Pages

Saturday, October 25, 2014

လွှတ်တော်အတွင်း မျိုးစောင့် ဥပဒေ ပေါ်ထွက်လာရေး ကိစ္စ အမြဲနိုးကြား စေရန် ရည်ရွယ်တောင်းဆိုမှုပြုလုပ်

 
လွှတ်တော် အတွင်းတွင် မျိုးစောင့် ဥပဒေ ပေါ်ထွက်လာရေး ကိစ္စ အမြဲနိုးကြားစေ ရန်ရည်ရွယ်ကာ တောင်းဆိုမှုပြု လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မ ဘ သ)ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်က ပြောသည်။

"မျိုးစောင့်ဥပဒေ ၄ ရပ်ကိုတောင်းဆို ခဲ့တာကြာပြီလေ။ နေပြည်တော်မှာ ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ပြီးတဲ့နောက်ပိုင်း သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာပို့လာတယ်။ လွှတ်တော်ကလည်းပဲ ဌါနဆိုင်ရာတွေကို ဥပဒေမူကြမ်းရေးဆွဲဖို့ တာဝန်ပေးထားတယ်။ ဒါပေမယ့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကတော့ မူကြမ်းထွက်လာပြီးတော့ ပြည်သူတွေရဲ့ သဘောထား ထုတ်ပြန်ချက် တွေကို တောင်းခံပြီးတဲ့ နောက်ပိုင်းမှာ ကျန်ရှိတဲ့ဥပဒေက ဒီလွှတ်တော်မှာ ဆွေးနွေးမယ်လို့ သတင်းထွက်ပေမယ့် ခုထိအကြောင်း မထူးသေးဘူး။ ဒါကြောင့်လွှတ်တော်တွင်းမှာ ဒီကိစ္စအမြဲတမ်း နိုးနိုးကြားကြားနဲ့ လှုပ်ရှားနိုင်အောင်လို့ပါ"ဟု ၄င်းကပြောသည်။

အဆိုပါတောင်းဆိုမှုကို ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်အဖွဲ့အစည်းပေါင်း ၇၀ ခန့်မှ ရဟန်းရှင်လူ ပြည်သူတိုင်းရင်းသား သောင်းဂဏန်းကျော် ပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စတိုးဆိုင်ပိုင်ရှင်အား ဓါးဖြင့်ထောက်ကာ ငွေနှင့်ပစ္စည်းများ လုယက်မှုဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၂၅

၂၄.၁၀.၂၀၁၄ရက်နေ့ ၀၃၁၅အချိန် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက် မင်္ဂလာဒုံ လမ်းနေ ဦးမျိုးသွင်မှ ၎င်းသည် နေအိမ်တွင်(၂၄)နာရီဖွင့်လှစ် ထားသော စတိုးဆိုင်၌ ဈေးရောင်းနေစဉ် အသက် (၃၀)နှစ် ၀န်းကျင်ခန့်ရှိ အမျိုးသား (၃)ဦးမှ ဆိုင်အတွင်းသို့ ရောက်ရှိလာပြီး ဘီယာဝယ်လိုကြောင်း ပြောသဖြင့် ၎င်းမှ ရေခဲသေတ္တာ အတွင်းရှိ ဘီယာဗူးအား လှည့်၍ ယူခဲ့ကြောင်း၊ ထိုစဉ် အဆိုပါ အမျိုးသား (၃)ဦးမှ ၎င်း၏ လည်ပင်းနှင့် နံကြားသို့ ဓါးဖြင့်ထောက်ကာ အော်ဟစ်ပါက ဓါးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်၍ ပါးစပ်အား တိပ်အဝါဖြင့် ကပ်ပိတ်ပြီး လက်နှစ်ဖက်အားလည်း နောက်ပြန်ကပ်ချည် ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ကောင်တာ အတွင်းရှိ ငွေကျပ်(၄)သိန်း၊ တယ်လီနောဆင်းကတ် (၂၄)ကတ်၊ Portable TV (၁)လုံး၊ အင်ဗာတာနှင့် ဘက္ထရီ (၁)လုံး၊ မုန့်ခြင်း (၁)ခြင်း၊ ပဲနို့ (၁)ဖာ၊ ကျွဲရိုင်း (၁)ဖာ၊ Black Label (၁)လုံး၊ Red Label (၁)လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၇၁၅၀၀၀)တို့အား ယူဆောင် ပြီးနောက် ၎င်းအား နေအိမ် နောက်ခန်း အတွင်းသို့ ခေါ်ဆောင်လှဲချကာ ရှပ်အင်္ကျီစဖြင့် ဦးခေါင်းအား အုပ်ချည်ပြီး ခြေထောက်ကိုလည်း ချည်နှောင်၍ ဆိုင်အတွင်းမှထွက်ပြေး သွားခဲ့ကြကြောင်းနှင့် ထိုသို့ ဓါးဖြင့်ထောက်ကာ ငွေနှင့်ပစ္စည်းများ ယူဆောင်သွားသူ အမျိုးသား(၃)ဦးအား စုံစမ်း အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ ဓါးဖြင့်ထောက်ကာငွေနှင့် ပစ္စည်းများ လုယက်ယူဆောင်သွားသူ အမျိုးသား(၃)ဦး အား အင်းစိန်မြို့မရဲစခန်း(ပ)၁၁၀၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်


စာပေလူကြမ်းမင်းသားကြီးလို့ နာမည်ကျော်ခဲ့သူ စာပေဝေဖန်ရေးစာရေးဆရာ အောင်သင်း
 25.10.2014

နိုင်ငံကျော်စာရေးဆရာကြီး ဦးအောင်သင်းကွယ်လွန်သွားပြီဖြစ်ပါတယ်။ မြန်မာစာပေ အယူအဆတွေ၊ လူငယ်အကျိုးပြုစာပေတွေနဲ့ မြန်မာ့ လူမှုအဖွဲ့အစည်းအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ ဆရာကြီး ဦးအောင်သင်းဟာ အသက် (၈၇) နှစ်အရွယ်မှာ ဒီကနေ့ မနက်ပိုင်းမှာပဲ သူ့ရဲ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြ။၊ ဆရာကြီးရဲ့ စာပေကျေးဇူး တစိတ်တပိုင်းကို စာရေးဆရာ ချစ်ဦးညို ၊ ဆရာ ကာတွန်းအော်ပီကျယ်တို့ရဲ့ ပြောကြားချက်နဲ့အတူ ဦးကျော်ဇံသာက တင်ပြထားပါတယ်။

ဆရာကြီးဦးအောင်သင်း (ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်) မြန်မာစာဌာနမှာ လက်ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေတုန်းက ဆရာ့ကို ကျနော် စတင် တွေ့ခဲ့ဖူးပါတယ်။ ဆရာအပါအဝင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက စာရေးဆရာတချို့ဟာ အထက် ဗမာပြည်က စာရေးဆရာတချို့နဲ့ စာပေရေးရာ အယူအဆရေးရာတွေကို အပြန်အလှန် တိုက်ခိုက်ရေးသားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုက အခုလို ပြန်ပြောင်း ပြောပြပါတယ်။

ချစ်ဦးညို။      ။ သူတို့ အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်ပြီးတော့ ရေးကြတယ်။ တယောက်နဲ့ယောက် ရေးကြတယ်၊ လှိုင်းသစ်ပေါ့ဗျာ။ စာပေအယူအဆနဲ့ ပတ်သက်ပြီးတော့ ရန်ဖြစ်ကြတယ်ပေါ့ဗျာ။ သူရယ်၊ ဦးစံဖော်ရယ်၊ တက္ကသိုလ်မင်းမော်ရယ်၊ ဆရာဇော်ဇော်အောင်ရယ်၊ အဲဒီအဖွဲ့ကတစ်ခု၊ ဟိုဖက်က ဆရာစွမ်းတို့ ဘာတို့ပေါ့ဗျာ။ အဲဒါ ကိုကျော်ဇံသာ သိပါတယ်။ အဲဒီက ရလိုက်တဲ့အယူအဆတွေက အင်မတန် ဖတ်လို့ကောင်းပါတယ်၊ နှစ်ဘက်စလုံး။ နောက်တချက်က သဘင်မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့ ၈၃ ကနေ ၈၈ အထိ ရေးခဲ့တဲ့ "ကျနော်အကြိုက်ဆုံး ဝတ္ထုတို" နဲ့ ဝတ္ထုတိုနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေ၊ ဝတ္ထုရေးမယ့်သူတွေ၊ ဝတ္ထုရေးနေတဲ့သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အဲဒီဟာတွေ တန်ဖိုး ရှိပါတယ်။ စာပေနဲ့ပတ်သက်ပြီးတော့။

နောက်ပိုင်းမှာတော့ ဆရာကြီး ဦးအောင်သင်းဟာ လူငယ်ပြုပြင်ရေးစာပေတွေကို စိုက်လိုက် မတ်တပ် ရေးသားလာတာ တွေ့ရပါတယ်။

ချစ်ဦးညို။        ။ နောက်ပိုင်းမှာတော့ လူငယ်များအတွက်ဆို ဖိရေးတဲ့အထဲမှာတော့ Education နဲ့ပတ်သက်တာတွေ၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ၊ စာပေလေ့လာလိုက်စားမှုနဲ့ပတ်သက်တာတွေ၊ လူငယ်တွေကို သူဖိပြီးတော့၊ ဇောင်းပေးပြီးတော့ ပြောခဲ့ပါတယ်။ါးတွေကလည်း အင်မတန် တန်ဖိုးရှိတဲ့ အချက်အလက်တွေပါ။ နောက်တခုကတော့ နောက်ဆုံး သူမပြီးဘဲနဲ့ တန်းလန်းထားခဲ့ရတဲ့၊ အင်မတန် နှမျောစရာကောင်းတဲ့ -Edwin Arnold ရဲ့ "Life of Asia" ဘာသာပြန်၊ ဆရာမောင်သာနိုး ပြန်ဖူးတယ်၊ ဆရာမောင်စံဖော် ပြန်ဖူးတယ်။ သူ့ဘာသာပြန်ကိုတော့ ကျနော်အကြိုက်ဆုံးလို့ ကျနော့်အနေနဲ့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်မူရင်းနဲ့ သူ့ဘာသာပြန်နဲ့ တိုက်ဖတ်ကြည့်တယ်။ သူ အလွန့်အလွန်ကို ကြိုးစားအားထုတ်ပြီးတော့ ပြန်ထားတဲ့ ဘာသာပြန်လက်ရာပါ။ အဲဒါ ပြီးမသွားဘူး။ သူရှိတုန်းကလည်း ကျနော့ကို ပြောပါတယ်။ သူ အတတ်နိုင်ဆုံး ရှိသမျှပညာကို အိတ်သွန်ဖာမှောက် ထုတ်သုံးပြီးတော့ ကြိုးစားထားတဲ့ "အာရှတိုက်အလင်းရောင်"-ပါတဲ့။ Life of Asia -ပါတဲ့၊ အဲဒါကြီး ပြီးမသွားဘူးပေါ့ဗျာ။ အဲဒီအတွက်လည်း အင်မတန် နှမျောပါတယ်။ သို့သော် အာရှတိုက် အလင်းရောင် - ထဲက ကျနော်တို့ ရလိုက်သလောက်ကလည်း ကျနော်တို့ အမြတ်ပါပဲ။

Life of Asia ဆိုတာဟာ ၁၉ ရာစုနှောင်းပိုင်းမှာ Edwin Arnold ရေးသားခဲ့တဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓတရားတော်အကြောင်း မော်ကွန်းကဗျာရှည်ကြီး ဖြစ်ပါတယ်။

ဆရာကြီးဦးအောင်သင်းရဲ့ ပြုပြင်ရေးစာပေတွေဟာ လူငယ်ထုအပေါ်မှာ ဘယ်လောက်ထိ သြဇာသက်ရောက်ခဲ့တယ်ဆိုတာကို ဆရာနဲ့အတူ စာပေဟောပြောပွဲတွေ သွားရောက်နေကြဖြစ်တဲ့ ကာတွန်းအော်ပီကျယ်က အခုလို ပြောပြါတယ်။

အော်ပီကျယ်။      ။ ကျနော့်ကိုယ်တွေ့ပေါ့။ ကျနော့မျက်စိရှေ့တင် ဟောပြောပွဲတွေ သွားတဲ့အခါမှာ၊ နယ်တွေသွားတဲ့အခါမှာ တချို့ လူငယ်တွေက ဆရာကြီးကြောင့် ကျနော့ဘဝ ပြောင်းသွားပါတယ်၊ ကျမဘဝ ပြောင်းသွားပါတယ်ဆိုပြီးတော့ လာပြီးကန်တော့တဲ့လူပေါင်းများစွာကို ကျနော် စာပေဟောပြောပွဲသွားတဲ့ နယ်အသီးသီးမှာ တွေ့ပါတယ်။ ဆရာ့ရဲ့ဘယ်စာအုပ်ကြောင့်၊ ဆရာ့ရဲ့ဘယ် စာသားလေးကြောင့်၊ ဆရာ့ရဲ့ ဘယ်ဟောပြောချက်လေးကြောင့် ကျနော့်ဘဝ လုံးလုံးပြောင်းသွားတယ်၊ ကျနော့်ဘဝ အများကြီးတိုးတက်သွားတယ်-ပြောတာတွေ ကျနော့မျက်စိရှေ့မှာ အများကြီးတွေ့ဖူးပါတယ်။

ဆရာကတော့ အင်မတန် ခဏ ခဏ ပြောတာကတော့ သူနဲ့အတူ တွဲခဲ့တဲ့ ဆရာမြသန်းတင့်နဲ့ စာရေးဆရာကြီးဦးသော်က - အဲဒီ သူတို့နှစ်ယောက်ကို သိပ်ပြီးတော့ တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေးပြောတယ်။ နောက်တခုကတော့ ကျနော်တို့လို သားအရွယ်၊ တူအရွယ်နဲ့ သွားတဲံအခါမှာ သူပျော်တယ်။ သူက ကျနော်တို့ကို ဆုံးမစရာရှိရင် ဆုံးမတယ်။ ကျနော်တို့ကလည်း လူကြီးနဲ့သွားရတယ်ဆိုပြီး ဆရာကြီးနဲ့ သွားတဲ့အခါတိုင်းမှာတော့ လေးပင်မနေဘဲနဲ့ အင်မတန် ပေါ့ပေါ့ပါးပါးနဲ့ ဆရာကြီးက ကျနော်တို့အပေါ် အမြဲတမ်း နားလည်ပေးပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဆရာကြီးနဲ့ သွားရတဲ့ခရီးတွေကတော့ ကျနော်တို့အတွက် တန်ဖိုးလည်း မဖြတ်နိုင်ဘူး၊ နောက်ပြီး ဆရာပြောတဲ့စကားတွေက ကျနော်တို့အတွက် အများကြီး အကျိုးရှိပါတယ်။

ဆရာကြီးဦးအောင်သင်း ကွယ်လွန်ချိန်မှာ သားသမီး နှစ်ယော်နဲ့ မြေး ငါးယောက် ကျန်ရစ်ပါတယ်။ ဆရာကြီးရဲ့ဈာပနကိုတော့ တနင်္လာနေ့ညနေမှာ ဂူသွင်း သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ ရုပ်ခန္ဓာကို ဒီအတိုင်းပဲ ဂူသွင်းမလား၊ မီးသင်္ဂြိုဟ်ပြီး အရိုးအိုးကို ဂူသွင်းမလားဆိုတာကိုတော့ ဈာပနကော်မတီ ဇွဲ့စည်းဆုံးဖြတ်ဖို့ စိစဉ်နေကြတယ်လို့ သိရပါတယ်ခင်ဗျာ။

ဦးကျော်ဇံသာVOA

မြ၀တီတွင် လောင်းကစားဂိမ်းစက် ၂၃၅လုံးကို အာဏာပိုင်က မီးရှို့ဖျက်ဆီး


အောက်တိုဘာလ ၂၅ရက်၊ ၂၀၁၄ခုနှစ်။

ကရင်ပြည်နယ် မြ၀တီမြို့အတွင်း ဖမ်းဆီးရမိသော လောင်းကစား ပစ္စည်း(ဂိမ်းစက်)မျိုးစုံ ၂၃၅ခုကို အောက်တိုဘာလ ၂၅ရက် (ယနေ့) မနက်တွင် မြ၀တီခရိုင်၊ မြို့နယ်များမှ အရပ်ဘက်၊ ရဲဘက်နှင့် စစ်ဖက်တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်ရှိ အဓိဋ္ဌာန် အောင်ဘုရားအနီးရှိ ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီး လိုက်ကြောင်း သိရသည်။

