ဦးကို ဒီကနေ့မှာပဲ ပခုက္ကူ ခရိုင်တရားရုံးမှာ ထုတ်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ

ချစ်သူများနေ့..... ပျော်ကြမှာလား၊ ပူဆွေး ကြရမှာလား

အိမ့်သံစဉ် at The Irrawaddy's Blog - 44 minutes ago
ချစ်သူတွေကို တိုးတိုးတိတ်တိတ် လက်ထပ်ပေးခဲ့လို့ ကွပ်မျက်ခံခဲ့ရတဲ့ ရောမခေတ် ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့နေ့တနေ့ဟာ မြန်မာပြည်ရဲ့ ရိုးရာအထိမ်းအမှတ်နေ့ မဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာပြည်က စီးပွားရေးသမားတွေ၊ ချစ်သူစုံတွဲတွေအတွက် နေ့ထူးနေ့မြတ် တရက် ဖြစ် လို့နေပါပြီ။ * ချစ်သူများနေ့ အတွက် ပြင်ဆင်ထားသည့် မြင်ကွင်းတခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)* ဈေးဝယ် စင်တာတွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေမှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ က နေရာယူထား ကြပါတယ်။ ကမ္ဘာတဝှမ်းမှာ အမှတ်တရကျင်းပကြတဲ့ ဗယ်လင်တိုင်းဒေး (သို့မဟုတ်) ချစ်သူများနေ့အတွက် မြန်မာပြည် က ချစ်သူစုံတွဲတွေ ကလည်း ကြိ... more »

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို အမှန်တကယ် စောင့်ရှောက်ကြပါရဲ့လား ၊-ထင် လင်း ဦး

noreply@blogger.com (Htut Htut) at Dawnmanhon( ဒေါင်းမာန်ဟုန်) - 58 minutes ago
မူလအခွင့်အရေးနှင့် တာဝန်များ ၊ ပုဒ်မ ၃၄၇ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး ၊ ဇာတိ ၊ ကိုးကွယ်ရာ ဘာသာ ၊ ရာထူးဌာနန္တရ ၊ အဆင့်အတန်း ၊ ယဉ်ကျေးမှု ၊ အမျိုးသား အမျိုးသမီး ၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ - လို့ပြဌာန်းထားပါတယ် ။ နိုင်ငံတော်သမ္မတကြီး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကတိစကားအရ နိုင်ငံတော်သမ္မတကြီးဟာ လောကပါလ တရား များပိုမိုထွန်းကားစေဖို့အတွက် ဒီဥပဒေပုဒ်မ ၃၄၇ ကို ကာကွယ်စောင့်ရှောက်ပေးရမဲ့ တာဝန်ရှိပါတယ် ။ ဒါပေမဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အုပ်ချုပ်ရေးလက်တံအောက်မှာပဲ ၊ နိုင်ငံတော်ရဲ့ နိုင်ငံသားနှစ်ဦးဟာ လူမျိုးနဲ့ ကိုးကွယ်ရာ ဘာ... more »

အင်ဒိုနီးရှား မီးတောင်ပေါက် လူ သိန်းချီ ကယ်ထုတ်ရ

အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းက ကလုဒ် မီးတောင် ပေါက်ကွဲခဲ့တဲ့နောက် လူးဦးရေ ထူထပ်တဲ့ ဂျာဗားကျွန်းကနေ သိန်းချီတဲ့ လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေး နေပါတယ်။ ကီလိုမီတာ ၅၀ဝ လောက် ဝေးတဲ့ ရွာတွေ မြို့တွေအထိ မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ ဖုံးနေခဲ့ပြီး အဝေးကို မြင်နိုင်စွမ်း မရှိတာကြောင့် အဓိက လေဆိပ် ၃ ခုကို ပိတ်ထားလိုက်ရပါတယ်။ အိမ်တွေပေါ် မီးတောင်က ထွက်တဲ့ ချော်ရည် ချော်မှုန့်တွေ ပိတာကြောင့် သေဆုံးသူ ၂

ကင်တားနား ရခိုင်နဲ့ အင်းစိန် အကျဉ်းထောင် သွားရောက်

Voice of America - 1 hour ago
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်Tomas Ojea Quintana ဟာ သူရဲ့ ဒုတိယနေ့ ခရီးစဉ်မှာ ဇန်နဝါရီလအတွင်းက ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ကို ရောက်ခဲ့ချိန်မှာ အစိုးရအဖွဲ့ဝန်ကြီးတွေ အပါအဝင် ၊နှစ်ဖက် လူမှု အသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရန်ကုန် ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။... more »

တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
အစ္စလာမ် ခွဲထွက်ရေးလှုပ်ရှားသူတွေကို တရုတ်အစိုးရက တိုက်ခိုက်ချေမှုန်းမှုနေတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသမှာ သံသယဖြစ်ဖွယ် စစ်သွေးကြွ ၈ ယောက်ကို တရုတ်ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ နောက်ထပ် စစ်သွေးကြွ သုံးယောက်ဟာလည်း သူတို့ဘာသာ အသေခံဗုံးဖောက်ခွဲပြီး သေဆုံးခဲ့တဲ့အကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက သောကြာနေ့က ပြောပါတယ်။ Aksu ဒေသ Wushi အရပ်က ပန်းခြံတခုရှေ့မှာ အကြမ်းဖက်သမားတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ကားတွေမောင်းနှင်လာပြီး ရဲဝန်ထမ်းတအုပ်ကို ၀င်ရောက် တိုက်ခိုက်ချိန်မှာ ခုလို... more »

တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ

noreply@voanews.com (ဗွီအိုအေ (မြန်မာပိုင်း)) at Voice of America - 1 hour ago
တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားအစိုးရဘက်က စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကိုရီးယားစစ်ပွဲကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေး စတင်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယား က ပြောဆိုလိုက်ပါတယ်။ နယ်စပ်ဒေသ Panmunjom ရွာမှာ ဒုတိယအကြိမ် နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးမှုအတွင်း ဒီကနေ့ သောကြာနေ့မှာပဲ သဘောတူညီမှု ရယူခဲ့တဲ့အကြောင်း တောင်ကိုရီးယားအစိုးရရဲ့... more »


