အိအိမွန် နဲ့ အိအိချွန် ညီအစ်မနှစ်ဦး က သူတို့ နှစ်ဦးမွေးဖွား ကြီးပြင်းခဲ့တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦး မြို့
နယ်ရှိ ထန်းတောဗော ဓိကျေးရွာ မှာ စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းခြင်း နဲ
့ရေပေးဝေ လှူဒါန်း ခြင်း အပြင် စာကြည့်တိုက်ဆောက် လုပ် လှူဒါန်းပေး ပြီး စာ
သင်ကျောင်း ရှိ အိမ်ရာ များ ကို ပါ အဆင့်မြှင့် တင်ပေးသွား မှာဖြစ်တယ်
လို့ အိအိမွန် နဲ့ အိအိချွန် ညီအစ်မနှစ်ဦး ကပြော လာပါတယ်။ ”ငယ်ငယ်တုန်း
ကနေခဲ့တဲ့ ကျောင်းလေး မှာ ညီအစ် မနှစ်ယောက် ရ ထား တဲ့ အနု ပညာ ကြေးတွေ ကို
စုပြီးတော့ လှူဒါန်းဖြစ် တာပါ။ ငယ်ငယ်တုန်း ကတော့ ကျောင်းတက် ဖို့ အတွက်
ဒုက္ခတွေ လည်းရောက်ခဲ့ ရတယ်။ စာ သင် ချိန်တွေ ကို လည်း ကောင်းကောင်း
မသင်ခဲ့ရဘူး။ အဲဒါကြောင့် အခု လာတဲ့ ကလေးတွေကို ကျွန်မတို့ လို မဖြစ်စေချင်
ဘူး။ မြို့မှာဆိုရင် တအား တိုးတက်နေပြီ။ ကျွန်မတို့ တက်ခဲ့ ရတဲ့၊
နေခဲ့ရတဲ့ကျောင်းလေး ကို လည်း တိုးတက်စေ ချင်တဲ့ အတွက် ထောက်ပံ့ လှူဒါန်း
ပေးတာပါ” လို့ အိအိ မွန် ကပြော ပါတယ်။ စာ သင်ကျောင်း နဲ့ ကျောင်း စာကြည့်
တိုက် အစစ အရာ ရာ အားလုံးကို ဆောက်လုပ်ပြီးစီး သွားပြီဖြစ် တဲ့အတွက်
ဖွင့်ပွဲ ကိုတော့ သြဂုတ် ၁၅၊ ၁၆ ရက်လောက် မှာ ပြုလုပ် သွား ဖို့ရှိမှာ
ဖြစ်တယ် လို့ အိအိမွန် က ဆက်လက်ပြောပြ ပါတယ်။ ”အားလုံး ကိုတော့ ဆောက်လုပ်
ပြီး စီး သွားပြီ။ ဖွင့်ပွဲ လုပ်ဖို့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဗိုလ် ချုပ် သာအေး ကိုယ်တိုင် လာ ဖွင့်ပေးမှာ ဆိုတော့
သူ့ကိုစောင့် နေ တာပါ။ သူအားတဲ့ ရက် အပေါ် ကို မူတည် ပြီးတော့ လုပ်ရမှာပါ”
လို့ပြော ပါတယ်။ အိအိ မွန်၊ အိအိ ချွန် ညီအစ်မနှစ် ဦးအနေ နဲ့ ပရိ သတ် တွေ
ဆီက ရရှိတဲ့ အနုပညာငွေကြေးနဲ့ တတ် နိုင် သလောက် လှူဒါန်းမှုတွေ ကိုပြုလုပ်
သွား မှာဖြစ်တဲ့ အတွက် ပရိသတ်တွေ ရဲ့ ကျွေးမွေး တဲ့ အနု ပညာငွေကြေး များ
ကို အလဟဿ မဖြုန်းတီးပြစ်ပါ ဘူး လို့ အိအိမွန် ကပြောပါ တယ်။ ”အခု လို
ပရိသတ်တွေ ဆီကရတဲ့ အနုပညာငွေကြေးနဲ့ လှူရတာ ဆိုတော့ တအား လည်းဝမ်းသာ တယ်။
ဒီထက်မက လည်း ထပ် ပြီးတော့ လှူဒါန်း ချင်တယ်။ ကိုယ် တတ်နိုင် သလောက်တော့
လှူဒါန်းချင် တယ်။ အခု ကျောင်း မှာ ကျောင်းဆေးခန်းလေး လိုအပ် တယ်။ အဲဒါလေး
ကိုလည်း ထပ်လုပ်ဖို့ အတွက် စီစဉ်နေပါ တယ်” လို့ အိအိမွန် က လှူဒါန်း မှု နဲ့
ပတ်သက် ပြီး ပြောပြခဲ့ ပါတယ်။
ထက်လူ
Popular Journal
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago