Pages

Wednesday, July 9, 2014

ကယားပြည်နယ်ရှိ သံလွင်မြစ်အားပိတ်၍် ရွာသစ်ဆည်စီမံကိန်းအား အကောင်အထည်ဖော်မည်ဆိုပါက ဒေသခံတိုင်းရင်းသားများ၏ သဘောတူညီမှု မရရှိနိုင်


ကယားပြည်နယ်ရှိ သံလွင်မြစ်အားပိတ်၍ ရွာသစ်ဆည်စီမံကိန်းအား အကောင်အထည်ဖော်မည်ဆိုပါက ဒေသခံတိုင်းရင်းသားများမှ သဘောတူညီမှုမရှိသည်ကို တွေ့ရကြောင်း ဇူလိုင်ပထမပတ်အတွင်း သံလွင်မြစ်တစ်လျှောက် လူထုအခြေအနေနှင့် သဘောထားများအား လေ့လာခဲ့ကြသော ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ပြောကြားသည်။

ဆည်စီမံကိန်းအတွက်လျာထားသော နေရာအနီးနားတွင် တိုင်းရင်းသားမျိုးနွယ်စု ကျေးရွာ (၁၆) ရွာရှိပြီး ၎င်းတိုင်းရင်းသားများမှာ သံလွင်မြစ်နှင့် မြစ်ကြောင်းတစ်လျှောက်ရှိ မြေယာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အားထား၍ သက်မွေးဝမ်းကျောင်းပြုနေကြရပြီး ရေကာတာတည်ဆောက်၍ ပြောင်းရွှေ့ရပါက စားဝတ်နေရေးခက်ခဲနိုင်သည့်အပြင် မျိုးနွယ်စု၏ ရိုးရာယဉ်ကျေးမှုများပါ ပျောက်ဆုံးသွားနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

"ရွာသစ်စီမံကိန်းနားမှာ ကရင်၊ ကယား၊ ရှမ်းနဲ့ ယင်းတလဲလူမျိုးတွေနေကြတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ယင်းတလဲလူမျိုးဆိုတာ လူဦးရေ ၇၀၀ လောက်ပဲရှိတော့တာ။ သူတို့ရိုးရာ တောကောင်လိုက်တာ၊ နေထိုင်စားသောက်မှုပုံစံတွေဟာ ပြောင်းရွှေ့ရမယ်ဆို ပျောက်သွားနိုင်တယ်။ တချို့ရွာတွေဆိုရင်အရင်က စစ်လမ်းကြောင်းကျခဲ့တော့ ရွာပုန်းရွာရှောင်ရင်းနဲ့ အိမ်ခြေသုံးအိမ်လောက်ပဲကျန်တော့တယ်။ မြန်မာစကားဆို လုံးဝမတတ်ကြဘူး" ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ ကိုဖိုးခွားက ရှင်းပြလေသည်။

ရွာသစ်ဆည်စီမံကိန်းအတွက် လူထုသဘောထားကောက်ခံခြင်းကို ၂၀၁၃ ခုနှစ်တွင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် တာဝန်ရှိသူများမှ လူထုနှင့်လာရောက်တွေ့ဆုံ ဆန္ဒတောင်းခံခဲ့ရာ လူထုမှ သဘောတူသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ထိုစဉ်က ဖားဆောင်းမြို့ပေါ်တွင်သာ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မြို့ပေါ်နေ လူထု ၆၀ ခန့်သာ တွေ့ဆုံသဘောတူခြင်းဖြစ်သည်ဟုလည်း သိရသည်။

"စီမံကိန်းဘေးနားက ရွာတွေအားလုံးရောက်ခဲ့ပါတယ်။ သူတို့ကို သေချာမေးပါတယ်။ ဒီစီမံကိန်းအကြောင်းသိလားဆိုတော့ သိတယ်လို့ဖြေတယ်။ ဘယ်ချိန်ဆောက်မယ် ဆိုးကျိုးတွေ ကောင်းကျိုးတွေ ဘယ်လိုရှိတယ်ဆိုတာကိုမသိဘူး လာတဲ့လူတွေကလည်း မပြောပြကြဘူးလို့ ရွာလူထုကပြောပါတယ်။ ဒါပေမဲ့ ရွာရွှေ့ရမယ်ဆို သူတို့မရွှေ့နိုင်ဘူးလို့ ပြောကြတယ်" ဟု ကိုဖိုးခွားက ဆက်လက်ပြောကြားသည်။ 
မခိုင် Eleven Media Group

ဟိန္ဒားသတ္တုတွင်းစီမံကိန်းမှ မြေစာများ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြောင်းပြိုချောင်းတိမ်ကောဟု ဒေသခံများပြောဆိုနေမှုမှာ မဟုတ်မှန်ကြောင်း အမှတ် (၂) သတ္တုတွင်း တိုင်းအထွေထွေမန်နေဂျာ ငြင်းဆို

July 8, 2014

စီမံကိန်းလုပ်ငန်းခွင်နှင့် ကုမ္ပဏီမှစွန့်ပစ်မြေစာများဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးနေသော မြောင်းပြိုချောင်းနှင့် မြောင်းပြိုရွာကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ နယ်ခွဲရှိ အစိုးရအမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar PongPiPat Co;Ltd- MPC) တို့ အကျိုးတူဖက်စပ်လုပ်ကိုင်နေသည့် ဟိန္ဒားသတ္တုတွင်းစီမံကိန်းမှ စွန့်ပစ်မြေစာများကို အနီးရှိမြောင်းပြိုချောင်းအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြောင်းပြိုချောင်းတိမ်ကောသွားသည်ဟု ဒေသခံများပြောဆိုနေခြင်းမှာ မဟုတ်မမှန်ပြောဆိုခြင်းသာဖြစ်ကြောင်းနှင့် ဒေသခံများနေထိုင်နေမှုမှာ ကျူးကျော်များသာဖြစ်ပြီး ရွာအဖြစ် တရားဝင်သတ်မှတ်ထားခြင်းမရှိကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တိုင်းအထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။ ဒေသခံများပြောဆိုနေသည့် မြောင်းပြိုချောင်းမှာ အမှတ် (၂) သတ္တုတွင်းနယ်မြေအတွင်းပါဝင်နေပြီး လွန်ခဲ့သည့် ၁၉၄၀ ခုနှစ်က အဆိုပါနေရာတွင် ခဲသင်္ဘောများဖြင့် သတ္တုတူးဖော်ခဲ့၍ ချောင်းအဖြစ်ကျန်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများနေထိုင်သည့် မြောင်းပြိုရွာမှာလည်း ရွာအဖြစ် တရားဝင်သတ်မှတ်ပေးထားခြင်းမရှိသည့်အပြင် အမှတ် (၂) သတ္တုတွင်းက MPC အား လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် စီမံကိန်းမြေဧရိယာ ၂၁၁၀ ဧကအတွင်း ပါဝင်နေသဖြင့် ကျူးကျော်များအဖြစ်သတ်မှတ် ၎င်းကပြောကြားခဲ့သည်။

"ဒီမြောင်းပြိုချောင်းလို့ ဒေသခံတွေပြောနေတဲ့ချောင်းက အမှတ် (၂) သတ္တုတွင်းနယ်မြေထဲက သတ္တုလုပ်ကွက်ဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်ကနေ ၁၉၇၀ ပြည့်နှစ်အထိ နှစ် ၃၀ ဂရန်နဲ့ ဦးချိန်ကီးကို သတ္တုတူးဖော်ခွင့်ပြုခဲ့တဲ့နေရာပါ။ သူက အဲဒီနေရာမှာ ခဲတူးတဲ့သင်္ဘောတွေနဲ့တူးဖော်ခဲ့လို့ ချောင်းလိုမျိုးကျန်ခဲ့တာဖြစ်ပါတယ်။ မြောင်းပြိုရွာဆိုတာကလည်း စီမံကိန်းနယ်မြေအတွင်းမှာပါဝင်ပြီး သတ္တုတွင်းလုပ်သားတွေ စုနေလာလို့ဖြစ်လာတဲ့ နေရာတစ်ခုပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီးတော့ ဒီရွာရဲ့ဧရိယာကို သတ္တုမိုင်းစီမံကိန်းဧရိယာထဲကနေပြီး ပလပ်ထုတ်တာလည်း မရှိသေးပါဘူး။ ဒီတော့ ဒီရွာက တရားမ၀င်ပါဘူး" ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တိုင်းအထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

၎င်းကပင်ဆက်လက်၍ "စီမံကိန်းက မြေစာစွန့်ပစ်တဲ့ နုန်းစုကန်ဆိုတာရှိတယ်။ အဲဒီနုန်းစုကန်က လက်ရှိစွန့်ပစ်နေတဲ့ မြေစာတွေနဲ့ လုံလောက်မှုမရှိတဲ့အပြင် စနစ်တကျတည်ဆောက်ထားတာမရှိတော့ မိုးတွင်းအချိန်မှာ aရစီးနဲ့အတူ မြေစာတွေကချောင်းထဲကိုရောက်သွားပြီး တဖြည်းဖြည်းနဲ့များလာတာဖြစ်ပါတယ်။ ဒီတော့ရေစီးနဲ့အတူ ဒေသခံaတွနေတဲ့နေရာဆီ ၀င်ရောက်သွားတာ ဖြစ်ပါတယ်။ အခုကုမ္ပဏီကို လုံလောက်တဲ့နုန်းစစ်ကန်ဆောက်ဖို့လည်း ညွှန်ကြားထားပြီးပါပြီ။ နောက်ဒီချောင်းထဲမှာရှိနေတဲ့မြေစာတွေကိုလည်း ပြန်တူးဖော်သွားမှာပါ။ ဒေသခံတွေပြောသလို ကုမ္ပဏီက စည်းကမ်းမဲ့ မြေစာစွန့်ပစ်တာမဟုတ်ပါဘူး။ နုန်းစစ်ကန်တွေနဲ့ မြေစာမလုံလောက်လို့ အပြင်ကိုမတော်တဆထွက်လာတာပါ။ လုံလောက်တဲ့ နုန်းစစ်ကန်ဆောက်ဖို့ မြေဧရိယာအများကြီးလိုအပ်ပေမယ့် စီမံကိန်းမြေမှာ ကျူးကျော်နေတဲ့ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေနဲ့ နေအိမ်တွေကြောင့် ကုမ္ပဏီဘက်က အခက်အခဲတွေဖြစ်နေတာ" ဟု ၎င်းကပြောသည်။

လက်ရှိအနေအထားအရ ဒေသခံများနေထိုင်သည့် မြောင်းပြိုရွာမှာ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ MPC ကုမ္ပဏီအား သတ္တုတူးဖော်ရန်ခွင့်ပြုခဲ့သည့် စီမံကိန်းနယ်မြေအတွင်း၌ ပါဝင်နေသော်လည်း အနီးရှိစွန့်ပစ်မြေစာများချောင်းအတွင်း ၀င်ရောက်လာမှုကြောင့် တိမ်ကောနေပြီဖြစ်သည့် မြောင်းပြိုချောင်းမှာမူ စီမံကိန်းဧရိယာအတွင်း ပါဝင်ခြင်းမရှိဘဲ တစ်စိတ်တစ်ဒေသအနေဖြင့်သာ ပါဝင်ကြောင်းသိရသည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၏ သတ္တုတွင်းနယ်မြေမှာ ဧက ၃၀၈၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် စီမံကိန်းမြေအချို့ဒေသခံများ၏ ကျေးရွာများတည်ရှိနေပြီဖြစ်သောကြောင့် ရွာမြေအဖြစ် သက်ဆိုင်ရာမှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းမှ ပလပ်ခဲ့ပြီးဖြစ်သော်လည်း မြောင်းပြိုရွာကိုမူ ရွာအဖြစ် တရားဝင်သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း သိရသည်။ စီမံကိန်းမှ စွန့်ပစ်မြေစာများ ၀င်ရောက်ခဲ့မှုကြောင့် ချောင်းတိမ်ကောသည့်အခြေအနေ ဖြစ်ပေါ်နေသော မြောင်းပြိုချောင်းအားတူးဖော်ရန်နှင့် စွန့်ပစ်မြေစာများ ချောင်းအတွင်းသို့ မ၀င်ရောက်စေရန် ကုမ္ပဏီတွင်တာဝန်ရှိပြီး ၂၀၁၂ ခုနှစ်က ရွာအတွင်းသို့ ချောင်းရေလျှံတက်လာမှုကြောင့် ထိခိုက်နစ်နာခဲ့သော ဒေသခံများအတွက် ၆၀ × ၈၀ ပေမြေကွက် ၂၀ နှင့် သီးနှံများ ထိခိုက်မှုအတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၅၀ ကိုပေးလျော်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း  ဒေသခံအချို့သာ သဘောတူလက်ခံကြောင်း၊ ကုမ္ပဏီအနေဖြင့် စည်းကမ်းမဲ့ဆောင်ရွက်သည်ကိုတွေ့ရှိပါက ၎င်းတို့အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ကွပ်ကဲမှုဖြင့် သတ္တုတွင်းဥပဒေအရ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ဒေသခံများထိခိုက်မှုမရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဖြိုးဇင်(ထားဝယ်)Eleven Media Group

စပယ်တောင်တူးဖော်ရာမှ ဖြစ်ပေါ်လာသည့် စပယ်ချိုင့်ဝှမ်း အပါအ၀င် ချိုင့်ဝှမ်းသုံးခုမှ ပြည်သူများထိခိုက်စေမည့် ရေပုပ်အိုင်များ မဖြစ်ပေါ်ရေး လက်ရှိတူးဖော်နေသည့် ကြေးစင်တောင်မှ စွန့်ပစ်မြေစာများဖြင့် ပြန်လည်မြေဖို့ရန် စီမံကိန်းရေးဆွဲထား

 July 9, 2014
စပယ်တောင် ကြေးစင်တောင်စီမံကိန်းမှ ကြေးနီသတ္တု ကုန်လုနီးပါး ထုတ်ယူထားသဖြင့် စပယ်ချိုင့်ဝှမ်းဖြစ်နေသော စပယ်တောင်အပါအဝင် သတ္တုတူးဖော်ထားပြီးဖြစ်သည့် ချိုင့်ဝှမ်းသုံးခုအား ရေပုပ်အိုင်များ ဖြစ်ပေါ်လာပြီး မြန်မာပြည်သူများအား ထိခိုက်မှု မဖြစ်ပေါ်စေရန် စတင်တူးဖော်မှု ပြုလုပ်နေပြီဖြစ်သည့် ကြေးစင်တောင်မှ ထွက်ရှိသည့် စွန့်ပစ်မြေစာများဖြင့် ပြန်လည်မြေဖို့ရန် Conceptual Design ကို ရေးဆွဲထားပြီးဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကြေးနီမိုင်း တူးဖော်ခြင်းကြောင့် ကျင်းချိုင့်ရေအိုင်များသည် ပတ်ဝန်းကျင်အတွက် ကြီးမားသည့်ဆိုးကျိုးများကို ဖြစ်ပေါ်လာစေပြီး ကျင်းချိုင့်ရေပုပ်အိုင်တွင် ရေတွင်ပျော်ဝင်နေသော အောက်ဆီဂျင်များအဖြစ် သတ္တုရိုင်းများနှင့် ကျင်းချိုင့်များ ကျောက်သားနံရံမှ ပါးရိုက်နှင့် ဆာလ်ဖိုက်သည် သတ္တုအား ဆွေးမြည့်စေကာ အက်စစ်များဖြစ်ပေါ်၍ ငရဲမီးပါသော ရေများအဖြစ်သို့ ရောက်ရှိစေနိုင်ကြောင်း၊ ကျောက်သားများမှလည်း ငရဲမီးပါသည့် အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သည့် အာဆင်းနစ်၊ ကဒ်မီယံ၊ သွပ်နှင့် ဆာလ်ဖျူရစ်အက်စစ် အများအပြား ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်းနှင့် ရေပုပ်အိုင်များသည် ပတ်ဝန်းကျင်ရှိ အပင်နှင့် သတ္တဝါများကို အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အပြင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်သို့ အက်စစ်များစီးဝင်၍ အပင်နှင့် လူ၊ သတ္တဝါများအား အန္တရာယ်ပြုလာမည်ဖြစ်ကြောင်း ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက ဇူလိုင် ၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   