လောင်းကစားစက် မီးရှို့မှုအပေါ် မြ၀တီမြို့ရှိ ရဲအရာရှိတစ်ဦးက “အခုမီးရှို့လိုက်တဲ့ ဂိမ်းစက်တွေက ဒီနှစ် ဧပြီလနောက်ပိုင်း ဖမ်း ဆီးရရှိမှုတွေပါ။ အရင် ပန်းသီးပုံးတို့ ဘာတို့က သိပ်ခေတ်မစားတော့ဘူး။ အရင်ကထက်စာရင် လောင်းကစားဂိမ်းစက်တွေက မရှိတော့သလောက်ပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၃ခုနှစ် စက်တင်ဘာလ ပထမပတ်မှစ၍ မြ၀တီမြို့ရှိ လောင်းကစားရုံများနှင့် ဂိမ်းစက်များကို စီမံချက်ဖြင့် စတင်ကာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေပြီး ထိုဂိမ်းစက်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

မြ၀တီမြို့တွင်ရှိသော လောင်းကစားဂိမ်းစက်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများ အမည်ခံကာ ဖွင့်လှစ်မှုများရှိနေသည့်အပြင် လူသိရှင်ကြား ဖွင့်လှစ်ထားသော လောင်းကစားရုံများလည်း ရှိနေသေးကြောင်း မြို့ခံများက ပြောဆိုနေကြသည်။

“အရင်ကထက်စာရင် အခုတော်တော် သက်သာသွားတယ်။ နောက်တော့မပြောတတ်ဘူးပေါ့နော်။ ထိထိရောက်ရောက် ဖမ်းနိုင် ရင် ကောင်းပါတယ်။ မဟုတ်ရင် ကလေးတွေ တအားပျက်စီးတယ်။ ဖမ်းမိတယ်ကြားရင်လည်း သူဌေးတွေတော့မမိဘူး။ မန်နေ ဂျာတွေပဲ မိတာများတယ်”ဟု မြ၀တီမြို့ခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် လောင်းကစားဂိမ်းစက်များတွင် ငါးပစ်စက်ဟုခေါ်သည့် လောင်းကစားဂိမ်းစက် အရေအတွက် မှာ အများဆုံးဖြစ်ပြီး မြ၀တီမြို့တွင် ယခုတစ်ကြိမ် အပါအ၀င် လောင်းကစားစက် မီးရှို့ဖျက်ဆီးမှုမှာ ၃ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မတ်လ ၃ရက်နေ့ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် အံဂလုံခုံ ၉၂ခုံနှင့် ဂိမ်းပုံး ၁၄ပုံးကို ပထမအ ကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့တွင် ဖမ်းဆီးရမိသည့် လောင်းကစားဂိမ်းစက်အလုံး ၁၉၀ ကျော်ကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

စဖန်းရှောင်း
ကေအိုင်စီ - KIC News

ကင်ဆာကု ဗိုင်းရပ်စ် တရုတ်စမ်းသပ်


 တရုတ်နိုင်ငံတွင်းက ကင်ဆာရောဂါကု ဌာနတစ်ခု။
23.10.2014

လူ့ခန္ဓာကိုယ်ထဲက တခြားကလာပ်စည်းတွေကို မထိခိုက်စေဘဲ ကင်ဆာ ကလာပ်စည်းတွေကို သတ်ပစ်ဖို့ အသုံးပြုနိုင်တဲ့ ဗိုင်းရပ်စ် တမျိုးကို ရှာဖွေတွေ့ရှိပြီး စမ်းသပ်နေတယ်လို့ တရုတ် သိပ္ပံပညာရှင် အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

M1 လို့ နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်ကို တရုတ်တောင်ပိုင်း ဟိုင်နန်းပြည်နယ် မှာတွေ့ရတဲ့ ခြင်တမျိုးဆီကနေ ထုတ်ယူတာလို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ အသည်း၊ ဆီးအိမ်၊ အူမနဲ့ စအိုလမ်းကြောင်းတွေမှာ ကင်ဆာကလပ်စည်းတွေ ဖြစ်မလာအောင် တားဆီးဖို့ ဗိုင်းရပ်စ်ကို အသုံးပြု ကြည့်ပြီးပါပြီ။ အခုချိန်ထိကတော့ ကြွက်မှာပဲ စမ်းသပ်ရပါသေးတယ်။

နောက်သီတင်းပတ်ကစပြီး ဗိုင်းရပ်စ်ကို မျောက်တွေမှာ စမ်းသပ်ဖို့ သိပ္ပံပညာရှင်တွေက စီစဉ်ထားတယ်လို့ နိုင်ငံပိုင် တရုတ် နိုင်ငံတကာရေဒီယိုက ဒီကနေ့ပြောပါတယ်။

တရုတ်နိုင်ငံမှာ နှစ်စဉ် လူပေါင်း နှစ်သန်းခွဲလောက်ဟာ ကင်ဆာရောဂါ နဲ့ သေဆုံးကြရပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးမှုနှုန်း အများဆုံးနိုင်ငံတခုဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သတင်းထောက် ကိုပါကြီး သေဆုံးရမှု သူတို့ အမြင်


ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ် သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

  24.10.2014

အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီးကို စစ်တပ်က မွန်ပြည်နယ်မှာ ဖမ်းဆီးခဲ့ပြီးနောက် လက်နက်လုယူ ထွက်ပြေးတာကြောင့်  အသေ ပစ်ခတ် ဆုံးသွားတဲ့အပေါ် ကိုပါကြီးနဲ့ ရင်းနှီးသူတွေက တုန့်ပြန်ချက်တွေ တုန့်ပြန်ပြောဆိုထားပါတယ်။ ကိုညဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာ့တပ်မတော်က ပစ်သတ်လိုက်တာကြောင့် သေဆုံးသွားတဲ့ ကိုပါကြီးနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက် ဓါတ်ပုံတခုထဲမှာ ကိုပါကြီးဘေးနား ထိုင်နေသူ ဂျပန်နိုင်ငံက ဦးကိုကိုအောင်ကတော့ ဒီဓါတ်ပုံဟာ  ထိုင်းမြန်မာ နယ်စပ်နား မြန်မာပြည်ထဲ ၂၀၁၀ ၀န်းကျင်မှာ ရိုက်ခဲ့တဲ့ ပုံဖြစ်ပေမယ့် ကိုပါကြီးဟာ အဲဒီ့အချိန်ထဲက ဓါတ်ပုံ သတင်းထောက် လုပ်နေသူလို့ ဆိုပါတယ်။

"အဲ့ဒီ့အချိန်က ၂၀၁၀ခုနှစ်မှာပါ ဓာတ်ပုံက၊ ပါကြီးဟာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရဲ့ ဘာတာဝန်၊ ညာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တယောက်လည်း မဟုတ်ဘူး။ သူက ကျနော်တို့နဲ့ အတူ လိုက်လာတယ်။ သူက အဲ့ဒီ့အချိန်ကတည်းက ဓာတ်ပုံ သတင်းထောက်ကို စပြီး လုပ်နေပြီဗျ။ ကျနော်တို့က တတ်နိုင်သလောက် ပံ့ပိုး ကူညီပေးတယ်။ ဆိုတဲ့သဘောက ကင်မရာတွေ၊ ဘာတွေ ပံ့ပိုးပေးတယ်။ သူက ဓာတ်ပုံ သတင်းထောက် လုပ်တယ်။ ဝါသနာပါတယ်။ အဲ့ဒီ့အဆင့်ပဲ ရှိပါတယ်။ အဲ့ဒီ့အချိန်တုန်းက ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်နယ်စပ်ထဲမှာပါ။ နောက်တချက် တရားဥပဒေအရကတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကျနော်တို့ စောင့်နေပါတယ်။ ဥပမာ အဖွဲ့အစည်းတခုကနေပြီးပဲ တဖက်သတ်သတင်းထုတ်ပြန်ထားတဲ့ ကိစ္စအပေါ်မှာတော့ အပြည့်အဝ လက်ခံဖို့ဆိုတာက အချိန်စောသေးတယ် လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။

ကိုပါကြီးနဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းလုပ်ငန်းတွေ ဆက်သွယ်ဆောင် ရွက်ခဲ့သူ ၀ါရှင်တန်ဒီစီ အခြေစိုက် ကိုဇော်ဝင်းကတော့ ခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

" ကျနော်မြင်တာကတော့ ကိုပါကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တယောက်ပဲ။ သူဟာ ဘယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မှလည်း မဟုတ်ဘူး။ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ သူဟာ အလွတ် သတင်းထောက် တစ်ယောက်အနေနဲ့ သတင်းသွားယူနေရင်း အစိုးရက ကိုပါကြီးကို လက်လွတ်စပယ် ပစ်သတ်လိုက်တဲ့ဟာက တိုင်းပြည်မှာ ဥပဒေမဲ့နေတယ်။ စစ်တပ်က ထင်ရာစိုင်းပြီး လုပ်နေတယ်လို့ ကျနော်မြင်တယ်။

အလွတ် သတင်းထောက် တယောက်ကို ဒီလိုမျိုးပစ်သတ်တာက မဖြစ်သင့်ဘူး။ သတင်းလောက အတွက်လည်း ဆုံးရှုံးမှုပဲ၊ ကျနော်တို့ တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုပဲ။ ဦးသိန်းစိန်တို့ပြောနေတာက တပ်မတော်က တဖြေးဖြေးချင်း နိုင်ငံအာဏာ ယူထားတာတွေကို နောက်ဆုတ်နေတယ်။ လူထု အခန်းကဏ္ဍကို ချဲ့ထွင်နေတယ် ဆိုတဲ့ ဒီလိုမျိုး ကာလမှာ အခုလိုမျိုး သတင်းထောက် တစ်ယောက်၊ အလွတ်သတင်းထောက်တစ်ယောက်ကို စစ်မြေပြင်မှာ ဖမ်းဆီးတယ်။ ပစ်ခတ်တယ်။ သတ်ဖြတ်တယ်ဆိုတာက အင်မတန်မှ အရုပ်ဆိုးပါတယ်။"

ABSDF ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် ကတော့ ကိုပါကြီး အသတ်ခံရတဲ့ ကိစ္စဟာ တရား ဥပဒေကြောင်းအရ ညီညွတ်မှု မရှိဘူးလို့ ဝေဖန်ပြောဆိုပါတယ်။

" ဒီဖြစ်စဉ်မှာကြည့်လို့ရှိရင် သံသယဖြစ်ဖွယ် ရှိတယ်ပေါ့နော်။ ဆိုတော့ အခုဆိုလို့ရှိရင် သတင်းထုတ်တဲ့အချိန်က ကျနော်ထင်တယ်။ စပြီးပျောက် တယ်လို့သိတဲ့အချိန်နဲ့ နှစ်ပတ် လောက်ရှိပြီထင်တယ်။ ဒီကြားထဲမှာ လည်း သက်ဆိုင်ရာတွေ၊ သူငယ်ချင်းတွေ သတင်းထောက်တွေ လိုက်မေးကြတာတွေရှိတယ်။ နောက်ြ့ပီး သူ့အမျိုးသမီး မသန္တာလိုက်မေးတာလည်း ရှိတယ်။ အဲ့ဒီ့အချိန်မှာ ဟိုမှာလိုလို ဒီမှာလိုလို ပေါ့ တိတိကျကျ မပြောတာ ရှိတယ်ပေါ့။ အဲ့မှာကတည်းက သံသယဖြစ်စရာ တခုရှိတယ်။

ပြီးတော့ တခုက သူတို့ထုတ်ပြန်ချက်အရဆိုလို့ရှိရင် တိုက်ပွဲထဲမှာ မိတာတို့၊ အမှန်မှန်တော့ ကျနော်တို့ သိသလောက်ဆိုရင် တိုက်ပွဲထဲမှာလည်း မိတာလည်း မဟုတ်ဘူး။ ကျိုက်မရော ကို ဆိုင်ကယ်နဲ့ ပြန်တက်တဲ့အချိန်မှာ ဖမ်းလိုက်တာ။ နောက် သတင်းပေးပဲ ဖြစ်ဖြစ် သူပုန်ပဲဖြစ်ဖြစ် တရားမျှမျတတ လုပ်ရမှာရှိတယ်။

ကျနော်တို့အနေနဲ့ပြောချင်တာက ဒီကိစ္စမှာသံသယဖြစ်ဖွယ်ရာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်နေတဲ့ အချိန်မျိုးမှာ ဒီလိုမျိုး ဖမ်းဆီးတဲ့နည်းတွေ၊ အပြစ်ပေးအရေးယူတဲ့နည်းတွေ ရှိနေတယ် ဆိုတာ မကောင်းဘူးလို့ထင်တယ်။ အဲ့တာကြောင့်မို့လို့ ကာယကံရှင် မိသားစုတွေ လက်ခံနိုင်တဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ပေါ်ပေါက်အောင် အဲ့ဒီ့ကိစ္စကိုလည်း အစိုးရကနေ ပြီးတော့ လုပ်ပေးစေချင်တယ်။ စစ်တပ်ကလည်း ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်ခင်ဗျ။

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပေါ်မှာ တုန့်ပြန်ချက်တွေကို ကိုညဏ်ဝင်းအောင်က စုစည်းတင်ပြသွားတာပါ။
ဉာဏ်ဝင်းအောင် VOA

လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေး ကော်မတီ UNDO ဖွဲ့




ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ကို NLD အမတ်ဟောင်းတွေ ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့ခဲ့
    24 အောက်တိုဘာ 2014
စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဖေါ်ထုတ်ဖို့ NLD အမတ်ဟောင်းတွေ၊ ပါတီဝင်ဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ( UNDO )က ဦးဆောင်ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု ဆိုင်ရာ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့စည်း ဖေါ်ထုတ် သွားမယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အတွင်းရှိ ယုဒဿန်ခန်းမတွင် ပြုလုပ်သော ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO)ရဲ့ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ရေး ဆွေးနွေးပွဲမှာ အခုလို ထုတ်ပြန် ကြေညာလိုက်တာပါ။

ဒီကော်မီတီ အနေနဲ့ စစ်အစိုးရ လက်ထက်တွေတုန်းက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း ဖေါ်ထုတ်ပြီး မှတ်တမ်း ပြုစု သွားမှာ ဖြစ်ကြောင်း၊ ဒါမှ လက်ရှိ အစိုးရရော၊ နောင်တက်လာမယ့် အစိုးရ အဆက်ဆက် ရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်နိုင်အောင် သင်ခန်းစာ ပေးတဲ့ အနေနဲ့ သမိုင်း မှတ်တမ်း တင်ဖို့ လုပ်တာ ဖြစ်ကြောင်း UNDO အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေကို လိုက်လံ မေးမြန်းပြီး သူတို့ရဲ့ လူ့ဂုဏ်သိက္ခာ၊ ဘဝတည်ဆောက်ခွင့်၊ ကုစားခွင့်၊ သက်သာခွင့်တွေ ပြန်လည် ရရှိရေးအတွက် ဒီကော်မီတီက အတတ်နိုင်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်သလို တာဝန်ရှိတဲ့သူတွေကိုလည်း မေးမြန်းသွားမယ် လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

အဲဒီ ကော်မီတီထဲမှာ သံဃာတော်တွေ၊ နိုင်ငံရေး ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ပြင်ပ နိုင်ငံရေး အဖွဲ့က ပုဂ္ဂိုလ်တွေ၊ ဥပဒေ၊ ကျန်းမာရေး၊ သတင်း မီဒီယာ၊ အနုပညာ စတဲ့ ဘက်ပေါင်းစုံက ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ ဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ လည်း သူက ပြောပါတယ်။

သူတို့လုပ်ငန်းတွေကို ကြေငြာချက် ထုတ်တဲ့ရက်ကစပြီး ပြီးဆုံးရက် သတ်မှတ်ချက် မရှိဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
BBC

လွှတ်တော်မှ ခွင့်ပြုချက်မရသေးသည့် သမ၀ါယမ ၀န်ကြီးဌာန၏ တရုတ်နိုင်ငံ China Exim Bank ချေးငွေအား ထပ်တိုးဘတ်ဂျက် စာရင်းတွင် ထည့်သွင်းတောင်းခံလာခြင်းကို ပယ်ဖျက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး


