Headlines News :
Home » » ပြည်သူလူထု ပျောက်နေသော လွှတ်တော် -

ပြည်သူလူထု ပျောက်နေသော လွှတ်တော် -

Written By လွင့်မောင်မောင် on Friday, August 17, 2012 | 12:58 AM

ဆောင်းပါးရှင်-ကိုထိုက်

မြန်မာပြည်ရဲ့ လွှတ်တော်မှာ ဥပဒေဟောင်းတွေကို ပြင်ဆင် ပယ်ဖျက်တာ လုပ်ဖို့ အဆိုတင်သွင်းရင် ... "ခေတ်နဲ့ မလျှော်ညီတော့တာကြောင့်" ဆိုတာရယ်၊ "လူ့အခွင့်အရေး ရှု့ထောင့်အရ မသင့်လျှော်တာကြောင့်" ဆိုတဲ့ စကားလုံးတွေနဲ့ အကြောင်းပြတယ်။

ပယ်ချတဲ့ လူတွေက .. "အဆိုကောင်း ဖြစ်လို့ မှတ်တမ်းတင်ထားပါတယ်" "လူ့အခွင့်အရေးကို ထိခိုက်မှု မရှိဘူး" "နိုင်ငံတော် လုံခြုံရေးအရ" "မလိုအပ်သေးတာကြောင့် ပြုပြင်ဖို့ အစီအစဉ် မရှိသေးပါကြောင်း" တို့နဲ့ ပယ်ချတယ်။

ဒီတော့ဗျာ ..အဲဒီလွှတ်တော်ထဲက ဆွေးနွေးခန်းတွေမှာဘာပျောက်နေသလဲဆိုတော့"ပြည်သူလူထု" ပျောက်နေတယ်။
လွှတ်တော် အဝင်ဝမှာတော့ "ပြည်သူ့လွှတ်တော်" တို့ .. လွှတ်တော်ဟာ ပြည်သူအတွက်လို့ အဓိပ္ပါယ်ရတာတွေ ရေးထားတယ်။ ကိုယ်စားလှယ်တွေကလည်း .. အရွေးမခံရခင်က "ပြည်သူအတွက် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်" ဆိုပြီး စည်းရုံးတယ်။ ဒါပေမယ့် ဆွေးနွေးခန်းမှာ တင်ပြ ဆွေးနွေးကြရင်တော့ "ပြည်သူလူထု" ဆိုတာ လုံးဝကို ပျောက်နေတယ်။

အနောက်နိုင်ငံတွေရဲ့ ထုတ်ကုန်ဖြစ်တဲ့ လူ့အခွင့်အရေးကိုပဲ ကျယ်ကျယ်လောင်လောင် အော်နေကြပြီး (အသံကျယ်နေကြပြီး တကယ် လိုက်နာသလားဆိုတာလည်း မေးစရာ) ... အဲဒီ "လူ့အခွင့်အရေး" ထက် မသာတာတောင်၊ မလျော့ကျဘဲ မြန်မာပြည်သူလူထုနဲ့ လိုက်လျော ညီထွေဖြစ်စေတဲ့ မြန်မာ့လူမှု လူ့အဖွဲ့အစည်းရဲ့ "ကိုယ်ကျင့်တရား" တို့ "ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့" စတာတွေကို ရည်ညွှန်း ပြောဆိုတာလည်း မတွေ့ရဘူး။

ဥပမာဗျာ ... "ခေတ်နဲ့ မလျှော် ညီတော့တာကြောင့်" ဆိုတဲ့ နေရာမှာ "ပြည်သူလူထုအတွက် အကျိုးမဖြစ်၊ အကျိုးယုတ်စေတာကြောင့်" တို့ ... "ကိုယ့်ကျင့်တရား၊ လောကပါလ တရားအပြင်၊ မြန်မာ့ ထုံးတမ်း အစဉ်အလာ" စတာတွေ ဆန့်ကျင်နေတာကြောင့် ပြင်ဆင် ပယ်ဖျက်ဖို့ ဆွေးနွေးပါတယ် ... စတဲ့ အကြောင်းပြချက်တွေနဲ့ ကျယ်ကျယ်ပြန့် ဆွေးနွေးတာကို မတွေ့ရဘူး။ ဒီတော့ ... လွှတ်တော် ဆွေးနွေးခန်းတွေဟာ အနှစ်သာရ ပျောက်နေတယ်။ "ပြည်သူလူထု" နဲ့ "ကိုယ်ကျင့်တရား (Ethic)" စတာတွေ ပျောက်နေတယ်။

