Headlines News :
Home » , » မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂ ခုနှစ်) အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော် သဘောတူ

မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂ ခုနှစ်) အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော် သဘောတူ

Written By လွင့်မောင်မောင် on Wednesday, August 15, 2012 | 6:37 PM

Wednesday, 15 August 2012 15:05
5208
လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြ လွှတ်တော်၌ အဆိုတင်သွင်းနေစဉ် ဓာတ်ပုံ စိုးမင်းထိုက်
မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်က သြဂုတ်လ ၁၃ ရက်နေ့က သဘောတူခဲ့သည်။

ယင်းအဆိုအား စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ မှ ဦးတင်မြက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုတွင် “ကျွန်တော်တို့ရဲ့ လက်ရှိ မြန်မာနိုင်ငံသားဥပဒေ၊ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၄)။ ဒါနဲ့ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဟာ ကာလအားဖြင့်ကြည့်ရင် နှစ် ၃၀ ကျော်ခဲ့ ပါပြီ။ သို့သော် ဒီဥပဒေမျိုးဟာ အင်မတန် အရေးကြီးတဲ့အတွက် နှစ်ကာလ ကြာမြင့်တိုင်းလည်း ပြန်လည်ပြုပြင် ပြောင်းလဲရေးဆွဲဖို့ဆိုတာ အတော်စဉ်းစားရတဲ့ ဥပဒေအမျိုးအစား ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး တော့မှ အသစ်ပြန်လည်ရေးဆွဲပြီးတော့မှ အစားထိုးအသစ်ပြဋ္ဌာန်းတဲ့ ဥပဒေအဖြစ်နဲ့ အဆိုပြုခြင်း ဖြစ်ပါ တယ်။ အဲဒီတော့ နှစ် ၃၀ ကြာလာတဲ့ ဥပဒေကို ကျွန်တော်တို့လေ့လာတဲ့ အခါမှာ အခန်းပေါင်း ရှစ်ခန်းရှိပြီး ပုဒ်မပေါင်း ၇၆ ခုရှိပါတယ်။ အသေးစိတ် လေ့လာကြည့်တဲ့အခါမှာ ကျွန်တော်တို့ ခေတ်နဲ့လျော်ညီစွာ တစ်နည်းအားဖြင့် နိုင်ငံတော်နဲ့ လျော်ညီစွာ ဒီဟာတွေလည်း စိစစ် လိုက်တဲ့အခါမှာ ကျွန်တော်တို့က ပြင်ဆင်စရာတွေ၊ ဖြည့်စွက်စရာတွေ၊ အစားထိုးစရာတွေ တော်တော်များ များတွေ့ရပါတယ်။ အဲဒီတော့ ဒီဥပ ဒေကို ပြင်ဆင်နေမယ်၊ ဖြည့်စွက်နေ မယ်၊ အစားထိုးနေမယ်ဆိုရင် အင် မတန်များပြားတဲ့အခါကျတော့ အ သစ်ပြန်လည်ရေးဆွဲပြီးတဲ့အခါကျမှ အဟောင်းကို လွှမ်းမိုးပယ်ဖျက်လိုက် တာကမှ ပိုသင့်တော်မယ်။ နှစ် ၃၀ ဆိုတာကလည်း မျိုးဆက်တစ်ခုဆို လို့ရှိရင် မျိုးဆက်တစ်ခုရဲ့ ကာလကို ကျော်ခဲ့တာဖြစ်သလို၊ သို့ရာတွင် ဒီ ဥပဒေဟာတကယ်တမ်း ရေးဆွဲခဲ့ကြသူတွေက ဒေါက်တာမောင်မောင်၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်ထောင် စုတရားသူကြီးချုပ်၊ နိုင်ငံတော်သမ္မတ စသည်အားဖြင့် တာဝန်ထမ်းဆောင်တဲ့ ဥပဒေပညာရှင် ပုဂ္ဂိုလ်ကြီးများက ကျွန်တော်တို့ တော်တော်များများ ဆန္ဒခံယူပြီးတော့မှ အတတ်နိုင်ဆုံး ပြည့်စုံစွာရေးဆွဲခဲ့တဲ့ ဥပဒေပဲဖြစ်ပါ တယ်။ သို့ရာတွင် ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ခုနကပြောသလို ပုဒ်မ ၇၆ ခုကို သေချာလေ့လာစိစစ်တဲ့အ ခါမှာ ပြင်ဆင်စရာ၊ ဖြည့်စွက်စရာ၊ အစားထိုးစရာတွေ များပြားတဲ့အခါ ကျတော့ အသစ်ပြန်လည် ရေးဆွဲ ပြဋ္ဌာန်းပြီး အဟောင်းကို လွှမ်းမိုး ပယ်ဖျက်တာ ပိုမိုသင့်တော်မယ်ဆို ပြီးတော့ အဆိုပြုခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံတော်ရဲ့ ရေရှည်အနာဂတ် လုံခြုံရေးဘက်ကို မျှော်မှန်းပြီးတော့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ဒီတာဝန် တစ်ရပ်ကိုတော့ ရှေ့အနာဂတ်ကို မျှော်မှန်းပြီးတော့မှ မိမိနိုင်ငံ၊ မိမိအနာဂတ် အကာအကွယ်တစ်ခု အနေနဲ့  . . .