Friday, February 14, 2014

လမ်းမဘေး တဲထိုးနေရသော သမီးကလေးကျေးရွာ အိမ်ထောင်စုဝင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တပ်ပိုင်နယ်မြေတွင် ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှား ခဲ့သောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်နေရသူများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ပဲခူးတိုင်းဒေသကြီး၊ အောင်သိဒ္ဓိ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာက သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာပေါင်းလေးခုရှိ အိမ်ထောင်စုပေါင်း ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်မှာ ဖယ်ရှားခဲ့ကြောင်း၊ အဆိုပါ လူ ၇၀၀ ကျော်မှာ နေရာမရှိသောကြောင့် လမ်းဘေးတွင် ယာယီတဲများ ဆောက်လုပ် နေထိုင်လျက်ရှိပြီး ကလေးငယ်အချို့နှင့် သက်ကြီးရွယ်အိုတို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ကျောင်းဝင်းထဲမှာ သမီးကလေးကျေးရွာ အပါအဝင် အခြားရွာကသူတွေအပါ လူဦးရေ ၅၀၀ ကျော် ယာယီတဲထိုးပြီး နေနေတယ်။ မြေကြီးပေါ်မှာ အကာမလုံဘဲ နေရတာကြောင့် ကျန်းမာရေး ထိခိုက်တဲ့ သူတွေရှိတယ်။ အခုရက်ပိုင်းတွင်း ရန်ကုန်က ကျန်းမာရေး စောင့်ရှောက်အဖွဲ့ လာပြီး စစ်ဆေးတော့ ဝမ်းရောဂါပိုး တွေ့ရှိသူ အယောက်သုံးဆယ်ကျော်လောက် ရှိတယ်လို့ပြောတယ်။ တခြားဖျက်သိမ်းခံရတဲ့ ရွာတွေမှာလည်း ဝမ်းရောဂါ ဖြစ်နေတယ်လို့ ကြားသိရတယ်” ဟု သမီးကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တာက ပြောကြားသည်။

သမီးကလေးကျေးရွာ၊ အင်းမတီးကျေးရွာ၊ လက်ကျိုက်ကျေးရွာနှင့် ဒေါ်ကာလီ ကျေးရွာတို့ကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ နေအိမ်များ ဖယ်ရှားခံရသဖြင့် လမ်းဘေးတွင် ယာယီတဲထိုး နေထိုင်ပြီး အလှူရှင်များ လာရောက် လှူဒါန်းမှသာ စားသောက်ရကြောင်း အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ အနီးတွင် ယာယီတဲထိုး နေထိုင်လျက်ရှိသော ဒေါ်ကာလီကျေးရွာ မိသားစုဝင်များထံမှ သိရှိရသည်။

“တပ်မြေဆိုပြီး အတင်းဝင်ဖျက်လို့ အမြန်လမ်းဘေး တက်နေတာကို စည်ပင်က ထပ်မောင်းထုတ်တယ်။ အခု အမြန်လမ်း မိုင်တိုင်အမှတ် ၂၃ က ခြံတစ်ခြံမှာ ခြံပိုင်ရှင် ခွင့်ပြုချက်နဲ့ ခေတ္တနေခွင့်ရပေမယ့် မြေကြီးပေါ်မှာ တာပေါ်လင်စခင်းပြီး နေရတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ မကြာခဏ ဖျားနာပြီး ဝမ်းရောဂါပါ ဖြစ်နေကြတယ်။ လာလှူတဲ့ ဆန်သုံးလေး ပြည်ကို လူ ၉၀ လောက်က ဝေငှပြီး စားနေရတာကြောင့် အာဟာရချို့တဲ့ပြီး လူတော်တော်များများ နေမကောင်း ဖြစ်နေတယ်” ဟု ဖယ်ရှားခံခဲ့သည့် ဒေါ်ကာလီကျေးရွာသား ဦးသောင်းရွှေက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ လာရောက်ကာ ယာယီခိုလှုံနေသော မိသားစုဝင် ၁၅၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်ကို အလှူရှင်များက နေ့စဉ် လာရောက် လှူဒါန်းလျက်ရှိပြီး ယာယီခိုလှုံ နေထိုင်သူများအတွက် နေ့စဉ် စားသောက်စရိတ် ငွေကျပ် ခြောက်သောင်းကျော် ကုန်ကျကြောင်း အဆိုပါ ကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

“ရန်ကုန်က ဒေါက်တာ သိန်းလွင်တို့အဖွဲ့ ကျောင်းကို တစ်ရက်လာသွားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပေမယ့် ဒီမှာက ဆေးပေးခန်း မရှိဘူး၊ အရေးအကြောင်း တစ်စုံတစ်ခုဖြစ်မှာ စိုးရိမ်ရတယ်။ တစ်နေ့ကဆို ဗိုက်ကြီးသည်တစ်ဦး လမစေ့ဘဲ ဗိုက်နာနေတာမျိုး ဖြစ်သေးတယ်” ဟု အောင်သိဒ္ဓိကျောင်းတွင် ယာယီ ခိုလှုံနေသူ ကိုကျော်စိန်ဝင်းက ပြောကြားသည်။

အဆိုပါ နေအိမ် ဖယ်ရှားခံရသောကြောင့် လမ်းဘေး ယာယီတဲထိုးပြီး နေထိုင်သူများတွင် ကျန်းမာရေး ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အခက်အခဲများကို စောင့်ရှောက် ကူညီပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၈၈ မျိုးဆက် လူထုဆက်ဆံရေးဌာနမှ ဒုတာဝန်မှူး ဦးဉာဏ်လင်းက ပြောကြားသည်။

The Voice Weekly

၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ကုလကိုယ်စားလှယ် ကင်တားနားတွေ့

 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေးကင်တားနားနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်များ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးပြုံးချိုက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ဖြင့် နောက်ဆုံး လာရောက်သည့် မစ္စတာ ကင်တားနား၏ ခရီးစဉ် ပထမနေ့တွင်ပင် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး မတ်လတွင် ကုလသမဂ္ဂသို့ တင်သွင်းမည့် အပြီးသတ် အစီရင်ခံစာအတွက် ဆွေးနွေးခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ရခိုင်မှာ ဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်လို အဖြေရှာမလဲ၊ မပြန့်ပွားအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေ ဆွေးနွေးဖြစ်တယ်” ဟု ဦးပြုံးချိုက ဆိုသည်။

ကင်တားနားသည် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် မတွေ့ဆုံမီ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနထံမှ သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊ အလုပ်သမား အခွင့်အရေး၊ မြေယာ သိမ်းဆည်းခံရမှုများ၊ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံကြရသူများ အရေးကိစ္စ စသည်တို့ကို အစီရင်ခံစာတွင် အဓိကထား ထည့်သွင်း တင်ပြသွားရန် ကင်တားနားနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြောင်း ပွင့်လင်း လူ့အဖွဲ့အစည်းထံမှ သိရသည်။

ကုလကိုယ်စားလှယ်၏ တရားဝင် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် စီမံကိန်း စသည့် စီမံကိန်းကြီး အချို့သို့ သွားရောက် ကြည့်ရှုမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHCR) က ပြောဆိုထားသည်။

The Voice Weekly

အပြေးအလွှား နေရာပြောင်းရတဲ့ မန္တလေး ဧရာဝတီစာပေပွဲတော်

မန္တလေး ကုသိုလ်တော်ဘုရားမှာ ဒီမနက် ကျင်းပမယ့် ဧရာဝတီစာပေပွဲတော်ကို နေရာပြောင်းလိုက်ပါပြီ။

Mandalay Hill Resort ဟိုတယ်ကို ပြောင်းလိုက်တာလို့  သတင်းထောက် တေဇလှိုင်က အခုလေးတင် ဖုန်းဆက် ပြောပြပါတယ်။




 

 -
ဒီမနက်မှ ကမန်းကတန်း ဘာကြောင့်ပြောင်းလိုက်ရတာလဲ။
 ခွင့်ပြုချက်ပေးတဲ့ 
အာဏာပိုင်တွေ ရှိသလို ခွင့်မပြုတဲ့သူလည်း ရှိနေလို့ပါ တဲ့

ပွဲကတော့ မပျက်ပါဘူး။ နေရာပြောင်းရုံလေးပါပဲ။

ဒီပွဲကို ပြည်တွင်းပြည်ပ ကလောင်ရှင် အများအပြား တက်ရောက်ကြမှာပါ။
ဧရာဝတီစာပေပွဲတော် (Irrawaddy Literary Festival) ကျင်းပရေး ကော်မတီက ထုတ်ပြန်ခဲ့ချက်အရဆိုရင် မနက်ဖြန်
မနက် ၁၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ အစီအစဉ် တခု ရှိနေပါတယ်။
အချိန် တနာရီ ကြာမယ့် အဲဒီအစီအစဉ်ရဲ့ ခေါင်းစဉ်က "In Conversation" ဖြစ်ပါတယ်။

အချိန်စာရင်းအရ ဆိုရင်တော့   တနာရီကြာမယ့် စကားဝိုင်းလေးတွေကို  ငါးနေရာ ခွဲပြီး လုပ်ကြတဲ့ ပွဲတော်ပါ။
ဒါကြောင့် ပရိသတ်က ကိုယ်ပါဝင်ဆွေးနွေးလိုတဲ့ နားထောင်လိုတဲ့ နေရာကို ရွေးချယ်ပြီး ပါဝင်နိုင်ပါလိမ့်မယ်။
တနေကုန် စကားဝိုင်းတွေနဲ့ ပြည့်နေပါတယ်။
ကိုယ်နှစ်သက်တဲ့ စကားဝိုင်းတွေက တပြိုင်နက် ကျင်းပရင်တော့ ရွေးချယ်ရ ခက်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးမယ့် စကားဝိုင်း ကျင်းပချိန်မှာတော့ တခြားအစီအစဉ်တွေကို ရပ်နားထားပါတယ်။
ပြီးရင်တော့ ထုံးစံအတိုင်း စကားဝိုင်း ငါးခုစီ ငါးခုစီကို တပြိုင်နက် ကြုံရပါမယ်။ စကားဝိုင်းတွေအပြင် ဆွေးနွေးပွဲတွေလည်း ပါပါတယ်။

မြန်မာပြည်ဖွား စာရေးဆရာမ ၀င်ဒီလောရုံလည်း ဒီပွဲ တက်မယ် ဆုတဲ့အကြောင်း ဧရာဝတီသတင်းတပုဒ် http://www.irrawaddy.org/burma/burma-born-english-novelist-attend-second-irrawaddy-literary-festival.html မှာ ဖော်ပြခဲ့ပြီးပါပြီ၊ သူက နေရှင်းသတင်းစာ တည်ထောင်ခဲ့တဲ့ ဦးလောရုံရဲ့သမီးဖြစ်ပါတယ်။

ဒီပွဲကို မြို့ခံစာပေသမားတချို့က သပိတ်မှောက်ထားပါတယ်။
သို့သော်လည်း Mandalay Hill Resort ဟိုတယ်မှာ ဒီပွဲကို အဆင်ပြေပြေနဲ့ ဆက်လက် ကျင်းပသွားနိုင်မယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်မှာပဲ ရန်ကုန်မှာ ဧရာဝတီစာပေပွဲတော် ပြုလုပ်ခဲ့ပါသေးတယ်။
အထက်ဖော်ပြပါပုံကတော့ အဲဒီပွဲတော်ရောက် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။
ဧရာဝတီ Blog

ကိုဥက္ကာမြင့်ကြူ နှင့် သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်း တို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲ(ဓာတ်ပုံ)


ဓါတ်ပုံ - အိသွဲ့(တန့်ယန်း)
ကိုဥက္ကာမြင့်ကြူ နှင့် သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်း တို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၉ နာရီတွင် ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။