လွှတ်တော်မှ ခွင့်ပြုချက်မရသေးသည့် သမဝါယမဝန်ကြီးဌာန၏ တရုတ်နိုင်ငံ China Exim Bank ချေးငွေအား ထပ်တိုးဘတ်ဂျက်စာရင်းတွင် ထည့်သွင်းတောင်းခံလာခြင်းကို ပယ်ဖျက်ပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက နေပြည်တော်တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ပထမဦးစွာ သမဝါယမဝန်ကြီးဌာနက ကျွန်တော်တို့ ဒသမအကြိမ်မြောက် ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာလည်း Daedong Co.Ltdနဲ့ သန်း ၁ဝဝ ချေးဖို့ကိစ္စ တင်ပြတဲ့အခါမှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ မကိုက်ညီဘူးဆိုပြီးတော့ ကန့်ကွက်ခဲ့ကြပါတယ်။ အတည်မပြုခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့ ဖြည့်စွက်ရန်ပုံငွေမှာ ထပ်မံပြီးတော့ ထည့်သွင်းတောင်းခံ လာတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အပြင်ကို ကျွန်တော်အတိုချုပ် ပြောရရင်တော့ ဝန်ကြီးဌာနအနေနဲ့လည်း ကုမ္ပဏီတစ်ခုရဲ့ Agent လိုDistributorလို မလုပ်သင့်ပါဘူး။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီးတော့ ရောင်းချလိုတဲ့ပုံစံမျိုး ဖြစ်သွားနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကန့်ကွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်ရဲ့ အခြေခံမှုများ ပုဒ်မ ၃၆ (ခ)နဲ့လည်း မညီညွတ်ပါဘူး။ နောက် အမျိုးသားလွှတ်တော်ကနေ အတည်ပြုပြီးတော့ ပြည်သူ့လွှတ်တော်ကို တင်ထားတဲ့ ယှဉ်ပြိုင်မှုဥပဒေ၊ စားသုံးသူများ အခွင့်အရေး ကာကွယ်ရေး ဥပဒေများနဲ့လည်း မညီညွတ်ပါဘူး။ ဥပဒေ၊ တည်ဆဲဥပဒေများနဲ့ မညီညွတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တည်ဆဲဥပဒေများကို ဆန့်ကျင်ပြီးတော့ ထောက်ခံပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အတွက် ဒါကိုပယ်ဖျက်ပေးဖို့အတွက် တင်ပြချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းကော်မတီဝင် ဦးဝင်းဦးကဆွေးနွေး ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက သမဝါယမ ဝန်ကြီးဌာနမှ China EximBank မှချေးယူမည့် ဒေါ်လာ သန်း ၃ဝဝ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက် မရယူရသေးဘဲနှင့် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ လာသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ဆွေးနွေးသည်။
“သမဝါယမ ဝန်ကြီးဌာနကျတော့ ရာခိုင်နှုန်းခြောက်ရာကျော် တောင်းခံလာတာကို တွေ့ရတဲ့အခါမှာ တော်တော်အံ့ဩမိပါတယ်။ သမဝါယမနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ လွှတ်တော်ကာလ ၁ဝ ကြိမ်မြောက် လွှတ်တော်ကာလမှာ တောင်ကိုရီးယားကနေပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို အကြွေးနဲ့ဝယ်ပြီးတော့ လုပ်မယ့်အဆိုကို ပြည်ထောင်စု လွှတ်တော်မှာလည်း ဆွေးနွေးတယ်။ မဲခွဲတယ်။ အဲဒီမဲခွဲပြီးတော့ ပယ်လိုက်တဲ့ project  ကြီးအတွက် အသုံးစရိတ် ပြန်တောင်းတဲ့ကိစ္စကတော့ တော်တော်ထင်ရှားလွန်း အားကြီးတယ်။ အဲဒီလိုတင်ပြပြီးတော့ တောင်းတဲ့ကိစ္စဟာ ဘဏ္ဍာရေးဝန်ကြီးဌာနက မျက်စိလျှမ်းသွားတာလား။ သက်ဆိုင်ရာ သမဝါယမဝန်ကြီးဌာနက အတင်းပဲ တိုးတောင်းတာလား ဆိုတာတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေမှပဲသိမှာပဲ။ ပြည်ထောင်စုအဆင့်မှာ ဒီလိုဖြစ်စဉ်တွေဟာ မဖြစ်သင့်ပါဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆွေးနွေးသည်။
သမဝါယမ ဝန်ကြီးဌာန၏ China Exim Bankမှ ချေးငွေဒေါ်လာ သန်း ၃ဝဝ အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရရှိပြီးမှသာ တောင်းခံသင့်ကြောင်းနှင့် ချေးငွေပမာဏနှင့် ဝန်ဆောင်ခ အတိုးငွေများ ကြိုတင်တောင်းခံထားခြင်းအား ပယ်နုတ်သင့်ကြောင်း၊ ဒါမှသာ နောင်အခါ မည်သည့်အစိုးရ အဖွဲ့အစည်း ဝန်ကြီးဌာနများသည် မိမိတို့၏ ဝန်ကြီးဌာန အစီအစဉ်များဖြင့် နိုင်ငံခြားမှ ချေးငွေများ၊ ချေးယူမည့် အစီအစဉ်ရှိပါက ပြည်ထောင်စု လွှတ်တော်သို့ ချေးငွေမယူမီ တင်ပြသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်ပြဆွေးနွေးသည်။
“ယနေ့ဆွေးနွေးတဲ့မူနဲ့ အခြေခံသဘောတရားမှာ အထူးအလေးထားပြီး ဆွေးနွေးလိုတာကတော့ သမဝါယမဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ သမဝါယမဝန်ကြီးဌာနရဲ့China Exim Bankနဲ့စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် မရရှိသေးဘဲချေးငွေ ဒေါ်လာသန်း ၃ဝဝ ကို ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းနဲ့ နှစ်လပတ်အတွင်းငွေ ၂၂ဝ၅ သန်းအတွက် ကျပ် ၅၁၄၅ သန်းဖြည့်စွက် တောင်းခံထားခြင်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် မရရှိသေးဘဲ ခွင့်မပြုသင့်ပါဘူး။ ချေးငွေများကို အတိုးနှုန်းမည်မျှနဲ့ ထပ်ဆင့်ပြန်လည်ချေးငှားပြီး အတိုးနှုန်းကွာဟမှုမှာ ဖြစ်ပေါ်လာတဲ့ အကျိုးအမြတ်ကို မည်ကဲ့သို့ ခွဲဝေသုံးစွဲမယ် ဆိုတာကို ဖော်ပြရန် လိုအပ်ပါတယ်” ဟု ပြောကြားသည်။
သမဝါယမဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို ကြိုတင်ရယူရန် လိုအပ်ပြီး မူလခွင့်ပြုထားခြင်း မရှိဘဲ  ဖြည့်စွက်တောင်းခံခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော လုပ်သင့်သော ကိစ္စမျိုးမဟုတ်ကြောင်း၊ ကိုရီးယားကုမ္ပဏီက ကွန်ကရစ်စနစ်နှင့် လယ်ယာသုံးကိရိယာ အမျိုးအစားကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကို ဝယ်ယူရန် ကျပ်သန်း ၉၈ဝဝ ဖြည့်စွက်တောင်းခံခြင်းသည်လည်း မသင့်လျော်ကြောင်း ၎င်းကဆွေးနွေး ပြောကြားသည်။
<

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄၀၀ ကျော်ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါခေါ်ယူခြင်းမရှိဘဲ ACE ကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

အောက်တိုဘာ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

 October 24, 2014


ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄ဝဝ ကျော် ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအား တင်ဒါခေါ်ယူခြင်း မရှိဘဲ ACEကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။
အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ထည့်သွင်းဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် “ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းသစ်စီမံကိန်း တစ်ခုဖြစ်တဲ့ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် စီမံကိန်းသစ်တန်ဖိုး ကျပ်သန်းပေါင်း ၆၄၅ဝ ဒသမ ၆၆ ဟာ BEမှာ မပါဝင်ဘဲ ယခုမှ ဖြည့်စွက်ခွင့်ပြုငွေမှာ ကျပ်သန်းပေါင်း ၃ဝဝဝ တောင်းခံလာခြင်းမျိုး မဖြစ်သင့်ပါဘူး။ လုပ်ငန်းစီမံကိန်းကို စစ်ဆေးကြည့်ရာမှာလည်း လိုအပ်သော ပရိဘောဂပစ္စည်းများအတွက် ကျပ်သန်းပေါင်း ၄၂၁ ဒသမ ၉၇၈ သုံးစွဲထားခြင်း၊ ဗိုလ်ရှုခံရေရရှိရေး လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၅ဝဝ သုံးစွဲထားခြင်း၊ ဗိုလ်ရှုခံစင်မြင့် လျှပ်စစ်လုပ်ငန်းအတွက် ဆိုကာ ကျပ်သန်းပေါင်း ၁ဝဝဝ သုံးစွဲထားခြင်းများ၊ ထို့အပြင် ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်လုပ်ရန် ယှဉ်ပြိုင်တင်ဒါခေါ်ယူခြင်းမရှိဘဲ နေပြည်တော်ကောင်စီ တစ်ဝန်းလုံးမှာရှိတဲ့ လုပ်ငန်းစီမံကိန်း အများအပြားကို ဆောင်ရွက်နေတဲ့ ACEဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ပေးအပ်ခြင်းမျိုးဟာ မူနဲ့ညီပါသလား။ ၎င်းစီမံကိန်းသစ်တွေကို မည်သည့်မူဝါဒများနဲ့ ချမှတ်ဆောင်ရွက် နေသည်ကိုလည်း သိရှိလိုပါတယ်” ဟု မေးမြန်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း ဗိုလ်ရှုခံစင်မြင့် တည်ဆောက်မှုနှင့်ပတ်သက်၍ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်မှုများ မဖြစ်ပေါ်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
အစိုးရမှ ထပ်တိုးဘတ်ဂျက်အဖြစ် ငွေကျပ်ဘီလျံ ၂၆ဝဝ ကျော်အား လွှတ်တော်သို့ အောက်တိုဘာ ၂ဝ ရက်တွင် ထပ်မံတောင်းခံခဲ့သည်။
အစိုးရအဖွဲ့မှ ထပ်မံတောင်းခံလာသည့် ထပ်တိုးဘတ်ဂျက်တွင် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ နောက်ထပ်အသုံး စရိတ်လိုငွေမှာ ကျပ်ဘီလျံ ၂ဝ၃၂ ဒသမ ၆၄၇၊ ပြည်ပအကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် ကျပ်ဘီလျံ ၅၃၅ ဒသမ ၄၄၉ နှင့် တိုင်းဒေသကြီး/ပြည်နယ် အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ် ဘီလျံ ၁ဝ၂ ဒသမ ၆၅၄ တို့ အသီးသီးဖြစ်ပြီး စုစုပေါင်းမှာ ကျပ်ဘီလျံ ၂၆၇ဝ ဒသမ ၇၅ဝ ဘီလျံဖြစ်သည်။
ထပ်တိုးဘတ်ဂျက် အများဆုံး တောင်းခံသော ဝန်ကြီးဌာနမှာ သမဝါယမ ဝန်ကြီးဌာနဖြစ်ပြီး ၎င်းဝန်ကြီးဌာနသည် မူလခွင့်ပြု ဘတ်ဂျက်ထက် ၁ဝ ရာခိုင်နှုန်းထက် ကျော်လွန်၍ ၆၁၆ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ပိုမိုတောင်းခံထားကြောင်း၊ သမဝါယမ ဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှု များပြားနေခြင်းသည် နိုင်ငံတကာ ချေးငွေများ ချေးယူရန် တင်ပြခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက် EMG

စကားပြန်နှင့် ထိုင်းရဲတို့က သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုကြောင့် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ရကြောင်း စွပ်စွဲဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦးက မိဘများနှင့် တွေ့ဆုံစဉ်ပြောကြား




ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခိုထောင်ကျွန်းတွင် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် ကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးမှာ ၎င်းတို့ကို စကားပြန်နှင့် ထိုင်းရဲတို့က သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ဝန်ခံခဲ့ရသည်ဟု မိဘများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကော့စမွီ အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသို့ မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေး ရှေ့နေများအပါအဝင် မိဘများက သွားရောက်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက “ကလေးတွေနဲ့ သူတို့မိဘတွေတွေ့တော့ ငိုကြပါတယ်။ ပြီးတော့ ကလေးတွေက သူတို့ဘာမှ ကျူးလွန်ခဲ့ခြင်းမရှိဘူး။ ကျွန်တော်တို့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ ဝန်ခံခဲ့ရတယ်လို့ သူတို့မိဘတွေကို ပြောပါတယ်” ဟု The Daily Elevenသတင်းစာသို့ အောက်တိုဘာ ၂၄ ရက်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းအမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက “ဒီနေ့ ကျွန်တော်တို့ နှစ်နာရီလောက် တွေ့ခွင့်ရတယ်။ ကလေးတွေက ကျွန်တော်တို့ လုံးဝမလုပ်ရပါဘူးလို့ ပြောတယ်။ ကျွန်တော်တို့ အရင်တစ်ခါတွေ့တုန်းက ဘာလို့ဝန်ခံတဲ့ သဘောမျိုး ပြောရတာလဲလို့ ပြန်မေးတော့ သူတို့က ကျွန်တော်တို့ကို ကိုရဲဆိုတဲ့ ဘာသာပြန်ပွဲစားက မင်းတို့ဘာထင်လဲ။ အူတွေကို အပိုင်းပိုင်းဖြတ်ပြီးတော့ ပင်လယ်ထဲ မျှောပစ်လိုက်မယ်။ ဒါမှမဟုတ် ကားတာယာကွင်း စွပ်ပြီးတော့ မီးရှို့ပစ်မယ်လို့ပြောလို့ ကြောက်ရွံ့ပြီး သူတို့အနေနဲ့ သေရင်လည်း သေပါလေ့စေတော့ဆိုပြီး ဝန်ခံခဲ့ရတယ်လို့ ပြောတယ်” ဟုThe Daily Elevenသတင်းစာသို့ ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “ကလေးတွေရဲ့ မိဘတွေက ကျွန်တော်တို့မှာပါလာတဲ့ လူ့အခွင့်အရေး ရှေ့နေနှစ်ဦးနဲ့ ဒီအမှုရဲ့ လွဲချော်မှုအတွက် ကော့စမွီခရိုင်တရားရုံးမှာ ပြန်ပြီးတော့ ဦးတိုက်လျှောက်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် စွပ်စွဲဖမ်းဆီးခံထားရသူ နှစ်ဦးကို သံခြေချင်းခတ်ထားမှုအပေါ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စာထုတ်သွားမည်ဖြစ်ပြီး ထိုင်းလူ့အခွင့်အရေး ကော်မရှင်နှင့် တိုင်ပင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက “သံခြေချင်းခတ်တဲ့ အပေါ်ကို သံရုံးစာနဲ့ တရားခံလို့ မသတ်မှတ်ရသေးဘဲ ခြေချင်းခတ်မှုအပေါ် ရုပ်သိမ်းပေးဖို့ကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။
ဥာဏ်ဝင်းရှိန် EMG

Friday, October 24, 2014

ရန်ကုန်မြို့၌ ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် အဆောက်အအုံများအား ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က လျှပ်စစ်မီးပေးတော့မည်မဟုတ်



သင်္ဃန်ကျွန်းမြို့နယ်ရှိ ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် အဆောက်အအုံတစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့၌ ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များ၊ အဆောက်အအုံများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က လျှပ်စစ်မီးပေးတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။
  
ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သော အဆောက်အအုံများအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ တရားဝင်စာထွက်ကာ အပြန်အလှန်ညှိနှိုင်းထားပြီး ယင်းသို့သတ်မှတ်လိုက်ခြင်းမှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ၊ အဆောက်အအုံများ လျော့နည်းလာစေရန်ဖြစ်ကြောင်း သိရသည်။
  
ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်ခန့်မှစတင်၍ တရားမ၀င်ခွင့်ပြုချက်မဲ့ဆောက်လုပ်သော ကန်ထရိုက်အဆောက်အအုံများ များပြားလာခဲ့ပြီး သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန် စသည့်မြို့နယ်များတွင် အများအပြားဆောက်လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
  
ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တရားဝင်ပေးသွင်းရသည့် လိုင်စင်ကြေး၊ လိုင်စင်အင်ဂျင်နီယာကြေး၊ အာမခံကြေး၊ ပုံစံစစ်ဆေးခ စသည်တို့ကိုရှောင်လွှဲလို၍ ခွင့်ပြုချက်မဲ့ဆောက်လုပ်နေကြခြင်းဖြစ်ကြောင်းနှင့် ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းကြောင့် အဆောက်အအုံ၏အရည်အသွေးအား တာဝန်ယူရန်မလိုခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
  
ယခင်က ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ဒဏ်ကြေးတစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့်သာ အရေးယူနေပြီး ခွင့်ပြုချက်မဲ့ဆောက်လုပ်သူများအား တရားရုံးတွင် စည်ပင်ကတရားလိုလုပ်၍ တရားစွဲရာတွင် အချိန်ကာလအားဖြင့် နှစ်လနီးပါးကြာမြင့်၍ ထိရောက်မှုအားနည်းခဲ့ကြောင်း၊ ယခုအခါ ခွင့်ပြုချက်မဲ့ဆောက်လုပ်သော အဆောက်အအုံများအား ပြန်လည်ဖျက်သိမ်းသည်အထိ အရေးယူနိုင်သည့် နည်းဥပဒေလည်း ထွက်ရှိခဲ့ပြီဖြစ်ရာ ဒဏ်ကြေးများပြားစွာ တပ်ရိုက်ခွင့်ပြုနိုင်သည့် အဆောက်အအုံများကို ခွင့်ပြုမည်ဖြစ်ပြီး မဖြစ်မနေပြန်လည်ဖျက်သိမ်းရမည့်အဆောက်အအုံများကိုမူ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
  
