Headlines News :
Home » » ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း

ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း

Written By လွင့်မောင်မောင် on Friday, August 17, 2012 | 5:54 PM

၂၀၁၂ ခုနှစ်  ဇွန်လအတွင်း  ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရပါသည်။
ထိုသို့ ဖွဲ့စည်းလိုက်သည့်အကြောင်းကို အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် တွင် သာသနာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့်ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့ပြီး  Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ စုံစမ်းရေး ကော်မရှင်၏ အဖွဲ့ဝင်များအဖြစ်  ဂျပ်ဆင် ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာရေးဆရာ မောင်ဝံသ၊
အနုပညာရှင် ဇာဂနာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျံ၊
သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်ဝါ၀ါထွန်း၊
ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌ
ဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊ မြန်မာ  မွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးကျော်ခင်၊ မြန်မာ မွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာမွတ် စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် အကျိုးတော်ဆောင် ဒေါက်တာလှထွန်း တို့ဖြစ်ကြသည်။
အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့် (က) တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ (ခ)
ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊ (ဂ) တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက်
ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊ (စ) ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊ (ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ (ဇ) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြံပြုချက်များ အစရှိသည်တို့ကို ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည် ဖြစ်ကြောင်း သိရပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့်  စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် ဖွဲ့စည်းလိုက်သော အဆိုပါ စုံစမ်းရေးကော်မရှင်တွင် အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ လွှတ်တော်ကိုယ်စားလှယ်များ မပါရှိဘဲ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း ဒေါက်တာ အေးမောင် တစ်ဦးတည်းသာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကိုယ်စားပြုအနေဖြင့်သာ ပါဝင်ခဲ့ပါသည်။ ထို့အပြင် ယခုဖွဲ့စည်းလိုက်သော စုံစမ်းရေး ကော်မရှင်တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် Myanmar Egress အဖွဲ့ အစရှိသူတို့နှင့် နီးစပ်သူများ အပါအ၀င် နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူအများအပြား ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ်  ဇွန်လအတွင်း  ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရပါသည်။
ထိုသို့ ဖွဲ့စည်းလိုက်သည့်အကြောင်းကို အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။


အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် တွင် သာသနာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့်ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့ပြီး  Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ စုံစမ်းရေး ကော်မရှင်၏ အဖွဲ့ဝင်များအဖြစ်  ဂျပ်ဆင် ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာရေးဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျံ၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်ဝါ၀ါထွန်း၊ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊ မြန်မာ  မွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးကျော်ခင်၊ မြန်မာ မွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာမွတ် စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် အကျိုးတော်ဆောင် ဒေါက်တာလှထွန်း တို့ဖြစ်ကြသည်။
အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့်
(က) တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ (ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊
(ဂ) တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက်ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊
 (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ
 (စ) ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊
(ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊
(ဇ) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြံပြုချက်များ
  အစရှိသည်တို့ကို ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည် ဖြစ်ကြောင်း သိရပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့်  စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် ဖွဲ့စည်းလိုက်သော အဆိုပါ စုံစမ်းရေးကော်မရှင်တွင် အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ မပါရှိဘဲ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း ဒေါက်တာ အေးမောင် တစ်ဦးတည်းသာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကိုယ်စားပြုအနေဖြင့်သာ ပါဝင်ခဲ့ပြီး နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူအများအပြား ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

2305470

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template