မကြုံစဖူး ဆိုးရွားတဲ့ အမေရိကန်နှင်းမုန်တိုင်း

Snow plows travel along Pennsylvania Avenue to clear the roads after snow began falling overnight in Washington, early February 13, 2014. REUTERS-Jonathan Ernst
Photo - Reuters
အမေရိကန်ပြည်ထောင်စုက ပြည်နယ်တော်တော်များများမှာ ဒီနှစ်ပိုင်းတွေမှာ ထူးထူးခြားခြား လွန်ကဲတဲ့ ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို ခံနေရပြီး၊ နှင်းတွေဖုံးလွှမ်းပြီး ရေခဲသွားတဲ့အထိ အန္တရာယ်ကြီးတဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ ဆိုးရွားလွန်းလှတဲ့ နှင်းမုန်တိုင်းဒဏ်ခံနေရတဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ မကြုံစဖူး အတွေ့အကြုံတွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ မကြုံစဖူး နှင်းမုန်တိုင်းကြီး ပြင်းပြင်းထန်ထန် တိုက်ခတ်တဲ့အတွက် လူပေါင်းသုံးသိန်းကျော်လောက်  လျှပ်စစ်မီးမရဘဲ နေထိုင်နေကြရပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်း နှင်းမုန်တိုင်း စပြီးတော့ တိုက်ခတ်တဲ့အတွက် ကြာသပတေးနေ့မှာတော့ ဗွီအိုအေမြန်မာပိုင်းရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာလည်း အစိုးရရုံးအကုန်လုံးနဲ့ စာသင်ကျောင်းတွေကို အရေးပေါ် ပိတ်လိုက်ရပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် အနီးတဝိုက်၊ မယ်ရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာလည်း နှင်းထုက အမြင့်ပေ တစ်ပေကျော်နေပြီး တချို့နေရာတွေမှာ တစ်ပေခွဲအထိ မြင့်တက်နေတာမို့ လမ်းမတော်တော်များများ နှင်းတွေ ဖုံးလွှမ်းနေပါတယ်။ နယူးယောက်မြို့မှာတော့ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲပြီး လုပ်ငန်းတော်တော်များများ ရပ်နားထားရပေမဲ့ ကုလသမဂ္ဂရုံးမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအချို့ကတော့ နေအိမ်ကနေ အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ ၁၅ နှစ်တာကာလအတွင်း ဆိုးရွားလွန်းတဲ့ရာသီဥတုဒဏ်ကို မကြုံစဖူး ခံရတာဖြစ်တယ်လို့ ကုလသမဂ္ဂမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်း မဝေဝေနိုင်က ပြောပါတယ်။

“အမေရိကားရောက်ပြီး ၁၅ နှစ်သက်တမ်းမှာ တခါမှ ဒီလောက် မကျဖူးဘူး။ ရုံးမှာလည်း အမြဲ Announce  လုပ်နေတာပေါ့နော်။ ဒီ Weather ဆိုးမယ်။ အရမ်းခက်ခဲတဲ့ နေရာတွေက သတိနဲ့လာကြဖို့ ကိုယ်ရဲ့ဆရာတွေနဲ့တိုင်ပင်ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ ရုံးမှာလည်း အမြဲတမ်းပဲ Warning Email တွေ အမြဲတမ်းပို့နေတယ်။ မနေ့ကတည်းကတင် ရုံးမှာ Announce လုပ်ထားပြီး လာဖို့ ခက်ခဲရင် မလာပါနဲ့။ အိမ်ကနေ အလုပ်လုပ်ပါ။ တချို့တွေကျတော့လည်း ရုံးကို လာပြီးတော့မှ အလုပ်လုပ်ရမယ့်သူတွေရှိတယ်။ ရုံးမှာရှိတဲ့သူတွေကလည်း အိမ်ကိုပြန်ကြပါဆိုပြီးတော့ Weather ၄ နာရီမှာ ထပ်ပြီးတော့ Announce လုပ်ထားတယ်။ Breaking News အနေနဲ့ အရမ်းဆိုးမယ်ဆိုပြီးတော့။ မနက်က Snow တွေ ကျတယ်။ ကျပြီးတဲ့အခါမှာ မိုးတွေပြန်ရွာလာတယ်။ Snow တွေပျော်ပြီးတဲ့အခါမှာ ရေတွေကခဲသွားတယ်။ ရေခဲတဲ့နေရာခဲတယ်၊ ပျော်တဲ့နေရာပျော်တယ်။ အဲတော့ လမ်းသွားတဲ့အခါမှာ အရမ်းအန္တရာယ်များတာပေါ့နော်။”

အမေရိကန်အရှေ့တောင်ပိုင်းက မြောက်နဲ့တောင် ကာရိုလိုင်းနားတွေမှာ ရေခဲ မိုးတွေပါ ရွာသွန်းတိုက်ခတ်နေတဲ့ နှင်းမုန်တိုင်းကြောင့် အဓိက အဝေးပြေး လမ်းမကြီးတွေမှာ ကားတွေ ဆက်မသွားနိုင်ဘဲ ဖြစ်ရပြီး ယာဉ်မောင်းသူတွေဟာ သူတို့ရဲ့ကားတွေကို လမ်းပေါ်မှာတင် ရပ်ထားရတာမျိုးနဲ့ ကြုံနေရပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားလိုက်ရတဲ့အတွက် တက္ကသိုလ်နဲ့ စာသင်ကျောင်း ဘတ်စ်ကားမောင်းတဲ့ မြန်မာလူမျိုး ဦးအောင်ကလည်း ကားမောင်းတဲ့ သူ့အလုပ်ကို ရပ်နားထားရတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့အလုပ်တွေကလည်း အကုန် ပိတ်လိုက်တယ်လေ။ ကျနော်ကလည်း school bus တွေ မောင်းတာဆိုတော့ university ကလည်း ပိတ်ထားတယ်။ ကျနော်တို့ ဘတ်စ်တွေလည်း ပိတ်ထားတယ်။ စာသင်ကျောင်းတွေကတော့ ကျနော်တို့ ဒီနေ့တော့ အကုန်လုံး ပိတ်ထားတယ်ပေါ့နော်။ ဒီနေ့ ပိတ်ထားတဲ့အပြင် ကျနော်တို့ လက်ရှိ လောလောဆယ်မှာကိုက ကြေညာထားတာ မနက်ဖြန်လည်း ပိတ်ထားတယ်။”