လက်ရှိတွင် တူးဖော်မှုများ ပြုလုပ်နေပြီဖြစ်သည့် ကြေးစင်တောင်စီမံကိန်းမှ ကြေးစင်သတ္တုထုတ်ယူရန် အပေါ်ယံမြေသားထုအထူ မီတာ ၁၃ဝ ခန့်ကို ဖယ်ရှားရမည်ဖြစ်ပြီး ကြေးနီသတ္တုကုန်လုနီးပါး ထုတ်ယူထားသဖြင့် စပယ်ချိုင့်ဝှမ်းဖြစ်နေသော စပယ်တောင်အပါအဝင် သတ္တုတူးဖော်ထားပြီးဖြစ်သည့် ချိုင့်ဝှမ်းသုံးခုအား ရေပုပ်အိုင်များ ဖြစ်ပေါ်မလာစေရန် မြေပြန်ဖို့မည့် အစီအစဉ်ကို Conceptual Design ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲခဲ့ပြီး Preliminary Pit Closure Plan ကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် Knight Pie'Sold Consulting  အဖွဲ့မှ ပြုစုရေးဆွဲ၍ ဝန်ကြီးဌာနသို့ တင်ပြထားပြီး အတည်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ္တု တွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ဇူလိုင် ၇ ရက်က ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

“စပယ်ချိုင့်ဝှမ်း အပါအဝင် ကြေးနီထုတ်ပြီးလို့ ဖြစ်လာတဲ့ ချိုင့်ဝှမ်းတွေကို ပြန်လည်မြေဖြည့်တင်းပြီး အပေါ်ကနေ သစ်ပင်တွေစိုက်လို့ ရအောင်အထိ ပြန်လည်ပြုပြင်ပေးမှာပါ” စပယ်တောင်ကြေးစင်တောင် စီမံကိန်းမှ တာဝန်ရှိသူက ဆိုသည်။

စပယ်တောင်အား တူးဖော်ထားသည့် မြေသားထုမှာ အနက်မီတာ ၂ဝဝ ခန့်ရှိနေပြီး ကြေးစင်တောင်မှ ရရှိမည့် မြေသားထုမှာ မီတာ ၁၃ဝ ခန့်သာ ရှိနေသဖြင့် ကြေးစင်တောင်မှ စွန့်ပစ်မြေသားထုမှာ စပယ်ချိုင့်ဝှမ်းဖြစ်နေသော စပယ်တောင်အပါအဝင် သတ္တုတူးဖော်ထားပြီးဖြစ်သည့် ချိုင့်ဝှမ်းသုံးခုအတွက် မြေပြန်လည်ဖို့နိုင်ရန် လုံလောက်သည့် ပမာဏတွင် ရှိမနေကြောင်း သိရသည်။

စပယ်တောင်ကြေးစင်တောင် စီမံကိန်းအား စတင်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန် ၂ဝ၁ဝ ခုနှစ် မတ် ၅ ရက်မှ ၂ဝ၃၈ ခုနှစ် မတ် ၃ ရက်အထိ ၂၈ နှစ်ကြာ တူးဖော်ထုတ်လုပ်ခွင့် ပြုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စီမံကိန်းကဲ့သို့ စာချုပ်ပြင်ဆင် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့သဖြင့် နိုင်ငံတော်အတွက် အကျိုးအမြတ်လွန်စွာ နည်းပါးနေသော စပယ်တောင်ကြေးစင်တောင် စီမံကိန်းမှ တစ်တန်လျှင် ဒေါ်လာ ၇ဝဝဝ ခန့်တန်ဖိုးရှိသည့် ကြေးစင်သတ္တုများအား လစဉ်တန်ချိန် ၄ဝဝဝဝ ထုတ်ယူနေကြောင်း သိရသည်။
ဖြိုးဝေ   Eleven Media Group

1st Year Anniversary of Thailand / Myanmar Relationship Building at Ba-an Pu Namron border points - Kanchanaburi to Dawie.အထိမ်းမှတ် အားကစားပြိုင်တွင် ပိုက်ကျော်ခြင်းနှင့်လှယဉ်ကျေးမယ်ပြိုင်ပွဲ ထားဝယ်ပထမဆုရ

 
               ယာစွန်မှ- ထားဝယ် သူ မဆွေဆွေအောင်(ပထမ)
 
 ၆.၇.၂၀၁၄
ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင် တွင် 1st Year Anniversary of Thailand / Myanmar Relationship Building at Ba-an Pu Namron border points - Kanchanaburi to Dawie.
အထိမ်းမှတ် အားကစားပြိုင် သို့ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များကို ဖိတ်ကြား ၍ ထားဝယ်ကုန်သည်များ နှင့် ထားဝယ်အားကာစားများ အဖွဲ့ သည် (၅.၇.၂၀၁၄) မှ (၆.၇.၂၀၁၄) ထိ သွားရောက်ယှဉ်ပြိုင်ရာ
ထားဝယ် အားကာစား အဖွဲ့ သည် ပိုက်ကျော်ခြင်း နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲ များတွင် ပထမ ဆုရ အသီးသီးရရှိကြပါသည် ။
၎င်း အထိမ်းမှတ် အခမ်းနား သို့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး လည်းတက်ရောက်ပါသည် ။


သတင်းနှင့်ဓာတ်ပုံ- ထားဝယ်မြို့တော်(Facebook)

အရေးပေါ် လူနာတင်ယာဉ်များ အမြန်လမ်းမတွင် ယာဉ်ဖြတ်သန်း အသုံးပြုခွင့် ကောက်ခံပါက တိုင်ကြားနိုင်

 
ဇူလိုင် ၉ ။

 ရန်ကုန်-မန္တလေး အဝေးပြေးအမြန်လမ်းမကြီးနှင့် TOLE GATE များတွင် အရေးပေါ်လူနာတင်ယာဉ် (AMBULANCE) များဖြတ် သန်းသွားလာသည့် အတွက် ယာဉ်ဖြတ်သန်းအသုံးပြုခ ကောက်ခံ ခြင်းများရှိပါက တိုင် ကြားနိုင်ကြောင်းသိရသည်။

"မန္တလေးမြို့မှာ့ မေ ၇-ရက်နေ့ကကျင်းပတဲ့ လူငယ်ဖိုရမ်မှာ လူနာတင်ယာဉ်တွေကိုအမြန်လမ်းမှာ လမ်းအသုံး ပြုခကောက်ခံတာ ကင်းလွတ်ပေးဖို့ တင်ပြလာတာရှိတယ်။လူနာတွေဆေးရုံ သယ်ပို့ပေးတဲ့အခါ ကြံ့ကြာမှု မရှိ အောင်နဲ့ အရေးပေါ်လူနာများအချိန်မီ ကယ်ဆယ်ရေးအတွက် လမ်းကြေးပေးဆောင်ရတာကိုကင်းလွတ်ပြုထားပါတယ်"ဟု အစိုးရအဖွဲ့ပြောခွင့်ရှိသူကပြောကြားသည်။

လူနာတင်ယာဉ်များအနေဖြင့် အရေးပေါ်လူနာများကို သယ်ယူပို့ဆောင်သည့်အခါ လမ်းပေါ်တွင် ကြံ့ကြာမှုများ ရှိရာမှ လူနာများ သေဆုံးမှု ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ယင်းကဲ့သို့ကောက်ခံခြင်း မပြုရန်ညွှန်ကြားထားခြင်းရှိသော် လည်း ကောက်ခံနေမှုများရှိနေသည်ဟုဆိုသည်။

အဆိုပါကိစ္စအတွက်မန္တလေးမြို့မှ လူမှုကူညီရေးအသင်းများကလည်း ယင်းကဲ့သို့ထုတ်ပြန်ခြင်းကို ကြေနပ်မှု ရှိကြပြီး၊လူနာများ၏အရေးကိစ္စများကို ထိရောက်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး ၀န်ကြီး ချုပ်နှင့် လူမှုကူညီရေးအသင်းများတွေ့ဆုံခဲ့စဉ်ကလည်း အရေးပေါ်လူနာတင် ယာဉ်များ ဖြတ်သန်းခကောက်ခံ ခြင်းကိစ္စကိုတင်ပြခဲ့သည်ဟု ရတနာကိုးသွယ် လူမှုကူညီရေးအသင်းဥက္ကဌ ဦးအောင်မြင့်ဦးကဆိုသည်။

အောင်သန့်ခိုင်
Mandalay News Agency

မြန်မာ့တပ်မတော် နှင့် တအာင်းတပ်မတော် (TNLA) ပြင်းထန် တိုက်ပွဲဖြစ်ပွါး

၉ ရက် ဇူလှိုင်လ ၂၀၁၄ ခုနှစ်

 တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာနှင့် ပန်လုံးကျေးရွာကြားတွင် ယနေ့ ဇူလှိုင်လ ၉ ရက် ညနေ ၁၃း၀၀ နာရီမှ ၁၆း၂၀ နာရီ အချိန်ထိ တအာင်းတပ်မတော် ဗျူဟာ(၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၇၁၇)နှင့် မြန်မာစစ်တပ် တပ်မ(၇၇)တို့ အပြန်းအထန် ရင်ဆိုင်တိုင်ပွဲ ဖြစ်ပွား လျှက်ရှိသည်။

တိုက်ပွဲတွင်တအာင်းတပ်မတော်ဖက်မှထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက် တင်ပြသွားပါမည်။

တိုက်ပွဲတွင် နှစ်ဘက်တပ်ဖွဲ့မှ အပြန်အလှန် လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက် ခဲ့သည်။

တိုက်ပွဲ လုံးဝ ပြီးဆုံးသွားခြင်း မဟုတ်ဘဲ နှစ်ဘက်စောင့်ကြည့်သည့် အနေအထားတွင် ရှိနေသေးသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

ကောလင်းမြို့ မီးရထားရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် ထောင်ချ

 
စစ်ကိုင်းတိုင်း ကောလင်းမြို့က မီးရထားရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို ကောလင်းမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။

မီးရထားရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရဆိုပြီး ကောလင်းမြို့က မီးရထားရဲတပ်ဖွဲ့တွေကို ဆီးစစ်ရာမှာ မူးယစ်ဆေးဝါးသုံစွဲတာ ပေါ်လွင်တဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပြီးခဲ့တဲ့ မတ်လက တရားစွဲဆိုတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မီးရထားရဲတပ်ကြပ်အပါအ၀င် ရဲတပ်သား ၁၆ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တာလို့ တရားခံတွေရဲ့ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးအောင်ခွန်ချိုက ပြောပါတယ်။

“သူတို့ရဲ တပ်ဖွဲ့က အထက်က ညွှန်ကြားချက်အရဆိုပြီး ဆီးစစ်တာပေါ့။ ဆီးစစ်တဲ့အခါမှာ ဆီးထဲမှာ မော်ဖင်းနဲ့ အက်ဖက်တဖင်း သွားတွေ့တာပေါ့။ မော်ဖင်းနဲ့ အက်ဖက်တဖင်း တွေ့တဲ့အတွက်ကြောင့် ရုံးတင် တရားစွဲတာ။ တရားစွဲတော့ သူတို့မှာ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်လို့ အထောက်အထား တစုံတရာ မရှိသော်လည်း ဆေးရုံမှာ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ထားတာ မရှိလို့။ ဒါကြောင့်မို့ သူတို့ ဓာတုဗေဒ မော်ဖင်းနဲ့ အက်ဖက်တဖင်း တွေ့တယ်ဆိုတဲ့ ပြန်ကြားအရဆိုပြီး ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်။”

ထောင်ဒဏ်ချမှတ်ခံရတဲ့ ရဲတပ်ကြပ် အောင်နိုင်ဝင်းကလည်း သူ့အနေနဲ့ မူးယစ်ဆေးဝါးမသုံးဘဲ ထောင်ချ ခံရတာလို့ သူ့ကို ထောင်မပို့ခင် ဒီဗွီဘီကို အခုလိုပြောပါတယ်။
“မသုံးပါဘူး။ ကျနော်တို့ တရားရုံးမှာ ဘယ်လိုမှ မပေါ်လွင်ပါဘူး။ ဒါပေမယ့် စစ်တော့ ဆီးကပေါ်တယ်ဆိုပြီး ကျတာပါ။ သက်သေတွေအားလုံးက မပေါ်ပါဘူး။ ဒါပေမယ့် ရဲတွေအားလုံးက လုံးဝမသုံးစွဲပါဘူးဆိုတာကို လက်မခံဘူး။ ကျနော်တို့ မသုံးဘူးဆိုတာ ကျနော်တို့နဲ့ လက်တွဲနေတဲ့ ရဲအရာရှိတွေ၊ ကျနော်တို့ကို အုပ်ချုပ်တဲ့အရာရှိတွေ၊ ပြည်သူတွေကို မေးကြည့်ပါ။”

သူတို့ကို ထောင်ဒဏ်ချမှတ်ပြီး ညနေပိုင်းမှာ ကသာထောင်ကို ပို့လိုက်ပါတယ်။

ထောင်ချခံရတဲ့ နောက်ထပ် ရဲတပ်သား စိုးရအောင်ရဲ့အမျိုးသမီး မစုမြတ်လှိုင်က “အခုဖြစ်စဉ်ကတော့ မတရားခံရတာပေါ့။ သမီးမျိုးသားက အရက်လည်းမသောက် ကွမ်းယာဆေးလိပ်လည်း မသောက်မစားပါဘူး။ မူးယစ်ဆေးဝါး သုံးစွဲဖို့နေနေသာ ကွမ်းယာဆေးလိပ်တောင် မသောက်တဲ့ သူက အခုလို ဖြစ်ရတာ ရင်ထုမနာဖြစ်ရပါတယ်။ ကိုယ်သုံးစွဲလို့ ခံရတယ်ဆိုရင် ဘယ်လောက်ပဲ ခံရခံရ။ အထက်လူကြီးတွေက ဒီကိစ္စကို အဆင့်ဆင့် အချုပ်ထဲ လာစစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း မသုံးစွဲဘူးဆိုတာ သိပေမယ့် အထက်လူကြီး တဦးတယောက်နစ်နာမှာမို့လို့ ကျမတို့ အမျိုးသားတွေကို ထောင်ချလိုက်တာပါ။ သုံးစွဲလို့ ချတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ကောလင်းမြို့ မီးရဲတပ်ဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ပြီး ဒီကနေ့မှာတော့ ၁၆ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

မြစ်ကြီးနား မီးရထားရဲ ၁၅ ဦးကိုလည်း ဒီလိုအားတူအမှုမျိုးနဲ့ တရားစွဲဆိုထားတယ်လို့ ရဲတပ်ကြပ် အောင်နိုင်ဝင်းက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

မန္တလေးနန်းတွင်းကနေ မြန်မာ့တပ်မတော် ဆုတ်ခွာပြီလား

မန္တလေးနန်းတွင်းထဲကနေ စစ်တပ်မော်တော်ယာဉ် အများအပြား ဒီကနေ့ ထွက်လာတဲ့အတွက် နန်းတွင်းမှာ နှစ်ပေါင်းများစွာ တပ်စွဲထားရာကနေ ဆုတ်ခွာပြီလား လို့ ဝမ်းသာအားရ မေးစရာ ဖြစ်လာပါပြီ။


