Headlines News :
Home » , » အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ လွှတ်တော်အမတ်များငိုက် မနေကြရန်သတိပေး
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ လွှတ်တော်အမတ်များငိုက် မနေကြရန်သတိပေး
Written By လွင့်မောင်မောင် on Monday, August 13, 2012 | 11:16 AM
အမျိုးသားလွှတ်တော်စတုတ္ထအကြိမ်တွင်ထွင်ကျန် ရစ်ခဲ့သော အဖြစ်အပျက်တစ်ခုအဖြစ် 
   (၂၄ )ရက် မြောက်နေ့တွင် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခြား သမိုင်း တွင်ခဲ့သည့်အဆုံးအဖြတ်တစ်ခုဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှပြောကြား လိုက်ကြောင်းကို တင်ပြလိုက်ပါသည်။
(၁)ထောက်ခံမဲ၊ကန့် ကွက်မဲတူညီခဲ့ရ၍ လွှတ်တော်ဥက္ကဋ္ဌမဲပေးခဲ့ရသော ဥပဒေမူကြမ်း
(၂)အလုပ်ရှင်ဘက်ကနေမှားယွင်းတင်ပြခဲ့သောအပိုဒ်(၃၈)
လွှတ်တော်တွင်တင်ပြခဲ့သောဒေါက်တာခင်ရွှေ၏ အပိုဒ်(၃၈)အရအဆိုတင်သွင်းချက်များမှာလည်းအလုပ်သမားနှင့်အလုပ်ရှင်ကြား မတူညီသောအချက်များအဖြစ်ပုံဖော်၍ ကြည့်မိပါသည်။ ဥက္ကဋ္ဌကြီးကပြောသောအလုပ်ရှင်ဦးခင်ရွှေမှ မေးမြန်းရာ
ဦးခင်ရွှေ- ကျွန်တော်တို့ အလုပ်ရှင်  တွေ လုပ်ရကိုင်ရတာ အတော်လေး ကြပ်သွားပါတယ်။
ဥက္ကဋ္ဌ- ဘယ်အပိုဒ်လဲ ဘယ်အပိုင်းလဲ။
ဦးခင်ရွှေ- ဒီအလုပ်သမားတွေ အလုပ်ရှင်က….
ဥက္ကဋ္ဌ- ဘယ်အပိုဒ်လဲ ၃၈ လား ၃၉ လား။
ဦးခင်ရွှေ- (၃၈)ပါ။ ကျွန်တော့်မှာတော့ မရှိပါဘူး။ အဲဒီမှာ အလုပ်ရှင်ကနေ အလုပ်သမားတွေခန့်ပြီးရင် ခန့်တဲ့ အလုပ်သမားတွေရဲ့ လျှောက်လွှာကို ပို့ရမည်။လျှောက်လွှာကို တစ်လအတွင်း အချိန်မှီမပေးနိုင်ဘူးဆိုရင်…
ဥက္ကဋ္ဌ- (၃၈)မှာ အဲဒါမပါဘူးလေ။
ဦးခင်ရွှေ- (၃၈) လား။ ကျွန်တော်မှာ တော့ အဲဒါမရှိဘူး။ (၃၈) လား (၃၉) လား ခုနက ဖတ်သွားတာပါတယ်။
ဥက္ကဋ္ဌ- ပြန်ဖတ်ပြမယ် ပြန်ဖတ်ပြမယ်၊ သေချာမှတ်ထားနော် လွှတ်တော်အမတ် တွေငိုက်မနေကြပါနဲ့ ငိုက်နေတော့ဘာမှ မသိသလိုဖြစ် နေမယ်ဟုဆိုကာ အခန်း (၉)   အပိုဒ် အားပြန်လည်ဖတ်ပြရာတွင် စာချုပ်ပါသဘောတူညီချက်(ခ) ၃၉ ပုဒ်မအရဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထိုသူကို(၃)လ ဒါမှမဟုတ် (၃)လထက်မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊အနည်းဆုံးကျပ်(၅)သောင်းမှကျပ် (၁)သိန်းထိ ပြစ်ဒဏ် (၂)ရပ်စလုံးမှာဒေါက်တာခင်ရွှေပြောသောစကားများမပါဟု ဥက္ကဋ္ဌကြီးမှပြန်လည် ဖြေကြားခြင်းမှာ ခင်ဗျား ခုနကဆွေးနွေးတာတစ်ခုမှမပါ ဘူး