စံချိန်ချိုးရလောက်အောင် အပူချိန် ရေခဲမှတ်အောက်ရောက်တဲ့အထိ မကြုံစဖူး အေးခဲလွန်းတဲ့ ရေခဲမိုးတွေနဲ့ နှင်းထုကြောင့် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းက မစ်ရှီဂန်ရေကန်ကြီး ရေ လုံးဝ ခဲသွားတဲ့အထိ ကြုံလိုက်ရတဲ့ မစ်ရှီဂန်ပြည်နယ် Lansing မြို့မှာနေတဲ့ မြန်မာကဗျာဆရာ ဦးအောင်ဝေး ကလည်း ကားလမ်းတွေ လုံးဝ မောင်းလို့မရအောင်ကို ဖြစ်သွားပြီး အသက်အန္တရာယ် ရှိလောက်တဲ့ အေးခဲမှုဒဏ်ကို ခံခဲ့ရတဲ့ မစ်ရှစ်ဂန် တမြို့လုံးနီးပါး အရေးပေါ်အခြေအနေ ရောက်ခဲ့ရတယ်လို့ ပြောပါတယ်။

“မစ်ရှီဂန် ကန်ကြီးပါ ခဲသွားတယ်ဆိုတာ တကယ်ပဲလေ။ သိပ်ဆိုးလွန်းအားကြီးတဲ့ နေ့မျိုးဆိုရင် ကျောင်းပိတ်လိုက်တာမျိုး လုပ်တယ်။ တချို့ အလုပ်တွေ ရုံးတွေပိတ်တော့ အင်တာနက်လိုင်းတွေ တပတ်၊ ၁၀ ရက် ပြတ်တောက်၊ တီဗွီတွေ မကြည့်ရ။ နောက် အိမ်တွေမှာ မီးပြတ်၊ ရေပြတ်၊ အပူစက်တွေပြတ်ပေါ့နော်။ နောက် လူ အသေအပျောက်တွေလည်း များတယ်လေ။ အဲတော့ ဒီနှစ်ကတော့ မကြုံဖူးအောင် ဆိုးရွားတယ်လို့ ပြောရ မယ်။ ကိုယ်က ၆ နှစ်ပဲ ရှိသေးတာကိုး။ ဒီမှာ နှစ်ပေါင်း ၆၀ လောက် နေလာတဲ့ အမေရိကန်တွေတောင်မှ Oh my God, Oh my God ဖြစ်နေတဲ့အချိန်လေ။”

နှင်းမုန်တိုင်းဟာ အခုတော့ အတ္တလန္တိတ်အလယ်ပိုင်း ပြည်နယ်တွေနဲ့ အရှေ့မြောက်ဘက်ဒေသတွေ တလျှောက်ကိုလည်း ၀င်တိုက်သွားပါပြီ။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အေးခဲတဲ့ လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်နေသလို အဝေးပြေး လမ်းမကြီးတွေပေါ်မှာ နှင်းတွေခဲပြီး ရေခဲတွေနဲ့ ဖုံးလွှမ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Georgia ပြည်နယ်ကို သမ္မတ Barack Obama က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ နှင်းမုန်တိုင်းဒဏ် ကြောင့် လေယာဉ်ခရီးစဉ် အများအပြား ဖျက်လိုက်ရသလို ခရီးသည် အများအပြားဟာလည်း လေဆိပ်တွေထဲမှာ နေနေကြရပါတယ်။ အခုချိန်ထိဆိုရင် နှင်းမုန်တိုင်းကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ပြီး အဲဒီထဲက သုံးဦးဟာဆိုရင် တက္ကဆက်စ်ပြည်နယ်မှာ အရေးပေါ် လူနာတင်ယာဉ်တစီး ရေခဲကြောင့် ချော်နေတဲ့ လမ်းပေါ်ကနေ ဘေးကျသွားတာကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ)

A general view of the U.S. Capitol in early morning snow in Washington, February 13, 2014. REUTERS-Jonathan Ernst


Thursday, February 13, 2014

၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း


ရန်ကုန်၊ မဇ္ဈိမ။ ။ ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေသည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။

အဆိုပါ တပ်ဖွဲ့မှ စုံစမ်းရေး ဦးစီးအရာရှိဖြစ်သူ ဦးခင်ဇော်နှင့်အဖွဲ့သည် (၈)ရပ်ကွက်၊ ၃၉ လမ်း၊ အမှတ် (၂၀၆)တွင် နေသူတစ်ဦးနှင့် အဖွဲ့ကို သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ အတုပြုလုပ်ပြီး တရားမဝင်သင်္ဘော လိုင်းများဖြင့် ချိတ်ဆက်၍ သင်္ဘောသားများထံမှ ငွေကြေးရယူ ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ ရုံးခန်းရှိရာ ကျောက်တံတားမြို့နယ်၊ (၆)ရပ်ကွက်၊ (၃၈)လမ်း၊ အမှတ် (၉၀)သို့ ဦးစီးအရာရှိ ဦးခင်ဇော်နှင့် အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရှာဖွေမှုကြောင့် စာအုပ်စာတမ်းများ အတုပြုလုပ်သော ကွန်ပျူတာ၊ ပရင့်တာနှင့် သင်္ဘောတက်ရောက်ခွင့် မှတ်တမ်းစာအုပ်(CDC)၊ သင်္ဘောသားအရာရှိ ကျွမ်းကျင်လက်မှတ်စာအုပ်(COC)၊ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုစာအုပ် (GOC) နှင့် သင်္ဘောသား ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံချက်ပုံစံအလွတ်များ အတုပြုလုပ်နေကြောင်း တွေ့ရှိခဲ့သည်။