မန္တလေး နန်းတွင်းထဲမှ တပ်၏ ယာဉ် ယန္တယားများ ၇၈ လမ်း မျက်ပါးရပ်တပ်ဝင်းထဲသို့ ပြောင်းရွှေ့နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

မန္တလေး နန်းတွင်းထဲ စစ်တပ်က အလုံးအရင်းနဲ့ အခြေချခြင်းဟာ အင်္ဂလိပ်ခေတ်က အစပြုခဲ့တယ်၊ ကနေ့ခေတ်မှာလည်း မြန်မာ့တပ်မတော်က  "ဒီအမွေဆိုး" ကို ဆက်ခံခဲ့တယ်လို့ မန္တလေးသား စာရေးဆရာဆူးငှက်က ဧရာဝတီမှာ မကြာသေးခင်က ရေးပါတယ်။

ဒီအကြောင်း
သက်တမ်း နှစ်ပေါင်း ၁၃၀ တိုင်လုပြီ  ဆိုတဲ့ ဆောင်းပါး http://burma.irrawaddy.org/article/2014/06/21/60775.html မှာ ဖတ်နိုင်ပါတယ်။
စစ်တပ်၊ နန်းတွင်း၊ ဒေသခံလူထု သွားလာရေး အခြေအနေတွေကို ဆရာက
"ပြည်သူလူထုကို ကာကွယ်ရမယ့် အစား လက်နက်ကိုင်ထားတဲ့ စစ်တပ်က ကျုံးလေးတန် ကာဆီးပြီး အုတ်မြို့ရိုးကြီး အခိုင်အမာနဲ့ နန်းတွင်းမှာပဲ လုံခြုံစွာ နေထိုင်တော့တယ်။
လေးဘက်လေးတန် မြို့ရိုးမှာရှိတဲ့ အဝင်အထွက် တံခါးမကြီး ၄ ပေါက်ကိုသာ အစစ် အဆေး၊ အမေးအမြန်း ထူထပ်ကျပ်တည်းစွာနဲ့ နေ့ပိုင်းအချိန် တွေမှာသာ ဖွင့်လှစ် ပေးထားတယ်။
ကျန်တဲ့ မလွယ်ပေါက် တံခါး ၈ ပေါက်ကိုတော့ အသေပိတ်လိုက်တယ်" လို့ ရေးပါတယ်။

ဆရာဆူးငှက် ဆက်လက် အကြံပြုတာကတော့ ...
"လက်ရှိ မြန်မာ့ တပ်မတော် အနေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေတာ ဖြစ်လို့မို့ အင်္ဂလိပ် အမွေဆိုးကို ပစ်ချပြီး ပြည်သူနဲ့ တသားတည်းလည်းဖြစ်၊ ပြည်သူကို
တကယ် ကာကွယ် စောင့်ရှောက်ခြင်းလည်း လျော်ညီအောင် ကျုံးမြို့ရိုး အလယ်က အပြီးတိုင် ထွက်ခွာကြပြီး မန္တလေးမြို့ပြင် လျော်ကန်သင့်မြတ်တဲ့ နေရာမှာသာ အခြေချနေထိုင် တပ်စွဲ ထားသင့်ပါကြောင်း"
ဆိုတာပဲ ဖြစ်ပါတယ်။

ဒီကနေ့တော့ ပုံတွေမှာ မြင်ရလိုပဲ နန်းတွင်းထဲကနေ တပ်ယာဉ်တန်းရှည်
ထွက်လာပါပြီ။

 ပြည်သူလူထုစကား နားထောင်ပြီး နေရာဖယ်ပေးတာဖြစ်နိုင်မလားလို့ တွေးကောင်း တွေးမိကြပါလိမ့်မယ်။

လုပ်ရိုးလုပ်စဉ်တပ်အပြောင်းအရွှေ့အစီအစဉ်တခုပဲ ဖြစ်ပါလိမ့်မယ်လို့ တွေးတဲ့သူလည်း တွေးကြမှာဖြစ်ပါတယ်။




ဧရာဝတီblog
                               အဆင်ပြေလျှင် ကြော်ငြာတစ်ခုစီကိုကလစ်တစ်ခါစီနှိပ်ခဲ့ပါ။                 

လေတပ်သား ရိုက်နှက်ခံရသည့် အမျိုးသမီးကို တပ်တာဝန်ရှိသူ တောင်းပန်

Displaying DSC03301.JPG
  ရိုက်နှက်ခံရသည့် အမျိုးသမီးကို လာရောက်တောင်းပန်စဉ် ဓာတ်ပုံ - ဇော်ဇော် / Dawei Watch
|Dawei Watch| မြိတ် ၊ ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လေတပ်စခန်းမှ တပ်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ရိုက်နှက်မှု ဖြစ်ခဲ့ပြီး တစ်ပတ်အကြာတွင် ယင်းတပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးကြီး မောင်မောင်ကျော်က ကာယကံရှင်နှင့် မိသားစုဝင်များကို လာရောက် တောင်းပန်ခဲ့ကြောင်း ရိုက်နှက်ခံရသည့် အမျိုးသမီး၏ မိသားစုဝင်များထံမှ သိရသည်။
အခင်းဖြစ်ပြီး တစ်ပတ်အကြာ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်တောင်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကာယကံရှင်နှင့် မိသားစုဝင်များ၊ ကျေးရွာ ရပ်မိ/ရပ်ဖရှေ့တွင် တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေတပ်အနီးတွင် ဖြစ်သည့် ကိစ္စဖြစ်သည့်အတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ၊ ရိုက်နှက်သည့် တပ်သားကိုလည်း တပ်တွင်း ဥပဒေအတိုင်း တရားမျှတအောင် ဆောင်ရွက်နေပြီး ကာယကံရှင်နှင့် မိသားစုကိုလည်း တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“ထောက်ပံ့ကြေး ၇ သောင်းကျော် ပေးသွားတယ်။ လိုအပ်တာရှိရင်လည်း နောက်ထပ် ပြောပါလို့ ပြောတယ်။ ရပ်မိရပ်ဖတွေ ရှေ့မှာ တောင်းပန်တော့ ကျွန်တော်တို့လည်း ကျေနပ်ပါတယ်” အရိုက်ခံရသည့် အမျိုးသမီး၏ ခင်ပွန်းက ပြောပြသည်။
ဇူလိုင်လ ၂ ရက်နေ့ ညနေက မြိတ်တောင်ကျေးရွာအုပ်စု၊ တောထွက်ကြီးကျေးရွာမှ ကုန်းဖောက်ကျေးရွာသို့ ဈေးဝယ်ရန်ထွက်လာသူ မအိမိုး(ခ)မထွေးငယ်နှင့် အသက် ၆၀ ကျော်ခန့် အမျိုးသမီး ၂ ဦးကို မြိတ်လေတပ်စခန်းဋ္ဌာနချုပ်မှ
လေယာဉ်ကွင်းစီမံကိန်းအနီးရှိ လုံခြုံရေး တပ်သားတစ်ဦးက မူးယစ်ရမ်းကားပြီး ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။
Dawei Watch

အလုပ်သမား ၈၀၀ နီးပါး ကိုရီးယားအလုပ်ရှင်ကို တရားစွဲဖို့ ပြင်ဆင်

 
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံဟာ အလုပ်သမားတွေကို နစ်နာကြေး မပေးဘဲ စက်ရုံကို ပိတ်လိုက်တဲ့ အတွက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမား ၈၀၀ နီးပါးဟာ အလုပ်ရှင်ကို တရားစွဲဖို့ ပြင်ဆင်နေကြပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူ စာချုပ်အတိုင်း အလုပ်သမားတွေကို လုပ်ခလစာနဲ့ နစ်နာကြေး မပေးတဲ့အတွက် လှိုင်သာယာမြို့နယ် တရားရုံးကနေ တရားစွဲဖို့ စီစဉ်နေတာဖြစ်ကြောင်း အလုပ်သမား တစ်ဦးဖြစ်တဲ့ ကိုအောင်သူက ပြောပါတယ်။

"လှိုင်သာယာတရားရုံးမှာပဲ စွဲမှာ၊ လက်ရှိလုပ်ထားတာက ဒီဖြစ်စဉ်ကို စာရေးပြီးတော့ပဲ တင်ထားတာပေါ့၊ ဒီစက်ရုံကို တရားစွဲမယ်ဆိုတာ ကျနော်တို့ရဲ့ ပထမဦးဆုံး တရားဝင်ရမယ့် ၆ လပိုင်းလစာရယ်၊ ကျနော်တို့ စက်ရုံပိတ်မယ့် တရားဝင်နစ်နာကြေးပေါ့၊ အဲဒီနစ်နာကြေးရယ်ကို အဓိကထားပြီး တရားစွဲမှာပါ၊ အလုပ်သမားတွေအားလုံးပဲ တရားလိုပြုလုပ်ပြီးစွဲမှာပါ"

Master Sports ဖိနပ်စက်ရုံ အလုပ်ရှင်ဟာ ကိုရီးယားနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အလုပ်သမားတွေကယူဆတဲ့အတွက် ကိုရီးယားသံရုံးကတဆင့် အလုပ်ရှင်ကို ခေါ်ယူဖြေရှင်းပေးဖို့ အကြောင်းကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ နစ်နာကြေးပေးဖို့ လှိုင်သာယာမြို့နယ်ကနေ ဆူးလေ မြို့တော်ခန်းမရှေ့၊ ကိုရီးယားသံရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
Master Sports စက်ရုံဟာ စတင်လည်ပတ်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး အလုပ်သမားတစ်ဦးကို တစ်လ လစာပျမ်းမျှကျပ် ၇သောင်းကျော်ကနေ တစ်သိန်းကျော်အထိ ရကြတယ်လို့ သိရပါတယ်။ စက်ရုံပိတ်လိုက်တဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့ကစပြီး အလုပ်သမား ၈၀၀ နီးပါးဟာ လျော်ကြေးရဖို့ စက်ရုံရှေ့မှာ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဟန်ကီးမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၅၀ လောက်ဟာ တစ်လ လစာ ကျပ် ၆ ထောင် တိုးပေးဖို့အတွက် မနေ့ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ဒီနေ့ စက်ရုံမန်နေဂျာနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ လုပ်ခလစာကိစ္စ ညှိနှိုင်းတာ ပြေလည်မှုမရခဲ့ကြောင်း ဆန္ဒပြအလုပ်သမ မရွှေရွှေခိုင်က ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ရှားပါးစရိတ်အဖြစ် တစ်လကျပ် နှစ်သောင်းတိုးပေးဖို့၊ စက်ရုံတွင်းမှာ သန့်ရှင်းရေးအလုပ်သမားထားပေးဖို့နဲ့ သောက်ရေသန့်ထားပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီ ဟန်ကီးမြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၀၀ နီးပါးရှိပြီး အလုပ်သမား ၅၀ လောက်က လစာတိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese

မန္တလေးပဋိပက္ခနှင့်ပတ်သက်ပြီး သမ္မတမိန့်ခွန်းကို ဝေဖန်

 ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံးဝက်ဘ်ဆိုဒ်)

နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာရင်  မီဒီယာတွေကို  ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ သမ္မတမိန့်ခွန်းအပေါ်မှာ မီဒီယာနဲ့ နိုင်ငံရေးအသိုင်းအ၀န်းက  ဝေဖန်ပြောဆိုလိုက်ကြပါတယ်။

မန္တလေးပဋိပက္ခနဲ့ ပတ်သက်ပြီး ဇူလိုင် ၇ ရက်နေ့ညက နိုင်ငံတ ၀န်းလုံး ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က မီဒီယာလွတ်လပ်မှုကို တိုင်းပြည် အကျိုးဖြစ်စေ မယ့် ရေး သားပြောဆိုမှု အစား နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေးလာရင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေး ပြောကြားသွားခဲ့တာပါ။
သမ္မတမိန့်ခွန်းအပေါ် အလဲဗင်း နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက “မီဒီယာတွေကို အဲလိုလုပ်မယ်ဆိုရင် ဘယ်မီဒီယာတွေကို လုပ်မှာလဲ။ တကယ်ကို ဖောက်ဖျက်နေတဲ့၊ တကယ်ကို လှုံ့ဆော်နေတဲ့ဟာတွေကိုရော ဖော်ထုတ်ဖို့ မရှိဘူးလားလို့ ကျနော်မေးချင်တယ်။ ဘယ်လောက် ထိထိရောက်ရောက် လုပ်မှာလဲ။ အခု ဖေ့စ်ဘွတ်ခ်တွေမှာ အလွယ်တကူနဲ့ ဒီလိုမျိုးလုပ်နေတာတွေက အထူးတလည် စုံစမ်းစစ်ဆေးတာတွေ မလုပ်ခင်တောင် ဒီအတိုင်းကြည့်ရင် ဘယ်ဟာတွေက ဘယ်အကောင့်တွေက လုပ်နိုင်တယ်ဆိုတာ သိနိုင်တယ်။ အိမ်တိုင်းအိမ်တိုင်းမှာလည်း ဒီလိုမျိုးလှုံ့ဆော်နေတာတွေ ရှိနေတာပဲ။ အဲဒါတွေကို အစိုးရက ထိထိရောက်ရောက် လုပ်နိုင်တယ်” လို့ ပြောပါတယ်။
ပြည်သူတွေက စကားလုံးတွေထက် ရလဒ်ကို ပိုကြည့်လာကြပြီဖြစ်တဲ့အတွက် သမ္မတအနေနဲ့ လုပ်ပြသင့်ပြီလို့လည်း  အလဲဗင်း သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နာယက  သတင်းစာဆရာကြီး  ဖိုးသောကြာက “အခုပဲ ကျနော် အန်အယ်လ်ဒီက ထုတ်တဲ့ ကြေညာချက်ဖတ်တယ်။ မန္တလေး ပဋိက္ခမှာ ရဲတွေ တသီတတန်းကြီး ချထားတယ်၊ ဘာမှမလုပ်ဘူးလို့ ထည့်ရေးထားတယ်။ အဲတော့ အရေးယူတဲ့အပိုင်းက အရမ်းအားနည်းတယ်။ သူတို့လုပ်ချင်တဲ့သူကိုသာ လုပ်လိုက်တာပဲ။ မလုပ်ချင်တဲ့သူတွေကိုတော့ ဒီအတိုင်းလွှတ်ထားတာပဲ။ ဒါအရှင်းကြီးပဲ။ ကျနော်တို့ မီဒီယာမှာလည်း ဒီနေ့ပဲ မွန်းတည့်နေပါသွားပြီ။ အရေးမယူချင်တော့လည်း အရေးကို မယူဘူးဗျာ။ ဒါက တရားဥပဒေအရ မညီမျှဘူးလို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။
သမ္မတရဲ့ ပြောကြားချက်ဟာ တရားမ၀င် မီဒီယာတွေကို ဆိုလိုတယ်လို့ မီဒီယာသမား တချို့က မြင်ကြပေမယ့် ရန်ကုန်မီဒီယာဂရုပ်ရဲ့ အမှုဆောင်အရာရှိ ဦးကိုကိုကတော့ ဒါဟာ မီဒီယာအားလုံးကို ဆိုလိုတာပါလို့ ပြောပါတယ်။ မီဒီယာတွေအနေနဲ့လည်း သတင်းရေးတဲ့အခါမှာ ကျင့်ဝတ်နဲ့ အညီရေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
သမ္မတရဲ့ မိန့်ခွန်းမှာတော့  မန္တလေးပဋိပက္ခဟာ  လူတစု၊ အဖွဲ့အစည်းတခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီး လုပ်ဆောင်တာဖြစ်တယ်၊ ခုလို သွေးထိုးလှုံ့ဆော်မှုတွေ၊ ဥပဒေမဲ့ လုပ်ဆောင်မှုတွေနဲ့ ရန်ပြုမှုတွေကို အားပေးထောက်ခံတာ၊ ဥပဒေမဲ့တုံ့ပြန်တာ မလုပ်ဘဲ တရားဥပဒေအတိုင်းဖြစ်စေဖို့ နိုင်ငံသားအားလုံးက အစိုးရနဲ့ အတူပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားပါတယ်။
သမ္မတရဲ့ မိန့်ခွန်းနဲ့ မန္တလေးပဋိပက္ခအပေါ် ကိုင်တွယ်ပုံတွေအပေါ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူးချုပ်  ဒေါ်သန်းသန်းနုက ခုလိုပြောပါတယ်။
“မြှောက်ပေးတဲ့သူတွေ၊ မမှန်သတင်းဖြန့်တဲ့သူတွေရှိတယ်ဆိုတာ သိတယ်။ အဲဒီကတည်းက ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ကျမတို့လည်း အဲဒါကြောင့် အားမလိုအားမရ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာရင် ထိထိရောက်ရောက် ဘာလုပ်မယ်၊ ဘယ်လိုစည်းမျဉ်းတွေနဲ့ အရေးယူမယ်ပေါ့။ မနေ့ကလည်း မိန့်ခွန်းကြားလိုက်ပါတယ်။ အဲဒါတွေက ထိထိရောက်ရောက် အစကတည်းက အရေးယူသင့်ပါတယ်။ တကယ် ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် ဒါတွေက တချိန်ချိန်မှာတော့ ရပ်သွားမှာပဲ။”
လူမျိုးရေး ခွဲခြားမှု ပြင်းထန်တဲ့ အိန္ဒိယနိုင်ငံမှာ အနေကြာခဲ့တဲ့ ဒေါ်သန်းသန်းနုက သူ့ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလို ဆက်ပြောပါတယ်။
“အိန္ဒိယနိုင်ငံမှာ ၈၄ တုန်းက ဆစ်(ခ်) နဲ့ ဟီန္ဒူတွေ သတ်ကြဖြတ်ကြတုန်းကလည်း အတော်ကြီးကျယ်တယ်။ ကျမတို့ မျက်စိရှေ့တင်ပဲ ဖြစ်သွားတာ။ ဒါပေမယ့် ချက်ချင်းပြန်ပြီး သင့်မြတ်သွားတယ်လို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလောက် အခြေအနေ ဆိုးဝါးတဲ့အဆင့်ထိတော့ ဖြစ်မလာဘူး။ အရပ်ထဲမှာပဲ လူကြီးပိုင်းတွေ၊ ဒီမှာလည်း ရှိပါတယ်။ ဘာသာအသင်းအဖွဲ့တွေရှိတယ်။ အဲဒီအသင်းအဖွဲ့တွေက လိုက်ပြီး တရားဟောတာတို့ရှိတယ်။ ဒါကလည်း တော်တော်အံ့သြစရာကောင်းတယ်။ ကျမတို့နိုင်ငံမှာ အဲလောက် လူဦးရေ များတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ အမုန်းတရားတွေ ပွားနေလဲဆိုတာ ကျမလည်း စဉ်းစားစရာ တခုဖြစ်ပါတယ်။”
သမ္မတ ဦးသိန်းစိန်ကတော့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေကို လုံးဝသည်းခံမှာ မဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးပြောကြားထားပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ အရင်ကလည်း  မိန့်ခွန်းတွေမှာ အလားတူ  ပြောဆိုခဲ့ဖူးပေမယ့်  ထိထိရောက်ရောက် ကိုင်တွယ် အရေးယူဆောင်ရွက်တာတွေတော့ မတွေ့ရသေးပါဘူး။

