Headlines News :
Home » , » ကော့သောင်း ကျောက်မီးသွေး စက်ရုံကို ဆန္ဒပြရန် ထပ်မံ တင်ပြမည်

ကော့သောင်း ကျောက်မီးသွေး စက်ရုံကို ဆန္ဒပြရန် ထပ်မံ တင်ပြမည်

Written By လွင့်မောင်မောင် on Tuesday, August 14, 2012 | 10:50 AM

တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်း မြို့တွင် စတင် လည်ပတ်နေပြီဖြစ်သော ကျောက်မီးသွေးစက်ရုံကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြရန် ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ တိုင်း စည်းရုံးရေး တာဝန်ခံ ဦးသန်းထွန်းက Dawei Watch သို့ ပြောကြားသည်။
သြဂုတ်လ ဆန်းပိုင်းမှ စမ်းသပ် လည်ပတ်နေသည့် ကျောက်မီးသွေး စက်ရုံကို ဒေသခံများက ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံရာ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ မှုးရုံးမှ ငြင်းပယ်ခဲ့သည်။

ငြိမ်းချမ်းစွာ စုဝေးရန်နှင့် ဆန္ဒ ထုတ်ဖော်ရန် ခွင့်တောင်းခံခြင်းသည် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်း ဥပဒေများ ထွက်ရှိပြီး နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ကြီးအတွင်း ပထမဆုံးဖြစ်သည်။
“ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်အတွက် အယူခံဝင်မယ်” ဟု ဦးသန်းထွန်းက ပြောသည်။
ဒေသခံ အင်အား ငါးသောင်းဖြင့် ကော့သောင်းမြို့မ ရပ်ကွက် (၁၀ ) ရပ်ကွက်စလုံး လှည့်လည်ကာ ကျောက်မီးသွေး စက်ရုံ ပယ်ဖျက်ပေးရေး၊ ကျောက်မီးသွေး စက်ရုံ အလိုမရှိ၊ အစားထိုး လောင်စာ တည်ဆောက်ပေးပါ၊ ဝေးလံနေရာ ပြောင်းရွှေ့ပေးပါဟု ကြွေးကြော်ကာ သတ်မှတ် ထားသည့်နေရာ (၁၀) ခုတွင် ခေတ္တ ဟောပြောရန် တင်ပြထား သည်ဟု ဆန္ဒ ထုတ်ဖော်ရန် ဦးဆောင် စီစဉ်သည့် ဦးသန်းထွန်းက ဆိုသည်။
ဆန္ဒ ထုတ်ဖော်ရန် တောင်းခံထားသည့် အင်အား ငါးသောင်းအတွက် လုံခြုံရေး အင်အား ပေးရန် မလုံလောက်၊ အင်အား ငါးသောင်းဖြင့် စုဝေး ဆန္ဒ ထုတ်ဖော်မည့် ၁၀ နေရာမှာ အများပြည်သူ သွားလာနေသည့် နေရာတွင်ဖြစ်ခြင်း၊ ဆန္ဒထုတ်ဖော်ရန် ကြာမြင့်ချိန် ၁၁ နာရီ ဖြစ်ခြင်းတို့ကြောင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို ထိခိုက်လာနိုင် သည့် အတွက် ငြင်းပယ်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ မှူးရုံး၏ ငြင်းပယ် အမိန့်တွင် ဖော်ပြသည်။
ဆန္ဒ ထုတ်ဖော် မည့်နေ့အတွက် ရဲတပ်ဖွဲ့မှ လုံခြံရေး အင်အား ၃၀ နှင့် အချူပ်ကား တစ်စီး ပေးရန် တင်ပြထားပြီး ပါတီနှင့် အေးရိပ်ငြိမ် ရပ်ကွက်မှ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး အတွက် ၂၀ ဦး စီစဉ် ထားသည်ဟု ဦးသန်းထွန်းက ပြောသည်။
“နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အတိုင်း ဥပဒေ ဘောင် အတွင်းကနေ လုပ်ဆောင်နေတယ်” ဟု ဦးသန်းထွန်းက ဆိုသည်။