ထို့ပြင် အတုပြုလုပ်ရာတွင် အသုံးပြုသည့် စာအုပ်မျက်နှာဖုံးများအတွင်း စာရွက်စာသားများ ပုံစံစာရွက်များနှင့် အတူ ပူးတွဲအသုံးပြုသည့် လဝက ဗီဇာ တံဆိပ်တုံးအတု၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တံဆိပ်တုံးအတုများကို ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ယင်းအပြင် ပနားမားတူးမြောင်းနှင့် ပြည်ပသင်္ဘော ကုမ္ပဏီအသီးသီးတို့တွင် အသုံးပြုသည့် တံဆိပ်တုံးအတုများ၊ ဆေးစာတံဆိပ်တုံးအတုနှင့် နိုင်ငံတော် တံဆိပ်ပါရှိသည့် အသားတံဆိပ်တုံး အတုများနှင့်အတူ အတုပြုလုပ်သည့် စာရေးကိရိယာ ပစ္စည်းများကိုပါ ဖမ်းဆီးရမိလိုက်သည်။

ထို့ကြောင့် ယင်းကဲ့သို့ လိမ်လည်အတုပြုလုပ်နေသူကို အရေးယူပေးရန် ဦးခင်ဇော်က တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင်တန်းမှုကို ကျောက်တံတားရဲစခန်းက (ပ)၅၃/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၄၇၁/၁၀၉ တို့ဖြင့် အရေးယူရန် အမှုစစ် တရားလိုကိုယ်တိုင် ဆက်လက်စစ်ဆေးစုံစမ်းနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

တောင်ငူ ဗဟိုဈေးကြီး မီးလောင် ၈၀ရာခိုင်းနှုန်းခန့် လောင်ကျွမ်းမှုဖြစ်

သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ)
                                   သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ)
သတင်းဓာတ်ပုံ - ကိုသားကြီး (တောင်ငူ)

ဓါတ်ပုံ / Ko Kyaw Swar

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေ ၆နာရီအချိန်တွင် တောင်ငူမြို့ ၆လမ်း ဗဟိုဈေးကြီး အလယ်ပေါက် အနီးမှ စတင်လောင်ကျွမ်းခန့်ပြီး လောင်ကျွမ်းမှု အချိန်မြင့်မားသောကြောင့် မီးသတ်တပ်ဖွဲ့များ ခက်ခဲစွာ ငြိမ်းသတ်နေရသည်။

မီးလောင်ကျွမ်းမှုကို လက်ရှိ အခြေအနေထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးသောလည်း တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့များဖြစ်သည့် အုတ်တွင်း၊ ကျွဲပွဲ၊ ရေတာရှည်၊ ရေနီ၊ ဖြူး၊ဆွာတို့မှ မီးသတ်ယာဉ်များ လာရောက် ငြိမ်းသတ်လျှက်ရှိသည်။

ဗဟိုဈေးကြီး ပတ်ပတ်လည် ၆လမ်း၊ သံဖြူတန်း၊ ဈေးလမ်းနှင့်ကပ်နေသော ဈေးဆိုင်ခန်းများ လောင်ကျွမ်းခဲ့သောကြောင့် ဈေးကြီး၏ ရာခိုင်းနှုန်း တော်တော်များများ လောင်းကျွမ်းခဲ့သည့် ရတနာ ၁၊ ရတနာ ၂၊ သံဈေးရုံး၊ ရုံ ၂ တို့ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည်။

လောင်ကျွမ်း ရာနေရာသို့ မီးသတ်တပ်ဖွဲ့များ၊ ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် အနီးကပ် ကြည့်ရှုလျှက်ရှိပြီး၊ နယ်မြေခံ တောင်းပိုင်း တိုင်းစစ်ဌာချုပ်မှ တပ်မတော်သား များလည်း ကူညီ မီးငြိမ်းသတ် နေကြောင်း သိရသည်။

ယခု ဗဟိုဈေးကြီးမီးလောင်ကျွမ်းမှုသည်ဒုတိယအကြိမ်ဖြစ်ပြီး ၁၉၈၁ခုနှစ်ကမသမာသူတစ်ဦး၏ ရှို့မီးကြောင့်ဖြစ်ပေါ်ခဲ့သည်။

ဓါတ်ပုံ / Ko Kyaw Swar

သတင်း -Ko Kyaw Swar
သစ်ထူးလွင် မှ

ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ် ခံဝန်ချက် လက်မှတ်ထိုးရန် ပြင်ဆင်

 
 မြန်မာနိုင်ငံက ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုးဖို့ ပြင်နေပြီဖြစ်ကြောင်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံက ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်မှာ နှစ်ပိုင်းရှိတဲ့အနက် ၁၉၉၃ ခုနှစ်မှာ သိရှိကြောင်းအပိုင်းကို လက်မှတ်ထိုးထားပြီး မဖြစ်မနေ လိုက်နာမယ်ဆိုတဲ့ ကတိခံဝန်ချက်ကိုတော့ ခုထက်ထိ လက်မှတ်မထိုးသေးပါဘူး။

ဒါကြောင့် လက်မှတ်ထိုးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က ခုလို ပြောလိုက်တာဖြစ်ပါတယ်။

