Headlines News :
Home » » ဝက်ဘ်ဆိုက်များတွင် တက္ကသိုလ်အတုအယောင် ရှိနေသည့်အတွက် အွန်လိုင်းမှတစ်ဆင့် ကျောင်းလျှောက်ထားသူများ သတိရှိရန်လို

ဝက်ဘ်ဆိုက်များတွင် တက္ကသိုလ်အတုအယောင် ရှိနေသည့်အတွက် အွန်လိုင်းမှတစ်ဆင့် ကျောင်းလျှောက်ထားသူများ သတိရှိရန်လို

Written By လွင့်မောင်မောင် on Wednesday, August 15, 2012 | 1:13 AM

အွန်လိုင်းပေါ်တွင် လွှင့်တင်ထားသော တက္ကသိုလ်အတုအယောင်များ ရှိနေသည့်အတွက် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ အွန်လိုင်းမှ ကျောင်းလျှောက်ရာတွင် အထူးသတိထားကြရန် လိုအပ်လာကြောင်း သိရသည်။ အွန်လိုင်းပေါ်မှ Glastonbury University အမည်ဖြင့် လွှင့်တင်ထားသော ဝက်ဘ်ဆိုက်တစ်ခုကို ဖယ်ရှားပစ်ခဲ့ရသော ဖြစ်စဉ်တစ်ခု အင်္ဂလန်နိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း အင်္ဂလန် လူဝင်မှုကြီးကြပ်ရေး UKBA မှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ Crown Education မှ သိရသည်။ ပစိဖိတ်အနောက်ဘက် ကမ်းခြေဒေသတွင်ရှိသော နိုင်ငံမှ ကျောင်းလျှောက်ထားမည့် ကျောင်းသားများကို ပစ်မှတ်ထားဟန်ရှိသည့် အဆိုပါ ဝက်ဘ်ဆိုက် လွှင့်တင်ထားသော တက္ကသိုလ်အတုကို ကျောင်းသား တစ်ယောက်မှ Glastonbury University ဘွဲ့အတွက် ကျောင်းလျှောက်ထားလိုကြောင်း လျှောက်လွှာ လက်ခံရရှိခဲ့သည့် လန်ဒန်တက္ကသိုလ်တစ်ခုမှ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ “အခုလို နည်းပညာ အရမ်း တိုးတက်လာတဲ့အချိန်မှာ ဒီလို အဖြစ်အပျက်မျိုးတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေ သတိထားဖို့ လိုပါတယ်။ အင်တာနက် ဝက်ဘ်ဆိုက်တွေကိုပဲ အားကိုးပြန်ရင်လဲ အခုလို အဖြစ်အပျက်မျိုးတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ ပညာရေး အတိုင်ပင်ခံတွေ ဆီမှာ မေးမြန်းပြီး အကြံဥာဏ် ရယူစေချင်ပါတယ်” ဟု ဦးအောင်ကျော်ဆန်းက ပြောသည်။ FaceBook တွင် http://www.facebook.com/pages/Glastonbury-University/120587314663947 ဟု ဖော်ပြထားကြောင်း သိရသည်။ Som-erset Council တာဝန်ရှိသူများမှ ယင်းဆိုက်၏ ဒိုမိန်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မက်ထရိုပိုလီတန် ရဲအရာရှိများက ၎င်းဝက်ဘ်ဆိုက်ကို ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံရပ်ခြားရှိ ကုမ္ပဏီတချိုနှင့် Florida FBI တို့ကပါ ပါဝင်စုံစမ်း စစ်ဆေးပေးခဲ့ရပြီး ဖော်ပြပါ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အဆောက်အအုံ၏ပုံမှာ University of Leicester မှ ပိုင်ဆိုင်သော စာကြည့်တိုက်၏ ပုံဖြစ်ပြီး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော လိပ်စာမှာလည်း မြို့လယ်ရှိ အခန်းလွတ် ရုံးခန်းတစ်ခန်း ဖြစ်နေကြောင်း သိရသည်။ “အွန်လိုင်းပေါ်မှာ၊ ဖေ့စ်ဘွတ်ခ်မှာလဲ လွှင့်ချင်တာတွေ၊ တင်ချင်တာတွေ အကုန်လုံးလုပ်လို့ ရနေတော့ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ဖို့ဆိုတာ တော်တော် လွယ်ကူပါတယ်။ နည်းပညာ တိုးတက်လာတာနဲ့အမျှ ကောလာဟလ သတင်းတွေဆိုတာ တော်တော် ပျံ့နှံ့လွယ်ပါတယ်။ ဒါကြောင့် လူငယ်တွေ သတိထားစေချင်ပါတယ်။ အွန်လိုင်းကိုလဲ အကျိုးရှိရှိ အသုံးချတတ်ဖို့လိုသလို ကိုယ်တိုင်ကလဲ နည်းပေးလမ်းပြ မဖြစ်အောင် သတိထားရပါမယ်” ဟု ကွန်ပျူတာ ကျွမ်းကျင်သူ နည်းပညာရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template