
ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့အတူ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (ဦးထုပ်ဖြူနှင့်)
စစ်တပ်က မနက်ဖြန် အဆိုပြုမယ့် ဒုသမ္မတတယောက်က ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်လိမ့်မယ် တဲ့။
ဒုသမ္မတ အဖြစ်ကနေ အနားယူသွားတဲ့ သီဟသူရဦးတင်အောင်မြင့်ဦး နေရာ အစားထိုးဖို့ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက ဒုသမ္မတဖြစ်လာမယ်လို့ သေချာသလောက် ရှိခဲ့ပြီးမှ
သူ့မိသားစုဝင်ထဲကတဦးဟာ ပြည်ပနိုင်ငံသားခံယူမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒီအချက်ဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကိုက်ညီမှု မရှိတာကြောင့် ဦးမြင့်ဆွေကို ဒုသမ္မတတာဝန်ပေးရေး ပျက်ခဲ့ရတာပါ။

အခု ရေပန်းစားနေပြန်တဲ့သူကတော့ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းပါ။
အချိန်အတန်ကြာမှ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း သတင်းကြီးလာပုံထောက်တော့ သူဟာ အခြေခံဥပဒေပါ ဒုသမ္မတစည်းကမ်းချက်များနဲ့ ကိုက်ညီမယ်လို့ ယူဆရပါတယ်။
သတင်းတွေမှာ သူ့အကြောင်း အများကြီး မရှိပါဘူး။
ဧရာဝတီမှာ ဖော်ပြခဲ့သမျှကလည်း သူ့ရဲ့ တရားဝင်ခရီးစဉ်များအကြောင်းပဲ ဖြစ်ပါတယ်။
လေ့လာလိုသူများအတွက် လင့်တွေကို စုစည်းပေးလိုက်ပါတယ်။

ဒု သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတဲ့ သတင်းမှာ အခုလို တွေ့ရပါတယ်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ရာထူးအတွက် တပ်မတော်သားအရာရှိကိုသာလျှင် ပေးအပ်မယ်လို့ သိရှိထားတာကြောင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်နိုင်ခြေများတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဟာ အငြိမ်းစားယူဖို့နီးကပ်နေပြီး တပ်မတော်ရဲ့ အစဉ်အလာအရလည်း ဒု သမ္မတ ဖြစ်ထိုက်တဲ့ အတွေ့အကြုံများရှိ နေကြောင်း ဦးအောင်သောင်း က ဆိုပါတယ်။
၂၀၁၀ ဖေဖော်ဝါရီ - အိန္ဒိယခရီး
၂၀၁၁ နိုဝင်ဘာ - ကာချုပ် မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ပါဝင်
၂၀၁၁ ဒီဇင်ဘာ - ဘင်္ဂလားဒေ့ရှ်ခရီး
၂၀၁၂ မတ် - တရုတ်ပြည်သို့ တပတ်ကြာ သွားရောက်
၂၀၁၂ ဇွန် - ပါကစ္စတန်ခရီး

ဧရာဝတီ blog