ပိုင်စိုး (DVB)

ရှမ်းတပ်မတော်မြောက်ပိုင်းနှင့်အစိုးရ ပစ်ခတ်မှုမရှိရန် ဆွေးနွေး

SSPP
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ ထပ်မရှိအောင် ညှိနှိုင်းထိန်းသိမ်းသွားဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ဒီကနေ့မနက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့တွေ့ဆုံမှုမှာ အဓိကအားဖြင့် ရှမ်းပြည်နယ် ကျေး သီးမြို့နယ်ထဲက ထိတွေ့ပစ်ခတ်မှုတွေ၊ အစိုးရတပ်က အင်အားဖြည့် တင်းပြီး ဖြန့်ကြက်နေ ခရာယူလာတဲ့ ကိစ္စတွေ ဆွေးနွေး ခဲ့ပြီး နောက်နောင် ပစ်ခတ်မှု မရှိဖို့ နှစ်ဘက်လုံး ညှိနှိုင်းထိန်းသိမ်းသွားဖို့ ပြောဆိုခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စ၀်ခွန်ဆိုင်က ပြောပါတယ်။
ဒါ့အပြင် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဖို့လည်း ပြောဆိုခဲ့ကြပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့နဲ့ နယ်မြေဧရိယာ သတ်မှတ်ရေးကိစ္စတွေတော့ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်လို့ မရတဲ့အတွက် ပြေပြေလည်လည် ဖြစ်အောင် နောက်ဆက်တွဲဆွေးနွေးညှိနှိုင်းရဦးမယ်လို့ ဆိုပါတယ်။
နယ်မြေထဲ အစိုးရတပ်ရင်းတွေဝင်ရောက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ပြီး အလုပ်အကိုင်ပျက် ဖြစ်နေရတဲ့ကိစ္စကိုလည်း တင်ပြခဲ့တယ်လို့ စ၀်ခွန်ဆိုင်က ဆက်ပြောပါတယ်။
ဒီကနေ့မနက် ၁၀ နာရီကနေ ၁၂ နာရီထိ ၂ နာရီကြာတွေ့ဆုံမှုမှာ အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့သုံးဦးပါဝင်ပြီး ရှမ်းပြည်တပ်မတော်ဘက်ကတော့ စ၀်ခွန်ဆိုင်နဲ့အတူ ဗိုလ်မှူးကြီး ဆေပိုင်ဖ၊ ဗိုလ်မှူးကြီး ခေးမောဝ်း၊ ဗိုလ်ကြီးစိုင်းအောင်လတ် တို့ အပါအ၀င် ၁၁ ဦး တက်ရောက်ခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အစိုးရနဲ့ ပြည်ထောင်စုအဆင့်ထိ ပဏာမ အပစ်အခတ်ရပ် သဘောတူထားပေမယ့်လည်း ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း ၁၀၀ ကျော် ပြန်ဖြစ်ခဲ့ပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေထဲကို အစိုးရတပ်ရင်း ၇ ခုလောက် ဖြန့်ကြက်ဝင်လာတဲ့အတွက် ရွာသားတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းမှာ ၁၀၀ ကျော် ၀င်ရောက်ခိုလှုံနေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်



နန်းမြနဒီ (DVB)

မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦး ဖမ်းဆီးခံရ

 

အပတ်စဉ်ထုတ် "Bi မွန်းတည့်နေ" ဂျာနယ်က အယ်ဒီတာ ၃ ဦးကို ရဲသတင်း အထူးတပ်ဖွဲ့က ဒီနေ့မနက်အစောပိုင်းက သူတို့ရဲ့နေအိမ်တွေကနေ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တာဝန်ခံ အယ်ဒီတာနဲ့ အယ်ဒီတာ ၂ ဦးကို ပန်းဆိုးတန်း ရဲသတင်း အထူးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား တာဖြစ်ကြောင်း မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောပါတယ်။

"ဒီနေ့မနက် ၁၂ နာရီ ၁၅ ကနေစပြီးတော့ အယ်ဒီတာ ၃ ယောက်မှာ ၁ ယောက် ကိုရဲမင်းအောင် ဆိုတဲ့တစ်ယောက်ကို ၁၂ နာရီ ၁၅ မှာ စပြီးတော့ဖမ်းသွားတယ်၊ ပန်းဆိုးတန်း ရဲသတင်းအထူးတပ်ဖွဲ့ရုံးကို ခေါ်သွားတယ်၊ ၂ နာရီကျော်မှာ နောက်ထပ်တစ်ယောက် ကိုဝင်းတင် ဆိုတဲ့တစ်ယောက်ကို ခေါ်သွားတယ်၊ ၄ နာရီ ထိုးခါနီးမှာ တာဝန်ခံအယ်ဒီတာ အယ်ဒီတာချုပ် ကိုအောင်သန့် ကိုခေါ်သွားတယ်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် Bi မွန်းတည့်နေမှာပါတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ မေးချင်တယ်ဆိုပြီး ခေါ်သွားတာ"

ဒီကနေ့ နေ့လည်ပိုင်းက ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွမ်ပတ်လမ်းမှာရှိတဲ့ မွန်းတည့်နေ ဂျာနယ်တိုက်က ကွန်ပျူတာသုံးလုံးနဲ့ အင်တာနက်ချိတ်တဲ့ စက်တွေကိုပါ လာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါ တယ်။

မနေ့ကထုတ်တဲ့ မွန်းတည့်နေဂျာနယ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ဆိုပြီး သတင်းရေးသားဖော်ပြခဲ့ပါတယ်။

မနေ့က ထုတ်ဝေတဲ့ဂျာနယ်ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ဝေရမှာဖြစ်ပြီး အဲဒီသတင်းဟာ ဖတ်ရှုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများပြည်သူအကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင်တချို့ဟာ မနေ့က မြို့တော်ခန်းမရှေ့မှာ ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့ကြသလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မွန်းတည့်နေဂျာနယ် ထုတ်ဝေချိန်မှာ အဲဒီဆန္ဒပြပွဲ မဖြစ်သေးဘူးလို့လည်း သိရပါတယ်။

RFA Burmese


                                        အဆင်ပြေလျှင် ကြော်ငြာတစ်ခုကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ။               

ဆိုမာလီ သမ္မတ အိမ်တော် တိုက်ခံရပြန်

 
9 July 2014
 မိုဂါဒစ်ရှူး မြို့တော်က ဆိုမာလီ သမ္မတ အိမ်တော် ကို al - Shabab စစ်သွေးကြွ တွေက ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။

အိမ်တော် အဝင်ဝ က အတားအဆီး ကို ကားဗုံးထောင် တိုက်ခိုက် ပြီး စစ်သွေးကြွတွေ အိမ်တော်ဝင်း ထဲ ဝင်လာတယ် လို့ မိုဂါဒစ်ရှူး က ဘီဘီစီ သတင်းထောက် က ပြောကြား ပါတယ်။

တိုက်ခိုက် ခံရချိန်မှာ ဆိုမာလီ သမ္မတ Hassan Sheikh Mohamud အိမ်တော် မှာ မရှိဘူး လို့လဲ ပြောပါတယ်။

အခြေအနေကို ထိန်းသိမ်း နိုင်ပြီး စစ်သွေးကြွ တွေကို တိုက်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သွေးကြွ ၅ ယောက် အနည်းဆုံး သေဆုံးတယ်လို့ အာဏာပိုင် တွေက ထုတ်ပြန်ပါတယ်။

ဖေဖော် ဝါရီ လ တုန်းကလဲ ဆိုမာလီ သမ္မတ အိမ်တော်ကို al - Shabab တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ပေမယ့် အိမ်ဝင်းထဲထိ မဝင်နိုင် ခဲ့ပါဘူး။

၂ဝ၁၁ ခုနှစ်က al - Shabab တွေကို မိုဂါဒစ်ရှူး က မောင်းထုတ် ခဲ့ပေမယ့်လဲ ပြောက်ကျား စစ်ဆင်ရေးနဲ့ ဆက်လက် တိုက်ခိုက် နေတုန်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂျာမနီ ဗိုလ်လုပွဲ တက်

ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှာ ဂျာမနီအသင်းက အိမ်ရှင် ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲပ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါပြီ။ ပထမပိုင်း ၁၁ မိနစ်မှာပဲ မူလာ က ဂျာမနီအသင်းအတွက် အဖွင့် ဂိုး သွင်းပေးခဲ့ပါတယ်။ 


ဓာတ်ပုံ-FIFA

ဂျာမနီအသင်းက ပထမပိုင်းမှာပဲ ၅ ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဂျာမနီ ကစားသမား ရှာလေ က ၂ ဂိုး ထပ်သွင်းကာ စုစုပေါင်း ၇ ဂိုးသွင်းခဲ့တာပါ။ 

ပွဲပြီးခါနီးလောက်ကျမှ ဘရာဇီးကစားသမား အော်စကာက တလုံး ပြန်သွင်းခဲ့လို့ နောက်ဆုံး ၇ ဂိုး ၁ ဂိုးနဲ့ ဂျာမနီ အနိုင်သွားတာဖြစ်ပါတယ်။ 


ဘရာဇီးဘက်ကတော့ ပွဲပြီးခါနီးမှာ အော်စကာက တစ်လုံး ပြန်သွင်းလို့ ပွဲအပြီး ရလဒ်မှာတာ့ ဂျာမနီက ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘရာဇီး အသင်းမှာတော့ တိုက်စစ်မှူး နေမာက ခါးဆစ်ရိုး ဒဏ်ရာနဲ့ ပါဝင် မကစားနိုင်ခဲ့ပါဘူး။
 
ဂျာမနီအသင်းဟာ အာဂျင်တီးနားနဲ့ ဟော်လန်ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ဗိုလ်လုပွဲမှာ တွေ့ကြ ပါမယ်။ 








အိမ့်သံစဉ် ~ ဧရာဝတီ

Tuesday, July 8, 2014

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို Facebook တာဝန်ရှိသူတွေ ၂၄ နာရီ စောင့်ကြည့်မယ်

 
အင်တာနက်လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတွေ လျော့နည်း သွားအောင် Facebook တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမှာ အဓိကရုဏ်းတွေ ဖြစ်နေချိန်မှာ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေဟာ Facebook ဌာနချုပ်က ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်၊ အိုင်ယာလန်၊ စင်္ကာပူမှာရှိကြတဲ့ Facebook တာဝန်ရှိသူ (၃)ယောက်ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိကြဖို့အတွက် ပညာပေးဆွေးနွေးပွဲတွေကိုလည်း ဖေ့စ်ဘွတ် တာဝန်ရှိသူတွေဟာ မကြာခင်မှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ဖေ့စ်ဘွတ်အပြင် တခြားအိုင်တီ နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Google ကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
                    အဆင်ပြေလျှင်ကြော်ငြာတစ်ခုစီကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ။                  

ဒုက္ခသည်များ စခန်းအပြင်ထွက်ရင် အရေးယူမည်ဟု အမိန့်ထုတ်

 
ဇူလိုင်လ ၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကို ၀င်ထွက်သွား လာခွင့် မပြု တော့ပဲ ပိတ်ထားလိုက်ပြီး  ဒုက္ခသည်တွေ အနေနဲ့ အပြင်ထွက်ရင် ရိက္ခာဖြတ်တာနဲ့  ဒုက္ခသည် အဖြစ်က နေ ပယ်ဖျက်ပစ်မယ်လို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်ထား ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း  ဒုက္ခသည်တွေကို စခန်းအ၀င်အထွက် ခုလို  တင်းကျပ်လိုက် တာဖြစ်ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အပြင်ကို လုံးဝမထွက်ဖို့ ထွက်လို့မိရင် ပထမအကြိမ် စခန်းအတွင်းမှာ တပတ်တိတိ အလုပ်နဲ့ပြစ်ဒဏ် ပေးမယ်၊ ဒုတိယအကြိမ်မိရင် ရိက္ခာကို ဖြတ်တောက်မယ်၊ တတိယအကြိမ်မိရင် ဒုက္ခသည်အဖြစ်ကနေ လုံးဝ ပယ်ဖျက်သွားမယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ် ထားတယ်လို့ မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ ဆရာအောနက်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီလို စခန်းကို အ၀င်အထွက်စည်းကမ်းတင်းကျပ်ထားပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက နိုးဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည် လူဦးရေကောက်ခံမှုတွေ လုပ်နေပြီး ဒီကနေ့မှာတော့  အုန်းဖျန်ဒုက္ခသည်စခန်းကို လူဦးရေ စာရင်းကောက်ခံတယ်လို့ အုန်းဖျန် ဒုက္ခ သည်စခန်း ဥက္ကဌ စောဝါးထီးက ပြောပါတယ်။

