Headlines News :
Home » » ကျပ် သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU Debit ကတ်ဝန်ဆောင်မှု စက်တင်ဘာလ ၁ရက်နေ့ စတင်မည်

ကျပ် သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU Debit ကတ်ဝန်ဆောင်မှု စက်တင်ဘာလ ၁ရက်နေ့ စတင်မည်

Written By လွင့်မောင်မောင် on Saturday, August 18, 2012 | 2:53 PM



Saturday, 18 August 2012 11:42

ကျပ် ၁၀၀၀၀မှ ကျပ်သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU (Myanmar Payment Union)Debit ကတ်ဝန်ဆောင်မှုကို စက်တင်ဘာလ ၁ရက်နေ့တွင်  စတင်မည်ဖြစ်ကြောင်း Myanmar  Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သတင်းရရှိပါသည်။

"Debit ကတ်အဖြစ် အသုံးပြုနိုင်မယ့် MPU ကတ်တွေကို စတင်တော့မှာပါ။ ဘဏ်အသီးသီးက အေတီအမ်စက်တွေမှာ ငွေထုတ်ယူနိုင်သလို MPU ကတ်လက်ခံတဲ့ ဆိုင်တွေမှာ ဈေးဝယ်နိုင်မှာပါ''ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်ကလည်း ''ဘဏ်တချို့ကတော့ စက်တင်ဘာလ ၁ ရက်နေ့ စမှာပါ။ ကျွန်တော်တို့ဘဏ်လည်း စသုံးမှာဖြစ်ပေမယ့် စမ်းသပ်နေဆဲဖြစ်တာကြောင့် အများပြည်သူအကုန်လုံးကို ၀န်ဆောင်မှုပေးဦးမှာ မဟုတ်ဘူး။ စိတ်ချရပြီဆိုတာနဲ့ ၀န်ဆောင်မှုပေးမှာပါ။ အချိန်ကွာဟမှုနည်းအောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေ ပါတယ်''ဟု ရှင်းပြပါသည်။
Myanmar Payment Union စီမံခန့်ခွဲမှုကော်မတီကို ၂၀၁၁ခုနှစ် စက်တင်ဘာ ၁၅ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင် ၁၇ ဘဏ်ရှိပါသည်။ ယခု  MPU ကတ်ကို  Debit ကတ်နှင့် အေတီအမ် ကတ်အဖြစ်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး လာမည့်နှစ်များအတွင်း Credit ကတ်၊ Smart ကတ်များအဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်နေကြောင်းနှင့် VISA ၊ MASTER ၊ AMERICAN EXPRESS ၊ ဂျပန် JCB ၊ တရုတ် CUP ကဲ့သို့ နိုင်ငံတကာကတ်များ၊ နိုင်ငံခြားကတ်များကိုလည်း ၂၀၁၃ခုနှစ်တွင် Myanmar Payment Union Network နှင့် ချိတ်ဆက် အသုံးပြုနိုင်ရန်နှင့် မြန်မာ MPU ကတ်ကိုလည်း နိုင်ငံတကာတွင် သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရပါသည်။
MPU ကတ်စတင်မည့်အချိန်တွင် ယခင်ဘဏ်များမှ ထုတ်ဝေပေးထားသော အေတီအမ်ကတ်ကိုင် ဆောင်ထားသူများသည် သက်ဆိုင်ရာဘဏ်များ၌ MPU ကတ်နှင့် ပြန်လည်လဲလှယ်ရန် လိုအပ်မည်ဖြစ်ပြီး ဘဏ်များက အခမဲ့ လဲလှယ်ပေး  သွားမည်ဖြစ်ကြောင်းနှင့် MPU ကတ် သုံးစွဲခကိုလည်း ကတ်အသုံးပြုသူထံမှ ကောက်ခံမည်မဟုတ်ဘဲ ကတ်လက်ခံအသုံးပြုမည့် ကုန်သည်အရောင်းဆိုင်များထံကသာ ၁ရာခိုင်နှုန်း ကောက်ခံသွား မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်းအထိ အေတီအမ်ကတ်နှင့် Credit ကတ် အသုံးပြုခဲ့ဖူးပြီး၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။ ၁၁ နှစ်ဝန်းကျင်အကြာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အေတီအမ်ကတ် အသုံးပြုခွင့် ပြန်လည်ပေးအပ်ခဲ့ပြီး ယခု ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ်စနစ် စတင်မည်ဖြစ်ပါသည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template