 အဲဒီတော့ ဘာကြောင့် ဒီဟာလို အပ်သလဲဆိုတော့ ကျွန်တော်တို့က နိုင်ငံတကာ တော်တော်များများနဲ့ ဈေးကွက်စီးပွားရေး စနစ်မှာလည်း ဆက်သွယ်တယ်။ အာဆီယံအသိုင်း အ၀ိုင်းမှာလည်းပဲ ကျွန်တော်တို့က ဆက်နွှယ်မှုတွေပိုပြီးတော့ရှိလာမယ်။ ကျွန်တော်တို့ရဲ့အမျိုးဂုဏ်၊ ဇာတိ ဂုဏ်၊ နိုင်ငံတော်ရဲ့ ရေရှည်အနာဂတ် လုံခြုံရေးဘက်ကို မျှော်မှန်းပြီးတော့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ဒီ တာဝန်တစ်ရပ်ကိုတော့ရှေ့အနာဂတ် ကို မျှော်မှန်းပြီးတော့မှ မိမိနိုင်ငံ၊ မိမိအနာဂတ် အကာအကွယ်တစ်ခု အနေနဲ့ ပြန်လည်စိစစ် ရေးဆွဲသင့် တယ်ဆိုတဲ့အမြင်နဲ့ အဆိုပြုခြင်းဖြစ် ပါတယ်။
အဲဒီတော့ ဒီနိုင်ငံသားဥပဒေ ဆိုတာ မိခင်ရဲ့ဇာတိကိုဖြစ်စေ၊ ဖခင် ရဲ့မျိုးရိုးအနွယ်ကို ဖြစ်စေ၊ မွေးဖွားရာ ဇာတိရဲ့အနေအထားကိုဖြစ်စေ၊ တစ် နည်းအားဖြင့် မိခင်ကိုဖြစ်စေ၊ ဖခင် ကိုဖြစ်စေ၊ မွေးဖွားရာဇာတိကိုဖြစ် စေ၊ အခြေခံပြီးတော့မှ နိုင်ငံသား ဆိုတာ ဖြစ်ခြင်း၊ မဖြစ်ခြင်းကို အသိအမှတ် ပြုကြရတာဖြစ်ပါတယ်။ အဲဒီ တော့ ဒီဟာနဲ့ပတ်သက်လို့လည်းပဲ နိုင်ငံသားဥပဒေသစ်ကို တကယ်တမ်း ရေးဆွဲမယ်ဆိုရင်လည်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့၊ နယ်စပ်စည်ပင်ဝန်ကြီးဌာနတို့ ကျွန်တော်တို့ရဲ့ပြည်ထောင်စုအဆင့် ဒီဝန်ကြီးဌာနသုံးခု၊ ဒီထက်ကျွန်တော်တို့ စဉ်းစားရမယ်ဆိုရင် ကာကွယ်ရေး ၀န်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာ န၊ ရှေ့နေချုပ်ရုံး ဒီလိုအားဖြင့် ကျယ်ပြန့်စွာညှိနှိုင်း ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်နိုင်ငံတော်အတွက် အမျိုးသားရေးကိုရှေ့ရှုပြီးတော့ ကျွန် တော်တို့ ဒီဟာကို လျော်ညီတဲ့ ပြန်လည်ပြုပြင်ရေးဆွဲမှုကို လုပ်သင့်တယ်ဆိုတဲ့အမြင်နဲ့ အဆိုပြုတင်ပြရခြင်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ က ရေးဆွဲတဲ့အခါကျရင်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ကမ္ဘာမှာ လူအများစုလည်းဖြစ်တဲ့ တရုတ်နိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့၊ အနောက်ဘက်မှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်တို့၊ ထိုင်းတို့၊ လာအိုနိုင်ငံတို့လို အိမ်နီးချင်းနိုင်ငံ တွေကို ကြည့်မယ်ဆိုရင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားဥပဒေနဲ့ပတ်သက်လို့ အင်မတန်တည်ငြိမ်နေပါတယ်။ အိန္ဒိယလည်း အလားတူပဲ၊ လူများစု ဖြစ် တယ်၊ တည်ငြိမ်နေတယ်။ ဘင်္ဂလား ဒေ့ရှ်တို့ ထိုင်းတို့လည်း အလားတူပဲ။ အဲဒီတော့ အနည်းဆုံး ဒီအိမ်နီးချင်း နိုင်ငံတွေက မိမိတို့ရဲ့နိုင်ငံသားဖြစ် ခြင်း၊ မဖြစ်ခြင်းကို ဘယ်လိုရေးဆွဲ ထားတာလဲ စသည်အားဖြင့် အိမ်နီး  ချင်းနိုင်ငံတွေရဲ့နိုင်ငံသားဖြစ်မှုဥပဒေကိုပါ လေ့လာပြီးတော့မှ အချိန်ယူ ပြီးတော့မှကျွန်တော်တို့ရဲ့အမျိုးသား ရေးတာဝန်တစ်ရပ်အနေနဲ့ ကျွန်တော်တို့ တာဝန်ရှိတဲ့၊ လွှတ်တော်တာဝန် ယူနေကြတဲ့အချိန်မှာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လုံခြုံရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အတွက် ဒီဟာကို အစားထိုးအသစ် ရေးဆွဲပြီး တော့ အဟောင်းကို လွှမ်းမိုးပယ်ဖျက်သင့်တယ်လို့ လွှတ်တော်ကတစ်ဆင့် အဆိုပြုတင်သွင်းခြင်း ဖြစ်ပါတယ်” ဟု တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဆိုအား ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၉ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်အေးထွန်းက ထောက်ခံခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template