Headlines News :
Home » » ထားဝယ်တွင် မူယစ်ဆေးပျံ့နှံမှု အထက်တန်းကျောင်းအထိ ရောက်

ထားဝယ်တွင် မူယစ်ဆေးပျံ့နှံမှု အထက်တန်းကျောင်းအထိ ရောက်

Written By Live100 on Wednesday, September 16, 2015 | 8:13 PM


ထားဝယ်၊ စက်တင်ဘာ ၁၆

ထားဝယ်ဒေသအတွင်းရှိ တက္ကသိုလ်များသာမက ထားဝယ်မြို့ပေါ် အထက်တန်းကျောင်းအချို့မှ ကျောင်းသားထုအတွင်းအထိပါ မူးယစ်ဆေးဝါးသုံးစွဲမှု ကျယ်ပြန့်လာကြောင်း ထားဝယ်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသူ/ကျောင်းသားအသိုင်းအ၀ိုင်းထံမှ သိရသည်။

ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်နေသော ၉ တန်းကျောင်းသားတစ်ဦးထံက ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က WY စိတ်ကြွဆေးပြား ၁၀၄ ပြားဖမ်းမိခဲ့ပြီး ယင်းသို့ ဖမ်းဆီးရမိသည်ကို ကြည့်ခြင်းဖြင့် ကျောင်းသားကျောင်းသူများအတွက် စိုးရိမ်စရာဖြစ်လာသည်ဟု ထားဝယ်လူမှုအဖွဲ့အစည်းအချို့နှင့် ကျောင်းသားမိဘအချို့ ကပြောသည်။

“အခုဖမ်းမိတဲ့ ပမာဏကို ကြည့်ရတာနဲ့တင် တော်တော်ရင်လေးစရာကောင်းနေပြီ” ဟု ထားဝယ်တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

အထက်တန်းကျောင်းများတွင် ယင်းသို့ မူးယစ်ဆေးဝါးပျံ့နှံ့လာခြင်းမှာ မူးယစ်ဆေးဝါနှင့်ပက်သက်သည့် တာဝန်ရှိသူများ၊ ကျောင်းတာဝန်ရှိသူများ၏ အားနည်းချက်ကြောင့်ဖြစ်သည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။

 “စီးကရက်ဘူးက ခဲစက္ကူကို လိပ်ပြီး ဒီကိုဂျင်၊ ပါရာစီတမော ဆေးတွေကို ထည့် ပြီးတော့ အောက်က မီးခြစ်ခြစ်ပြီး အပေါ်ကဘောပင်ပြောင်းနဲ့ စုပ်နေတာကို အိမ်သာမှာတွေ့ဖူးတယ်။ တတ်နိုင်တဲ့သူတွေက ဆေးပြားအစစ်တွေသုံးတာတွေ့ဖူးတယ်” ဟု ထားဝယ်မြို့ပေါ် အထက်တန်းကျောင်းတစ်ကျောင်းက ၉ တန်းကျောင်းသားတစ်ဦးက ပြောသည်။

အ.ထ.က (၁) ထားဝယ်ကျောင်းတွင် ကျောင်းတက်ချိန်နောက်ကျမှ ရောက်လာသည့် ၉ တန်း ကျောင်းသားတစ်ဦးကို အတန်းပိုင်ဆရာမက စစ်ဆေးရာ ဆေးပြား ၁၀၄ ပြားတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကို အကြောင်းကြားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ WY ဆေးပြားများဖြစ်နေသည်ကို တွေ့ရကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းဆေးပြားများကို အိုးလုပ်ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦးက ကျောင်းသားလက်ထဲကို ကျောင်းလွှတ်ချိန်တွင် လာယူသူတစ်ဦးအားပေးရန် ထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရ၍ ကျောင်းလွှတ်ချိန်ဆေးပြားလာယူသူ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းမိခဲ့သော်လည်း ဆေးပြားကို ထည့်ပေးလိုက်သူမှာမူ တိမ်းရှောင် ထွက်ပြေးနေဆဲ ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ကျောင်းသားနှင့် အပေါင်းပါနှစ်ဦးကို ထားဝယ်မြို့မ ရဲစခန်းက မူး/စိတ်ပုဒ်မ ၁၅/ ၁၉-က/ ၂၂-ဂ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များတွင် မူးယစ်ဆေးပျံ့နှံ့မှု ပိုမိုများပြားလာသော်လည်း အများအားဖြင့် လက်လီရောင်းချသူများ၊ သုံးစွဲသူများကို ဖမ်းမိလေ့ရှိပြီး အဓိက လက်ကားဖြန့်ဝေသူကို ဖမ်းမိခြင်းမရှိပေ။

“အချို့ဆိုရင် မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို ရောင်းခိုင်းနေတယ်ဆိုတာမျိုးတွေ အထိ ကြားလာရတယ်”ဟု ထားဝယ်မြို့ပေါ်မှ ကုန်သည်တစ်ဦး က ဆိုသည်။ 


Dawei Watch |



Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template