လက်ရှိအချိန်အထိ ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ စုစုပေါင်း ၁၉၀၀ ကျော်အား တရားစွဲဆိုထားပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် စုစုပေါင်း ၆၈၀ ရှိနေသည်။ 
ကျော်ထင် EMG

အင်ဒို သမ္မတသစ်ရဲ့ သမီး အခွင့်ထူးခံဖို့ ငြင်းပယ်


အင်ဒိုနီးရှားနိုင်ငံ ရဲ့ သမ္မတ အသစ် Joko Widodo ရဲ့ သမီးဖြစ်သူ Kahiyang Ayu။
 24.10.2014

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ၀န်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေးခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။

Kahiyang Ayu ဟာ ကြာသာပတေးနေ့ Solo မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီစာမေးပွဲကို တခြားဖြေဆိုသူ ၆ ထောင်ကျော်နဲ့ အတူဖြေဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့ အတွက် အင်ဒိုနီရှား တနိုင်ငံလုံး လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ အဂတိ လိုက်စားမှုတွေ၊ ဆွေမျိုးနဲ့ အသိုင်းဝိုင်းကောင်းစားရေး ပြသနာတွေ ရှိတဲ့အပြင်၊ နိုင်ငံခေါင်းဆောင်တွေရဲ့ သားသမီးတွေအတွက် မကြာခဏ ဆိုသလို အထူးအခွင့်အရေးတွေ ပေးရလေ့ ရှိလို့ပါ။

နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုပြဿ နာကို ဖြေရှင်းမယ်ဆိုပြီး မဲဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့ သူမရဲ့ ဖခင် သမ္မတရာထူး လက်ခံရယူပြီး သတင်းတပတ် မကြာသေးခင်မှာ အခုဖြစ်ရပ် ထွက်ပေါ်လာတာပါ။

အခုသတင်းပတ်အတွင်း Jokowi လို့ ပိုမိုလူသိများတဲ့ သမ္မတ Widodo ဟာ သူ့အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ အလားအလာ ရှိသူတွေကို အမျိုးသား အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့နဲ့ စီစစ်မယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်က တခါမှ မကြားဘူးခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

Thursday, October 23, 2014

ကနေဒါပါလီမန် တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ ISIS လက်ချက်ဟု သံသယရှိနေ

Terrorist' murdered soldier 'in cold blood,' Canada's Prime Minister says

အော့တ၀ါ ၊ ၂၃-၁၀-၂၀၁၄

ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၅၂ မိနစ် တွင် ကနေဒါနိုင်ငံ အော့တာဝါမြို့ အမျိုးသား လွှတ်တော် ကြားနာနေချိန် နှင့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် စတီဖင်ဟာပါ ရုံးတက် နေချိန်တွင် လွှတ်တော် အဆောက်အအုံ ပရဝဏ်အတွင်း သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပြီး သေနတ်သမား ကိုလည်း အသေ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

သေနတ်သမား တစ်ဦးက အော်တဝါ စစ်ပွဲ အောက်မေ့ဖွယ် ကျောက်တိုင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေလှမ်း အနည်းငယ်သာ ကွာဝေးသော အမျိုးသား လွှတ်တော် အဆောက်အအုံ ဘက်သို့ ပြေးသွားကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ထပ်မံပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားရာ လုံခြုံရေး တပ်ဖွဲ့ဝင် များက တစ်ခန်းဝင်၊ တစ်ခန်းထွက် ရှာဖွေပစ်ခတ် ဖမ်းဆီးခဲ့ ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကနေဒါနိုင်ငံ က အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို အလယ်အလတ် အဆင့်သို့ တိုးမြှင့် သတ်မှတ် လိုက်ပြီး သေနတ်သမား ကိုလည်း နာရီပိုင်း အတွင်း အသေဖမ်းဆီး ရမိခဲ့ကြောင်း နှင့် ဝန်ကြီးချုပ် လည်း ဘေးမသီ ရန်မခ ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို အဆင့်တိုးမြှင့် သတ်မှတ် လိုက်ခြင်းကို ISIS စစ်သွေးကြွ အဖွဲ့နှင့် Al-Qaeda တို့က အွန်လိုင်းပေါ်တွင် ပြောင်ပြောင် တင်းတင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် အဖွဲ့များက ကနေဒါနိုင်ငံ တွင်းမှဖြစ်စေ၊ ပြည်ပ မှဖြစ်စေ တိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ဖွယ် ရှိသဖြင့် ယခုကဲ့သို့ လုံခြုံရေး အဆင့်ကို တိုးမြှင့် သတ်မှတ်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားသည်။

ကနေဒါနိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ စတင် ဖြစ်ပေါ်လာ နေပြီး အောက်တိုဘာလ ၂၁ ရက် ကလည်း ကွီဘက်မြို့တွင် တပ်ဖွဲ့ဝင် နှစ်ဦးကို မိမိကားပေါ် တင်ဆောင် လာသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ရာ ယင်း သေနတ်သမား ကိုလည်း ကွီဘက် ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီး ခဲ့ရသည်။

ကနေဒါနိုင်ငံသည် ISIS စစ်သွေးကြွ များကို ချေမှုန်းရန် အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ပေါင်းစုနှင့် ပူးပေါင်းမည်ဟု ကြေငြာချက် ထုတ်ပြန် ခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု များကို စတင်ကြုံတွေ့ နေရခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

ဖုံးဖိဖြေရှင်းလိုက်သည့် နေပြည်တော်မြို့မဈေးမှ တုတ်ဆွဲ၊ ဓါးဆွဲ ရန်ပွဲ (ရုပ်/သံ)

 
နေပြည်တော်မြို့မဈေးက ဈေးသည်များ ဈေးဗန်း လုခင်းရာမှ လူအုပ်စု ၂စုအကြား အငြင်းပွားမှုတခု ဖြစ်ပွားခဲ့ရာမှ အပြန်အလှန် ရိုက်နှက်ပွဲတခု ဖြစ်ပွားခဲ့ကြသည်။

မြို့မဈေး၊ ဈေးရုံပတ်လည်၌ ပျံကျဈေးသည် အရေအတွက်(ဈေးဗန်း) ၁၀၀၀ နီးပါခန့်ရှိပြီး နေရာအပြိုင်အဆိုင်လုရာမှ အငြင်းပွား ရန်ဖြစ်မှုများ နေ့စဉ်နှင့်အမျှ ရှိပါသည်။

စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ်ပိုင်းက ယင်းကဲ့သို့ ဈေးဗန်း အပြိုင်အဆိုင်ခင်းရာမှ မြို့မဈေးအဖွဲ့နှင့် ရွှေကြာပင်အဖွဲ့တို့ အချင်းများရန်ဖြစ်ခဲ့ကြသည်။

ဝိုင်းရိုတ်သည့်အဖွဲ့က အရိုက်ခံရသည့်အဖွဲ့အား လျော်ကြေးငွေပေး၍ ဖုံးဖုံးဖိဖိဖြင့် ပြေလည်သွားသည်ဟု ကြားသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ISIS စစ်သွေးကြွ များ၏ စစ်လေယာဉ်များ အနက် နှစ်စင်းကို ဆီးရီးယားတပ်များ ပစ်ချနိုင်ခဲ့

 
ဒမတ်စကတ် ၊ ၂၃-၁၀-၂၀၁၄

ဆီးရီးယား အစိုးရတပ် များသည် နိုင်ငံ မြောက်ပိုင်းတွင် ပျံသန်းလျက် ရှိသည့် ISIS စစ်သွေးကြွ များ၏ စစ်လေယာဉ်များ အနက် နှစ်စင်းကို ပစ်ချ နိုင်ခဲ့ကြောင်း SANA သတင်း အေဂျင်စီက အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် အလက်ပို နှင့် ရာကာပြည်နယ် အတွင်းရှိ အစိုးရစစ်ဘက် လေတပ် စခန်းများကို ဝင်ရောက် စီးနင်း တိုက်ခိုက် ပြီးနောက် MiG-21 နှင့် MiG-23 ဟု ယူဆရသည့် တိုက်လေယာဉ် သုံးစင်းကို သိမ်းဆည်း ခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး အွန်မန်အယ်လ်ဇိုဘီ က ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ တိုက်လေယာဉ် များကို ပျံသန်းနိုင်ရန် အတွက် အီရတ် ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန် ၏ လေယာဉ်မှူး များက လေ့ကျင့် သင်ကြား ပေးလျက် ရှိသည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောကြား ခဲ့သည်။

အဆိုပါ ISIS စစ်သွေးကြွ များ မောင်းနှင် ခဲ့သည့် လေယာဉ်များ သည် မြေပြင်သို့ ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ဆီးရီးယား တိုက်လေယာဉ် များက ပစ်ချဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသို့ တိုက်ခိုက်မှု ကြောင့် ISIS စစ်သွေးကြွ များ၏ လေယာဉ် နှစ်စီးမှာ ပျက်ကျ ခဲ့ကြောင်း နှင့် ကျန်တစ်စင်း ကိုမူ ISIS စစ်သွေးကြွ များက လျှို့ဝှက်သည့် နေရာတွင် ထားရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်လေယာဉ် များသည် ဆီးရီးယား တပ်များ၏ ရေဒါမှ ဖမ်းယူ ထောက်လှမ်း မှုကို ရှောင်ရှား ရန်အတွက် အနိမ့်ပျံသန်း နေစဉ် ပစ်ခတ် တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေ များက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ အစိုးရတပ် များကို တိုက်ခိုက်ခဲ့ ပြီးနောက် ယင်းနှစ်နိုင်ငံ ၏ စစ်အခြေစိုက် စခန်း အများအပြားကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

#PyiChitThar

မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် LGBT ရုပ်ရှင်ပွဲတော်

မြန်မာနိုင်ငံမှာ ပထမဆုံး လိင်ဆိုင်ရာ LGBT ရုပ်ရှင်ပွဲတော်တခု ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ယဉ်ကျေးမှု စင်တာမှာ ကျင်းပဖို့ ရှိပါတယ်။ 




အာဆီယံ နိုင်ငံများရဲ့ LGBT ရုပ်ရှင်ပွဲတော်မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းစတဲ့အာဆီယံ နိုင်ငံ
တွေက လိင် ဆိုင်ရာ ရုပ်ရှင် ဇာတ်ကားပေါင်း ၃၀ ကျော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ ထိ ပြသ မှာဖြစ်ပါတယ်။ 



အခုလို လိင်ဆိုင်ရာ ရုပ်ရှင်ပွဲတော် လုပ်လိုက်တာကြောင့် လူတွေရဲ့ အမူအကျင့် အပြောင်းအလဲဖြစ်စေဖို့ အထောက်အပံ့ ဖြစ်မယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

 လိင်ဆိုင်ရာ ရုပ်ရှင် ပွဲတော်မှာ လိင်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေနဲ့ ပြပွဲတွေလည်း ရှိပါမယ်။ 


အိမ့်သံစဉ် ~ဧရာဝတီ

မြိတ်တွင် ၁ ရက်အတွင်း လူသေမှု ၃ ခုဖြစ်


|Dawei Watch| မြိတ်၊ အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကန်ဖျားနယ်မြေ၊ ဘုရားငါးဆူအရှေ့ရပ်၊ ပုလဲလမ်းနှင့် ကျောက်ဖျာ ကျေးရွာအုပ်စု၊ ၀န်ဖို့ကျေးရွာအနောက်ပိုင်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့က လူသေမှု သုံးခုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။
မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ဘုရားငါးဆူအရှေ့ရပ်၊ ပုလဲလမ်းနေ ခြောက်တန်းကျောင်းသားတစ်ဦး မီးဖိုချောင်ထဲတွင် လျှပ်စစ်မီးကြိုးကို ကိုင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
ထို့အပြင် ကျောက်ဖျာကျေးရွာအုပ်စု၊ ၀န်ဖို့ကျေးရွာအနောက်ပိုင်းရှိ နေအိပ်တစ်လုံးတွင် အမျိုးသမီးတစ်ဦးသည် ကြိုးဆွဲချသေဆုံးနေပြီး အနီးရှိ ပုခက်အတွင်း၌ သုံးလသမီး မိန်းကလေးငယ်တစ်ဦးသည်လည်း သေဆုံး နေကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
သေဆုံးသူ အမျိုးသမီး အသက် ၃၉ နှစ်သည်၊ လွန်ခဲ့သော သုံးလခန့်က ကလေးကို မြိတ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးရုံတွင် မွေးဖွားခဲ့ပြီး အဆိုပါ ကလေးငယ်ကို မွေးဖွားခဲ့စဉ်က ဆေးစစ်ချက်များအရ သားအမိနှစ်ယောက်နှစ်ယောက်စလုံးတွင် ဘီပိုးရှိနေကြောင်း ဆရာဝန်များ၏ ဆေးမှတ်တမ်းများအရ သိရသည်။
အဆိုပါ အမျိုးသမီးသည် သမီးငယ်သေဆုံးခြင်းကြောင့် စိတ်သောက ရောက်ကာ ကြိုးဆွဲချသေဆုံးခြင်း ဖြစ်နိုင်ကြောင်း ရဲမှတ်တမ်းတွင် သုံးသပ်ထားချက်အရ သိရသည်။
သေဆုံးသည့် အမျိုးသမီးတွင် သားသမီး ၅ ယောက်ရှိပြီး အခင်းမဖြစ်ပွားခင်တစ်ပတ်ခန့်က  စိတ်ဓာတ်ကျ သောကရောက်နေသည့် ပုံစံဖြင့် အဆိုပါ သားသမီးများကို ဆွေမျိုးများထံ လိုက်လံအပ်နှံမှု ပြုခဲ့ပြီး ဆွေးမျိုးများက လက်မခံခဲ့ဟု အိမ်နီးနားချင်းများထံမှ သိရသည်။
အထက်ပါ သေမှုသေခင်းများကို မြိတ်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dawei Watch

ပစ်ခတ်မှု ဖြစ်ပြီးနောက် ကနေဒါ ပါလီမန် ပိတ်ချထား

ပါလီမန်အတွင်းက ရဲတွေက သေနတ်သမားကို ပစ်သတ်ခဲ့ (Credit: AFP)

ကနေဒါနိုင်ငံ ​Ottawa ​မြို့ ​ပါလီမန်မှာ ​ပစ်ခတ်မှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​လွှတ်တော် အဆောက်အဦးကို ​ပိတ်ချထားရပါတယ်။

စစ်ဗိမ္မာန်အစောင့် ​စစ်သားကို ​သေနတ်သမား တစ်ဦးက ​ပစ်ခတ်ခဲ့ပြီးနောက် ​ပါလီမန်ရှိရာဘက်ကို ​ပြေးလာပြီး ​အဲဒီမှာ ​အော်တို ​သေနတ်တွေနဲ့ ​ထပ်မံ ​ပစ်ခတ်မှုတွေ ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။  ​ရဲတွေက ​ပြန်လည် ​ပစ်ခတ်ခဲ့တဲ့ အတွက် ​သေနတ် ​သမား ​သေဆုံးသွားပြီ ​ဖြစ်ပါတယ်။

သေနတ်သမား ကတော့ ​အသက် ​၃၂ ​နှစ်အရွယ် ​ကနေဒါ ​နိုင်ငံဖွား ​Michael ​Zehaf-Bibeau ​ဖြစ်တယ်လို့ ​ကနေဒါ ​သတင်းတစ်ခုက ​အတည်ပြုပါတယ်။

အဲဒီ ​သေနတ် ​သမားနဲ့အတူ ​နောက်လူတွေ ​ရှိနိုင်တဲ့အတွက် ​အနီးအနားက ​အဆောက်အဦးတွေအထိ ​ရဲတွေက ​ရှာဖွေမှု ​လုပ်နေပါတယ်။ ​ကနေဒါနိုင်ငံရဲ့ ​ပါလီမန်ဟာ ​လူတိုင်း ​သွားလာနိုင်အောင် ​လုပ်ထားတာဖြစ်ပြီး ​အမေရိကန်လို ​တင်းကြပ်မှု ​မရှိဘူးလို့ ​Canadian ​Press ​သတင်းသမား ​Jennifer ​Ditchbum ​က ​ပြောပါတယ်။

ကနေဒါနိုင်ငံ ​ပါလီမန်ကို ​လူတိုင်းက ​အလွယ်တကူ ​ဝင်ရောက်နိုင်ပြီး ​အဲဒီလို ​အခြေအနေကို ​ကနေဒါ ​နိုင်ငံသားတွေက ​ကြိုက်နှစ်သက်ကြတယ်လို့ ​ဆိုပါတယ်။

လွှတ်တော်အမတ်မဟုတ်တဲ့လူတွေ၊ ​သတင်းသမား ​မဟုတ်တဲ့ ​လူတွေလည်း ​လွှတ်တော်ကို ​လည်ပတ်နိုင်ပြီး ​အဲဒီလို ​လည်ပတ်ဖို့အတွက် ​လုံခြုံရေးတော့ ​ဖြတ်ကျော်ရတယ်လို့ ​ပြောပါတယ်။