ပယ်ချတဲ့ လူတွေကို ကြည့်ပြန်တော့လည်း "နိုင်ငံတော် လုံခြုံရေးအရ" တို့၊ "အစီအစဉ် မရှိသေးပါ" တို့၊ "အဆိုကောင်းဖြစ်လို့ မှတ်တမ်းတင်တယ်" တို့နဲ့ ပြီးနေတာပဲ။ ဘယ်မှာလည်း ပြည်သူလူထု အတွက်။

"နိုင်ငံတော် လုံခြုံရေးအရ" ဆိုပြီး ပြည်သူလူထုကို ခိုင်လုံတဲ့ သက်သေ အကြောင်းပြချက် မရှိဘဲ အချိန်မရွေး ဖမ်းလို့ရတဲ့ "၅ည" လို ဥပဒေမျိုးကို ပယ်ဖျက်ဖို့ဆိုရင် .. "ကိုယ်ကျင့်တရား" "တာဝန်ဝတ္တရား ကျေပွန်စွာ ထမ်းဆောင်ခြင်း" စတဲ့ စကားလုံးတွေနဲ့ ဆွေးနွေးတာလည်း မတွေ့ရဘူး။

ပြည်သူ တစ်ယောက်ကို မသင်္ကာလို့ သက်သေမခိုင်လုံဘဲ ဖမ်းတယ်ဆိုကတည်းက ဖမ်းခံရတဲ့ ပြည်သူရဲ့ သိက္ခာကို ထိခိုက်အောင် ပြုလုပ်တာ ဖြစ်ပြီး .. ဖမ်းဆီးတဲ့ အဖွဲ့အစည်းရဲ့ "ကိုယ်ကျင့်တရား" ဟာ ပျက်ယွင်းတယ် ဆိုတဲ့ ရှု့ထောင့်ကနေ ဆွေးနွေးတာလည်း မတွေ့ရဘူး။

ဒါ့အပြင် "နိုင်ငံတော် လုံခြုံရေးအရ" ဆိုပေမယ့် .. နိုင်ငံတော် လုံခြုံရေးကို တာဝန်ယူဖို့ လစာ ရိက္ခာ ယူထားတဲ့ "စစ်တပ်" "ရဲ" "ထောက်လှမ်းရေး" "လုံထိမ်း" စတဲ့ အဖွဲ့တွေကို ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ငွေတွေ ပေးပြီး ခိုင်းထားတာ ဖြစ်တယ်။ ဒီလူတွေဟာ နိုင်ငံတော် လုံခြုံရေးအတွက် မိမိတို့ရဲ့ "တာဝန် ဝတ္တရား" တွေကို ထမ်းဆောင်ရာမှာ .. ပြည်သူလူထုကို မထိခိုက်စေဘဲ "တာဝန်ကျေပွန်စွာ" ထမ်းဆောင်နိုင်ရမှာ ဖြစ်တယ်။ အဲဒီ လူတွေ စိတ်ထင်တိုင်း ဖမ်းချင်တိုင်း အဖမ်းခံရဖို့အတွက် ပြည်သူတွေက အဲဒီလူတွေကို လစာ၊ ရိက္ခာ ပေးထားတာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေကို မသင်္ကာတိုင်း သက်သေ မခိုင်လုံဘဲ ဖမ်းခွင့်ရှိတဲ့ ဥပဒေတွေကို အပြီးတိုင် ဖျက်သိမ်းရမှာ ဖြစ်တယ် ... စသဖြင့် ဆွေးနွေးနိုင်စရာ အများကြီးပါပဲ။

အခုတော့ ....

၁။ ပြည်သူကို ဗဟိုပြု စဉ်းစားတဲ့ အတွေးအခေါ်

၂။ ကိုယ်ကျင့်တရားကို ဗဟိုပြုတဲ့ အတွေးအခေါ်

၃။ တာဝန် ဝတ္တရားကို ဗဟိုပြုတဲ့ အတွေးအခေါ်

၎။ မြန်မာ့ရိုးရာ ထုံးတမ်း အစဉ်အလာကို ဗဟိုပြုတဲ့ အတွေးအခေါ်

စတဲ့ အတွေးအခေါ်တွေဟာ လွှတ်တော်ထဲမှာ လုံးဝဆိတ်သုဉ်းနေတာဟာ ပြည်သူတွေအတွက်ရင်လေးစရာသာ ဖြစ်ပြီး ... လက်ရှိ အစိုးရနဲ့ လွှတ်တော်ဟာ .. အနည်းငယ် ပြောင်းလဲတာက လွဲရင် ... စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်တွေနဲ့ ကွာခြားမှု မရှိသေးပါကြောင်း .... ။

ကိုထိုက် facebook
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template