Headlines News :
Home » » ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး

ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး

Written By လွင့်မောင်မောင် on Wednesday, August 15, 2012 | 8:27 PM



တနင်္သာရီတိုင်းဒေသ၏ ထားဝယ် မြို့ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ်  ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွှန့်က ယနေ့ထိတိုင်အောင် လိပ်ခဲတည်းလဲ ဖြစ် နေရသည့် အကျိုးအမြတ်ကိစ္စနိုင်ငံသား  ကုမ္ပဏီက မည်သို့အခန်းကဏ္ဍမည်မျှ စွမ်းဆောင်နိုင်သလဲနှင့်သဘာဝပတ်ဝန်းကျင် အလုပ်သမားများ၏အလုပ်အကိုင်ရရှိရေး အလားအလာများအားပြည်သူ့လွှတ်တော်  သို့မေးမြန်းရာ ရထားပို့ဆောင်ရေး ဒုတိယ ၀န်ကြီး သူရဦးအောင်လွင်မှလွှတ်တော် ရှေ့မှောက်တွင်ပြောကြားခဲ့သည်မှာကြား သိခဲ့ရသော်လည်း တွက်ချက်မှုအရစီမံ ကိန်းသက်သက် မဟုတ်စေဘဲ အကျိုးခံ စားမှုအရ နိုင်ငံနှင့်နိုင်ငံသားများအတွက် ဟုဆိုချင်ပါသည်။
၁။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်သဘော ညီချက်ကဘာလဲ။တကယ်ဖြစ်လာမှာလား။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ၂၀၁၀ နိုဝင်ဘာလ(၁)ရက်နေ့တွင် စတင်ဆောင် ရွက်ခဲ့သည်မှာ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်ထိုင်းနိုင်ငံ  အီတာလျှံ ထိုင်းအများပိုင်ကုမ္ပဏီလီမီတက်  တို့ဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်  စက်မှုဇုန်ရေနက်ဆိပ်ကမ်းတို့အတွက် လက်မှတ်ထိုးခဲ့ရာ မှန်ကန်ကြောင်းဆိုခဲ့ ပါသည်။ဒီစီမံကိန်းများကို ၂၀၁၁ခုနှစ် ဇန် န၀ါရီလမှာ ပြဋ္ဌာန်းခဲ့တာ မြန်မာအထူး စီးပွားရေးဇုန်ဥပဒေ ထားဝယ်စီးပွားရေး ဇုန်ဥပဒေတို့နှင်အညီကြပ်မတ်ဆောင်ရွက် ခဲ့သည်ဟုသိရပါသည်။အကောင်အထည် ဖော်ဆောင်ရေးဟုဆိုရာမှာ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး၊စွန့်ပစ်ရေနှင့်ပစ္စည်း များကိုထိန်းသိမ်းရေး ကျန်းမာရေး၊ပညာ ရေး၊အကောက်အခွန် စည်ပင်သာယာရေး  အစအစရှိသည့် ဒေသဖွံ့ဖြိုးရေးကိစ္စနှင့် ပတ်သက်ပြီးဒေသခံများက ကျေနပ်လုံ လောက်တဲ့အခွင့်အရေးများပြီးပြည့်စုံစွာ ရရှိရေး ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက် ခဲ့သည်ဟု ၀န်ကြီးချုပ်ကဆိုသော်လည်း ဘဲ နိုင်ငံသားများအတွက်ရော ဒေသဖွံ့  ဖြိုးရေးအတွက်ရော အရေးကြီးကြောင်း ကို လွှတ်တော်က သက်သေခံနေလေပြီ။ ၂။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အကျိုးအ  မြတ်
