Headlines News :
Home » » ထားဝယ်မြို့နယ်အတွင်း အရပ်သားတစ်ဦး မိုင်းနင်းမိ

ထားဝယ်မြို့နယ်အတွင်း အရပ်သားတစ်ဦး မိုင်းနင်းမိ

Written By Live100 on Monday, September 14, 2015 | 8:57 PM



 စက်တင်ဘာ ၁၄ရက်၊ ၂၀၁၅ခုနှစ်။

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ ထားဝယ်-ထီးခီးလမ်းအတွင်းဘက် လာထော်ကျေးရွာအနီး၌ စက်တင် ဘာလ ၁၃ရက်နေ့ ညသန်းခေါင်းယံအချိန်တွင် မြေမြှုပ်မိုင်းနင်းမိကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ မေတ္တာမြို့တွင် နေထိုင်သူ အသက် (၅၀)အရွယ်ရှိ စောဆာဝါးဖြစ်ပြီး ၎င်း၏တူဖြစ်သူနှင့်အတူ တောကြောင်လိုက်ရင်း နင်းမိသွားခြင်းဖြစ်ကြောင်း KNU ထားဝယ်ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုစောဝင်း ခိုင်က အတည်ပြု ပြောကြားသည်။

မြေမြုပ်မိုင်း ထိမှန်မှုကြောင့် စောဆာဝါး၏ ညာဘက်ယာခြေကျင်းဝတ်မှာ ကြေမွပြတ်ထွက်ဒဏ်ရာနှင့် ဘယ်ခြေထောက်မှာ အနည်းငယ် ထိခိုက်ရရှိသည့်အတွက် စက်တင်ဘာလ ၁၄ရက်(ယနေ့) မနက် ၈နာရီအချိန် ထားဝယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။

ယခုဖြစ်ပွားသည့်နေရာမှာ KNU ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ရှိ KNLA တပ်ရင်း(၁၀) လှုပ်ရှားရာ နယ်မြေအတွင်းဖြစ် ပြီး ယခုနှစ်အတွင်း ကလေးတစ်ဦး အပါအ၀င် မြေမြုပ်မိုင်းနင်းမိသူ အရပ်သား (၃)ဦးရှိကြောင်း သိရသည်။

အဆိုပါနယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေးမတိုင်မှီ တိုက်ပွဲဖြစ်ပွားသည့်အချိန်က အစိုးရတပ်နှင့် KNU ဘိတ်-ထားဝယ်ခရိုင် တို့ နှစ်ဖက် အပြန်အလှန် မြေမြုပ်မိုင်း အသုံးပြုမှုများရှိနေပြီး ယနေ့အထိ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို မလုပ်ဆောင်နိုင်သေး ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများက ပြောဆိုထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့ကလည်း အဆိုပါဒေသ၌ တောင်ပိုင်းတိုင်းမှူးလမ်းကြောင်းအတွက် လမ်းလုံခြုံရေးယူနေသည့် အစိုးရတပ်မှ တပ်ခွဲတပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template