ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ မနက် ၂ နာရီမှာ ခုတ်မောင်း
ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ်
ထွက်ပြေးတိမ်းရှောင် သွားကြတဲ့အတွက် အဲဒီစက်လှေကို ကုလားချောင်း
ကျေးရွာသားတွေက ဒီကနေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ
သွားရောက် အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်း ရဲစခန်းမှူး ဦးဝင်းသန်းကို RFA က
ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ
ဖုန်းချသွားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီ ဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ်
ဘာသာနဲ့ ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ် ၁ အုပ်၊ စက်လှေလိုင်စင်လို့ ယူဆရတဲ့
စာအိတ် ၁ အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။RFA Burmese
ရသေ့တောင်မြို့  |