နိုင်ငံတော်အတွက်အကျိုးအမြတ် ကို တွက်ချက်ပြရာ (၁)စတုရန်း ကီလိုမီ တာတွင် အမေရိကန်ဒေါ်လာ (၁)သိန်း ခွဲနှင့်အထူးစီးပွားရေးဇုန် မြေဧကအတွက် စုစုပေါင်းအတွက်ဆိုရင်(၃၀.၆၇၅)သန်း  ဖြစ်လိမ့်မည်ဟုသိရပါသည်။နှစ်စဉ်နှစ် တိုင်းမှာလဲ ပါဝင်တဲ့စီမံကိန်း နယ်စုံမှဝင် လာသည့်အကျိုးအမြတ်ရာခိုင်နှုန်း တစ် ၀က်ရရှိပါလိမ့်မည်။စက်မှုဇုန်တည်ထောင် ခြင်းစီမံကိန်း၊ကျောက်မီးသွေးသို့မဟုတ် ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတည်ဆောက် ခြင်းစီမံကိန်း သောက်သုံးရေ၊ရေလှောင် တမံစီမံကိန်း၊ရေနံဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထားလမ်းတည်ဆောင်ခြင်းစီမံကိန်းတို့ မှ နှစ်စဉ်ခွဲဝေရမယ့် အချိုးနှုန်းများကို လည်း သတ်မှတ်ပေးထားသည်ဟုဆိုလာ ပါသည်။ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ နယ်နမိတ်ကို ရွာတစ်ချို့ကိုလည်းပြောင်း ရွှေ့ရဦးမည်။စီမံခန့်ခွဲရေးကော်မရှင်အနေ နဲ့ရင်းရင်းနှီးနှီးတည်ဆောင်ပြီး သူတို့ရှင်း လင်းပေးသမျှနယ်မြေအစိတ်အပိုင်းကိုသာ အထူးစီးပွားရေဇုန်ဖော်ဆောင်လုပ်ဆောင် ပေးနိုင်ဖို့ မြေငှားမည်ဟုဆိုလာပါသည်။တည်ငြိမ်မှုမရှိဘဲနဲ့ပြောင်းရွှေ့ရလိမ့်မည်  ဒီလိုပြောင်းရွှေ့ပြီးတာနဲ့အသစ်ကပြန်စ ရမည့်သံသရာ တ၀ဲဝဲလည်နေဦးမည်လား ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာနိုင်ငံနှင့် ပြည်သူနစ်နာမှုမရှိဘဲနဲ့အကျိုးအမြတ်ရရှိ ဖို့ညှိနှိုင်းဆောင်ရွက်ရာမှာ ဘယ်လောက်   များအကျိုးခံစားရမည်မသိ သို့သော်  တကယ်အကျိုးဖြစ်လာမှာကတော့ ပြောင်းရွှေ့ခံ ဒေသခံများကတော့ စာ မျက်နှာပေါ်တက်မှာသေချာပါသည်။
၃။ ထားဝယ်ဆိပ်ကမ်းနှင့်မြန်မာနိုင်ငံ သားပိုင်ကုမ္ပဏီ
ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို မှတ်ပုံတင်ပြီးဖွဲ့စည်းတည်ထောင်ခဲ့ သည့်နောက်မြန်မာနိုင်ငံသားပိုင်တစ်ခု  ဖြစ်တဲ့Max Myanmar အစုရှယ်ယာ ၂၅ရာခိုင်နှုန်း ထည့်ဝင်ထားသည်ဟု ရထားပို့ဆောင်ရေး ဒုဝန်ကြီးမှဆိုပါသည်။  လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါ သည်။လက်ရှိအခြေနေမှာဆိုရင် အီတာလျှံ  ထိုင်းအနေနဲ့ စုစုပေါင်းဒေါ်လာ (၈)သန်း ခန့်ထည့်ဝင်ထားကြောင်းMax Myanmar အနေနဲ့ ဒေါ်လာ(၂)သန်းခန့် အစုရှယ် ယာ ပါဝင်ကြောင်းလည်းပြောထားပါသည်။   ထားဝယ်ဖွံ့ဖြိုးရေးကော်မတီလက်အောက် မှာ လုပ်ငန်းစီမံကိန်းများ ရင်းနှီးမြှုပ်နှံလို တဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေပါသည်။အခြေခံအဆောက်  အဦးတည်ဆောက်ဖို့လည်း အမေရိကန် ဒေါ်လာ(၈၆၂၀၀)သိန်း လုပ်ငန်းတွေအ တွက် လိုအပ်နေပါသည်ဟုဖွင့်ဟပြော လာတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌ မှမေးလာရသည့်အထိဖြစ်လာပါသည်။