ဟုပြောလိုက်ပါသည်။
ဦးခင်ရွှေ- (၃၈)၅ (က)၊၅ (ခ)
ဥက္ကဋ္ဌ- “ပြောလေ ပြောလေ”။
ဦးခင်ရွှေ- ၅(က)က မည်သူမဆို  အလုပ်ရှင်ကနေပြီးတော့ ကျွန်တော်  တော့ မမှတ်မိတော့ဘူး။အလုပ် ရှင်ကနေ ခန့်တဲ့စာချုပ်ကို ပျက် ကွက်တယ် (ခ)ပေးငွေ သွင်းပေးဖို့   ပျက်ကွက်တာရယ် အဲဒီ(၂)ခု  ထောင်ဒဏ်နဲ့ ငွေဒဏ်ချထားတာ   နည်းနည်းများနေပါတယ်။
ဥက္ကဋ္ဌ- ၆လပဲ။
ဦးခင်ရွှေ- ကျွန်တော်တို့က စီးပွားရေး သမားတစ်ယောက်ဆိုတော့
ဥက္ကဋ္ဌ- ဘယ်လောက်ချသင့်သလဲ။
ဦးခင်ရွှေ- ငွေဒဏ်ဘဲ ချသင့်တယ်။
ဥက္ကဋ္ဌ- ထောင်ဒဏ် မပါဘူးပေါ့။
ဦးခင်ရွှေ- ၀န်ထမ်း တစ်ယောက်  ၂လ။
ဥက္ကဋ္ဌ- ဒီကိစ္စကဟိုတနေ့က ခင်ဗျား ဆွေးနွေးထားတာမပါဘူးလား။
ဦးခင်ရွှေ- ပါတယ်ခင်ဗျ။
ဥက္ကဋ္ဌ- ဟုတ်ပြီလေ-ဥပဒေကော်မရှင်နဲ့ ဆွေးနွေးတာမပါဘူးပေါ့။
ဦးခင်ရွှေ- ပါပါတယ်ခင်ဗျ။
ကျွန်တော်တို့ကို အဲဒီအတိုင်း   လုပ်မယ်ဆိုရင် ကျွန်တော်က စီး ပွားရေး သမားဆိုတော့
ဥက္ကဋ္ဌ- မိုက်ဖွင့်ထား-မိုက်ဖွင့်ထား
အလုပ်သမားဝန်ကြီး၏တင်ပြချက်မှာဒေါက်တာခင်ရွှေဆွေးနွေးသလိုမဟုတ်ဘဲ  ထောင်ဒဏ်(၆)လထက် မပိုသောထောင်ဒဏ် ချကိုချရမယ်ဆိုတယ်ဆိုတာမဟုတ်ပါဘူး။  အနည်းဆုံး ကျပ်(၁)သိန်းမှ အများ ဆုံးကျပ်(၃)သိန်းပဲ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်(၂)ရပ်စလုံးဖြစ်စေ၊ ကျခံရမည် ကျွန်တော်တို့ ဒီလိုဘဲရွေးထားပါတယ်။(၆)လ ထက်မပိုသော ထောင်ဒဏ်ကိုလုံးဝ(လုံးဝ)ချရ  မယ်လို့မပါပါဘူးခင်ဗျ ဟုဆိုကာပြောကြားလိုက်ပြန်သည်။
ဥက္ကဋ္ဌက ဦးခင်ရွှေသည် အလုပ်ရှင်ဖြစ်နေ သည်ဟုဆိုခြင်းကလဲ အလုပ်ရှင်ဘက်မှရပ်တည်၍ပြောနေခြင်းဟုလည်း ယူဆရပါသည်။အလုပ်ရှင်ဘက်က  ကြည့်နေတာ ကို အဲဒီတော့ မဲခွဲပေးမယ် မဲခွဲပေးမယ်၃၈ကိုသီး ခြားမဲခွဲပေးမယ် (၃၈)မှာပါသည့် မည်သည့်အလုပ်ရှင်မဆို ပြစ်မှု ထင်ရှားခြင်းခံ ရရင် ထိုသူကို (၆)လထက် မပိုသော ပြစ်ဒဏ်ကို ထောင်ဒဏ်ဖြစ်စေ အနည်းဆုံး ကျပ်(၁)သိန်း အများဆုံး ကျပ်(၃)သိန်းမှ ငွေဒဏ်ဖြစ်စေပြစ်ဒဏ်(၂)ရပ်စာ လုံးဖြစ်စေချမှတ်ရမည်(က) ပုဒ်မ ၅၊  ပုဒ်မခွဲ(က) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီမှုချုပ်ဆိုရန်  ပျက်ကွက်ခြင်း ဒီအတွက်ကို  ဦးခင်ရွှေက ထောင်ဒဏ်ကို ဥပဒေကြမ်းပြင်ဆင်မှု ထောင်ဒဏ်  မပါဘဲနဲ့ ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်း ငွေဒဏ်ဖြစ်စေ၊ ဦးခင်ရွှေရဲ့ပြင်ဆင်ချက်ကို အနီ ရောင်နှိပ်ပါ။
ဆန္ဒမဲပေးလိုတဲ့သူများ  ဆန္ဒမဲပေးလို့ရပါပြီဟုဥက္ကဋ္ဌကြီးမှဆိုလိုက်ရာထောက်ခံမဲ ၁၃၄မဲ၊ကန့် ကွက်မဲ ၆၀၊ကြားနေမဲ ၆ မဲရသည့်အတွက်ကြောင့် ထောင်ဒဏ်(၆)လထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်(၂)ရပ်စလုံးတွင်မှားယွင်းခဲ့သော အပိုဒ်(၃၈)အားအတည်ပြုပေးခဲ့ရပါသည်။
(၃)ထောက်ခံမဲနဲ့ ကန့် ကွက်မဲကြားမှာမဖြစ်ဘူးတဲ့ကိစ္စမို့ စက်နဲ့  ပြန်စခဲ့ရသောအဆုံးအဖြတ်
၂၀၁၂ ခုနှစ်မြန်မာနိုင်ငံ၏ လွှတ်တော်များထဲမှအမျိုးသားလွှတ်တော်၏ ထူးထူးခြားခြားဖြစ်စဉ်တခုအဖြစ်ရောက်ရှိလာခဲ့ရာ ထောက်ခံတာနဲ့ ကန့် ကွက်တာနဲ့ ဟာ ရှားပါးတဲ့ကိစ္စမို့ စက်နဲ့ အစအဆုံးပြန်ပြီးမဲပေးရလို့ ဒီအဖြေထွက်ချင်မှထွက်လာမှာပါဟု ဥက္ကဋ္ဌဖြစ်သူကနှုတ်နဲ့ ပဲပြန်ပြီးမေးလိုက်ပါတယ်။ ဥက္ကဋ္ဌဖြစ်သူက
အစီအစဉ် (၁၀)အဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျာ။ အမျိုးသားလွှတ်တော်ဆိုင်ရာ၊ နည်းဥပဒေ ဆိုင်ရာ (၁၅၄)ဥပဒေ(က)အရ နိုင်ငံ့ဝန် ထမ်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှ ဆွေးနွေးရာ ထိုအဆိုကို ပြည် ထောင်စုရာထူးအဆင့်မှ အမျိုးသား လွှတ်တော်သို့ တင်သွင်းရန်ဟုဆိုကာ ပထမအကြိမ်အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၄)ရက်နေ့ မြောက်ပြီးဆုံး သွားကြောင်း ကိုမှတ်တမ်းတင်အပ်ပါသည်။
Hot News
Share this article :
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ
Zawgyi Unicode Font
Download
Total Pageviews
ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ
Mandalay FM Live Radio
Mandalay FM Live Radio
လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ
Followers
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template