Headlines News :
Home » » NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဘုန်းကြီးကျောင်းများဖယ်ရှားပေးရေး ကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ဆုံ

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဘုန်းကြီးကျောင်းများဖယ်ရှားပေးရေး ကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ဆုံ

Written By လွင့်မောင်မောင် on Monday, August 13, 2012 | 8:08 PM

ဓာတ်ပုံ- ဒေါင်းမာန်ဟုန်
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း 11.8.2012 ရက်တွင် သစ်တောကြိုးဝိုင်းတွင်း ကျရောက်သော ဘုန်းကြီးကျောင်းများဖယ်ရှားပေးရေးကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ ဆုံပြီး သူမအနေနှင့် (၁၃.၇.၂၀၁၂)တွင် နေပြည်တော်စည်ပင်သာယာရေးအထူးဖွံ့ဖြိုးရေးဇုံ စီမံကိန်းရုံးမှ ဗိုလ်မှူးကြီးကံချွန်နှင့် တွေ့ဆုံကာ ၎င်းဘုန်းကြီးများ နေထိုင်ရာကျောင်းများတွင် ဆက်လက်နေထိုင်ခွင့်ရရှိရန် နှင့်ဘုန်းကြီးကျောင်းများ ဆက်လက်ဖယ်ရှားမှု မပြုလုပ်စေရန် ညှိုနှိုင်းဆွေးနွေးခဲ့သည့်နောက်ပိုင်း ဘုန်ကြီးကျောင်းများအား ဆက်လက်ဖယ်ရှားစေခြင်းရှိ/မရှိ မေးမြန်းခဲ့ပါသည်။ မိထ္တီလာကျောင်းဆရာတော် အရှင်စန္ဒိမာ ကလော လောဆယ်ဆယ်တော့ ဆက်လက်ဖယ်ရှားစေခြင်းမရှိသေးပါဘူး။
ဆရာတော်က ဆက်လက်မိန့်တော်မူသည် မှာ ၀ါဆိုသံယာစာရင်းလျှောက်ထားတာလဲ မပေးသေး၊ပြုလုပ်ပေးခြင်းမရှိသေး၊ နှစ်စဉ် စားရင်းတင်သော်လည်း ပယ်ချခံရကြောင်း ပြောကြားခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ်စန္ဒာမင်းမှ မိမိအနေနှင့် သက်ဆိုင်ရာနှင့် တွေ့ဆုံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်းပြောကြား၁၂.၈.၂၀၁၂

ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီမြို့နယ်ရုံးတွင်) မြို့နယ်အတွင်းရှိပါတီဝင်များနှင့်တွေ့ဆုံပြီး (၁၅.၈.၂၀၁၂)ရက်နေ့တွင်ဖွင့်လှစ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပြီး နောက်ပိုင်းတွင် လူမှုအထောက်အကူ အနေဖြင့်ရှေ့နေများရုံးထိုင်မှာဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရသည့်ကိစ္စများ၊အလုပ်သမားရေးရာကိစ္စများနှင့် မတရားမှုများမဆို ဆွေးနွေးတိုင်ပင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မည်သည့်ကိစ္စကိုမဆို ပြုမူဆောင်ရွက်သည့်အခါတွင် ပါတီဝင်များအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်း အထူးပြောကြားခဲ့ပါသည်။

ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio

Mandalay FM Live Radio

လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template