ပါလီမန်ကို ​ရဲတွေက ​စောင့်ရှောက်တာမဟုတ်ပဲ ​ပါလီမန် ​လုံခြုံရေးတွေက ​စောင့်ရှောက်တာ ​ဖြစ်သလို ​လွှတ်တော်အမတ်ကိုလည်း ​စောင့်ရှောက်တဲ့ ​အဖွဲ့တွေရှိတဲ့အတွက် ​အခုဆိုရင် ​လုံခြုံရေးအဖွဲ့ ​ပေါင်းစုံက ​အတူတူ ​ပူးပေါင်းနေကြတယ်လို့လည်း ​ပြောပါတယ်။

ပစ်ခတ်မှု ​ဖြစ်နေချိန်အတွင်း ​ကနေဒါ ​လွှတ်တော်အမတ်တွေ ​အစည်းအဝေးလုပ်နေချိန် ​ဖြစ်ပါတယ်။ ​အခုအခါမှာတော့ ​ကနေဒါ ​ဝန်ကြီးကို ​လုံခြုံရာနေရာ ​ပို့ဆောင်လိုက်ပြီ ​ဖြစ်ပါတယ်။

ဒီလို ​ပစ်ခတ်မှု ​ဘာကြောင့် ​ဖြစ်ရသလဲ ​ဆိုတာကို ​ကနေဒါရဲတွေက ​ငြင်းဆိုနေပြီး ​ပါလီမန်အနီးတဝိုက် ​နေထိုင်သူတွေကိုလည်း ​နေအိမ်အတွင်းမှာနေပြီး ​မျက်စိရှင်ရှင် ​သတိနဲ့ ​နေကြဖို့ ​ရဲတွေက ​ပြောပါတယ်။

ကနေဒါ ​နိုင်ငံမှာ ​အကြမ်းဖက်မှု ​ဖြစ်နိုင်တယ်ဆိုပြီး ​အကြမ်းဖက်တပ်လှန့်မှုအဆင့်ကို ​အလယ်အလတ်အဆင့် ​တိုးမြင့်ပြီး ​မကြာခင်မှာပဲ ​အခုလို ​ပစ်ခတ်မှု ​ဖြစ်ပွားခဲ့တာပါ။

အင်္ဂါနေ့တုန်းကလည်း ​Quebec ​ပြည်နယ်မှာ ​မွတ်စလင်ဘာသာကို ​ပြောင်းလဲခံယူခဲ့သူ ​တစ်ဦးက ​ရဲနှစ်ကို ​တမင်တကာ ​ကားနဲ့တိုက်ခဲ့ရာက ​ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီလို ​လုပ်ရပ်ကြောင့် ​ရဲတစ်ဦး ​သေဆုံးပြီး ​နောက်တစ်ဦး ​ဒဏ်ရာရရှိခဲ့ပါတယ်။

သြစတြေးလျ ​ပါလီမန်ဟာလည်း ​လူတိုင်းဝင်ရောက်နိုင်ပေမယ့် ​အရင်လတွေကစပြီး ​အကြမ်းဖက်တပ်လှန့်မှု ​အဆင့်မြှင့်ပြီးနောက်ပိုင်း ​လက်နက်ကိုင် ​စစ်သားတွေ၊ ​ရဲတွေ ​လွှတ်တော်တွင်းနဲ့ ​ပြင်ပမှာ ​လုံခြုံရေးယူထားလိုက်ပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

အိုင်အက်စ်တို့ကို တိုက်ခိုက်ရာတွင် တစ်နေ့ကာကွယ်ရေး အသုံးစရိတ် ကန်ဒေါ်လာ ၇ ဒသမ ၆ သန်းကုန်ကျကြောင်း ပင်တဂွန်ပြောကြား

 
ဝါရှင်တန် အောက်တိုဘာ ၂၂

အိုင်အက်စ်စစ်သွေးကြွ အုပ်စုများ ကို တိုက်ခိုက်ရာတွင် ကာကွယ်ရေး အသုံးစရိတ် တစ်နေ့လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်း ကုန်ကျကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြော ကြားသည်။

အမေရိကန်အစိုးရသည် စစ်ရေး ပြင်ဆင်မှု၊ အိုင်အက်စ်စစ်သွေးကြွများကို လေကြောင်းဖြင့် တိုက်ခိုက် မှု စသည်တို့တွင် ရက်သတ္တ ၁ဝ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၂၄ သန်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ဟြေရေးဆိုခွင့်ရှိသူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အဒမ်ဂျွန် ကာဘီက အင်္ဂါနေ့တွင် သတင်း ထောက်များကို ဟြေကြားခဲ့သည်။

ဆီးရီးယားအစိုးရကို မငြိမ် မသက်ပြုလုပ်ရန်အတွက် ၂ဝ၁၂ ခုနှစ်က ဂျော်ဒန်နိုင်ငံတွင် စီအိုင် အေများက ပထမဆုံး လေ့ကျင့်ပေး ခဲ့သော အိုင်အက်စ်စစ်သွေးကြွများ သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်မြေများကို ထိန်းချုပ်ထားခဲ့ ကြသည်။ အိုင်အက်စ်စစ်သွေးကြွများသည် ဇွန်လတွင် ၄င်း၏ တိုက် ခိုက်ရေးသမားများကို အီရတ်သို့ စေလွှတ်ခဲ့သည်။ ၄င်း အိုင်အက်စ်များ က နိုင်ငံနှစ်ခု၏ နယ်စပ်ဒေသ တစ်ခွင်ကို လျင်မြန်စွာ သိမ်းပိုက်ခဲ့ ကြသည်။

ပင်တဂွန်၏အဆိုအရ သြဂုတ် လလယ်လောက်ကတည်းက အမေ ရိကန်စစ်လေယာဉ်များသည် အီရတ် ရှိ အိုင်အက်စ်စစ်သွေြး<ွကများကို အကြိမ် ၂၆ဝ ထက်မနည်း လေ ကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်ဟု ဆိုသည်။ အချို့ အနောက် နိုင်ငံများသည်လည်း အီရတ်ရှိ အခြားတိုက်ခိုက်မှုအချို့တွင် ပါဝင် ဆင်နွှဲလျက်ရှိသည်။

စက်တင်ဘာနှောင်းပိုင်းကတည်း က အမေရိကန်နှင့် ၄င်း၏အာရပ် မဟာမိတ်များဖြစ်သော ဆော်ဒီအာ ရေဗျ၊ ဘာရိန်း၊ ကာတာ၊ ဂျော်ဒန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် စစ်သွေးကြွများကို လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ သည်။

ယခုလအစောပိုင်းက အမေရိ ကန် စစ်ဌာနချုပ်က ပင်တဂွန်သည် ရေကြောင်းတိုက်ခိုက်မှုနှင့် တွမ် ဟော့စ် နျူကလီးယားဒုံးကျည်တို့တွင် အမေရိကန်ဒေါ်လာ ၆၂ သန်းသုံးစွဲ ခဲ့ကြောင်း ဟြေခဲ့သည်။

(ပရက်စ်တီဗွီ)
Myanmaalinn

ရုရှားလေကြောင်းကျူးကျော်မှု Estonia ကန့်ကွက်

ရုရှားထောက်လှမ်းရေး လေယာဉ်တစီးဟာ Estonia နိုင်ငံ နယ်နမိတ်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Estonia အစိုးရက ရုရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။
ဘော်လ်ကန်ဒေသတွင်းမှာရှိတဲ့ နိုင်ငံအနေနဲ့ အခုလို ကျူးကျော်လာတဲ့ လုပ်ရပ်အပေါ် အလေးနက်ကိစ္စတရပ်အဖြစ် သဘောထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ ဖြေရှင်းချက်ပေးဖို့ တောင်းဆို ကြောင်း ပြောကြားခဲ့တယ်လို့ Estonia နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။
ရုရှားရဲ့ Ilyushin-20 အမျိုးအစား ထောက်လှမ်းရေးလေယာဉ်ဟာ သူ့နိုင်ငံရဲ့ လေပိုင်နက်အတွင်း အင်္ဂါနေ့ နေ့ခင်းပိုင်းက ဘာကြောင့် ၀င်ရောက်လာရသလဲ ဆိုတဲ့အချက်ကို Estonia နိုင်ငံက သိလိုနေတဲ့အကြောင်း ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ ရုရှားထောက်လှမ်းရေး လေယာဉ်ဟာ Estonia လေပိုင်နက်အတွင်းမှာ တမိနစ်ခန့် ၀င်ရောက်လာခဲ့ကြောင်း NATO အဖွဲ့ကပြောပါတယ်။
အမည်မသိ လေယာဉ်တစီးကို ရေဒါထဲမှာ တွေ့ရှိခဲ့ပြီးတဲ့နောက် ဘော်လ်ကန် ဒေသတွင်းမှာရှိတဲ့ လေတပ်အခြေစိုက် စခန်းတခုမှာရှိတဲ့ ပေါ်တူဂီနဲ့ ဒိန်းမတ်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ချက်ခြင်း ပျံတက်ပြီး လိုက်ခဲ့ကြတယ်လို့ NATO က ပြောပါတယ်။ ၀င်ရောက်လာတဲ့ ရုရှားထောက်လှမ်းရေး လေယာဉ်ကို ဒိန်းမတ်တိုက်လေယာဉ်က ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။

ကနေဒါပစ်ခတ်မှု သံသယရှိသူကို စတင်စစ်ဆေး


ကနေဒါနိုင်ငံ လွှတ်တော်အနီးတ၀ိုက်က သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သံသယရှိသူ Michael Zehaf-Bibeau ကို လုံခြုံရေးအရာရှိတွေက စစ်ဆေးနေပါတယ်။ ပစ်ခတ်မှုမှာ ပါဝင်သူတွေထဲက တဦးဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းသွားသူဖြစ်ပြီး၊ Quebec ပြည်နယ်ကဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုအတွင်း လုံခြုံရေးအစောင့်စစ်သည် ၁ ဦးနဲ့ သေနတ်သမား ၁ ဦး သေဆုံးသွားပါတယ်။ ကနေဒါမြို့တော် Ottawa မှာရှိတဲ့ စစ်သမိုင်းပြတိုက်နဲ့ လွှတ်တော်အဆောက်အဦးအတွင်း အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ကနေဒါ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေသေး တဲ့ သေနတ်သမား ၁ ယောက် ဒါမှမဟုတ် ၂ ယောက်ကို လိုက်လံရှာဖွေနေဆဲလည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက  ကနေဒါအမျိုးသား စစ်သမိုင်းပြတိုက်မှာ သေနတ်ပစ်မှု စတင်ဖြစ်ပွားခဲ့တာပါ။ စစ်ပွဲအတွင်း ကျဆုံးခဲ့သူတွေအတွက် အမှတ်တရ စိုက်ထူထားတဲ့ ဂူဗိမာန်ကို စောင့်နေတဲ့ လုံခြုံရေး စစ်သည်ကို  ဆံပင်ရှည် သေနတ်သမားတဦးက စတင်ပစ်ခတ်ခဲ့တာပါ။
ဒီလိုပစ်ခတ်မှုအတွင်း သေနတ်ပစ်ခတ်သံ ၄ ချက်လောက် ကြားရတယ်ဆိုပြီး မျက်မြင်သက်သေတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ သိတ်မဝေးလှတဲ့ နေရာမှာရှိတဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့တခုဖြစ်တဲ့ Catholic Immigration Center မှာ လုပ်ကိုင်နေတဲ့ မဆယ်လီ က ပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး အခုလို ရှင်းပြပါတယ်။
“War Memorial ရဲ့ တ၀ိုက်မှာ အဲ့ဒီမှာ Guard တယောက်ကို သူ သေနတ်နဲ့ပစ်တော့ ဒဏ်ရာရသွားတယ်။ အခုကြားရတာတော့ ဆုံးသွားပြီ။ အဲ့ဒီသတ်ခံရတဲ့သူက။”
စစ်သမိုင်းပြတိုက်မှာ ပစ်ခတ်ခဲ့တဲ့  သေနတ်သမားဟာ နောက်ပိုင်းမှာ လမ်းပေါ်က ကားတစီးကို ရပ်ခိုင်းပြီး ကားပိုင်ရှင်ဆီကနေ ကားကိုလုယူပြီးတဲ့နောက် ၁ မိုင်ကျော်အကွာမှာရှိတဲ့ ကနေဒါ လွှတ်တော်ဘက်ကို မောင်းနှင်သွားခဲ့ပါ တယ်။ သေနတ်သမားဟာ ကနေဒါလွှတ်တော် ပင်မ အဆောက်အဦးအတွင်းကို ၀င်ခဲ့တဲ့အချိန်မှာ လွှတ်တော်လုံခြုံရေး အစောင့်တဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် အဲဒီသေနတ်သမား သေဆုံးသွားပါတယ်။
ဒီပစ်ခတ်မှုနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အစည်းအဝေးခန်း တခုအတွင်းမှာတော့ ကနေဒါ ၀န်ကြီးချုပ် Stephen Harper ဟာ လွှတ်တော်တွင်း သဘောထားကောက်ခံတဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေခဲ့တာပါ။ အခုအခါမှာ လွတ်မြောက်နေသေးတဲ့ သေနတ်သမား ၁ ဦးထက်မကကို လိုက်လံ ရှာဖွေနေတဲ့အကြောင်း မဆယ်လီ က အခုလို ဆက်ပြောပါတယ်။
“လူ ၂ ယောက် လွတ်နေတော့ ဘယ်လိုပြောရမလဲ လိုက်ရှာနေရတာပေါ့နော်။ ဘယ်မှာသွားနေသလဲ၊ ဘယ်မှာပုန်းနေသလဲဆိုတာ။ အဲဒါကြောင့် အနီးနားရှိတဲ့ ကျောင်းစစ်ဆေးရေး၊ အဆောက်အဦး စစ်ဆေးရေး၊ အဲ့လိုမျိုး စစ်ဆေးရေး သူတို့အားလုံး ပိတ်ရတယ်လေ။ ပြီးတော့ သူတို့ de tour လုပ်ရတယ်။ ဘာဖြစ်လဲဆိုတော့ ကားလမ်းတွေ အကုန်လုံး ပိတ်လိုက်တယ်။”
ဒီလိုပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး ဘယ်အကြမ်းဖက် အဖွဲ့အစည်းကမှ သူတို့လုပ်ခဲ့တယ်လို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ကနေဒါနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်က ကာကွယ်ဖို့ လုံခြုံရေးအဆင့် တိုးမြှင့်ပြီး နောက်တရက်မှာပဲ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ တနင်္လာနေ့တုန်းကလည်း Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာ ကူးပြောင်းထားသူတဦးက ကနေဒါစစ်သား ၂ ဦးကို ကားနဲ့ တိုက်ခဲ့တာကြောင့် စစ်သား ၁ ဦး သေဆုံးသွားပါတယ်။
ကနေဒါနိုင်ငံမှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားအပြီး အမေရိကန်ပြည်ထောင်စုမှာလည်း လုံခြုံရေးအဆင့် တိုးမြှင့်ထားပါတယ်။ ကနေဒါနိုင်ငံက အခုတိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရာမှာ အမေရိကန်အနေနဲ့ ကူညီမယ့်အကြောင်း ကနေဒါအစိုးရကို သမ္မတ အိုဘားမားက ကမ်းလှမ်းထားပါတယ်။

ကနေဒါလွှတ်တော်တွင်း ပစ်ခတ်မှုဖြစ်ပွား

                                  အဆင်ပြေလျှင်ကြော်ငြာများကိုဝင်ကြည့်ပါ


 
ကနေဒါနိုင်ငံ အမျိုးသား စစ်ဗိမာန်မှာ အစောင့် စစ်သားတဦး ပစ်ခတ်ခံရပြီး တဲ့နောက်၊ သေနတ်သမားတွေဟာ အနီးအနားမှာရှိတဲ့ ကနေဒါ လွှတ်တော်တွင်းကို ၀င်ရောက်ပြီး ပစ်ခတ်မှုတွေ ထပ်ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ကနေဒါ လွှတ်တော်ကို လုံခြုံရေးအရ ပိတ်ထား လိုက်ပြီးနောက် အနီးတ၀ိုက်မှာ လက်နက်အပြည့်အစုံနဲ့ ကနေဒါ လုံခြုံရေး တပ်ဖွဲ့တွေ နေရာယူ ထားပါတယ်။

ကနေဒါ ၀န်ကြီးချုပ်ကတော့ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်သွားပြီး၊ ဘေးကင်း လုံခြုံစွာ ရှိတယ်လို့ ပြောခွင့် ရသူတွေက ပြောပါတယ်။ ဒဏ်ရာရထားတဲ့ စစ်သားတဦး ကိုတော့ ဆေးရုံကို ပို့ထားရပြီး၊ အခြေအနေ မသိရသေးပါဘူး။ တနေ့ကပဲ ကနေဒါနိုင်ငံ Montreal မြို့အနီးမှာ အစ္စလာမ်ဘာသာ ပြောင်းသူတဦးက ကားနဲ့ ကနေဒါ စစ်သားနှစ်ဦး ကို ၀င်တိုက်တာကြောင့် စစ်သားတဦး သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရဲစခန်းရှေ့ရှိရတနာဆိုင်မှ ကျပ်သိန်း ၁၉၀ တန် စိန်နားကပ်ခိုးယူသွားသည့် စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးအားဖမ်းဆီးနိုင်ရန် လေဆိပ်၊ တိုးဂိတ်များ၌ ဓာတ်ပုံများဖြန့်ဝေထား