၎။ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်Max Myanmar ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  မှ
Max Myanmar  ကုမ္ပဏီထွက်ခွာ သွားကြောင်း ဒါဆိုရင် နိုင်ငံနှင့်နိုင်ငံသား များအတွက်ထိခိုက်မှုရှိမရှိ ဒုတိယအချက်   အနေနဲ့အရင်Max Myanmar ကုမ္ပဏီ အစား မြန်မာနိုင်ငံသား ကုမ္ပဏီကို အစား  ထိုးဝင်ရောက်နိုင်ခြင်း ခွင့်ပြုမပြု     လွှတ်တော်ဥက္ကဋ္ဌမှ သိချင်ပါသည်ဟု သက်ဆိုင်ရာဝန်ကြီးကို မေးမြန်းသည့်အခါ  အတိအကျထွက်ခွာခြင်းမဟုတ်Max Myanmar ထွက်ခွာသွားသော်လည်း သူ့ ရဲ့အရင်ထည့်ဝင်ထားတဲ့ငွေကို ဆက်လက်  ပြီးတော့ နှုတ်မထားသေးကြောင်း နှုတ် သွားတဲ့အခါကျမှပြည်တွင်းက ကုမ္ပဏီကို  ထပ်ထည့်ဖို့လည်း စဉ်းစားနေသည်ဟု   ဆိုခြင်းမှာလက်တွေ့စဉ်းစားတဲ့အဆင့်မှာ သာ ပြသနေပါသည်။အဲ့လို ဆောင်ရွက် တဲ့အခါမှာ ဒေသခံများအတွက် စက်မှု ဇုန်တစ်ခုထူထောင်ချင်တယ်ပြောတဲ့အ တွက်ကြောင့် အီတာလျှံ ထိုင်းကိုပေးထား   တဲ့ (၂၀၄.၅)ငွေရေးကြေးရေးအစား  အခက်အခဲကိုအကြောင်းပြကာ (၅၀)  ရာခိုင်နှုန်းလောက်သာ စာရင်းများအရ သိ ရှိရပါသည်။သဘောတူညီချက်ကို နှစ်ဦး နှစ်ဖက် ဆွေးနွေးပြီး ပြုပြင်ဖို့ ဆွေးနွေးဖို့ ဆိုသည်မှာလည်း လက်ခံနိုင်သည့်အတိုင်း  တာထိ ဆွေးနွေးရဦးမည် အဲ့ဒါကြောင့် လက်တလောမှာ ထားဝယ်ဆိပ်ကမ်းအ ပေါ် မျက်စိကျနေသည့် ကုမ္ပဏီများအား  တားဆီးနေရသလို ဒေသတွင်းကုမ္ပဏီများ  ကိုလည်း ခေါ်ယူပါဝင်စေဖို့ ဆိုသည်မှာ  မဖြစ်နိုင် မတိကျမရေရာသည့် ကိန်းဂဏန်း တွေ စီမံကိန်းကြီးတွေဖြစ်နေတဲ့အတွက် ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ နေ နိုင်ငံနှင့်နိုင်ငံသားများအတွက် ထားဝယ်ရေနက်ဆိပ်ကမ်းဟာ သိပ်အရေး  ကြီးကြောင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကော်မတီက ရထားပို့ဆောင်ရေး ဒု ၀န်ကြီးချုပ်ရဲ့ ပြောကြားချက်များအပေါ်  မှတ်သားပြီးလိုအပ်သည့်ကိစ္စဆက်လက်  ၍ ဆောင်ရွက်ရန် လွှတ်တော်မှတဆင့်  ကော်မတီအားတာဝန်ပေးအပ်နေခြင်းကိုက  သိပ်အရေးကြီးကြောင်း သက်သေပြနေ သည်။
စိုးဝင်းနိုင် (www.hotnewsweekly)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template