“ကျနော်သိသလောက် ကွန်ဗန်းရှင်းမှာ ထိုးထားပြီးသား၊ ပြည်တွင်းမှာ ratify (သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးသည်) လုပ်တာ ကျန်နေတယ်။ နိုင်ငံတကာ Convention တွေရဲ့ သဘောတရားအရ သက်ဆိုင်ရာ ဥပဒေပြု အဖွဲ့အစည်းက ratify မလုပ်သေးရင်တောင်မှ လက်မှတ်ထိုးထားတဲ့အတွက်ကြောင့် အဲဒီ convention ရဲ့ အနှစ်သာရကို လိုက်နာရတယ်။ ratify လုပ်ပြီးတယ်ဆိုရင် အဲဒီဟာနဲ့အညီ ပြည်တွင်းဥပဒေကို လိုက်ပြင်ရတာပေါ့ဗျာ။ ကျနော်တို့က အဲဒီအဆင့်တခုပဲ ကျန်တယ်လို့ အကြမ်းမျဉ်း နားလည်ထားတယ်။ ratify လုပ်ပြီးရင် ထပ်ပြီး ဖြည့်ဆည်းရမှာအတွက်ကို ကျနော်တို့ဆီမှာ အဖွဲ့အစည်းတွေ ဖွဲ့တာ၊ ဥပဒေ ပြုတာတွေအတွက်ကို သင်ကြားလေ့ကျင့်ပေးတဲ့ သူတွေ ရှိတယ်။ ဓာတုကော ဇီဝလက်နက်တွေနဲ့ပတ်သက်တဲ့ ratify လုပ်ပြီးရင် ဆက်ပြီးတော့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် အတက်ပညာ၊ နည်းပညာဆိုင်ရာ အကူအညီပေးဖို့တွေ ဆွေးနွေးနေတယ်။ ဥပမာ ပြည်ထောင်စု လွှတ်တော်မှာ အတည်မပြုရသေးဘူးဗျာ။ မပြုရသေးဘူး ဆိုရင်တောင်မှာ သူ့ရဲ့အနှစ်သာရကို လိုက်နာနေရပြီ။ အတည်ပြုပြီးရင်တော့ လိုအပ်တဲ့ ဥပဒေတို့ စစ်ဆေးရေးအဖွဲ့တို့ ဒါမျိုးတွေ သူ့အဆင့်တွေ ရှိတယ်။ အဲဒါတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ရမယ်။ အခုအစိုးရသစ်လက်ထက်မှာ လုပ်နေရတာက အဲဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘာတွေလုပ်ရမလဲ။ ကျနော်တို့မှာ ဘာတွေ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုလဲ ဆိုတဲ့ အဲဒါတွေကို ဟိုဘက်က အဖွဲ့အစည်းတွေနဲ့ သင်တန်းပေးဖို့တွေ နောက် ဥပဒေဆွဲမယ်ဆိုရင် ဥပဒေ ဆွဲတာကို အကူအညီပေးဖို့တွေ လုပ်နေတယ်။”

ဓာတုဗေဒလက်နက် တားဆီးရေးအဖွဲ့ (OPCW) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michael Luhan က မြန်မာနိုင်ငံက ဓာတုဗေဒ လက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက်လက်မှတ် အမြန်ဆိုးထိုးဖို့ မြန်မာအစိုးရကို မကြာခဏ တောင်းဆိုထားတယ်လို့ ဒီဗွီဘီကို အီးမေးလ်နဲ့ ဖြေကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ ဓာတုဗေဒလက်နက် တားဆီးရေးအဖွဲ့ (OPCW) ရဲ့ နှစ်ပတ်လည်ညီလာခံကို နှစ်စဉ်လို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အစောပိုင်းကလည်း OPCW ရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို မြန်မာနိုင်ငံမှာ လက်ခံတွေ့ဆုံပြီး ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ် ခံဝန်ချက် လက်မှတ်ထိုးမယ်ဆိုရင် လိုက်နာရမယ့် တာဝန်တွေနဲ့ အခွင့်အရေးတွေအကြောင်း လေ့လာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်မထိုးသေးတာကြောင့် OPCW အနေနဲ့ မြန်မာနိုင်ငံမှာ ဓာတုဗေဒလက်နက် ရှိ မရှိ စုံစမ်းဖို့ အခွင့်အရေးမရှိပါဘူး။ ဓာတုလက်နက်စက်ရုံ သတင်းတွေနဲ့ ပတ်သက်လို့လည်း ကောက်ချက်ပေးလို့ မရပါဘူးလို့လည်း အီးမေးလ်က ပြောထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ယူနတီဂျာနယ်က ရေးသားခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်မှာ ဓာတုလက်နက်စက်ရုံသတင်းကြောင့် သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဒီစက်ရုံနဲ့ ပတ်သက်လို့ ဒီဗွီဘီက ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းစဉ်မှာ ဒီစက်ရုံဟာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့စက်ရုံသာဖြစ်ပြီး ဓာတုလက်နက်စက်ရုံ မဟုတ်ကြောင်းငြင်းဆိုထားပြီး ဓာတုလက်နက်တားဆီးရေး ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် ဓာတုလက်နက်တားဆီးရေး သဘောတူစာချုပ်ကို မဖြစ်မနေလိုက်နာပါမယ်လို့ ကတိပြုတဲ့ စာချုပ်ကို လက်မှတ်ထိုးရခြင်း မရှိသေးတာကြောင့် ၀င်ရောက်စစ်ဆေးခွင့်တောင်းခံလာရင် ငြင်းပယ်ခွင့်ရှိနေပါတယ်။

ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ထိုး လိုက်တဲ့ နိုင်ငံတိုင်းဟာ ကိုယ်နိုင်ငံမှာ ဓာတုဗေဒ လက်နက်ရှိနေမယ်ဆိုရင် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း ကနဦး တရားဝင် တင်ပြရမှာဖြစ်ပါတယ်။

ဒီထဲမှာပါတာကတော့ ဓာတုဗေဒလက်နက်နဲ့ ထုတ်လုပ်တဲ့ စက်ရုံတည်နေရာ၊ ဓာတုဗေဒ လက်နက် တားဆီးရေးစာချုပ်မှာ ဖော်ပြထားတဲ့ ဓာတုဗေဒပစ္စည်း ၄၃ မျိုး ထုတ်လုပ်တဲ့ စက်ရုံတည်နေရာ၊ ဓာတုဗေဒလက်နက်အဖြစ် အလွယ်တကူ အသွင်ကူးပြောင်းနိုင်တဲ့ တခြား ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရာ စက်ရုံတည်နေရာတွေကို ဖော်ပြရမှာဖြစ်ပါတယ်။