သန်းဖြိုးသူ ကုမ္ပဏီမှ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၈ မဂ္ဂါဝပ် ရှိသည့် ကော့သောင်း ကျောက်မီးသွေး စက်ရုံကို သြဂုတ်လ ၇ ရက်နေ့တွင် စတင် စမ်းသပ် လည်ပတ်ခဲ့ရာ အသံ ကျယ်လောင်စွာ ထွက်ပေါ် လာခြင်းကြောင်း တထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
“ရပ်ကွက် နိမ့်ပိုင်းမှာ ဆို တော်တော် ညှော်ပြီး အနံ့ကြောင့် ခေါင်းမူးတယ်”ဟု ရွှေပြည်သာ ရပ်ကွက်နေ ဦးအောင်ကြည်သိန်းက ရှင်းပြသည်။
အသံ ဆူညံလွန်းသည့် အတွက် တစ်ဦးနှင့် တစ်ဦး စကားပြော၍မရ၊ ဖုန်းပြော၍ မရ ဖြစ်ရသည်။ မီးခိုးနှင့် လွင့်ပြန့်လာသည့် ပြာမှုန့်များကြောင့် မျက်စိများ ကျိန်းစပ် လာခြင်း၊ မျက်စိနာခြင်း နှင့် လည်ချောင်းနာခြင်းတို့ ကြုံတွေ့ ရသည်ဟု ရွှေပြည်သာ ရပ်ကွက်နေ ဒေါ်မေရီ ဆိုသည်။
“ အိမ်နားက ထန်းပင်ဆို အနီရောင်ပြောင်းသွားပြီ” ဟု ဒေါ်မေရီက ဆိုသည်။
ယခုလက်ရှိ တွင် စက်ရုံကို တဖြည်းဖြည်း စမ်းသပ် မောင်းနှင်နေပြီး မီးခိုးခေါင်းတိုင်မှ မီးခိုး အထွက်နည်းကာ စက်ရုံအတွင်းမှ မီးခိုး ပိုထွက်နေသည်ဟု ရွှေပြည်သာ ရပ်ကွက် နေသူများထံမှ သိရသည်။
စမ်းသပ်ရန်အတွက် ဘွိုင်လာ အတွင်းတွင် ရှိသည့် ရေနွေးငွေ့ပိုက်ကို ဆေးကြော ခြင်းကြောင့် အသံ ထွက်လာခြင်းဖြစ်ပြီး၊ အပြင်တွင် ပိုက်ကို လေဖြင့် မှုတ်သည့်အတွက် ရေနွေးငွေ့များ ထွက်လာခြင်းသာဖြစ်ကာ မီးခိုး မဟုတ်ကြောင်း သန်းဖြိုးသူ ကုမ္ပဏီမှ စက်ရုံမန်နေဂျာ ဦးလှမော်က ရှင်းပြသည်။
စက်ရုံအား စမ်းသပ် မလည်ပတ်ခင်က ရွှေပြည်သာ ရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်မှ လူထု များသာ စိုးရိမ်ကြသော်လည်း စမ်းသပ် လည်ပတ်ပြီးချိန်တွင် ကော့သောင်းမြို့မ (၁၀)့ ရပ်ကွက်မှ ဒေသခံ အများစု စိုးရိမ်လာကြသည်။
ဆန္ဒ ထုတ်ဖော်ခြင်း၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို ရှင်းပြထားသည့် စာ လက်ခံရရှိလျှင် ပူးပေါင်းပါဝင်ပေးသွားမည်ဟု ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးမြင့်မောင်က ဆိုသည်။
ကော့သောင်း ကျောက်မီးသွေး စက်ရုံကို လူနေ ရပ်ကွက်အတွင်းတွင် တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ရပ်ကွက်နှင့် (၁၀) မိုင်အကွာသို့ ပြောင်းရွှေ့ပေးရန် လက်မှတ်ထိုး တောင်းဆိုခဲ့သော်လည်း စက်ရုံကို ဆက်လက် လည်ပတ်ခဲ့သည်။
ထိုင်းနိုင်ငံ ပရာကျွတ်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသည့် ကျောက်မီးသွေး စက်ရုံကို ဒေသခံများ ကန့်ကွက်မှုကြောင့် ကော့သောင်းမြို့တွင် လာရောက် တည်ဆောက် ခြင်းဖြစ်ကြောင်း ဦးသန်းထွန်း၏ အဆိုအရ သိရသည်။
ကော့သောင်း ကျောက်မီးသွေးစက်ရုံသည် သန်းဖြိုးသူ ကုမ္ပဏီနှင့် အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနတို့အကြား ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် သဘောတူ လက်မှတ် ရေးထိုးခဲပြီး ၂၀၁၀ အောက်တိုဘာ ခန့်တွင် စတင် တည်ဆောက်ခဲ့သည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template