လာမယ့် ဇွန်လိုင် ၁၅ ရက်နေ့မှာလည်း  ဒုက္ခသည်စခန်းတွင်းမှာ အိမ်ထောက်စုအလိုက် ပြန်လည်စိစစ်ဖို့ ရှိနေပါတယ်။

ဒုက္ခစခန်းကို မပိတ်ခင်  ပြီးခဲ့တဲ့ တပတ်အတွင်းမှာလည်း အပြင် စာသင်တဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အပြင်အလုပ်ထွက်လုပ်သူတွေကို ပြန်ခေါ်ပြီး ဒုက္ခသည် အရေအတွက်ကို ပြန်လည်စိစစ် နေတာလည်း ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိနေပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလုံနေကြရပြီး အများစုက ကရင် ဒုက္ခသည်တွေ ဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
 အပြည့်အစုံအသံဖိုင်နားဆင်ရန်


ဂျပန် တောင်ပိုင်းကို Neoguri တိုင်ဖွန်း ဝင်ရောက်

 
ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းစုတွေကို နီရိုဂရီ Neoguri တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ တာကြောင့် အဲဒီ ဒေသက လူ ၅ သိန်းကျော်လောက်ကို နေအိမ် စွန့်ခွာပြီး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

တစ်နာရီ ကီလိုမီတာ ၂၀ဝ ကျော်နှုန်း ရှိတဲ့ လေပြင်းတွေ အိုကီနာဝါ ကျွန်းစုကို တိုက်ခိုက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။

အဲဒီဒေသမှာ လှိုင်းလုံးကြီးတွေ ၁၄ မီတာ လောက်အထိ မြင့်တက်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ အေဂျင်စီက သတိပေးထားပါတယ်။

တိုင်ဖွန်း မုန်တိုင်းဟာ စတင် အားပျော့နေပြီ ဖြစ်ပေမယ့် မိုးသည်းထန်နေဆဲ ဖြစ်လို့ မြေပြိုမှုတွေ ဖြစ်နိုင်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ တိုကျိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီဒေသမှာ လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး ရေကြောင်းလမ်း တွေကိုလည်း ပိတ်ထားခဲ့ရကာ နေအိမ် ထောင်သောင်း များစွာမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။

အမေရိကန် အစိုးရကလည်း အိုကီနာဝါ ကျွန်းမှာ ရှိတဲ့ အမေရိကန် စစ်စခန်းကနေ သူတို့ရဲ့ လေယာဉ် တချို့ကို ရွှေ့ပြောင်းထားဖို့ အမိန့်ပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မွန်နှစ်ပါတီပေါင်းစည်းရေး ဆက်လက် ကြိုးပမ်းမည်

Displaying DSC07602.jpg
နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးကော်မတီမှ မွန်လူထုတွေကိုရှင်းလင်းနေစဉ်
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၈
နှစ်နှစ်ကျော် ကြာသည်အထိ မအောင်မြင်သေးသည့် မွန်နှစ်ပါတီ ပေါင်းစည်းရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ဆရာတော်ဘဒ္ဒန္တသီဟက မိန့်သည်။
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်သည့် နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်းကော်မတီ၏ ၂ နှစ်ကျော်ကြာ ကြိုးပမ်းလာခဲ့သည့် ရလဒ်တွေကို မွန်ပြည်သူလူထုအား ရှင်းလင်းပွဲတွင် ဆရာတော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မွန် နှစ်ပါတီ ပေါင်းဖို့ ကြိုးပမ်းလာတာ အခုဆိုလို့ရှိရင် ၂၆ လရှိနေပြီ။ ညှိနှိုင်းခဲ့တဲ့အကြိမ်ကလည်း အကြိမ် ၂၀ ကျော်တယ်။ နောက်ဆုံးကတော့ မပေါင်းနိုင်ဘူးဆိုတဲ့ ရလဒ်ပဲ ထွက်လာပါတယ်၊ ဒါပေမယ့်လည်း တချို့သောပုဂ္ဂိုလ်တွေက ပေါင်းပြီးသားလည်း ရှိတယ်၊ ပေါင်းချင်တဲ့ လူတွေလည်း ရှိတယ်၊ ဦးဇင်းတို့ ညှိနှိုင်းရေးအဖွဲ့အနေနဲ့က ဆက်လက်ကြိုးပမ်းနေဦးမှာဘဲ” ဟု ဆရာတော်ဘဒ္ဒန္တသီဟက မိန့်သည်။
ညှိနှိုင်းရေးကော်မတီ၏ လုပ်ဆောင်ချက်များသည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် လုပ်ဆောင်ချက် မဟုတ်သည့်အတွက် လက်မခံနိုင်သည့် အနေအထားရှိနေပြီး ပေါင်းစည်းရန် အယုံအကြည်မရှိသေးကြောင်း ပေါင်းစည်းခြင်းကို လိုလားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်တချို့ ပြောသည်။
“အလံတွေ လိုဂိုတွေ တံဆိပ်တွေ၊ မူဝါဒတွေ ထွက်လာမှ မွန်တစ်မျိုးသားလုံးက ဒီပါတီထဲ ဝင်လာမယ်၊ အဲဒါမှ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီဖြစ်လာမယ်၊ အခုက ပါတီညီလာခံလုပ်ပြီးမှ အဲဒါတွေ လုပ်မယ်ဆိုရင် ပါတီရဲ့ သဘောဆန္ဒပဲ ဖြစ်မယ်” ဟု နှစ်ပါတီပေါင်းစည်းခြင်းကို လိုလားသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ဗဟိုကော်မတီဝင် နိုင်မျိုးတင့်လွင်က ဝေဖန်သည်။
မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် အဟန့်အတားသည် မူမတူသည့်အတွက်ဟု ပြောကြသော်လည်း မိမိ တစ်ဦးတည်း အမြင်အရမူ တစ်ဦးနှင့် တစ်ဦး မာန်မာနထားမှုနှင့် ယခင်က ရှိခဲ့သည့် တင်းမာမူများကြောင့်ဟု ထင်ကြောင်း သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့ အတွင်းရေးမှူး (၁) မင်းဇာနည်ဟိန်းက ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မွန်ပြည်သူလူအများစုက မွန်နှစ်ပါတီပေါင်းစည်းရေးကိုသာ လိုလားကြပြီး မွန်တွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် ပါတီတခုတည်းသာရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တင်ပြဆွေးနွေးခဲ့ကြသည်။
နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းကော်မတီ၏ ရှင်းလင်းပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းတွင် ကျင်းပခဲ့ကာ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မွန်လူငယ်၊ မွန်လူမှုအဖွဲ့အစည်းများအပြင် ကရင်ပြည်နယ်ရှိ မွန်လူမှုအဖွဲ့အစည်းများအပါအ၀င် စုစုပေါင်း ၃၀၀ ဦးကျော် တက်ရောက်ကြသည်။
Dawei Watch

ဆီးရီးယား ဓာတုလက်နက်တွေ အမေရိကန် စတင်ဖျက်ဆီး

ဆီးရီးယားနိုင်ငံအတွင်းက ဖျက်ဆီးဖို့ သဘောတူထားတဲ့ ဓာတုလက်နက်တွေကို ဒုတိယအကြိမ် သယ်ဆောင်လာတဲ့ နော်ဝေသင်္ဘော။
အမေရိကန် ကုန်သေတ္တာတင် သင်္ဘောတစင်းပေါ်မှာ တင်ဆောင်လာတဲ့ ဆီးရီးယားနိုင်ငံက ဓါတုလက်နက်တွေကို မက်ဒစ်တာရေးနီးယမ်း ပင်လယ်ပြင်အတွင်းမှာ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တွေက စတင်ပြီး ဖျက်ဆီးနေပါပြီ။
အရေပြားကိုလောင်ကျွမ်းစေတဲ့ အဆိပ်ဓါတ်ငွေ့တွေ၊ အာရုံကြောတွေကိုထိခိုက် ပျက်စီးစေတဲ့ အဆိပ်ဓါတ်ငွေ့ရည်တွေ အပါအ၀င် မက်ထရစ်တန် ၆၀၀ ရှိတဲ့ ဓါတုလက်နက်တွေကို ဖျက်ဆီးဖို့အတွက် အချိန် ၂ လ လောက် ယူရလိမ့်မယ်လို့ အမေရိကန် ပင်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။
Cape Ray လို့ အမည်ရှိတဲ့ အဲဒီသင်္ဘောမှာ hydrolysis system တပ်ဆင်ထားပြီး အဲဒီစနစ်ဟာ ရေနဲ့ ဆိုဒီယမ် ဟိုက်ဒြောက်ဆိုဒ်လို စွန့်ပစ် ဓါတုပစ္စည်းတွေကို ဓါတ်ပြယ်စေပြီး အန္တရာယ်မဖြစ်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောဟာ နိုင်ငံတကာရေပိုင်နက် နယ်မြေအတွင်းမှာ ရှိနေပြီး အခုလိုလုပ်ဆောင်နေမှုကနေ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရအောင် အထူးဂရုစိုက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
အဲဒီဓာတ်ပြယ်ဓါတုပစ္စည်းတွေကို ဖင်လန်နဲ့ ဂျာမနီနိုင်ငံတွေကို အဆုံးသတ် ဖျက်ဆီးပစ်ဖို့ လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီဓါတုလက်နက်တွေကို ကုလသမဂ္ဂနဲ့ မနှစ်တုံးကရရှိခဲ့တဲ့ သဘောတူညီချက်အရ ဆီးရီးယားက လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တောင်တရုတ်ပင်လယ်ကိစ္စ တရုတ်အပြော ပြဿနာရှိဟု အမေရိကန်ဆို

အမေရိကန်နဲ့ တရုတ်တို့ရဲ့ နှစ်ပတ်လည်ဆွေးနွေးပွဲကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ လုပ်နေချိန်မှာပဲ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေမှုတွေဟာ ပြဿနာတရပ်လို့ အမေရိကန်အရာရှိတဦးက ပြောကြားလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ဘဏ္ဍာရေးဝန်ကြီး Jack Lew တို့ ဦးဆောင်တဲ့ အမေရိကန်အဖွဲ့နဲ့ ဆွေးနွေးပွဲမှာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုဖြစ်ပွားစေတဲ့ ရေပြင်ပိုင်ဆိုင်မှု ပြဿနာကို အဓိကထား ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ nine-dash line လို့ခေါ်တဲ့ နယ်မြေသတ်မှတ်မျဉ်းချပြီး တရုတ်က နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာတာဟာ ရှုတ်ထွေးမှုတွေနဲ့အတူ တင်းမာမှုတွေကို ဖြစ်စေတယ်လို့ ဝန်ကြီး Kerry နဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် ထိပ်တန်း အရာရှိတဦးက ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ အိမ်နီးချင်းနိုင်ငံ အများအပြားနဲ့ အမေရိကန် ပြည်ထောင်စုက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သံတမန်ရေး ဆက်ဆံမှုတွေပါ တိုးမြှင့်နေပေမဲ့ ဒီအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အာရှနိုင်ငံ အတော်များများကတော့  တရုတ်ဟာ သူ့ရဲ့ကြီးထွားလာတဲ့ စစ်အင်အားကိုသုံးပြီး ပင်လယ်ပြင်ဒေသ ပိုင်ဆိုင်မှုအတွက် လုပ်ဆောင်နေတယ်လို့ ပြောဆိုကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဘရာဇီးလ်နဲ့ ဂျာမနီ အကြိုဗိုလ်လုပွဲ

 
ဘရာဇီးလ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ ပထမပွဲကို ဒီကနေ့မှာ ဘရာဇီးလ်နဲ့ ဂျာမနီ တို့ Belo Horizonte မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အိမ်ကွင်း အားသာချက် ရှိပေမဲ့လည်း အသင်းခေါင်းဆောင် Thiago Silva နဲ့ နာမည်ကြီး ရှေ့တန်းလူ Neymar တို့ မပါနိုင်တဲ့အတွက် လေ့လာသူ တော်တော်များများက ဂျာမနီ အသာစီးရနိုင်တယ်လို့ ထင်မြင်ကြပါတယ်။

Silva က အဝါကဒ် ၂ ကဒ်ရလို့ ၁ ပွဲ နားရပြီး Neymar ကတော့ ကျောရိုးအက်ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်မှာ မဟုတ်ပါဘူး။ Silva ကို ပေးကစားဖို့ ဘရာဇီးလ်က တောင်းဆိုတာကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပယ်ချလိုက်ပါတယ်။ နောက်ပြီး Neymar ကို ဒူးနဲ့တိုက်ခဲ့တဲ့ ကိုလံဘီယာ နောက်တန်းလူ Juan Camilo Zuniga ကိုလည်း အပြစ်ပေး အရေးယူမှုတွေ မလုပ်ခဲ့ပါဘူး။

FIFA က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒီအဖြစ်အပျက်ဟာ ဘောလုံးကန်တဲ့အချိန်မှာ တာဝန်ရှိသူတွေက မြင်တွေ့ပြီး ဖြစ်တာကြောင့် Zuniga ကို အပြစ်ပေးလို့ မရပါဘူးလို့ ပြောသွားပါတယ်။ ဒီကိစ္စအတွက် Zuniga ဟာ အဝါကဒ်တောင် မရခဲ့ပါဘူး။

ဂျာမနီနည်းပြ Joachim Loew က Neymar နဲ့ Silva တို့ မကစားနိုင်တဲ့အတွက် သူစိတ်မကောင်းကြောင်း၊ သူတို့ မကစားနိုင်တဲ့အတွက် ဘရာဇီးလ် အသင်းအနေနဲ့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြီးတော့ လူတွေက ကမ္ဘာ့ဖလားပွဲမှာ အကောင်းဆုံး ကစားသမားတွေကို ကြည့်ချင်ပါတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အခုလို ဘောလုံးပွဲတွေအတွက် ဘရာဇီးလ်မှာ ကမ္ဘာ့ဖလား လက်မှတ်တွေကို မှောင်ခိုရောင်းဝယ်မှုနဲ့ ဧည့်ခံကြိုဆိုရေး ကုမ္ပဏီတခုက ထိပ်တန်းအရာရှိ တယောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မန္တလေးမြို့၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ဟု သမ္မတဦးသိန်းစိန် ပြောကြား

