ကရာချိ ၊ ၉-၁-၂၀၁၅
Tehreek-e-Taliban Pakistan(TTP) အဖွဲ့ခေါင်းဆောင် Mullah Fazlullah အား
ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ဆောင်ရွက်နိုင်မည့် သတင်း အချက်အလက်
အတွက် ဆုငွေအဖြစ် ပါကစ္စတန် ရူပီး ၁ဝ သန်း (အမေရိကန် ဒေါ်လာ တစ်သိန်း) ပေးအပ်
သွားမည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ Khyber-Pakhtunkhwa ပြည်နယ်အစိုးရ
အဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု Newsnow
သတင်းတစ်ရပ် အရ သိရသည်။
ပါကစ္စတန်နိုင်ငံ အနောက် မြောက်ဘက်ရှိ ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်
နာမည်ကျော် လူသိများသည့် စစ်သွေးကြွ ၆၁၅ ဦး၏ စာရင်းကို ပြင်ဆင်
ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း နှင့် ၄င်းတို့၏ သတင်း အချက်အလက်များ အတွက်
ဆုငွေ စုစုပေါင်း ပါကစ္စတန် ရူပီး သန်း ၇၆၀ ( အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ သန်း )
ပေးအပ် သွားမည် ဖြစ်ကြောင်း ပြည်နယ် ပြန်ကြားရေး ဝန်ကြီး Mushtaq Ghani က
အတည်ပြု ပြောကြား ခဲ့သည်။
အဆိုပါ စာရင်းတွင် Khyber ခရိုင်အတွင်း ၌ စစ်ဆင်ရေး ဆောင်ရွက်လျက် ရှိသော
တာလီဘန် အဖွဲ့နှင့် အဆက်အသွယ် ရှိသည့် Lashkar-e-Islam စစ်သွေးကြွ
အဖွဲ့ခေါင်းဆောင် Mengal Bagh လည်း ပါရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့
အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
လာမည့် ရက်သတ္တပတ် များအတွင်း စစ်သွေးကြွ အကျဉ်းသား ၅ဝဝ ဦးအား ကြိုးပေး
ကွပ်မျက်ရန် စီစဉ်ထားကြောင်း ပါကစ္စတန် တာဝန်ရှိသူ များက ပြောကြား ခဲ့သည်ဟု
သိရှိရသည်။
#PyiChitThar