 
 October 22, 2014
စိန်နားကပ်ခိုးယူသွားသည့် စင်ကာပူနိုင်ငံသားအမျိုးသားနှစ်ဦးအား ရတနာဆိုင်အတွင်းရှိ လုံခြုံရေးကင်မရာမှတွေ့ရစဉ်

လမ်းမတော်မြို့မရဲစခန်းရှေ့ရှိ ရတနာဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၉၀ တန် စိန်နားကပ်အား ခိုးယူသွားသည့် စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးအား အမြန်ဆုံးဖမ်းဆီးနိုင်ရန်အတွက် လေဆိပ်၊ တိုးဂိတ်များတွင် ၎င်းတို့နှစ်ဦး၏ဓာတ်ပုံများအား ဖြန့်ဝေထားပြီဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းက အောက်တိုဘာ ၂၂ ရက်တွင် စုံစမ်းသိရှိရသည်။
   
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ်၊ ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့မရဲစခန်းရှေ့ရှိ Diamond & Me ရတနာရွှေဆိုင်သို့ စင်ကာပူနိုင်ငံသား တရုတ်လူမျိုးနှစ်ဦးရောက်ရှိလာပြီး ငွေကျပ်သိန်း ၁၉၀ တန်ဖိုးရှိ စိန်နားကပ်တစ်ရံအားကြည့်ရှုသဖြင့် အရောင်းစားရေးမတစ်ဦးကပြသရာ လေး၊ ငါး ကြိမ်ခန့်ကြည့်ရှုပြီးနောက် အခြားပစ္စည်းများအားကြည့်ရှုကာ မည်သည့်ပစ္စည်းမှမ၀ယ်ဘဲ ပြန်သွားခဲ့ကြောင်း ရဲတာဝန်ရှိသူများစစ်ဆေးချက်အရ သိရသည်။
   
ယင်းသို့ ၎င်းတို့ပြန်သွားပြီးနောက် ပစ္စည်းများအားစစ်ဆေးရာ ၎င်းတို့ လေး၊ ငါးကြိမ်ကြည့်ရှုခဲ့သည့် စိန်နားကပ်မှာမရှိတော့ဘဲ ဘူးခွံသာကျန်ရှိတော့ကြောင်း တွေ့ရှိခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို ရဲစခန်းသို့တိုင်တန်းခဲ့ကြောင်း သိရသည်။
   
ထိုကဲ့သို့ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ အခင်းဖြစ်ပွားခဲ့ရာဆိုင်သို့ သွားရောက်မေးမြန်းရာ "အဲဒီနေ့မှာရောင်းတဲ့ ဆိုင်ဝန်ထမ်းကလည်းမလာဘူး။ ကျန်တဲ့ဒီက၀န်ထမ်းတွေကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသိကြဘူး။ အသေးစိတ်သိချင်ရင်တော့ ရဲစခန်းကိုသွားမေးပါ" ဟု ဆိုင်တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
   
"စီစီတီဗွီမှတ်တမ်းကနေရရှိတဲ့ ကျူးလွန်သူတွေရဲ့ပုံတွေကို လေဆိပ်တို့၊ ကားဂိတ်၊ တိုးဂိတ် စတဲ့နေရာတွေမှာ လိုက်လံဖြန့်ဝေထားပါပြီ။ သူတို့ကို အမြန်ဆုံးဖမ်းဖို့အတွက် တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု အောက်တို  ၂၂ ရက်တွင် လမ်းမတော်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။
   
အဆိုပါဖြစ်စဉ်ကို လမ်းမတော်မြို့မရဲစခန်းက (ပ)၂၃၅/၁၄ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG

တစ်လကျော်ကြာပျောက်နေပြီး စစ်တပ်ကဖမ်းထားသည်ဟုသတင်းထွက်ပေါ်နေသော အလွတ်သတင်းထောက် ကိုပါကြီးကိစ္စ ကာကွယ်ရေးဝန်ကြီးဌာနထံမေးပေးမည်ဟု ဦးရဲထွဋ်ဆို

  October 22, 2014 ရန်ကုန်
တစ်လကျော်ကြာပျောက်ဆုံးနေပြီး စစ်တပ်ကဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသော အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ဖြစ်စဉ်အား ကာကွယ်ရေးဝန်ကြီးဌာနထံ မေးမြန်းပေးမည်ဟု ဦးရဲထွဋ်ကပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့၊ ၃၆လမ်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ သတင်းထောက်တစ်ဦး၏ ယင်းကိစ္စရပ်အပေါ်မေးမြန်းကို ပြန်ကြားရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ ဒီဟာဖြစ်တဲ့အချိန် ပြည်ပရောက်နေတာပေါ့လေ။ ဒါပေမဲ့ အခုပြန်ရောက်တဲ့အခါကျတော့ ခုနကိုမြင့်ကျော်တို့ကလည်း အဲဒီကိစ္စပြောပါတယ်။ ကျွန်တော်တို့လည်း ဒါကိုပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အဲဒီတိုက်ပွဲဖြစ်ရာဒေသမှာ မသင်္ကာဖွယ်ရာတွေ့ရှိလို့ ဖမ်းဆီးထားတာ ရှိ၊ မရှိ ဒါကိုလည်း ကျွန်တော်တို့မေးပေးပါ့မယ်။ ဒီနေ့မနက်မှပြန်ရောက်တော့ မနက်ဖြန်ကျမှ နေပြည်တော်ကိုရောက်မှ ဒီကိစ္စကိုဆက်ပြီးတော့ ဆောင်ရွက်ပေးပါ့မယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၁ ရက်တွင်ပင် ပျောက်ဆုံးနေသော အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ဇနီးက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ရာ တစ်လကျော်ကြာပျောက်ဆုံးနေသော ခင်ပွန်းအတွက် တစ်ပတ်အတွင်းထူးခြားမှုမရှိပါက ဖမ်းဆီးရာတွင်ပါဝင်သူများကို တရားစွဲဆိုသွားမည်ဟုလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပျောက်ဆုံးနေသော အလွတ်သတင်းထောက်ဆိုသူမှာ DKBA လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ကျိုက်မရောမြို့ ၂၀၈ တပ်ရင်းမှ
 တာဝန်ရှိသူများ၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကိုအောင်ကျော်နိုင်ဖမ်းဆီးခံရမှုကို
သက်ဆိုင်ရာမြို့နယ်ရဲစခန်း၌ လူပျောက်တိုင်ကြားထားကြောင်း ၎င်း၏ဇနီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။   
ဖြိုးဝေ၊ သက်မင်း Eleven Media Group

Wednesday, October 22, 2014

ဟောင်ကောင်ဆွေးနွေးပွဲ တိုးတက်မှုမရှိ

ဟောင်ကောင်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ၂ နာရီကြာ ဆွေးနွေးပွဲတွေဟာ တိုးတက်မှုမရှိဘဲ အဆုံးသတ်သွားတာကြောင့် ဆွေးနွေးပွဲ ဆက်လုပ်မလားဆိုတာ ဆန္ဒပြကျောင်းသားတွေ စဉ်းစားနေပါတယ်။
ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဆွေးနွေးပွဲတွေမှာ ဆန္ဒပြပွဲကို စီစဉ်သူတွေအနေနဲ့ နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးဖို့ တောင်းဆိုပြီး သီတင်းသုံးပတ်ကျော်ကြာအောင် ဘာကြောင့် ဆန္ဒပြရတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခွင့် ရစေပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်ဟာ ဥပဒေအရ လက်တွေ့မဖြစ်နိုင်ဘူးလို့ တာဝန်ရှိသူတွေဘက်က တုံ့ပြန်ပါတယ်။
ဆန္ဒပြပွဲတွေဟာ အကွဲကွဲအပြားပြား ဖြစ်စေပြီး ဆွေးနွေးပွဲတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပြီးတော့ ဆန္ဒပြပွဲတွေ ရုပ်သိမ်းပေးဖို့ ဆွေးနွေးပွဲအဖွင့်မှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Carrie Lam က တောင်းဆိုပါတယ်။
ဒါပေမဲ့လည်း ကျောင်းသားတွေကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။ အင်္ဂါနေ့ဆွေးနွေးပွဲတွေကို ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုချက်တခုအတိုင်း တိုက်ရိုက် ထုတ်လွှင့်ပြီး ဆန္ဒပြနေရာတွေမှာလည်း ရုပ်မြင်သံကြားကနေ ပြသပါတယ်။
ဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ဟောင်ကောင်နဲ့ တရုတ်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒါပေမဲ့ မကြာသေးခင် ရက်တွေအတွင်း နှိမ်နင်းဖြိုခွဲတာတွေ ရှိပေမဲ့လည်း ဆန္ဒပြသူတွေကို အများအားဖြင့် ဆက်ပြီး ခွင့်ပြုထားပါတယ်။
VOA

ထိုင်းလူသတ်မှု စွပ်စွဲခံ ၂ ဦး ရဲဖြောင့်ချက် ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်း လူသတ်မှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးက သူတို့သတ်တယ်ဆိုပြီး ထိုင်းရဲကို ၀န်ခံထားတာကို ပြန်ရုပ်လိုက်ပါတယ်။ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေ အင်္ဂါနေ့က သူတို့နဲ့ သွားတွေ့ပြီး မေးမြန်းချိန်အတွင်း အလုပ်သမားနှစ်ဦးက အရင်ဝန်ခံချက်ကို တရားဝင် ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
ရဲစခန်းမှာ ၀န်ခံထားတာဟာ ရိုက်နှက်ညှဉ်းပန်းခံရလို့ ၀န်ခံလိုက်ရတာဖြစ်ပြီး သူတို့ပြစ်မှုမကျူးလွန်ဘူးဆိုတာကို ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့က အခိုင်အမာပြောတယ်လို့ သွားတွေ့တာမှာပါတဲ့ ထိုင်းရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းရှေ့နေတွေဟာ အဓိကအစိုးရသက်သေအဖြစ် ရဲတွေက တင်ထားတဲ့ မောင်မောင်နဲ့ အဖမ်းခံထားရတဲ့ အလုပ်သမားနှစ်ဦးရဲ့ မိဘတွေနဲ့လည်းတွေ့ဆုံပြီး အမှုနဲ့ပတ်သက်လို့ အထောက်အကူဖြစ်စေမယ့် မေးမြန်းစုံစမ်းတာတွေ လုပ်ကြပါတယ်။
ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရယူထားတဲ့ မျိုးရိုးဗီဇ DNA အထောက်အထားတွေဟာ အခုအဖမ်းခံထားရသူနှစ်ဦးရဲ့ DNA နဲ့ ကိုက် တယ် မကိုက်ဘူးဆိုတာနဲ့ ထိုင်းရဲက သူတို့ကို တကယ်ပဲ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတာတွေ ရှိမရှိဆိုတာ ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းမယ့်အကြောင်း ဗြိတိန် သတင်းမီဒီယာတချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော်ပြကြပါတယ်။
လူငယ်နှစ်ဦးရဲ့ မိဘတွေဟာလည်း ဒီကနေ့မှာပဲ ထိုင်းနိုင်ငံဆီ ရောက် သွားကြပြီဖြစ်ပြီး ကော့စမွေအကျဉ်းထောင်မှာ ဖမ်းထားတဲ့ သူတို့သားတွေကို သွားတွေ့နိုင်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းနေကြပါတယ်။
အခုအဖမ်းခံထားရသူနှစ်ဦးကို ထိုင်းရဲက တရားခံရှာပြီး ဖမ်းထားတယ်ဆိုတာမျိုး ထိုင်းနိုင်ငံ လူမှုကွန်ယက်တွေ၊ သတင်းမီဒီယာ တွေမှာ ပြောဆိုရေးသားနေတာတွေ မလုပ်ကြဖို့ ထိုင်းဝန်ကြီးချုပ်က သတိပေးပြောဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ထားဝယ်စီမံကိန်း နောက်ဆက်တွဲ တာဝန် မရှိဟုဆိုကာ ထိုင်းကုမ္ပဏီ ခေါင်းရှောင်

https://mail-attachment.googleusercontent.com/attachment/u/1/?view=att&th=1493774a4c4f9aa5&attid=0.1&disp=inline&realattid=f_i1kivr3j0&safe=1&zw&saduie=AG9B_P-cmKtDmzssMwhud-btgRy1&sadet=1413991747030&sads=QUQNoIlkE_QnGfc9cjvMgPaJduo
          ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၁ ရက်နေ့ ကြားနာပွဲ မြင်ကွင်း
                  ကြားနာပွဲဦးဆောင်ခဲ့သော ထိုင်းလူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်နာ ဒေါက်တာ နီရင်
                                                      ဓာတ်ပုံ - DDA
Dawei Watch | ဘန်ကောက်၊ အောက်တိုဘာ ၂၂

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲခွင့်အား
လွှဲပြောင်းထားပြီးဖြစ်သည်ဟု ဆိုကာ သုံးနှစ်တာ အတွင်း ဖြစ်ပေါ်ခဲ့သည့်
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နောက်ဆက်တွဲ ပြဿနာများနှင့်
ပတ်သက်သည့် ကြားနာစစ်ဆေးပွဲ မတက်ရောက်ဘဲ ကနဦး လုပ်ပိုင်ခွင့်ရ
အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ ခေါင်းရှောင်နေသဖြင့်
ပြင်းထန်စွာဝေဖန်ခံနေရသည်။

ယင်းအပြင် သုံးနှစ်တာအတွင်းဖြစ်ပွားခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီက
ပြုလုပ်ခဲ့သည့် ဆိုးကျိုးများကို တာဝန်ယူရန် မြန်မာအစိုးရတွင်သာ
တာဝန်ရှိသည်ဟု အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်ရာတွင် စီမံခန့်ခွဲခွင့်
၅၀ ရာခိုင်နှုန်း ပါဝင်သည့် ထိုင်းအစိုးရ၏ အိမ်နီးချင်းနိုင်ငံများတွင်
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (NEDA) ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ
ပီရမီ ဗက်သီတောမ်တီရပ် (Perames Vudthitornetiraks) ကလည်း ကြားနာပွဲတွင်
ထပ်ခါတလဲလဲ ဖြေကြားခဲ့သည်။

ထိုင်းကုမ္ပဏီ၏ တာဝန်မဲ့မှုကို ကာကွယ်ပေးနေပြီး မြန်မာအစိုးရတွင်သာ
တာဝန်ရှိသည့် ပုံစံ အပြစ်ပုံချနေသော ထိုသို့သော ပြောဆိုချက်များသည်
တာဝန်မဲ့လွန်းသည့် လုပ်ရပ်ဖြစ်ကြောင်း ကြားနာပွဲသို့ လာရောက်သော
ထားဝယ်ဒေသခံများက ပြောကြားသည်။

“ဒီနေ့ကြားနာတွေ့ဆုံပွဲကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်က
တာဝန်ကျေတယ်လို့မြင်တယ်။ (ထိုင်းအစိုးရနဲ့ ကုမ္ပဏီ) နှစ်ဖက်စလုံးက
သူတို့နဲ့ မဆိုင်ဘူးပြောတယ်။ မြန်မာအစိုးရပဲ တာဝန်ရှိတယ်ပြောတယ်။
လုပ်တုန်းက မြန်မာနဲ့ ထိုင်းအစိုးရနှစ်ဖက်လုံးပါတယ်။ ဒီစကားဟာ ထိုင်းဘက်က
တာဝန်မဲ့လွန်းတယ်လို့မြင်တယ်။ ဒီလို တာဝန်မဲ့တဲ့ လုပ်ရပ်ဟာ တခြားသော
ထိုင်းရင်နှီးမြှုပ်နှံမှုတွေကိုလည်း သက်ရောက်နိုင်တယ်။ နောက်လဲ
ဒီလိုမျိုး ထပ်ဖြစ်လာနိုင်တယ်” ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ
ဦးဘိုဘိုအောင်က ပြောဆိုသည်။

ပြဿနာများကို တာဝန်ယူရန် မြန်မာအစိုးရတစ်ဦးတည်းတွင်သာ တာဝန်ရှိသည်ဟု
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက
အကောင်အထည်ဖော်ရာမှ ဖြစ်ပေါ်လာသည့် ဒေသခံများ၏ လူ့အခွင့်အရေး
ချိုးဖောက်မှုများကို ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်
တိုင်ကြားခဲ့သည်။ တိုင်ကြားချက်နှင့် ပတ်သက်၍ ထိုင်းလူ့အခွင့်အရေး
ကော်မရှင်က အောက်တိုဘာလ ၂၁ ရက်နေ့ ကြားနာစစ်ဆေးပွဲတွင် ရေကုန်ရေခမ်း
ငြင်းခုန်ဆွေးနွေးရာမှ ယင်းကဲ့သို့ ဖြေကြားခဲ့ရခြင်း ဖြစ်သည်။