 July 7, 2014
မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့်ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဇူလိုင် ၇ ရက် ညပိုင်းက မန္တလေးပဋိပက္ခနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်အဖွဲ့အစည်းများဖြည့်ဆည်း ထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးအဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး လိုအပ်သည့်စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြသူများနှင့် ပဋိပက္ခဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြသူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနှင့် ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့အတူ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်ဖျက်ဆီးမှုများကို နိုင်ငံတော်အနေဖြင့် လုံးဝသည်းခံမည်မဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏အကျိုးကို ရှေးရှုခြင်းမပြုဘဲ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး နိုင်ငံကိုဖျက်ဆီးလိုသူများသည် လူမျိုးတိုင်းဘာသာတိုင်း၏ လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။
“ယခုမန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စုအဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့တမင်ဖန်တီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ အခုလို သွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနဲ့ ရန်ပြုမှုများကို ထောက်ခံအားပေးခြင်း၊ ဥပဒေမဲ့ တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေအတိုင်း ဖြစ်စေဖို့အတွက် နိုင်ငံသားအားလုံးက အစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ နိုင်ငံသားအချင်းချင်း အမုန်းတရားကြီးထွားစေမယ့် အပြောအဆိုများ၊ ရေးသားမှုများနဲ့ ပြုမူဆောင်ရွက်မှုများကို အားမပေးဘဲရှောင်ရှားကြဖို့၊ ပါဝင်လုပ်ဆောင်မှုမပြုကြဖို့နဲ့ အဆိုပါအပြုအမူများကို ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးက အသိရှိရှိ၊ သတိရှိရှိနဲ့ ဥာဏ်အမြော်အမြင်ကြီးကြီးထားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါကြောင်း ပြောကြားလိုပါတယ်” ဟု သမ္မတဦးသိန်းစိန်ကဆိုသည်။
မိမိတို့နိုင်ငံသားများသည် ဒီမိုကရေစီ အနှစ်သာရများဖြစ်သည့် မတူကွဲပြားမှုများကို နားလည်လက်ခံခြင်း၊ လူအနည်းစု၏ ဆန္ဒနှင့် ဆုံးဖြတ်ခြင်းဖြစ်သော်လည်း လူအနည်းစု၏ အခွင့်အရေးများကိုလေးစားခြင်း၊ မတူညီတဲ့ ရပ်တည်ချက်များအပေါ် တွင်ငြိမ်းချမ်းစွာ ညှိနှိုင်းစေ့စပ်အဖြေရှာခြင်း စသည့်အလေ့အကျင့်များကို မွေးမြူကြရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများသည် မိမိတို့ယုံကြည်ရာ ဘာသာတရားများကို လွတ်လပ်စွာကိုးကွယ်ခွင့် အပြည့်အ၀ ပေးအပ်ထားတာကို တွေ့ရမှာဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲရေး ကာလအတွင်း၌ မိမိတို့နိုင်ငံအနေဖြင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ စိန်ခေါ်မှုများကိုရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း သမ္မတကပြောကြားသည်။
“တချို့သောပဋိပက္ခများဟာ  ဆင်းရဲမွဲတေမှု၊ ပညာချို့တဲ့မှု၊ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျမှုစတဲ့နက်နဲတဲ့ အကြောင်းတရားများ စွာကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း တချို့သော ပဋိပက္ခများကတော့ ကျွန်တော်တို့လူမှု အဖွဲ့အစည်းရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီအလေ့အထများ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို တမင်နှောင့်ယှက်ဖျက်ဆီးလိုတဲ့သဘောနဲ့ ရည်ရွယ်ချက်ရှိရှိလှုံ့ဆော် လုပ်ဆောင်နေခြင်း ဖြစ်တာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်” ဟု သမ္မတကပြောကြားသည်။
ထို့အပြင် သမ္မတက မန္တလေးသူ၊ မန္တလေးသားများအနေဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ ဒေသစွဲဖြင့် ငြိမ်းချမ်းစွာယှဉ်  တွဲနေထိုင်ခဲ့ကြသည့် အစဉ်အလာရှိခဲ့ပြီး  ဂုဏ်သတင်းကျော်ဇောမှု ရှိခဲ့သည့်အပြင် ယင်းကဲ့သို့ နေထိုင်ခဲ့ကြသဖြင့် ယခုပဋိပက္ခ ဖြစ်စဉ်တွင် သွေးထိုးလှုံ့ဆော်မှုများကိုအသိ၊ သတိ၊ စဉ်းစားဆင်ခြင်ဥာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့ကြကြောင်းကို ချီးကျူးပြောဆိုခဲ့ကာ မန္တလေး၌ ဖြစ်ပွားမှုကို သင်ခန်းစာယူ၍ အခြားဒေသများတွင် ထပ်မံမဖြစ်ပွားရန် ပြည်သူများအားလုံး အစိုးရနှင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့ကာ သေဆုံးခဲ့သူနှစ်ဦးအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြောင်းကိုလည်း ပြောကြားခဲ့သည်။
“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှု အမြင့်မားဆုံးနိုင်ငံထဲက တစ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ် စေမယ့်ရေးသား ပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်” ဟု သမ္မတက ပြောကြားသည်။
သမ္မတ၏မိန့်ခွန်းပါ မီဒီယာများအား သတိပေးပြောကြားမှုမှာ မည်သည့်မီဒီယာအား ရည်ညွှန်းပြောဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။
ပြီးခဲ့သည့်ဇွန်လအတွင်းက ပြည်တွင်းပုဂ္ဂလိက မီဒီယာများအနေဖြင့် ရဲသတင်းတပ်ဖွဲ့မှခေါ်ယူ၍ ၎င်းတို့သိလိုသည်များကို မေးမြန်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ပြီး မီဒီယာအချို့မှာ သွားရောက် ဖြေဆိုခြင်းမရှိကြောင်း သိရသည်။
အလားတူ ယခုမန္တလေးပဋိပက္ခ ဖြစ်စဉ်၌လည်း တရားဝင်ရပ်တည်နေသော ပုဂ္ဂလိကသတင်းမီဒီယာအများစုမှာ ပဋိပက္ခရပ်တန့်ရေးနှင့် တည်ငြိမ်ရေးအတွက် သတင်းနှင့် သတင်းဓာတ်ပုံများ သတိထားဖော်ပြခဲ့ပြီး ဖေ့စ်ဘွတ်ခ်အပါအ၀င် အင်တာနက်စာမျက်နှာ များမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရေးသားမှုများအား ဖော်ထုတ်အရေးယူရန် ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ဖော်ပြမှုများကြောင့်ပင် ပုဂ္ဂလိကသတင်း မီဒီယာအချို့ထံသို့ ခြိမ်းခြောက်စာပေးပို့ ခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
Eleven Media Group

PR စနစ်သည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် ကျင့်သုံးရန်မသင့်ဟု NLD နှင့် တိုင်းရင်းသားပါတီများ ပူးတွဲသဘောထားထုတ်ပြန်


NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ ဇူလိုင် ၅ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ-NLD)
   
July 8, 2014
ကိုယ်စားပြုအချိုးကျစနစ် (PR စနစ်) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက်တိုင်းရင်းသား ပါတီများက ဇူလိုင် ၇ ရက်တွင် ပူးတွဲသဘောထား ကြေညာချက်တစ်စောင်ကို တညီတညွတ်တည်း  သဘောတူညီကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ဇိုမီးကွန်ဂရက် ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီတို့မှ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သော  ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည်တို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များသည် ဇူလိုင် ၅ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံ၍ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ PR စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံး သင့်မသင့်၊ အမျိုးသားအကျိုးစီး ပွားအတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖော်ဆောင်နိုင်ခြင်း မရှိသဖြင့် ပြင်ဆင်သင့်ကြောင်း နှင့် PR စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့်အနာဂတ် အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်ပါ များစွာသောအချက်များသည် ဒီမိုကရေစီရေးနှင့် နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် အချက်များဖြစ်နေသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း သုံးသပ်မိသဖြင့် ပြန်လည်ပြင်ဆင် ပေးသင့်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က “PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့မသင့်ဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိရွေးကောက်ပွဲစနစ်ဟာ ဖဆပလခေတ်ကလည်း ကျင့်သုံးခဲ့ပြီးပြီ။ ကိုးဆယ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့ပြီးပြီ။ ၂ဝ၁ဝ မှာလည်း ကျင်သုံးခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့တယ်။ တစ်စုံတစ်ရာ ဘာမှပြဿနာရှိတာကို မတွေ့ရဘူး။PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် မြန်မာပြည်အတွက်ရော ပြည်သူတွေအတွက်ပါ တစ်စုံတစ်ရာ အကျိုးရနိုင်စရာ မရှိဘူး။ အထူးသဖြင့် တိုင်ရင်းသားပါတီများ အနေနဲ့ အကျိုးယုတ်စရာတွေရှိတယ်” ဟု ပြောကြားသည်။
“အပြောင်းအလဲကာလမှာ တကယ်ပြောင်းလဲဖို့ ကြိုးစားရမှာက ဒီမိုကရေစီစနစ်ထွန်းကားဖို့ ပြီးတော့ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ ဒါတွေအတွက်ပဲ ပြောင်းလဲဖို့ ကြိုးပမ်းသင့်တယ်။ ရွေးကောက်ပွဲစနစ်ဟောင်းကနေ ရွေးကောက်ပွဲစနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းစရာမလိုဘူးလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် ဒီ PR စနစ်ကို တင်လာတာက ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်လိုက်တော့ ပါတီတစ်ခုက သူတို့ပါတီရွေးကောက်ပွဲမှာ အနိုင်မရနိုင်ဘူးလို့ စိုးရိမ်စိတ်တွေ ဝင်လာတဲ့အတွက်ကြောင့် ဒီ PR စနစ်ကို တင်သွင်းလာတာဖြစ်တယ်။ ဒါကြောင့် ပါတီတစ်ခုရဲ့ အကျိုးအတွက်ပဲ တင်သွင်းလာတာဖြစ်တယ်။ တိုင်းပြည်အတွက် ပြည်သူအတွက်ဘာမှ အကျိုးရှိနိုင်မှာမဟုတ်တဲ့ အတွက်ကြောင့် ဒီ PR စနစ်ကို ကျင့်သုံးဖို့မသင့်ဘူးလို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။

အောင်ဇော်ထွန်း Eleven Media Group

တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူးတင်ကြောင်း သမ္မတရုံး ထုတ်ပြန်


မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်သိ တာဝန်ကျေပွန်သော မန္တလေးသူ မန္တလေးသားများသို့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တစ်ခုကို သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်မှာ-
“လူမျိုးဘာသာမရွေး ရင်းနှီးချစ်ကြည်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော၊ ယဉ်ကျေးမှု သမိုင်းအစဉ်အလာကြီးမားသော မန္တလေးမြို့တော်သည် တာဝန်သိ တာဝန်ကျေပွန်သည့် မန္တလေးသူ၊ မန္တလေးသားများ၊ မီဒီယာ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များ အပါအဝင် ဘာသာရေးခေါင်းဆောင်များ စသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပဋိပက္ခများဖြစ်ပွားနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီဟု ဆိုနိုင်သည့် အနေအထား တစ်ရပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
အစိုးရအနေဖြင့် ပဋိပက္ခများ ပြန့်ပွားခြင်း မရှိစေရန် လိုအပ်သော ပြင်ဆင်မှုများ အချိန်နှင့်တပြေးညီ လုပ်ဆောင်ခဲ့ခြင်းနှင့် ယဉ်ကျေးသော၊ သိမ်မွေ့သော၊ နူးညံ့သော မန္တလေးမြို့သူ မြို့သားများ၏ အစဉ်အလာကောင်းကို ထိန်းသိမ်းလိုသော စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ယနေ့အချိန်အခါတွင် တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဆောင်ကြဉ်း ရရှိစေခဲ့ခြင်း ဖြစ်ပါသည်။
ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်းပေး ဆက်သွယ်သော မြို့သူမြို့သားအားလုံး၏ အမည်များ အားလုံးကို ဖော်ပြနိုင်ခြင်း မပြုနိုင်သော်လည်း ထိုသူများသည် မန္တလေးမြို့အတွက် နောက်ကွယ်မှ တာဝန်သိခဲ့ တာဝန်ကျေခဲ့ကြပြီကို အသိအမှတ်ပြု ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ တာဝန်သိ ပြည်သူများ၏ ကြိုတင်သတင်း ပေးပို့မှုများကို အားကိုးအားထားပြု၍ လူထုအခြေပြု တားဆီးကာကွယ်မှုများ၊ အချိန်မီ ဖြေရှင်းဆောင်ရွက်မှုများ၊ စစ်ဆေးဖော်ထုတ်မှုများ လုပ်ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ အနေဖြင့်လည်း နေ့မအား ညမနား၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင် ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။
အရေးကြီးသောအခါ သွေးစည်းလေကြသော အစဉ်အလာများနှင့်အညီ သတင်းမှားများ၊ ကောလာဟလများကို မိမိတို့ အသိစိတ်ဓာတ်ဖြင့် တိုက်ဖျက်၍ သတင်းမှန်များ ထုတ်ပြန်ပေးခဲ့ကြသော မန္တလေးသူ မန္တလေးသားများ၊ တာဝန်သိ လူမှုကွန်ယက် အသုံးပြုသူများ၊ မီဒီယာများ၏ ပူးပေါင်းပါဝင်မှုကို ယခုဖြစ်စဉ်တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပါသည်။ အလားတူ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ ဖြစ်စေရေး ကူညီပံ့ပိုးနိုင်ရန် ကမ်းလှမ်းခဲ့ကြသော အမေရိကန်အခြေစိုက် Facebook မှ တာဝန်ရှိသူများ၊ Silicon Valley မှ သက်ဆိုင်သူများကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါသည်။
ဤသို့ မန္တလေးသူ မန္တလေးသားများ အပါအဝင် တာဝန်သိတာဝန်ကျေပွန်သော ပြည်သူလူထု အခြေပြုပူးပေါင်း ဆောင်ရွက်မှုဖြင့် စိတ်ပူပန်ရ၊ မလုံခြုံဟု ခံစားခဲ့ရသော မန္တလေးမြို့တော်ကြီးအား အကျည်းတန် အရုပ်ဆိုးစေမည့်အဖြစ်သို့ မရောက်ရှိစေရန် ထိုက်သင့်သလောက် ကာကွယ်နိုင်ခဲ့ပြီဟု ယုံကြည်ပါသည်။ ကိုးကွယ်ရာဘာသာ မတူညီသည့်တိုင် အချင်းချင်းဖေးမကူညီ ကာကွယ်စောင့်ရှောက်ပြီး ခက်ခဲသောအခြေအနေတွင် နားလည်မှုမလွဲမှားအောင် ထိန်းကျောင်းပေးခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တာဝန်သိလူငယ်များကိုလည်း လေးနက်စွာ ကျေးဇူးတင်ရမည် ဖြစ်ပါသည်။
ရှေ့ဆက်ပြီး အလားတူ အခြေအနေ ပေါ်ပေါက်စေရန် လှုံ့ဆော်မှုများ ရှိလာပါက အစိုးရ၊ ရဲတပ်ဖွဲ့တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပြီး မန္တလေးမြို့ကို ကာကွယ်ပေးကြပါရန်နှင့် ကိုးကွယ်ယုံကြည်မှု မတူသူများအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သည့် ငြိမ်းချမ်းစွာ ညီညွတ်မျှတ သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်း ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်” ဟူ၍ ပါရှိပါသည်။

Eleven Media Group

ကွန်ပြူတာနဲ့ဖုန်းဆက်သွယ်ပေးမဲ့ Zapya.exe

Download  https://www.dropbox.com/s/r7sg7ol5tysusts/Zapya%20reshared%20by%20ayeminn.exe
Zapya software ရဲ့ အသုံးကိုတော့ မပြောပြတော့ပါဘူး။ Andriode ဖုန်းအသုံးပြုသူတိုင်းသိပြီးဖြစ်မှာပါ။
အဲ သတိပြုစရာ အချက်ကတော့ ကွန်ပြူတာထဲ Zapya software သွင်းပြီးရင် ကွန်ပြူတာမှာအရင်Zapyaကို
ဖွင့်ပြီး ဖုန်းက  Zapya ကိုဖွင့် Search and Join ကိုနှိပ်ပြီးရှာ ။
ဆက်မိပြီဆိုတာနဲ့ Password ရိုက်မဲ့ Box ပေါ်လာမယ်။
ကွန်ပြူတာပေါ်က Zapya ကဖော်ပြနေတဲ့ Password ကိုရိုက်သွင်း။
Sure ကိုနှိပ်။
OK ပြီ။ ကွန်ပြူတာမှဖုန်း (သို့မဟုတ်) ဖုန်းမှကွန်ပြူတာသို့ အပြန်အလှန် ပို့နိုင်ပါပြီ။
အားလုံးအဆင်ပြေကြပါစေ။