ဓာတုဗေဒလက်နက် တားဆီးရေးစာချုပ်ကို မဖြစ်မနေလိုက်နာပါမယ်ဆိုတဲ့ စာချုပ်ကို နိုင်ငံပေါင်း ၁၉၀ နီးပါးက လက်မှတ်ထိုးထားကြပြီး လက်မှတ်မထိုးရသေးတာ မြန်မာ၊ အစ္စရေးနဲ့ မြောက်ကိုရီးယားအပါအ၀င် ခြောက်နိုင်ငံ ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ဦးကိုနီနှင့် ဦးမြအေး ပါဝင်ဟောပြောမည့် စာပေဟောပြောပွဲ ကန့်ကွက်ခံရ၍ ဖျက်သိမ်း



 ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ၌ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဦးကိုနီနှင့် ဦးမြအေးတို့ ဟောပြောမည့်အစီအစဉ်ကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂက ကန့်ကွက်ခဲ့သောကြောင့် ဟောပြောပွဲဖျက်သိမ်းခဲ့သည်ဟု ပွဲစီစဉ်သူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမျိုးထွဋ်က ပြောသည်။

ဦးကိုနီနှင့် ဦးမြအေးတို့ကို ပြည်ထောင်စုနေ့ကဲ့သို့သော အခမ်းအနားမျိုးတွင် လက်မခံနိုင်ဟူသော အ ကြောင်းပြချက်ဖြင့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သူလည်းဖြစ်သည့် ဦမျိုးထွဋ်က ဆိုသည်။

ဟောပြောမည့်သူနှစ်ဦးကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ အရှင်သုစိတ္တက ကန့်ကွက်သည့်စာကို မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖေဖော်ဝါရီ ၁၀ ရက်တွင်ပေးပို့ခဲ့ပြီး ပွဲဖြစ်မြောက်ရေးစီစဉ် သည့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ကန့်ကွက် စာရောက်ရှိသည်ကို သိရှိသည်ဟု ဆိုသည်။

အဆိုပါကန့်ကွက်စာနှင့်ပတ်သက်ပြီး မြို့နယ်အန်အယ်လ်ဒီအဖွဲ့ဝင်များမှ ရဟန်းအဖွဲ့ကို သွားရောက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရခဲ့ပေ။

မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ အရှင်သုစိတ္တ၏ ကန့်ကွက်စာတွင် “မဖြစ်သင့်တာတွေ ဖြစ်လာနိုင် ပါတယ်ဆိုတဲ့ အကြောင်းသက်ဆိုင်ရာမှ အချိန်မီတားဆီးပေးနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်”ဟု ပါ ရှိပြီး အဆိုပါရဟန်းအဖွဲ့ကိုမူ မီဒီယာများမှ သီးသန့်မေးမြန်းခွင့်မရခဲ့ပါ။

ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဦးထွန်းမြတ်က “ကျွန်တော်တို့က အရှင်ဘု ရားတို့ကိုလည်း မေတ္တာရပ်ခံပြီးပြီ။ အရှင်ဘုရားက ဦးမြအေးနဲ့ ဦးကိုနီ နှစ်ဦးကို ဖြုတ်ပေးပါဆိုပြီး ပြော တယ်။ တစ်ဖက်ကလည်း စာရေးဆရာလေးဦးရဲ့ဆန္ဒကို မေးတယ်။ စာရေးဆရာလေးဦးကလည်း နှစ်ဦး ကိုဖြုတ်ပြီးတော့ ကျန်တဲ့ နှစ်ဦးတည်းနဲ့တော့ မဟောနိုင်ဘူးဆိုပြီး အပြတ်ပဲ။ တစ်ဖက်နဲ့တစ်ဖက်လည်း ပြဿနာမဖြစ်ရအောင် ဦးမြအေးတို့ဘက်ကလည်း နောက်ဆုတ်ပေးသွားတယ်”ဟု ပြောသည်။

စာပေဟောပြောပွဲ တက်ရောက်ဟောပြောရန် တရားလွှတ်တော်ရှေ့နေဦးကိုနီ၊ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ဆင်ဖြူကျွန်း အောင်သိန်းနှင့် ဆရာသန်းစိုးနိုင်တို့ကို ဖိတ် ကြားထားခြင်းဖြစ်သည်။ အဆိုပါ ဟောပြောပွဲပြုလုပ်ရန် အန်အယ်လ်ဒီဘက်မှ ဇန်န၀ါရီ ၄ ရက်ကတည်း က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကလည်း ပွဲကျင်းပရန် တရားဝင်ခွင့်ပြုထားပြီးဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

ဟောပြောရန်ကန့်ကွက်ခံရသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “တိုင်းပြည်က နှစ်ပေါင်း ၅၀ လောက် အာဏာရှင်စနစ်အောက်မှာနေခဲ့ရပြီး အခု ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ အခြေအနေမှ ဘာသာခြားဖြစ်လို့ ဖျက်ဖို့ တောင်းဆိုတာ ဒီမိုကရေစီကို အနှောင့်အယှက်ပေးသလို ဖြစ် နေတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ခက်ခဲနေဦးမယ်”ဟု သုံးသပ် ပြောဆိုသည်။

ဦးကိုနီသည် “ပဉ္စမပြည်ထောင်စု မြန်မာနိုင်ငံ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် ဒီမိုက ရေစီလမ်းကြောင်းအခြေအနေများကို ဟောပြောရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးမြအေးကို ဆက်သွယ်မေးမြန်းရာ ပွဲစီစဉ်သူကို သာ တိုက်ရိုက် မေးမြန်းရန် ပြောကြားခဲ့သည်။

ဟိန်းကိုစိုး၊ ရွှေရည်ဝင်းထက်
Mizzima - News in Burmese

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကား

လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက် မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံကလေးများနေ့လည်းဖြစ်ပြီး သမီးဖြစ်သူ 
ဒေါ်အောင်ဆန်းစုကြည်က အခုလို သတင်းစကားပါးထားပါတယ်။



ဧရာဝတီBlog