“ဒီလိုသာ ဆက်လုပ်မယ်ဆိုရင် ဒေသခံ တွေ ယုံကြည်မှု ကင်းမဲ့လာတယ်။
(မြန်မာနိုင်ငံအတွင်းရှိ) ထိုင်းရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်တွေလိုပဲ
ယုံကြည်မှု မရှိဘဲ တုန့်ပြန်လိမ့်မယ်။ ကျွန်တော် မေးခွန်းထုတ်ချင်တာက
လုပ်ချင်တာ လုပ်တာက ထိုင်း၊ မြန်မာအစိုးရ က တာဝန်ယူရမယ်ဆိုတော့
တရားမျှတမှု ရှိပါ့မလား” ဟု ဦးဘိုဘိုအောင်က မေးခွန်းထုတ်လိုက်သည်။

ထိုသို့ ခေါင်းရှောင်နေသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းလူ့အခွင့်အရေး
ကော်မရှင်မှ ကော်မရှင်နာ ဒေါက်တာ နီရမ် ပီတကွက်ချရာကလည်း
ဝေဖန်ပြောဆိုခဲ့ပြီး အီတာလျံ-ထိုင်းကုမ္ပဏီ ကိုလည်း စီမံကိန်းနှင့်
ပတ်သက်သည့် ပြဿနာများကို လာရောက်ရှင်းလင်းရန် ထိုင်းလူ့အခွင့်အရေး
ကော်မရှင်က ဆင့်ခေါ်သွားမည်ဟု ၎င်းကပြောဆိုသည်။

စီမံကိန်းနှင့် ပတ်သက်သည် ပြဿနာများကို ထိုင်း အာဏာသိမ်း အစိုးရ
ထိုင်းအမျိုးသားငြိမ်းချမ်းရေးနှင် ငြိမ်ဝပ်ပိပြားရေး ကောင်စီနှင့်
ထိုင်းဝန်ကြီးချုပ်ထံ နှစ်ပတ်အတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာ
နီရမ်က ကြားနာပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရချင်းပူးပေါင်းဆောင်ရွက်သည့်
စီမံကိန်း အဖြစ်အသွင်ပြောင်းပြီးနောက် ယခင်လုပ်ဆောင်ခဲ့သော
လုပ်ငန်းများနှင့် ပြဿနာများကို မည်သူမျှတာဝန်ယူခြင်းမရှိဘဲ
ထိုင်းအစိုးရနှင့် ကုမ္ပဏီတို့က ခေါင်းရှောင်နေခြင်းဖြစ်သည်။

၎င်းတို့တွင် တာဝန်မရှိဟု ဆိုနေသာ ITD ကုမ္ပဏီသည် လက်ရှိ ထိုင်း၊ မြန်မာ
အစိုးရ ပူးတွဲ ကော်မတီဦးဆောင်သည့် ဆောက်လုပ်ရေး လုပ်ငန်း စတင်ရန်
တင်ဒါတင်ထားသော တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး ဂျပန်က ကနဦးအဆင့်တွင်
အကြံပေးအနေနှင့်သာ ပါဝင်မည်ဟုဆိုထားသည်။

ထိုင်း လူအခွင့်အရေး ကော်မရှင်က ဒေသခံများ၏ စိုးရိမ်ချက်များကို မည်သို့
တာဝန်ယူမည်၊ မည်သူ တာဝန်ရှိသည်နှင့် လက်ရှိဖြစ်ပွားနေသော ပြဿနာများကို
ရှေ့ဆက်စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင်
ထည့်သွင်းစဉ်းစားမှုရှိမရှိကို  စီမံကိန်းအား တာဝန်ယူထားသည့်
ထိုင်းအစိုးရ၏ အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု အေဂျင်စီ (NEDA)၊ ထားဝယ်အထူးစီးပွားရေးဇုန်
အကောင်အထည်ဖော်ရေး အဖွဲ့ (Special Purpose Vehicle) မှ ဥက္ကဋ္ဌ၊ ထိုင်း
ဘဏ္ဍာရေး ၀န်ကြီးဌာနအောက်ရှိ နိုင်ငံတကာ စီးပွားရေး မူဝါဒ ရေးဆွဲရေး ရုံး
(Policy office for International Economic Policy)၊ ထားဝယ်နှင့်
ထိုင်းဆက်သွယ်သည့် လမ်းဖောက်လုပ်ရာတွင် ပတ်ဝန်းကျင်စစ်တမ်းလုပ်ခဲ့သည့်
ထိုင်းချုလာလောင်ကွန် တက္ကသိုလ်မှ ပတ်ဝန်းကျင် သုတေသန အဖွဲ့အစည်း (ERIC)၊
အမျိုးသား စီပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး အဖွဲ့ (the National
Economics and Social Development Board) တို့အား
ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ အပါအ၀င် ထားဝယ်လူမှုအဖွဲ့အစည်းများ၊
ဒေသခံများနှင့် မီဒီယာများ ရှေ့မှောက်တွင် ကြားနာစစ်ဆေးခဲ့သည်။

ကြားနာစစ်ဆေးပွဲကို ထိုင်းဝန်ကြီးချုပ် ရုံးနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီ
(ITD) တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်ခဲ့ပေ။

ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့အနေဖြင့် ကြားနာပွဲအပြီး
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများနှင့် ပတ်သက်၍
ဒေသခံများ၏ စိုးရိမ်ချက်များ (“Voices from the Ground: Concerns Over
Dawei Special Economic Zone and Related Projects”) အမည်ရ
အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုင်းနှင့် မြန်မာအစိုးရအား
စီမံကိန်းအား ပြန်လည်စတင်ရန် မကြိုးပမ်းမီ ပြဿနာများကို အမြန်ဖြေရှင်းရန်
တောင်းဆိုလိုက်သည်။

“ထိုင်းအစိုးရအနေနဲ့ ထိုင်းကုမ္ပဏီတွေကို ထားဝယ်အထူးစီးပွားရေးဇုန်
စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခွင့်မပြုသင့်ဘူး” ဟု ထိုင်းအခြေစိုက်
Healthy Public Policy Foundation မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဒီချာရန်
ဆပ်ခမ်နွတ် က ပြောကြားလိုက်သည်။

စီးပွားရေးဇုန် အကောင်အထည် ဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို
လေးလေးနက်နက် ဂရုမပြုပါက ထိုင်းနိုင်ငံရှိ မတ်တာပွတ် စက်မှုဇုန်ကဲ့သို့
ဆိုးဝါးသော လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အကျိုးဆက်များကို ဒေသခံများ
ခံစားရလိမ့်မည်ဟုလည်း ထားဝယ်စီမံကိန်းထက် ၇ ဆခန့် ငယ်သည့်
မတ်တာပွတ်စက်မှုဇုန်ကြောင့် ဖြစ်ပွားခဲ့သည့် ဆိုးကျိုးများကို
သုတေသနပြုခဲ့သူ ၎င်းက ပြောဆိုသည်။

“ထားဝယ်လူမျိုးတွေဟာ ဗမာနဲ့ ထိုင်းတွေလိုပဲ လူ့ဂုဏ်သိက္ခာ ရရှိစေရမယ်။
ဗိုလ်ချုပ်ကြီး ပရာယုက လူတွေကို ပျော်ရွှင်မှု ပြန်လည် ပေးအပ်ချင်တယ်ဆိုရင်
အခု အချိန်ကောင်းပါပဲ” ဟု ထိုင်းနိုင်ငံမှ အထင်ကရ လူမှုရေးလှုပ်ရှားသူ
ဆူလတ် ဆီဝါရတ်ဆက က မှတ်ချက်ပြုပြောဆိုသည်။

Dawei Watch

စကားပြန်ကို တရားစွဲဖို့ မြန်မာ ၂ ဦးတောင်းဆို

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ်ဖမ်းဆီးခံထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ထိုင်းရဲ ခေါ်သုံးတဲ့ စကားပြန် ကိုကမာကို တရားစွဲဖို့ တောင်းဆိုကြောင်း သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောပါတယ်။ 






မနေ့တုန်းက ကော့စမွေအကျဉ်းထောင်မှာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ တွေ့ခွင့်ရတဲ့ ထိုင်းရှေ့နေ များ 
ကောင်စီက သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောဆိုတာမှာ လိပ်ကျွန်းလူသတ်မှုကို ကျူးလွန်ကြောင်း ထိုင်းရဲစခန်း မှာ ၀န်ခံခဲ့ရတာဟာ ထိုင်းရဲနဲ့ စကားပြန်တွေက ရိုက်နှက်ညှင်းပန်းခဲ့လို့ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ 

ဘာသာပြန်လုပ်ပေးခဲ့တဲ့ ကော့စမွေကျွန်းမှာ ရိုတီရောင်းနေတဲ့ ကိုကမာဆိုသူက ၀င်းဇော်ထွန်းနဲ့ ဇော်လင်း တို့ ကို ရိုက်နှက်ခဲ့ရုံသာမက သူ့ရဲ့ ဘာသာပြန်ဆိုမှုကိုလည်း မှန်ကန်တိကျမယ်လို့သူတို့က အယုံအကြည် မရှိကြောင်း  မြန်မာ ၂ ဦး က သူ့ကို ပြောဆိုခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ဆိုပါတယ်။ 

 “ရဲက မေးခွန်းတွေ သူတို့ကို မေးတာမှာ စကားပြန်က ပြန်ဆိုပေးတော့ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ ကပြော တယ်” လို့ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောပါတယ်။ 

လိပ်ကျွန်း အမှုမှာ ထိုင်းရဲရဲ့ တရားလိုပြသက်သက်ဖြစ်ခဲ့သူ မောင်မောင်က ...  ထိုင်းရဲတွေကလည်း သူတို့ကို ရိုက်နှက်ညှင်းပန်းခဲ့သလို စကားပြန်ဖြစ်သူကလည်း ရိုက်နှက် ညှင်းပန်းခဲ့တယ်လို့ မကြာသေးခင် က ပြောဆိုထားတာပါ။ 

 ဒါကြောင့် ကာယကံရှင်တွေရဲ့ တောင်းဆိုမှုနဲ့အညီ စကားပြန် ကိုကမာ ကို တရားစွဲဆိုရေးအတွက် ထိုင်းရှေ့နေများ ကောင်စီကလည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ 

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို စကားပြန်လုပ်ပေးခဲ့သူတွေက ကိုရဲ ဆိုသူနဲ့ ကိုကမာဆိုသူတို့ပဲ ဖြစ်ပြီး ကိုရဲ ဆိုသူဟာ အခု ဘယ်မှာ ရှိနေတယ်ဆိုတာ မသိရပါဘူး။ 
ဧရာဝတီBlog

လိပ်ကျွန်း လူသတ်မှုအရေး ဘန်ကောက် မြန်မာသံရုံးမှာဆွေးနွေး (သတင်းနှင့်ဓာတ်ပုံ)

လိပ်ကျွန်း လူသတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၂ ဦးကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ဘန်ကောက် မြို့က မြန်မာသံရုံးမှာ ဆွေးနွေးပွဲ တခု လုပ်ခဲ့ပါတယ်။ 


 
လိပ်ကျွန်းအမှု ကိစ္စ ထိုင်း-မြန်မာ ကိုယ်စားလှယ်များ ဘန်ကောက်ရှိမြန်မာသံရုံးတွင်ယနေ့ ဆွေးနွေးစဉ်၊ 
ဓာတ်ပုံ- မင်းဦး

 အဲဒီဆွေးနွေးပွဲမှာ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီက ပုဂ္ဂိုလ်တွေ အပါအဝင် မြန်မာသံရုံးတာဝန်ရှိသူတွေ၊ သံရုံးရဲ့ အထူးအဖွဲ့ဝင် FED နဲ့ MAT ဆိုခေါ်တဲ့ မြန်မာ အလုပ် သမား အရေး လှုပ်ရှားနေသူတွေနဲ့ ဖမ်းဆီးခံ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေ ပါဝင်ခဲ့ကြပြီး လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာကို ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ်။ 



အဲဒီလို ဆွေးနွေးပွဲ မလုပ်ခင်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ရဲ့ မိသားစုတွေက မြန်မာသံရုံးရှေ့မှာပဲ လာရောက် ကြတဲ့ ထိုင်း- မြန်မာ သတင်းဌာနက သူတွေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။


ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိသားစုတွေရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း တချို့၊ ဓာတ်ပုံများ- ကိုဘခက် ( MAT)
ယနေ့ နံနက်ပိုင်း က ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘများ ဘန်ကောက် ဒွန်မောင်လေဆိပ်သို့ ဆိုက်ရောက်လာစဉ် မြင်ကွင်းများ





အိမ့်သံစဉ် - ဧရာဝတီ Blog

ဆယ်ကျော်သက်အရွယ် အမေရိကန် အမျိုးသမီးငယ်တစ်ချို့ ဂျီဟတ်ကို ဆက်သွယ် ဝင်ရောက် ရန်ကြိုးစားခဲ့ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရ

 
AFP၊ အောက်တိုဘာ ၂၂

အမေရိကန် ပြည်ထောင်စုမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်(၃)ဦးသည် ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရန်ကြိုးစားနေသည့် စစ်သွေးကြွ အဖွဲ့များထံ ဆက်သွယ်ရန် ကြိုးစားခဲ့သည့် သံသယဖြစ်ဖွယ်ရာများ တွေ့ရှိ ရကြောင်း၊ အဆိုပါမိန်းကလေးငယ်များသည် မိဘများ၏ ပိုက်ဆံကို ခိုးယူပြီး ဂျာမနီကို သွားရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုလိုက်သည်။

အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးများ၏ အသက်အရွယ်မှာ ၁၅၊ ၁၆၊ ၁၇ နှစ် အရွယ်များ ဖြစ်ကြပြီး လွန်ခဲ့သည့်သောကြာနေ့ က ကျောင်းပြေးခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ ကို ဂျာမနီနိုင်ငံ Frankfurt လေးဆိပ်တွင် FBI က တားဆီး ခဲ့ပြီး ကော်လိုရာဒို သို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး မိသားစုနှင့် ပြန်လည်တွေ့ဆုံပေးခဲ့ခြင်းဖြစ်ကြောင်း FBI ပြောခွင့်ရ ပုဂ္ဂိုလ် Suzie Rayne က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆယ်ကျော်သက် မိန်းကလေးငယ်များသည် တူရကီမှတစ်ဆင့် ဆီးရီးယား သို့ ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း၊ ယခုအခါ ၄င်းတို့၏ကွန်ပျူတာ အပါအဝင် အထောက်အထားများကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ယခုကိစ္စသည် လူ့အဖွဲ့အစည်းအတွက်ရော၊ နိုင်ငံအတွက်ရော စိုးရိမ် စရာဖြစ်ပြီးတော့၊ နိုင်ငံအတွင်း မှာ ဘယ်လို အဆက်အသွယ်မျိုးတွေ ရှိနေတယ်၊ မိန်းကလေးငယ်တွေရဲ့ လူမှုအသိုင်းအဝိုင်း အတွင်းမှာ ဘယ်လို မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေတယ်ဆိုတာ ထောက်လှမ်းရေးတွေအနေနဲ့ မှန်းဆဖို့ ကြိုးစားနေကြရတယ်လို့” အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆို လိုက်သည်။
အဆိုပါ မိန်းကလေးများ၏ဖခင်များက ၄င်းတို့၏သမီးငယ်များသည် ဒေါ်လာ (၂၀၀၀)၊ နိုင်ငံကူး လက်မှတ်မိတ္တူများနှင့်အတူ ပျောက်ဆုံး သွားကြောင်း သိရသည့် အချိန်တွင် သံသယများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မိသားစုများအနေဖြင့်လည်း မိန်းကလေးများနှင့် မည်သည့်ပြဿနာမျှ ထူးထူးခြားခြား မရှိကြောင်းလည်း သိရှိရသည်။

MOI Webportal Myanmar

Tuesday, October 21, 2014

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်းအား ယခုအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ဆွေးနွေး

October 21, 2014

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်းအား လက်ရှိအချိန်တွင် ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အောက်တိုဘာ ၂၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသည်။