ဒီနေရာမှာ Download ယူပါ https://www.dropbox.com/s/r7sg7ol5tysusts/Zapya%20reshared%20by%20ayeminn.exe

အဲ အရေးကြီးဆုံးကိုမေ့ကျန်ခဲ့တယ်။ ကွန်ပျူတာက Wifi ထုတ်လွှတ်ရမှာမို့ Router မတပ်ရသေးရင်
ဒီ Virtual Router Managerကိုအရင်ဒေါင်းပြိး install လုပ်ထားလိုက်ပါ။
 
Virtual Router Managerကို ဒီနေရာမှာဒေါင်းပါhttps://www.dropbox.com/s/cewhgvog76lvcxo/VirtualRouterInstaller.msi

                            အဆင်ပြေလျှင်ကြော်ငြာတစ်ခုကို ကလစ်တစ်ချက်စီနှိပ်ခဲ့ပါ။                        

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အား အမှုမှ တရားရှင်လွှတ်ကြောင်း ကသာခရိုင်တရားရုံး ဆုံးဖြတ်

၇-၇-၂၀၁၄ ကသာ

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦး မြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အား ကသာမြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခဲ့သာအမှုအား ကသာခရိုင်တရားရုံးမှ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲတွင် အမှုမှတရားရှင် လွှတ်လိုက်ကြောင်း သိရသည်။
ဟာဂျူလီ(ကသာ)က “ကသာမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်တာကို ခရိုင်တရားရုံးကို အယူခံတက်တယ်။ ကသာခရိုင်တရားသူကြီး ဦးသက်ထွန်းက မီဒီယာသမားကို တရားစွဲဖို့ မသင့်တော်ဘူးဆိုပြီး တရားစွဲခွင့်ကို ပလပ်လိုက်တယ်။ အောက်ရုံးက စွဲခွင့်ပြုထားတာကို သူကအောက်ရုံးအမိန့်ကို ပယ်ဖျက်ပေးတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ လွတ်လပ်သွားတာပေါ့။ ကျွန်တော်တို့ကို စွဲခွင့်ပြုတဲ့နေရာမှာလည်း ကိုယ့်တစ်ယောက်တည်းအတွက် နှမြောတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးက သတင်းထောက်တွေအတွက် စိတ်မကောင်းဖြစ်တာပေါ့။ အခုဒီလိုလေး ပြန်တည့်မတ်ပေးတယ်ဆိုတော့ ခရိုင်တရားသူကြီးကိုလည်း ကျေးဇူးတင်တယ်။ မှားမှားမှန်မှန် ဘာသက်သေရှိရှိ မရှိရှိ စွဲခွင့်ပြုတယ်ဆိုရင် မီဒီယာသမားတွေ နောက်ကိုဘာမှ မရေးရဲမပြုရဲဖြစ်တာပေါ့။ အခု ဒါကပြန်တည့်မတ်ပေးလိုက်တဲ့ သဘောလို့မြင်တယ်” ဟု ဆိုသည်။
လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အမှုအား လိုက်လံဆောင်ရွက်ပေးခဲ့သော တရားလွှတ်တော်ရှေ့နေ ဦးကိုလေးက “ကသာမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်တာကို ကသာခရိုင်တရားရုံးကို စွဲချက်ကို ပြင်ဆင်ချက်တက်တာပေါ့။ ခရိုင်တရားရုံးကိုတက်တော့ ခရိုင်တရားရုံးက ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲအချိန်မှာ ပြင် ဆင်မှုအမှတ် ၂၄/၂၀၁၄ နဲ့ အမှုမှ တရားရှင် လွှတ်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။
လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃) အမှတ် (၈၄) တွင်ဖော်ပြခဲ့သော တက္ကသိုလ်မောင်ရဲမုန်း၏ ဆောင်းပါးနှင့် အတွဲ(၃)အမှတ် (၈၈) တွင် ဟာဂျူလီ(ကသာ)၏ KTV အကြောင်းနဲ့ပတ်သက်ပြီး အင်တာဗျူးဖော်ပြချက်တို့အပေါ် တရားလိုဦးမြင့်မောင်က ၂၀၁၂ ခုနှစ်က ကသာမြို့နယ်တရားရုံးတွင် တရားစွဲမှုကို လျှပ်တစ်ပြက်အယ်ဒီတာချုပ်နှင့် ဟာဂျူလီ (ကသာ)တို့အား မြို့နယ်တရားရုံးမှ မေ ၂၆ ရက်တွင် ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
Eleven Media Group

ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း ဆန္ဒပြကြေညာသူ ဖမ်းဆီးခံရ

 
 ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု တွေကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူ က တင်မြှောက်တဲ့ အကြောင်း ရန်ကုန်မြို့တော် ခန်းမရှေ့မှာ မနေ့မနက်က ဆန္ဒပြတဲ့ MDCF- ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုက ရန်ကုန်တိုင်း တာဝန်ခံ ကိုနောင်နောင်ကို အင်္ဂါနေ့မနက် ၁ နာရီခွဲ လောက်မှာ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ ဖမ်းဆီး သွားပါတယ်။

ဒီအကြောင်း ကိုနောင်နောင်ရဲ့ မိတ်ဆွေ ဦးကျော်လွင်က ပြောပြပါတယ်။

"ဒုရဲမှူးအပါအဝင် ၅ ဦးက တောင်ဒဂုံ ၅၆ ရပ်ကွက်ကို ၁ နာရီခွဲမှာ ကိုနောင်နောင်ကို လာရောက်ခေါ်ဆောင်သွားတယ် အဲ့ဒီအချိန်မှာ ကိုထင်ကျော်ရဲ့ နောက်ဆုံးဆောင်ရွက်ချက် စာရွက်စာတမ်းတွေရယ် မနေ့တုန်းကမြို့တော်ခန်းမမှာဝေခဲ့တဲ့ စာရွက်စာတမ်းတွေ အားလုံးကိုသိမ်းယူသွားတယ်"

မနေ့ကဖြန့်ဝေတဲ့ ကြေငြာချက်မှာ ကုန်ဈေးနှူန်းကြီးမြင့်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ ဘာသာရေးပြဿနာ၊ တိုင်းရင်းသားအရေး၊ တရားရေးကဏ္ဍ၊ လယ်ယာမြေမတရားသိမ်းဆည်းမှု စတဲ့ ပြဿနာရပ်တွေ တင်ပြထားပြီး ၂ဝ၁၁ ခုက ဒီနေ့ထိ ကိုယ်ကျိုးစီးပွားနဲ့ ခရိုနီတွေကို အကာအကွယ်ပေးနေတဲ့ ပြည်ထောင်စုအစိုးရကို လွှတ်တော်ကနေ ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။

မြို့တော်ခန်းမရှေ့မှာ မနေ့က ဆန္ဒပြနေတုန်း ကိုနောင်နောင်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက လာရောက်ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ဆောင်သွားတဲ့အတွက် နောက်ကနေ လူအုပ်ကလည်း လိုက်သွားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုနောင်နောင်ကို ရဲစခန်းကပြန်လွှတ်လိုက်ပြီး ဒီမနက်လင်းအားကြီးချိန်ရောက်မှ နေအိမ်ကနေ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ကိုနောင်နောင်ဟာ တောင်ဒဂုံ မြို့နယ်မှာ ဖရောင်းတိုင်ထွန်းဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။

RFA Burmese

ဖိလစ်ပိုင် မနီလာမြို့လယ်က မိကျောင်းကြီး

၁ ပေ အရှည်ရှိတဲ့ သားစား ရေငန် မိကျောင်းကြီးတကောင်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ လမ်းမမှာ ကားတစီးခေါင်းမိုးပေါ် တင်လာတော့ လူတော်တော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။ 



 ဖိလစ်ပိုင် နိုင်ငံမနီလာမြို့လယ်က မိကျောင်းကြီး (ဓာတ်ပုံ- ရိုက်တာ)

မိချောင်းကြီးကို လူတွေက ဝိုင်းမ ပြီး ကားအမိုးပေါ် တင်နေတာ၊ မိချောင်းကြီးကို ကားရှိရာ ဆွဲခေါ်လာရတဲ့ ဓာတ်ပုံတွေ ကြည့်ပြီး ဧရာဝတီ ပရိသတ်လည်း ဒီမိကျောင်းကြီး နဲ့ပတ်သက်ပြီး သိချင်ကြမှာပါ။ 



တကယ်တော့ ဒီမိချောင်းကြီးဟာ မနှစ်က သေဆုံးသွားပြီး လူတွေ သတ်ခဲ့စားခဲ့တဲ့ နာမည်ကြီး မိကျောင်း 

လောင်လောင် ကို ပုံတူပြုလုပ်ထားတဲ့ စက်ရုပ် မိကျောင်းကြီးတကောင်ပဲဖြစ်ပါတယ် တဲ့။ 

သူ့ကို Pasay City Crocodile Park ပန်းခြံမှာ ထား ဖို့ စီစဉ်နေကြတာဖြစ်တယ်လို့ The Mirror သတင်း တပုဒ်က ရေးထားပါတယ်။

ဒေါ်လာ နှစ်ထောင်တန်တယ်၊ ဖိုင်ဘာ နဲ့ ရာဘာတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဒီဇိုင်ပညာရှင်တွေဖြစ်တဲ့ Juvy Bangut နဲ့ Jessie Suerte တို့က ဖန်တီးခဲ့ကြတာဖြစ်ပါတယ် တဲ့။ 






အိမ့်သံစဉ် ~ ဧရာဝတီ 
                                     အဆင်ပြေလျှင် ကြော်ငြာများကို ကလစ်တစ်ခါစီနှိပ်ခဲ့ပါ။                     

ထားဝယ်တွင် ဆယ်စုနှစ်တစ်ခုကျော် ရှားပါးနေသည့် ပလာကထိန်ငါး အလုံးအရင်း ပြန်တွေ့

https://mail.google.com/mail/u/1?view=att&th=14710c3051fdc71c&attid=0.1&disp=thd&realattid=f_hxbr1w230&zw
|Dawei Watch| ထားဝယ်၊ ဇူလိုင် ၇
ထားဝယ်ခရိုင် ရေပိုင်နက်အတွင်း ဆယ်စုနှစ်တစ်ခုကျော်အကြာ ရှားပါးနေသည့် ရေပေါ်ငါးမျိုးစိတ်တစ်မျိုးဖြစ်သည့် ဒေသအခေါ် ပလာကထိန် ငါးကို ယခုရက်ပိုင်းအတွင် အလုံးအရင်းဖြင့် ပြန်လည်တွေ့ရှိခဲ့ရကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သဘော့ဆိပ်ကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ယင်းငါးမျိုးစိတ်သည် ၁၉၉၉ ခုနစ်နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့ပြီး အခြားငါးမျိုးစိတ်များနှင့်အတူ အနည်းငယ်မျှသာ တခါတလေ ဖမ်းမိသည့်မှ အပ ယခုကဲ့သို့ အလုံးအရင်းဖြင့် ဖမ်းဆီးရမိခဲ့ခြင်းမရှိခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။
“ဘာဖြစ်လို့ အခုမှ အများကြီးပေါ်လာရသလဲဆိုတာ အံသြနေတယ်။ မနေ့က လှေတွေ ၀င်လာတာ ဒီငါးတွေချည်းပဲ ပါလာတယ်လို့ ပြောတယ်” ဦးကျော်ကျော်သက်က ဆိုသည်။
မည်သည့်အချိန်က ပင်လယ်ပြင်အတွင်း ပြန်လည်ပေါ်ပေါက်နေသည်ကို မသိရဘဲ ဇူလိုင်လ ၆ ရက်နေ့က သဘော့ဆိပ်ကမ်းခြေသို့ ကမ်းနီးငါးဖမ်းလှေများ ပြန်ရောက်လာသည့် အချိန်တွင် ယင်း ပလာကထိန်ငါးများသာ ဖြစ်နေသည်ကို တွေ့ရမှ သိရသည်ဟု ကမ်းခြေကျေးရွာတစ်ခုဖြစ်သည့် သဘောဆိပ်ကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
“ငါးအငယ်ထဲမှာဆိုရင် ဒီကောင်က ဈေးအကြီးဆုံး ငါးပဲ။ ထိုင်းမှာဆိုရင် အရင်တုန်းကတောင် တစ်ကီလိုကို ၃၂ ဘတ် လောက်ပေးရတယ်” သဘော့ဆိပ်ကမ်းခြေတွင် နေထိုင်သူ ဦးဖိုးကျော်က ဆိုသည်။
ယင်း ပလာကထိန်ငါးသည် ဈေးကွက်ဝင် ငါးတစ်မျိုးဖြစ်ပြီး ဒေသအတွင်း စားသုံးရန် သာမက ဆားသိပ်ကာ ထိုင်းဈေးကွက်သို့လည်း တင်ပို့နိုင်သည်ဟု ဦးကျော်ကျော်သက်က ရှင်းပြသည်။
ငါး၏ အရွယ်အစားမှာ ဦးခေါင်းမှ အမြီးဖျားအထိ ၇ လက်မ မှ ၉ လက်မ အထိ အရွယ်အစားအမျိုးမျိုးကြောင်း သိရသည်။
“ဘာကြောင့် အရင်က လုံးဝနီးပါးပျောက်နေပြီး ဘာကြောင့် အခုမှ လုံးဝပြန်ပေါ်လာရသလဲဆိုတာ သိပ်စဉ်စားစရာကောင်းတဲ့ အချက်ပဲ။ ဆရာတို့အနေနဲ့လည်း ထဲထဲဝင်ဝင် သုတေသနပြုဖို့ လိုနေပြီ” ဟု ထားဝယ်သုတေသနအဖွဲ့မှ ဦးဇော်သူရက မှတ်ချက်ပြုသည်။
ယခင်က ထိုင်းနိုင်ငံမှ ၀ါတန်းလှေများသည် မြန်မာရေပိုင်နက်အတွင်းသို့ ၀င်ရောက်ငါးဖမ်းမှုများရှိခဲ့ပြီး နောက်ပိုင်းအတွင် သက်ဆိုင်ရာဌာနများမှ တင်းကျပ်ပြီးသည့်နောက်ပိုင်းတွင် ယင်းလှေများ မ၀င်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအ၀ိုင်းက မှတ်ချက်ပြုကြသည်။
မြန်မာ့ပင်လယ်ရေပြင်၏ ရေပေါ်လွှာနေ ငါးထုထည်ပမာဏသည် ၂၀၁၃ ဒီဇင်ဘာလက ပြုလုပ်သည့် သုတေသနအရ ၁၉၈၀ ခုနစ် တွင် ပြုလုပ်ခဲ့သည့် သုတေသနထက် ၉၀ ရာနှုန်းခန့်လျော့ကျသွားသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောဆိုထားသည့် အတွက် ယင်းငါးမျိုးစိတ်များ ပြန်လည်တွေ့ရှိလာခြင်းနှင့် ပက်သက်၍ ၉၀ ရာနှုန်းလျော့ကျသွားသည့် ငါးများတွင် မည်သည့် မျိုးစိတ်များပါဝင်နေသည်ကို ပြန်လည်မေးခွန်းထုတ်လိုသည်ဟု ဦးဇော်သူရ က ပြောသည်။
၁၉၈၀ ခုနစ်က မြန်မာ့ပင်လယ်ပြင်တွင် ရေအနက် မီတာ၂၀၀ ရေပေါ်လွှာနေ ငါးထုထည် တန်ချိန် တစ်သန်းတစ်သိန်း ရှိခဲ့သော်လည်း ၂၀၁၃ ခုနစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာ လ ၁၈ ရက်နေ့အထိ နော်ဝေးသိပ္ပံပညာရှင်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်နှင့်မြိတ်တက္ကသိုလ်များမှ ကထိကများ၊ တပ်မတော်ရေမှ တာဝန်ရှိသူများ စုစုပေါင်း ၁၂ ဦးတို့၏ သုတေသန ပြုချက်များအရ တန်ချိန် တစ်သိန်းတစ်သောင်းသာ ကျန်ရှိတော့သဖြင့် ရေပေါ်လွှာနေ ငါးထုထည်ပမာဏသည် ၉၀ ရာနှုန်းလျော့ကျလာခဲ့သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြီးခဲ့သည့် မေလ ၇ ရက်နေ့က အတည်ပြုပြောကြားခဲ့သည်။
Dawei Watch

လောက်လေးခွတွေနဲ့ ၀ိုင်းပစ်ခတ်လို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် လူတချို့ ဒဏ်ရာရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို လောက်လေးခွတွေ နဲ့ ၀ိုင်းပစ်ခတ်လို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ခင်ဦးမြို့နယ် မန်ကျည်းတုံကျေးရွာမှာ ဇူလိုင် ၆ ရက်နေ့ညနေက ရွာလယ်ပိုင်းက အိမ်ဝင်းမှာ ဟောပြောပွဲ ပြုလုပ်နေစဉ် လေးဘက်လေးတန်ကနေ လောက်လေးခွတွေနဲ့ ၀ိုင်းပစ်ခံခဲ့ရတာလို့ ပစ်ခံရစဉ် ဟောပြောနေတဲ့ မြို့နယ်အဆင့် အန်အယ်လ်ဒီပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“ခြောက်နာရီမတ်တင်းဗျ။ လူလုံးမကွဲတကွဲလောက် မန်ကျည်းတုန်ရွာမှာ ပစ်ခံရတာ။ ဒဏ်ရာရတာကတော့ ကလေးလေး ပိုးသီရိအောင်က ခေါင်းပေါက်တယ်၊ ကျောက်ခဲနဲ့ မှန်တယ်၊ ဒေါ်သော့ဆိုတာက အသက် ၆၀ လောက်ရှိပြီ သူကတော့ ကျောက်ပေသီးနဲ့ မှန်တာ၊ ဘု ကြီးထသွားတာပေါ့။ ခေါင်းတွေ မူးနေတာ၊ မျက်နှာ မှန်တာက ဒေါ်အေးတင့်။ ကိုကျော်အေးက သိပ်မနာဘူး။ မဂျမ်းစိန် ဆိုတာ မှန်းတယ်၊ ကျနော့်ကိုတော့မမှန်းဘး။ လျှပ်သွားတယ်။”

မန်ကျည်းတုံရွာလယ်က ဦးငြိမ်းမောင်နေအိမ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ရွာသူရွာသား ၁၀၀ ကျော်လောက် တက်ရောက်နားထောင်ကြတယ်လို့ ဆိုပါတယ်။

နည်းနည်းမှောင်နေတဲ့အတွက် အရပ်လေးမျက်နှာက လာတဲ့ လောက်လေးခွတွေကို ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာ မသိဘူးလို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရွာသားတွေ ကြောက်လန့်တကြား ထွက်ပြေးကြတာကြောင့် ပွဲပျက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံတဲ့အစီအစဉ် ပျက်သွားတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲမှာ မြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါက်တာ ၀င်းအောင်၊ ဒုဥက္ကဋ္ဌ ဦးအောင်သိန်း၊ အတွင်းရေးမှူး ဦးစိုးရင်နဲ့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ဦးညွန့်အောင်တို့ပါ တက်ရောက်ကြပေမယ့် တစုံတရာ ထိခိုက်မှု မရှိဘဲ ရွာသားတွေကိုပဲ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီရဲ့ အလုပ်အမှုဆောင် ဦးညွန့်အောင်က တရားဝင် အကြောင်းကြားလုပ်ဆောင်တာ ဖြစ်တဲ့အတွက် မြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က လုံခြုံရေးပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“သူတို့မှာ တာဝန်ရှိတာပေါ့၊ ကျနော်တို့ သွားတယ်ဆိုရင် တရားဝင် ကော်မရှင်မှာ စာတင်ရင် လုံခြုံရေးပေးတာတွေ ဘာတွေ ရှိတာပဲ၊ အခုဟာက ကျနော်တို့မှာ ဒီအတိုင်းပဲ။ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတယ်။ အောက်ခြေမှာ။”

မနေ့ညက ညတွင်းချင်းရဲစခန်းမှာ ခဲပေါက်မှုနဲ့ အမှုဖွင့်ခဲ့ပြီးကြောင်းနဲ့ မြို့နယ်ကော်မရှင်ထံကို ဒီကိစ္စ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မြို့နယ် အန်အယ်လ်ဒီတာဝန်ရှိသူတွေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲလုပ်တာကိုရော၊ အသံချဲ့စက်ဖွင့်ခွင့်ကိုရော ခွင့်ပြုချက်အရ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ မန်းကျည်းတုံရွာမှာ မဟောပြောခင် ခင်ဦးမြို့ကနေ ၆ မိုင်အကွာက ခြေမြစ်ကျင်းရွာမှာလည်း ဟောပြောခဲ့ပြီး တစုံတရာ ပြဿ နာမရှိခဲ့ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက ပရိသတ်ကို ဓာတ်ပုံရိုက်တာပဲ ရှိတယ်လို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်ဆောင်သူတွေကို မကွေးတိုင်းမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုဖို့ ရဲကို တိုင်တန်းထားတာတွေ ဖြစ်ခဲ့သလို ကျန်နေရာ တချို့မှာလည်း ပိတ်ပင်ဟန့်တားမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

Credit : DVB

Monday, July 7, 2014

ဂျာမနီနဲ့တရုတ် ၀န်ကြီးချုပ် ဘေဂျင်းမှာ တွေ့ဆုံ

ဂျာမန်ဝန်ကြီးချုပ် Angela Merkel (ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang(ဂျူလိုင် ၇၊ ၂၀၁၄)
တရုတ်နိုင်ငံ ဘေဂျင်းမြို့ ကို ရောက်နေတဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာခယ်လ် (Angela Merkel) က တရုတ် ဝန်ကြီးချုပ် လီ ခွန်ချန်း (Li Keqiang) နဲ့ ဒီနေ့မှာ တွေ့ဆုံပါတယ်။
စီးပွားရေး ကိုယ်စားလှယ်တွေကို ဦးဆောင်လာတဲ့ ဂျာမနီခေါင်းဆောင်ဟာ တရုတ်ခေါင်းဆောင်တွေ နဲ့ စီးပွားရေး၊ နိုင်ငံရေး ဆက်သွယ်မှုတွေကို အဓိက ထား ဆက်သွယ်မယ် လို့ မျှော်လင့်ရပါတယ်။ စီချွမ် (Sichuan) ပြည်နယ်ရဲ့ မြို့တော် ချန်ဒူး (Chengdu) ကနေ မြို့တော် ဘေဂျင်းကို ဝန်ကြီးချုပ် မာခယ်လ် ဒီနေ့မှာ ရောက်လာတာပါ။ သုံးရက်ကြာ ခရီးစဉ်မှာ ဂျာမနီ စီးပွားရေး လုပ်ငန်းတွေ အတွက် အလုပ်လုပ်နိုင်မယ့် အခွင့်အရေးတွေ ရှာဖွေဖို့ အတွက် တရုတ်ပြည် အနောက်ပိုင်းမှာ တစ်ရက်ကြာလည်ပတ်ခဲ့ပါတယ်။
ဂျာမနီ ထောက်လှမ်းရေးဝန်ထမ်းတစ်ဦး က အမေရိကန်အတွက် သူလျှိုလုပ်ပေးခဲ့တယ် ဆိုတဲ့သတင်းဟာ အလွန် စိုးရိမ်စရာကောင်းတဲ့ ကိစ္စပါလို့လည်း တရုတ်နိုင်ငံရောက်နေစဉ် ဂျာမနီခေါင်းဆောင်က ပြောပါတယ်။ ဒီစွပ်စွဲချက်တွေသာမှန်ခဲ့ရင် ဒါဟာ မဟာမိတ် နိုင်ငံတွေအချင်းချင်း မယုံကြည်တဲ့သဘော ကို ပြပါတယ်လို့ ဝန်ကြီးချုပ် မာခယ်လ် (Merkel) က ဘေဂျင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါဟာ ဝန်ကြီးချုပ် မာခယ်လ်အတွက် ဝန်ကြီးချုပ် အနေနဲ့ ၇ ကြိမ်မြောက် တရုတ်ပြည်ခရီးစဉ်ဖြစ်ပါတယ်။ ဒီကနေ့ နှောင်းပိုင်းမှာ သမ္မတ ရှီကျင်းပင် (Xi Jinping) နဲ့ တွေ့ဖို့ရှိပါတယ်။ မတ်လတုန်းက မစ္စတာရှီအနေနဲ့ ဂျာမဏီကို လည်ပတ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦး ကုန်သွယ်ရေးနဲ့ စီးပွားရေး သဘောတူညီချက်တွေ အမျိုးမျိုးကို လက်မှတ်ထိုးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ပြည်တွင်း ၁၂ ပါတီ၊ အန်စီစီတီနှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဆွေးနွေး


10527897_10203350361973163_2115590876549487742_n

ပြည်တွင်းက နိုင်ငံရေး ပါတီ ၁၂ ပါတီက ခေါင်းဆောင်တွေဟာ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တွေ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တို့နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့  နိုင်ငံရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး အတွက် အမြင်ချင်း ဖလှယ်တွေ့ဆုံဆွေးနွေး ခဲ့ကြတာပါ။
ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့  ကချင်ပြည်နယ် စည်းလုံး ညီညွတ်ရေး ဒီမိုကရေစီပါတီ (UDPSK) ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ခုလို ပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက အရင်တုန်းကနဲ့ မတူတော့ဘူး။ ဒီမိုကရေစီ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ရှိကိုရှိသင့်တယ်၊ တွေ့ကိုတွေ့သင့်တယ်၊ ဒီလိုမျိုးတွေ့ဆုံဆွေးနွေးမှု များများလုပ်နိုင်တဲ့အခါကျမှ ကျနော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံတာ ဖြစ်ပါတယ်။”
သူဟာ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဖြစ်သလို လက်ရှိ အမျိုးသားလွှတ်တော် တိုင်းရင်းသား ရေးရာကော်မတီ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။
ဒါ့အပြင်   အန်စီစီတီနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသမီးတွေရဲ့ခံစားမှုကို ပိုမိုသိရှိနားလည်လာတယ်လို့ ဦးခက်ထိန်နန်က ပြောပါတယ်။
“အန်စီစီတီက ဆက်တိုက်ကြိုးစားနေတယ်။ သိပ်မကြာခင် ရှေ့လပိုင်းမှာလည်း ပြန်ပြီး တွေ့ဆုံဆွေးနွေးတဲ့အနေအထားလည်း ကြိုးစားနေတယ်ဆိုတဲ့ အချက်တွေကိုသိရတော့ ကျေးဇူးတင်တယ်။ သူတို့ကြိုးစားတဲ့ အတိုင်းအတာဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အပေါင်းဘက်ကို သွားမှာပဲဆိုတာ သိရှိနားလည်ရလို့ အင်မတန်ဝမ်းသာတယ်၊ အားလည်း ရှိတယ်။ အမျိုးသမီးအဖွဲ့ချုပ်နဲ့ တွေ့တော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ အမျိုးသမီးဆိုတာ လူမှုအဖွဲ့အစည်းမှာ အဓိက၊ နိုင်ငံမှာလည်း အဓိက။ ဒါပေမယ့် နေရာတကာမှာ သူတို့ ပါဝင်မှု အားနည်းတယ်၊ နေရာတကာမှာ သူတို့ကို ဦးစားပေးမှု အားနည်းတယ်၊ အထူးသဖြင့် ပြည်တွင်း မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ ပိုပြီး ဒုက္ခရောက်တာက အမျိုးသမီးတွေ၊ မိခင်တွေနဲ့ ကလေးတွေဖြစ်တယ်။ ဒါတွေကို ပိုပြီးတော့ သိရတော့ ဒီကဏ္ဍမှာ ကျနော်တို့ ပါဝင်ရမယ်၊ ကြိုးစားရမယ်ဆိုတာ ပိုပြီး တာန်ရှိလာတယ်၊ ကာယကံရှင်တွေ တင်ပြလာတော့ ပိုပြီး နားလည်လာတယ်။ ”
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း လက်ရှိ အန်စီစီတီက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတယ်လို့ ပြောပါတယ်။
“အခုလုပ်ဆောင်နေတာ အပေါင်းလက္ခဏာဆောင်တယ်လို့ မြင်တယ်။ တဆင့်ချင်းတဆင့်ချင်း လုပ်ဆောင်သွားတဲ့ အပိုင်းတွေကိုကြည့်ရင် ရှေ့ကိုတက်လှမ်းနေတဲ့ အနေအထားမျိုး တွေ့ရတယ်။ အဓိက နောက်ဆုတ်တဲ့ လက္ခဏာမတွေ့ရဘူး။ စည်းဝေးပွဲတွေ တောက်လျှောက်လုပ်သွားဖို့ သူတို့မှာ အစီစဉ်ရှိတယ်ဆိုတာ သိရတယ်။ တိုင်းရင်းသားတွေအချင်းချင်း ဆွေးနွေးစရာရှိတာ သူတို့ ဆွေးနွေးမယ်။ ပြီးရင် အမ်ပီစီနဲ့ ထပ်ပြီး ဆွေးနွေးတာ သူတို့လုပ်မယ်။”
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးချက်တချို့နဲ့ပတ်သက်ပြီး  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး   ဒေါ်တင်တင်ညိုက အခုလို ပြောပါတယ်။
“အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုတဲ့အကြောင်း၊ ဘာကြောင့် ပြင်ဆင်ရသလဲဆိုရင် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေ၊ ချိုးဖောက်ခဲ့သူတွေကို အပြစ်ပေးအရေးယူလို့မရအောင် ကာကွယ် အာမခံထားပေးတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်တယ်။ နောက်တခုက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေအတွက် အာမခံချက်ရှိတဲ့၊ တာဝန်ယူမှုတာဝန်ခံမှု ရှိတဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်တဲ့ မူတွေ ချမှတ်ဖို့လိုတယ်လို့ ကျမတို့ ပြောတယ်။ အမျိုးသမီးတွေ အကာကွယ်မဲ့နေတဲ့ ကိစ္စနဲ့ စစ်တပ်က အဓမ္မချိုးဖောက်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဘယ်လိုမျိုး ဥပဒေပိုင်းဆိုင်ရာအရ အကာကွယ်ပေးနိုင်အောင် လုပ်နေသလဲ၊ အမျိုးသမီးတွေ နေ့တဓူဝ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ၊ သူတို့ကတော့ အမျိုးသမီးအကြမ်းဖက်ခံရမှု ကာကွယ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာရှိတယ်။ ဒါပေမယ့် တကယ့်ဥပဒေ ပြဋ္ဌာန်းနိုင်မှု မရှိသေးဘူးပေါ့။ တင်ပြချင်တာရှိရင် လာပြီးတင်ပြဖို့ သူတို့ ဖိတ်ခေါ်တယ်။”
ပြည်တွင်းက တိုင်းရင်းသားပါတီခေါင်းဆောင်တွေဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို လာရောက် လေ့လာရင်း ချင်းမိုင်မြို့မှာရှိတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။
 နော်နိုရင်း DVB