ဦးလှဆွေက "တိုင်းရင်းသားဆိုပြီးပြောမယ့်အစား ကျွန်တော်တို့က ပြည်ထောင်စုသားလို့ပြောလိုက်ရင် ပိုပြီးတော့သင့်လျော်မယ်။ ဒီဥပဒေရဲ့ခေါင်းစဉ်ကိုက တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေဆိုပြီး ခေါင်းစဉ်တပ်ဖော်ပြထားတယ်။ ဒါဆိုရင် တိုင်းရင်းသားဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုတာ တွေ့ပါတယ်။ အဲလိုတွေ့တဲ့အခါ ကျွန်တော်တို့တင်ပြချင်တာကတော့ ဒီတိုင်းရင်းသားဆိုတဲ့အထဲမှာ ဗမာလည်းပါတယ်။ အခုဟာက တိုင်းရင်းသားဆိုတာ ဗမာမပါဘူး။ တိုင်းရင်းသားဆိုတာ တိုင်းရင်းသားပဲဆိုပြီး အဲဒီလိုမျိုးဖြစ်နေတဲ့အခါမှာ တိုင်းရင်းသားလူမျိုးတွေကို ကာကွယ်စောင့်ရှောက်မယ့်ဥပဒေဆိုတော့ ခေါင်းစဉ်ကို ကျွန်တော့်အနေနဲ့ ဘ၀င်မကျဘူး။ ဘာကြောင့်လဲဆိုရင် ဒီအထဲမှာ ဗမာပါပါနေပြီဆိုတော့ ဒီအခြေခံဥပဒေစာအုပ်ကြီးဟာ ကျွန်တော်တို့ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးကို ကာကွယ်စောင့်ရှောက်နေတဲ့ဥပဒေ ဖြစ်ပြီးသားပါ။ ဒီအခြေခံဥပဒေထဲမှာ တိုင်းရင်းသားဆိုတဲ့စကားလုံး အလုံး ၃၀ ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အခုရေးဆွဲထားတဲ့ ဥပဒေထဲမှာပါတဲ့အချက်တွေက တော်တော်များများ အခြေခံဥပဒေထဲကအချက်တွေကို ထည့်ထားတာတွေ့ရပါတယ်။ ဆိုတော့ ဒါကို အခြေခံဥပဒေထဲကနုတ်ပြီးတော့ ဒီအထဲထည့်လိုက်တဲ့ ဥပဒေကြီးတစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် သီးခြားပြဋ္ဌာန်းစရာ လတ်တလောမှာတော့ လိုမလား မလိုဘူးလားဆိုတာကို ကျွန်တော်က ဆွေးနွေးချင်တာဖြစ်ပါတယ်" ဟု ဆွေးနွေးသည်။

ဆက်လက်၍ ဦးလှဆွေက အခြေခံဥပဒေနှင့်ထပ်တူဖြစ်သည့်အချက်များ ပါဝင်ကြောင်း၊ အခြေခံဥပဒေကြီးထဲမှာလည်း ကာကွယ်စောင့်ရှောက်ပြီးသားဖြစ်နေကြောင်း၊ နောက်တစ်ချက်က သန်းခေါင်စာရင်းကြီးကောက်သည့်အခါမှာလည်း မြန်မာပြည်မှာရှိသည့်လူမျိုးတွေက ၁၀၁ မျိုးလား ၁၃၅ မျိုးလားဆိုသည့် အဖြေမထွက်သေးတာကတစ်ကြောင်း၊ အဲဒီအချိန်မှာ ပြည်သူ့လွှတ်တော်ကလည်း မျိုးနွယ်စုဆိုပြီး ထည့်ထားတာရှိကြောင်း၊ ဒါဟာမီးပွားတစ်ခုဖြစ်နိုင်ကြောင်း၊ ဒါကြောင့် ဒီလိုဥပဒေနှစ်ခုကလည်း သွားပြီးတော့ အတူတူတိုက်ဆိုင်နေတယ်ဆိုရင် ကျွန်တော်တို့မှီငြမ်းကိုးကားရတဲ့အခါမှာ ဥပဒေသဘောတရားအရ နည်းနည်းရှုပ်ထွေးမည်ဖြစ်ကြောင်း၊ ဒါကြောင့် မလိုအပ်ဘူး" ဟုဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက "တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ တိုင်းရင်းသားတွေရဲ့ပြည်နယ်နေ့တွေမှာ ရုံးတွေ၊ ကျောင်းတွေပိတ်ပေးသင့်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေဖော်ဆောင်မယ်ဆိုရင် ဒေသခံပြည်ထောင်စုတိုင်းရင်းသားများကို ပွင့်လင်းမြင်သာစွာ ချပြသင့်ပါတယ်" ဟုဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက "တိုင်းရင်းသားလူမျိုးများရေးရာဥပဒေကြမ်းကို ကျွန်တော့်အနေနဲ့ တတိယပုံမှန်အစည်းအဝေးမှာ တင်ခဲ့ပါတယ်။ အခုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ဆီရောက်လာတော့ ၀မ်းသာမိပါတယ်။ ဒီဥပဒေကြမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် တိုင်းရင်းသားကိုယ်စားလှယ်ရရှိထားသော လူမျိုးများလို့ ဖြည့်စွက်လိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်တာတွေ၊ သမိုင်းနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို စူးစမ်းရှာဖွေဖော်ထုတ်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ခြင်းဆိုပြီး ဖြည့်စွက်လိုပါတယ်" ဟုဆွေးနွေးသည်။
စိုးမင်းထိုက် EMG

DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
Photo: Kyaw Lwin Oo, Kyaw Zaw Win/RFA
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူး ကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့  အစိုးရ တပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူး ကြီး စောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင်  ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြော ပါတယ်။

"ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကျိုက်မရော မြို့နယ်ထဲ မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ပေးတာက ဒုဗိုလ်မှူးကြီး စော ဆန်းအောင်မှာ တာဝန်ရှိပါတယ်၊ အဲ့ဒါလာရောက်ဖြေရှင်းဖို့အတွက် ဖုန်းနဲ့ဆင့်ခေါ်ပေမဲ့ ပျက်ကွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူကိုဒီတာဝန်တွေကို ရုပ်သိမ်းပြီးတော့ အဖွဲ့အစည်းက ထုတ်ပယ်တာဖြစ် ပါတယ်"

အစိုးရနဲ့ ဒီကေဘီအေ တပ်တွေအကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားစေပြီး ငြိမ်ချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် အဖွဲ့အစည်းတစ်ခုလုံး တာဝန်ယူဖြေရှင်းဖို့ တာဝန်ရှိတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့အကြား ပစ်ခတ်မှုတွေ ၃ ရက်ကြာ ဖြစ်ပွားခဲ့တာပါ။
RFA

မွန်ပြည်နယ် တိုက်ပွဲတွေအတွင်း အလွတ်သတင်းထောက် တစ်ဦး ပျောက်ဆုံးနေ


လွန်ခဲ့တဲ့လက မွန်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန် အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီးမသန္တာက RFA ကို ပြောပါတယ်။

ကိုပါကြီးဟာ  ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုက်မရောမြို့နယ်အတွင်း ပျောက်ဆုံးသွားခဲ့တာပါ။  ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ မွန်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့ ကျိုက်မရော မြို့ အမှတ် ၂၀၈ တပ်ရင်းကိုသွားရောက်ပြီး၊ နောက် တန်းမှူး ဗိုလ်ကြီး ဆန်းမြင့်အောင်ကို မေးမြန်းခဲ့တယ် လို့ မသန္တာက ပြောပါတယ်။

"သူတို့ကမေးပါတယ် ကျမ ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး ဇနီးပါ၊ ၂၀၈ တပ်ရင်းက ဗိုလ်ကြီး ဆန်းမြင့်အောင် ခေါ်သွား တယ်လို့ နယ်/လုံ ဝန်ကြီးကိုယ်တိုင်ပြောတဲ့စကားတွေအရ ကျမသိရပါတယ်၊ DKBA လို့ယူဆပြီး ဖမ်းတယ်လို့ဆိုပါတယ်၊ ဒါကြောင့် ကျမခင်ပွန်းသည်နဲ့ ပေးတွေ့ပါဆိုတော့ ကျမကပြောတယ်၊ အဲ့ဒါကို သူကကျနော်ဖမ်းစဉ်အခါက ကျနော်ပါပါတယ်တဲ့ ကျနော်မငြင်းပါဘူးတဲ့ ဒါပေမဲ့ အခုဘယ်မှာရှိတယ် ဆိုတာ ကျနော်မသိပါဘူးတဲ့ ကျနော်အထက်မှာ အဆင့်တွေအများကြီး ရှိပါတယ်တဲ့၊ ကျနော်ဘာမှာ မသိပါဘူးတဲ့"

ကိုပါကြီး ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့မရဲစခန်းမှာ အောက်တိုဘာ ၁၉ ရက်နေ့က လူပျောက် မှုဖွင့်ခဲ့ပါတယ်။ ရဲစခန်းက တာဝန်ရှိတစ်ဦးက ကိုပါကြီးကို ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ပြောဆိုကြောင်း မသန္တာက ပြောပါတယ်။

"ကျိုက်မရော ရဲစခန်းမှာ လူပျောက်သွားတိုင်ပါတယ်၊ လူပျောက်သွားတိုင်တဲ့အခါမှာ အဲ့ဒီ ရဲစခန်းက တပ်ကြပ်ကြီးကပြောပါတယ်၊ သူသိတဲ့အချိန်မှာတဲ့ စစ်တပ်ကခေါ်လာတော့ မျက်နှာတစ်ခုတည်း အကောင်းရှိပြီး တစ်ကိုယ်လုံးဒဏ်ရာဟာ မျော့မျော့ပဲကျန်တော့တယ်၊ သူက စစ်တပ်ကိုမေးလိုက်တဲ့ အခါကျတော့ တိုက်ပွဲထဲမှာရလာတဲ့ဒဏ်ရာတွေလို့ ပြောတယ်တဲ့ စစ်တပ်က"

ကိုပါကြီးဟာ အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး သူ့ထံကမှတ်စုတချို့ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး၊ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ နယ်/လုံဝန်ကြီးနဲ့ ကျိုက်မရော ရဲစခန်းကပြောတယ်လို့ မသန္တာ ပြောဆိုပါတယ်။

အခုလို ကိုပါကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အောက်တိုဘာ၂၁ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ  ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်၊ ရွှေဝါရောင်ပညာဒါနကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။
RFA

တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ





သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ် တာ့ဖါဆောင်တပ်စခန်းအား သျှမ်းပြည်တပ်မတော်မှ တပ်ဆုတ် လိုက်သည့်နောက်ပိုင်း အစိုးရတပ်များလည်းတပ်ဆုတ်မည်ဟု လားရှိုးတွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိပေးသော်လည်း တပ်များမဆုတ်သေးဘဲ အင်အားထပ်ဖြည့်နေသည်ဟုဆိုသည်။
အာက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံတပ်ရင်း များက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ စစ်ယာဉ်တန်း ၁၀ စီးထက်မနည်း၊ စစ်သည်အင်အား ၂၀၀ ကျော် ပို့ဆောင်နေသည်ဟု ဒေသခံ များကပြောသည်။


“အခုက တအားထူးခြားတယ်။ အင်အားဖြည့်လာတဲ့ ဗမာတပ်က စစ်ကားကြီးနဲ့ မဟုတ်တော့ဘူး၊ ဆောက်လုပ်ရေးကာနဲ့လာတား၊  စစ်ယူနီဖေါင်းလည်းမဝတ်ဘူး၊  အရပ်ဝတ်နဲ့လာတာ၊  သေနတ်လဲ ဖွက်လာတယ်။ လားရှိုးဘက်က လာတာလဲဒီလိုဘဲ။  ခိုလမ်ဘက်ကနေလာတာလဲဒီလိုဘဲ” -  ဟု ခလရ ၂၈၆ မိုင်းနောင်နှင့်နီးစပ်သည့် သူတဦးကပြောသည်။


ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖါဆောင်တပ်စခန်းတွင်လည်း အစိုးရတပ် အစားထိုးတပ်ချ နေကြောင်း၊ တပ်ဆုတ်မည့်အလားအလာမမြင်ရသည့်အပြင် ဒေသခံများအား သစ်၊ ဝါး၊ သက်ကယ် နှင့် လုပ်အားများ ပေးရန် နေ့စဉ်ဆင့်ဆိုနေကြောင်း ဒေသခံများကပြောသည်။


“ရလခ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်ကပြောတယ်။  တာ့ဖါဆောင်ကို လာတိုက်တဲ့ တပ်စခန်းတွေ ဆုတ် ပေးမယ်တဲ့။ တပ်ရင်း နှစ်ရင်း ဝင်ပြီး ၅ ရင်းထွက်မယ်တဲ့။ ပြန်ထွက်မဲ့အလားအလာမရှိဘူး။ တပ်စခန်း တွေ ခံတုတ်ကျင်းတွေတောင် ပြင်ဆင်နေသေးတယ်။ မိုင်းရှူးဘက်မှာလဲ မိုင်းအွတ်ဘက် စစ်ယာဉ် တန်းကား ၁၀ စီးသွားတယ်။ တန့်ယန်းဘက်ကတော့  ၁၇ ရက်နေ့ကတည်းက ၆ စီးဆင်းလာတာ တွေရှိတယ်” - ဟု ရှေ့တန်းတပ်မှူး တဦးက ပြောသည်။


ရလခ တိုင်းရုံးလက်အောက်ခံ စစ်ဗျူဟာကမူ - ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာအုပ်စု တာဖါဆောင်၊ ပန်စယ့်၊ လွယ်ရွဲ ဒေသ အတွင်းကနေ ၅ ရက်အတွင်း တပ်များအားလုံးဆုတ်ပေးရန်၊ တပ်ဆုတ်ပေးခြင်း မရှိက ပြင်းထန်သည့် တိုက်ပွဲဆင်နွဲတိုက်ခိုက်မည်ဟု SSPP/SSA အား ခြိမ်းခြောက်ထားသည်ဟု ဌာန ချုပ်ရုံးအရာရှိ ဗိုလ်မှူး တဦးကပြောသည်။


သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသည် မှာ သုံးနှစ်ရှိတော့မည်ဖြစ်သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်တန့်နိုင်ခြင်းမရှိသေးဘဲ နယ်မြေကျူးကျော် အခြေချမှုဟု စွပ်စွဲကာ စခန်းသိမ်းတိုက်ပွဲများ အစိုးရတပ်မတော်ဘက်မှ ပြုလုပ်နေဆဲဖြစ်သည်။
သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲစနစ် ၈ မျိုး လွှတ်တော်မှာတင်သွင်း


ပည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေးကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

မဲအများဆုံးရသူ အနိုင်ယူတဲ့စနစ် FPTP ၊ အချိုးကျ ကိုယ်စားပြုစနစ် PR နဲ့ အဲဒီစနစ်နှစ်မျိုးကို ရာခိုင်နှုန်း အမျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ ရွေကောက်ပွဲစနစ်တွေ အပါအဝင် စုစုပေါင်းရွေးကောက်ပွဲစနစ် ရှစ်မျိုး ကို ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင် က တင်သွင်းခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲ စနစ်တွေကို ရွေးချယ်တင်ပြခဲ့တာဖြစ်ကြောင်း၊ အခုရွေးချယ်ထားတဲ့ စနစ်အားလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိနေပေမယ့် အဲဒီစနစ်တွေကို ကျင့်သုံးဖို့ မကျင့်သုံးဖို့ဆိုတာ ကော်မရှင်နဲ့မဆိုင်ပဲ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦး က ပြောပါတယ်။

"နှစ်ပေါင်း ၆ဝ နီးပါး ယနေ့စနစ်ကို ကျင့်သုံးပါတယ်၊ ယနေ့စနစ် မကောင်းဘူးလားမေးရင် ကောင်းပါတယ်၊ ဒီစနစ်ကို ကျင့်သုံးခြင်း မကျင်းသုံးက လွှတ်တော်နဲ့ ပြည်သူ့ရဲ့တာဝန်ပဲ၊ ဘာကြောင့်လဲဆို စနစ်တိုင်း စနစ်တိုင်းမှာ အားနည်းချက်တွေ အားသာချက်တွေရှိကြတယ်၊ ဖွဲ့စည်းပုံပြင်ရမှာတွေလည်းရှိတယ်၊ မပြင်ရမှာလည်းရှိတယ်၊ ဘယ်နေ့မှာကျင့်သုံးပြီးတော့ ဖွဲ့စည်းပုံပြင်ပါလို့ ကော်မရှင်လည်း တာဝန်မရှိပါဘူး၊ ကော်မရှင်က အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို ရှာပြီးတင်ပြတာဖြစ်တယ်"

ဒီနေ့တင်သွင်းတဲ့ ရွေးကောက်ပွဲစနစ် ရှစ်မျိုးကို တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးဖို့အတွက် တင်ပြတာဖြစ် ပြီး၊ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာတော့ ဒီစနစ်တွေကို ကျင့်သုံးမှာ မဟုတ်ဘူးလို့လည်း ဆို ပါတယ်။ အဲဒီ ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအ၀င် စုစုပေါင်း ၁၂၆ မြို့နယ်မှာ အရင်ရွေးကောက်ပွဲစနစ်ဖြစ်တဲ့ FPTP ခေါ် နိုင်သူအကုန်ယူစနစ်ကိုသာ ကျင့်သုံးမှာဖြစ်ကြောင်းသိရပါတယ်။

ရွေးကောက်ပွဲစနစ် ၈ မျိုးနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။
RFA